Subscribe to our RSS Feed

မိတ္ထီလာဒုက္ခသည်များအား စိုးရိမ်ကြောင်းပြောသူ၊ ကြေညာချက်ထုတ်သူ အများအပြားရှိသော်လည်း လက်တွေ့ကူညီသူမှာ အစိုးရတစ်ခုသာရှိ

From : ..popular


မိတ္ထီလာမြို့နယ်အတွင်း တည်ငြိမ်အေးချမ်းစေရေးအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က သက်ဆိုင်ရာ ကော်မတီများအား မတ် (၂၂) ရက်မှ စတင်၍ ဖွဲ့စည်း တာဝန်ပေးအပ်ထားကြောင်း သိရှိရသည်။

အဆိုပါ ကော်မတီများမှာ ဗဟိုကွပ်ကဲမှု အဖွဲ့ကို ဥက္ကဋ္ဌအဖြစ် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ အတွင်းရေးမှူးအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်နှင့် စုစုပေါင်း (၁၀) ဦးဖြင့်လည်းကောင်း၊ လုံခြုံရေး ကော်မတီကို အမှတ် (၄) စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး မိုးမြင့်ထွန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ စုစုပေါင်း (၇) ဦးဖြင့် လည်းကောင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဘုန်းဆွေက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ စုစုပေါင်း (၄) ဦးဖြင့် လည်းကောင်း၊ တရားဥပဒေ စိုးမိုးရေး ကော်မတီကို ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ စုစုပေါင်း (၆) ဦးဖြင့် လည်းကောင်း၊ ပညာရေးကော်မတီကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကြူက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ စုစုပေါင်း (၈) ဦးဖြင့် လည်းကောင်း၊ ကျန်းမာရေးကော်မတီကို ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ စုစုပေါင်း (၃) ဦး ဖြင့် လည်းကောင်း၊ သာသနာရေးဆိုင်ရာ ကော်မတီကို သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်ဌေးက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်၍ စုစုပေါင်း (၄) ဦး ဖြင့်လည်းကောင်း၊ ပြန်ကြားရေးကော်မတီကို တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ စုစုပေါင်း (၈) ဦး ဖြင့်လည်းကောင်း ဖွဲ့စည်းထားသည်။

နိုင်ငံတော်သမ္မတရုံးက မတ် (၂၂) ရက်တွင် အရေးပေါ် အခြေအနေထုတ်ပြန် ကြေညာပြီးနောက် မိတ္ထီလာမြို့နယ်အတွင်း တည်ငြိမ်အေးချမ်းလျက်ရှိကြောင်း သိရှိရသည်။



.. www.MyanmarExpress.net
 

11 comments:

မှန် ပါ တယ် ဒါ ပေ မဲ့ နာ ဂစ် တုးံ က တော့ ဘယ် ပြည် နယ် ဘာ တွေ ဘယ် လောက် လူ တယ် ပြော ပေ မဲ့ ပြည် နယ် က ပြည် သူ လူ ထု ဆိ က ဘဲ အ လူ ခံ ပြိး နာ ဂစ် ကို ပို့ ရ တာ ပါ

ဘယ်သူတွေ ဘာလုပ်ပါမယ်ပြောပြော နောက်ဆုံတော့လည်း ကိုယ့်အစိုးရနဲ့ ကိုယ့်တပ်မတော်ပဲ လုပ်ရတာပါပဲ။တစ်ခြားသူတွေက အလှူငွေမရသေးလို့စောင့်နေထင်ပါ့။

လူတိုင်း လူတိုင်း က ကိုယ့် အလုပ်ကိုယ်လုပ်ရပါတယ်။ အဲဒါက ဂုဏ်ဖေါ်စရာမပာုတ် သလို သူများကို ပုတ်ခက်စောင်းမြောင်း ဖို့ မပာုတ်ဘူး ဆိုတာ သတိချပ်ပါ။ သမီး ချောရင် ရွာကပြောပါလိမ့်မယ်။

ကိုယ့်အလုပ်ကိုယ်လုပ်ရတာမှန်ပါတယ်။အစိုးရတို့ တပ်တို့ဆိုတာလည်း အရေးအကြောင်းဆို ဒီလိုလက်တွေ့ကျတဲ့ အလုပ်နဲ့ သက်သေပြရတာပေါ့။ရွာကဘုရားကြီးပြုပြင်ဖို့ တစ်တပ်တစ်အား နေ့စားခယူပြီး အလှူခံထွက်တာမျိုး လုပ်တာထက် လက်တွေ့ပိုကျတာပေါ့။

ကွန်ယက်အဖွဲ့တွေ ဘာတွေလုပ်နေကြလဲ အပြောနှင့်လက်တွေ့ မညီပါလာ

အ ရေး ရယ် အ ကြောင်း ရယ် ဆို ပြည် သူ အား ကိုး တာ မြန် မာ့ တပ် မ တော် ပါ။ နိုင် ငံ ရေး ပါ တီ တွေ က တော့ အ လှူ ငွေ စောင့် နေ တယ် ထင် ပါ တယ်။ ရှိ တဲ့ ပါ တီ ရန် ပုံ ငွေ နဲ့ တော့ မ လှူ ဘူး လေ။

Hi anonymous u are to good.

အမေစုဘယ်မှာသွားပုန်းနေပါလိမ့်

Tat madaw ka taw lite tar.Phoe la pyae ko lal a yae u pae kya oo lay.U than shwe gyi myaw nay p so dar hote larr.

aut ka tat tharr tway yalt a chay a nay yor thi yalt larr.tharr tha mee tway yangon hmar ain phaw lote nay ya dal.Lu gyi tway pe a yann chan thar nay dar.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်