From :
..irrawaddy
ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ် ဟိုတယ်မှာ ဒီနေ့ ညနေ ၃ နာရီက ပြုလုပ်တဲ့
Miss Myanmar Universe 2013 နဲ့ မီဒီယာများ သတင်းစာ ရှင်းလင်းပွဲမှာ
မိုးစက်ဝိုင်က အထက်ပါအတိုင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“ဖိုးလပြည့်နဲ့တော့ ဘာမှမဟုတ်တာ သေချာတယ်လို့ ပြောရဲပါတယ်ရှင့်။ ကိုယ့်သိက္ခာ အတွက်တော့ တကူးတက မြှင့်စရာ မရှိပါဘူး။ မိုးစက်က အနေအထိုင် မသင့်တော်လို့ ဖြစ်တာ မဟုတ်တဲ့အတွက် ဘာမှ ထူးထူးခြားခြား ရှင်းလင်းနေဖို့မရှိဘူး” လို့ မိုးစက်ဝိုင်က ဆိုပါတယ်။
တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို တက်ရောက်ဖို့အတွက် အားကစားဝန်ကြီးဌာနက ဖိတ်ကြားတာကြောင့် ပွဲကို တက်ရောက်ခဲ့ပြီး ပြိုင်ပွဲအတွက် သီးသန့် စီစဉ်ထားတဲ့ ပြိုင်ကားကို ၃ မိနစ် လောက်သာ စီးခဲ့တာ ဖြစ်ကြောင်း၊ ဒဂုံ အဝေးသင် တက္ကသိုလ် အင်္ဂလိပ်စာ မေဂျာ ကျောင်းသူဟောင်း တဦးလည်း ဖြစ်တဲ့အတွက် အားကစားပွဲကို တက်ရောက်ခဲ့တာ ဖြစ်ကြောင်း၊ ဒါ့အပြင် အဲဒီပွဲကို 1st Runner Up ဆုရှင် အေးချမ်းမိုးလည်း အတူ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲမှာ မိုးစက်ဝိုင်ကို နေရွှေသွေးအောင်နဲ့ အတူ တွဲဖက်တွေ့လိုက်ရတဲ့ အတွက် သူတို့နှစ်ဦး ပတ်သက်မှုရှိရမယ်ဆိုပြီး ပရိသတ်တွေက ဝေဖန်ခဲ့ကြသလို၊ မိုးစက်ဝိုင်ကို မယ်စကြဝဠာပြိုင်ပွဲအတွက် ရွေးချယ် မိတာ မှားတယ်ဆိုတဲ့ ဝေဖန်သံတွေ၊ မိုးစက်ဝိုင် မုန်းတီးရေး စာမျက်နှာတွေက အင်တာနက် စာမျက်နှာတွေထက်မှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။
အရင်က မြန်မာနိုင်ငံ ကိုယ်စားပြု ရွေးချယ်ခဲ့တဲ့ အလှမယ်တွေ အနေနဲ့ နိုင်ငံရပ်ခြားက မယ်ပြိုင်ပွဲတွေမှာ သွားရောက် ယှဉ်ပြိုင်ရာမှာ အင်တာနက်မဲ အများဆုံးဆု၊ ပရိသတ် အားအပေးဆုံးဆုတွေ ရရှိခဲ့ပေမယ့် မယ်စကြဝဠာ ပြိုင်ပွဲအတွက် ရွေးချယ်ထားတဲ့ မိုးစက်ဝိုင်အနေနဲ့ လတ်တလော ပျံ့နှံ့နေတဲ့ ပုံတွေကြောင့် ပရိသတ် အားပေးမှု လျော့ကျသွားနိုင်တယ်လို့ ဝေဖန်နေတာတွေလည်း ရှိနေပါတယ်။
“ပရိသတ်တွေက အထင်လွဲတဲ့ အတွက် စိတ်မကောင်းတော့ နည်းနည်းဖြစ်တယ်။ မဟုတ်တဲ့ကိစ္စကို အားလုံးက အထင်လွဲ နေတာကြောင့် အခုလို ရှင်းလင်းပွဲကနေ တဆင့် လူတိုင်း သိနိုင်ပါစေလို့ ဆုတောင်းပါတယ်။ အစကတော့ တခုခုဆို မရှင်းတော့ဘူးလို့ စဉ်းစားခဲ့ပါသေးတယ်” လို့ မိုးစက်ဝိုင်က ပြောပါတယ်။
ရုရှားနိုင်ငံ မော်စကိုမြို့မှာ ပြုလုပ်မယ့် မယ်စကြဝဠာပြိုင်ပွဲကို နေရွှေသွေးအောင် သွားကြည့်မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး မိုးစက်ဝိုင်က မြန်မာနိုင်ငံတွင်းက ဘယ်သူမဆို သူသွားပြီး ယှဉ်ပြိုင်ရမယ့် မယ်စကြဝဠာ ပြိုင်ပွဲမှာ လာပြီး အားပေးမယ် ဆိုရင် အကောင်းဆုံးပဲလို့ ဆိုပါတယ်။
ဒါပေမယ့် နေရွှေသွေးအောင်က ရုရှားအထိလာပြီး အားပေးမယ် ဆိုတာကိုတော့ သူ့ရဲ့ ပတ်ဝန်းကျင်မှာ လုံးဝ မကြားရ သေးဘူးလို့ ဆက်ပြောပါတယ်။
မိုးစက်ဝိုင်နာမည်နဲ့ ဖွင့်ထားတဲ့ facebook စာမျက်နှာတွေ အားလုံးဟာ သူ ဖွင့်ထားတာ မဟုတ်တဲ့အပြင်၊ သူ့ကိုယ်ပိုင် facebook စာမျက်နှာကို ဒီနေ့ညကျမှသာ တရားဝင် ဖွင့်လှစ်မှာ ဖြစ်တဲ့အကြောင်း၊ မယ်စကြဝဠာ ပြိုင်ပွဲအတွက် တာဝန်ယူ ထားတဲ့ Hello Madam အဖွဲ့အစည်း နဲ့သာ ပရဟိတ လုပ်ငန်းတွေ၊ အနုပညာ လှုပ်ရှားမှုတွေကို ဆက်လက် လုပ်သွားမှာ ဖြစ်ကြောင်း၊ Miss Universe Myanmar2013 ဆုရထားတဲ့ ဆုကြေးငွေတွေကို ပရဟိတ လုပ်ငန်းတခု ထူထောင်ပြီး ဆောင်ရွက် သွားဖို့ ရှိကြောင်း ဒီနေ့ ပြုလုပ်ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။
.. www.MyanmarExpress.net
နေရွှေသွေးအောင်နဲ့ လုံးဝ မပတ်သက်ဘူးဆိုတဲ့ မိုးစက်ဝိုင်ကို ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ မြေး နေရွှေသွေးအောင်
(ဖိုးလပြည့်) နဲ့ အတူ Miss Myanmar Universe 2013 ကို တက္ကသိုလ်ပေါင်းစုံ
ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲမှာ တွဲဖက် တွေ့ရပေမယ့် သူတို့ကြားမှာ ဘယ်လို
ပတ်သက်မှုမျိုးမှ မရှိကြောင်း ကမ္ဘာ့ မယ်စကြဝဠာ ပြိုင်ပွဲမှာ မြန်မာနိုင်ငံ
ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် မိုးစက်ဝိုင်က ရှင်းလင်း ပြောကြားလိုက်
ပါတယ်။“ဖိုးလပြည့်နဲ့တော့ ဘာမှမဟုတ်တာ သေချာတယ်လို့ ပြောရဲပါတယ်ရှင့်။ ကိုယ့်သိက္ခာ အတွက်တော့ တကူးတက မြှင့်စရာ မရှိပါဘူး။ မိုးစက်က အနေအထိုင် မသင့်တော်လို့ ဖြစ်တာ မဟုတ်တဲ့အတွက် ဘာမှ ထူးထူးခြားခြား ရှင်းလင်းနေဖို့မရှိဘူး” လို့ မိုးစက်ဝိုင်က ဆိုပါတယ်။
တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို တက်ရောက်ဖို့အတွက် အားကစားဝန်ကြီးဌာနက ဖိတ်ကြားတာကြောင့် ပွဲကို တက်ရောက်ခဲ့ပြီး ပြိုင်ပွဲအတွက် သီးသန့် စီစဉ်ထားတဲ့ ပြိုင်ကားကို ၃ မိနစ် လောက်သာ စီးခဲ့တာ ဖြစ်ကြောင်း၊ ဒဂုံ အဝေးသင် တက္ကသိုလ် အင်္ဂလိပ်စာ မေဂျာ ကျောင်းသူဟောင်း တဦးလည်း ဖြစ်တဲ့အတွက် အားကစားပွဲကို တက်ရောက်ခဲ့တာ ဖြစ်ကြောင်း၊ ဒါ့အပြင် အဲဒီပွဲကို 1st Runner Up ဆုရှင် အေးချမ်းမိုးလည်း အတူ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲမှာ မိုးစက်ဝိုင်ကို နေရွှေသွေးအောင်နဲ့ အတူ တွဲဖက်တွေ့လိုက်ရတဲ့ အတွက် သူတို့နှစ်ဦး ပတ်သက်မှုရှိရမယ်ဆိုပြီး ပရိသတ်တွေက ဝေဖန်ခဲ့ကြသလို၊ မိုးစက်ဝိုင်ကို မယ်စကြဝဠာပြိုင်ပွဲအတွက် ရွေးချယ် မိတာ မှားတယ်ဆိုတဲ့ ဝေဖန်သံတွေ၊ မိုးစက်ဝိုင် မုန်းတီးရေး စာမျက်နှာတွေက အင်တာနက် စာမျက်နှာတွေထက်မှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။
အရင်က မြန်မာနိုင်ငံ ကိုယ်စားပြု ရွေးချယ်ခဲ့တဲ့ အလှမယ်တွေ အနေနဲ့ နိုင်ငံရပ်ခြားက မယ်ပြိုင်ပွဲတွေမှာ သွားရောက် ယှဉ်ပြိုင်ရာမှာ အင်တာနက်မဲ အများဆုံးဆု၊ ပရိသတ် အားအပေးဆုံးဆုတွေ ရရှိခဲ့ပေမယ့် မယ်စကြဝဠာ ပြိုင်ပွဲအတွက် ရွေးချယ်ထားတဲ့ မိုးစက်ဝိုင်အနေနဲ့ လတ်တလော ပျံ့နှံ့နေတဲ့ ပုံတွေကြောင့် ပရိသတ် အားပေးမှု လျော့ကျသွားနိုင်တယ်လို့ ဝေဖန်နေတာတွေလည်း ရှိနေပါတယ်။
“ပရိသတ်တွေက အထင်လွဲတဲ့ အတွက် စိတ်မကောင်းတော့ နည်းနည်းဖြစ်တယ်။ မဟုတ်တဲ့ကိစ္စကို အားလုံးက အထင်လွဲ နေတာကြောင့် အခုလို ရှင်းလင်းပွဲကနေ တဆင့် လူတိုင်း သိနိုင်ပါစေလို့ ဆုတောင်းပါတယ်။ အစကတော့ တခုခုဆို မရှင်းတော့ဘူးလို့ စဉ်းစားခဲ့ပါသေးတယ်” လို့ မိုးစက်ဝိုင်က ပြောပါတယ်။
ရုရှားနိုင်ငံ မော်စကိုမြို့မှာ ပြုလုပ်မယ့် မယ်စကြဝဠာပြိုင်ပွဲကို နေရွှေသွေးအောင် သွားကြည့်မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး မိုးစက်ဝိုင်က မြန်မာနိုင်ငံတွင်းက ဘယ်သူမဆို သူသွားပြီး ယှဉ်ပြိုင်ရမယ့် မယ်စကြဝဠာ ပြိုင်ပွဲမှာ လာပြီး အားပေးမယ် ဆိုရင် အကောင်းဆုံးပဲလို့ ဆိုပါတယ်။
ဒါပေမယ့် နေရွှေသွေးအောင်က ရုရှားအထိလာပြီး အားပေးမယ် ဆိုတာကိုတော့ သူ့ရဲ့ ပတ်ဝန်းကျင်မှာ လုံးဝ မကြားရ သေးဘူးလို့ ဆက်ပြောပါတယ်။
မိုးစက်ဝိုင်နာမည်နဲ့ ဖွင့်ထားတဲ့ facebook စာမျက်နှာတွေ အားလုံးဟာ သူ ဖွင့်ထားတာ မဟုတ်တဲ့အပြင်၊ သူ့ကိုယ်ပိုင် facebook စာမျက်နှာကို ဒီနေ့ညကျမှသာ တရားဝင် ဖွင့်လှစ်မှာ ဖြစ်တဲ့အကြောင်း၊ မယ်စကြဝဠာ ပြိုင်ပွဲအတွက် တာဝန်ယူ ထားတဲ့ Hello Madam အဖွဲ့အစည်း နဲ့သာ ပရဟိတ လုပ်ငန်းတွေ၊ အနုပညာ လှုပ်ရှားမှုတွေကို ဆက်လက် လုပ်သွားမှာ ဖြစ်ကြောင်း၊ Miss Universe Myanmar2013 ဆုရထားတဲ့ ဆုကြေးငွေတွေကို ပရဟိတ လုပ်ငန်းတခု ထူထောင်ပြီး ဆောင်ရွက် သွားဖို့ ရှိကြောင်း ဒီနေ့ ပြုလုပ်ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။
.. www.MyanmarExpress.net
11 comments:
အဖိုးရဲImageဟာ
သား မြွေး မြစ် အထိထင်ဟပ်စေတာ
နေဝင်း သန်းရွှေ ကိုစံနမူနာယူကြပါ
Golden Phoenix Cup runner-up Miss China contest
(2009 , Hong Kong)
MOESAT.Y ( 楊鑫榮 - Yang Hsing Rone - ယမ်ရှင်းလုံ)
Age- 20
B.A (English)
Hight - 5 ft 8 in
Race - Chinese
From- Yangon
အဲဒီ ၂၀၀၉ က မိုးစက်ဝိုင်တရုတ်ရိုးရာဝတ်ဆင်ထားတဲ့
ဓါတ်ပုံကိုအောက်ပါဝက်ဆိုက်မှာကြည့်နိုင်ပါတယ်
http://img.blog.163.com/photo/orjdWw4MP7spaDwHq8d9Vg==/1736137656352573321.jpg
http://udn.com/NEWS/BREAKINGNEWS/BREAKINGNEWS5/8204554.shtml
http://img.blog.163.com/photo/2D74J5PYn5G5lwLUfGMLmw==/4237605774380102438.jpg
.
She is Than Shwe's future daughter in law.
it is good time to make relation with him and do even more intercourse. who cares? have fun & i think u r looking forward to have some fun .right?
1-WE ALL MYANMAR SHOULD NOT WRITE BAD
COMMENTS AND REMARKS TO OUR MYANMAR
YOUNG WOMEN AND MEN.
2-WE THE PEOPLE OF MYANMAR SUPPOSE TO
PROTECT ALL MYANMAR.
3-WE CONSIDER IT IS A SERIOUS ISSUE IF IT IS INVOLVE MYANMAR GIRLS AND FOREIGNERS AND DIFFERENT FAITHS.
4-WE DO NOT COMMENT AS LONG AS BOTH
WOMAN AND MAN ARE MYANMAR AND RELIGIOUS FAITH IS BUDDHIST.THIS IS THE MAIN
INTENTION OF PROPOSED NATIONAL PROTECTION LAW.
5-ALL THE REST ISSUE ARE PURELY CONCERN
TO BOTH CONSENTED PERSONS AND THEIRS
PARENTS AND FAMILY.
6-BUT ANY HOW YOU GUYS WILL FACING SO MANY COMMENTS AND REMARKS BECAUSE YOU GUYS ARE CELEBRITIES.
7-PLEASE CAREFULLY CONTROL YOUR LIFE BECAUSE YOU GUYS ARE BELONGED TO OUR PEOPLE AND YOU GUYS DID NOT OWN YOUR LIFE BECAUSE YOU GUYS ARE RICH AND FAMOUS.
်ပပိါကကါါငြသြါါ
လူပျိုနဲ့အပျိုချစ်တယ်ဆိုတော့လဲဘာများအံ့သြစရာရှိလို့လဲ
သူတို့စိတ်နဲ့သူတို့ကိုယ်ချစ်တော့လဲဘယ်သူတွေများနစ်နာသွားလို့လဲ
တယ်ခက်တဲ့လူတွေပဲကိုးဗျ
ပျားရည်တစက်ကြောင့်ပြည်ပျက်နိုင်တယ်ဒို့ရဲ့ကာချုပ်ကိုcontrolလုပ်နေတာ ??? သိတယ်နော်စိတ်ထားကောင်းမွေးကြပါ
ae tot lee phit lar
tayoot kalar pyaw yinn tay gya
ko dine tot ma kyo sar net
ဖိုးလပြည့်နဲ့ လုံးဝမပတ်သက်ဘူး ဆိုတာတော့ မယုံပါဘူး။ တနည်းနည်းနဲ့ ပတ်သက်မှု ရှိနိုင်တယ်။
သူတို့ခြင်းပတ်သက်မှုရှိတာ မရှိတာ
ဘာဖြစ်နေလို့တုန်း။
တစ်စိတ်တစ်အိတ်လုပ်ပြီး မဖွမဆွကြပါနဲ့ဗျာ။
ခုမှ အနုပညာလောကထဲဝင်လာတဲ့သူကို
စိတ်အနှောက်အယှက်ဖြစ်အောင် မလုပ်ကြပါနဲ့။
ဖိုးလပြည့်က လူပျိုလူလွတ်
ကောင်မလေးကလည်း လူပျိုလူလွတ်ဆိုရင်
သူတို့ချင်းကိစ္စ ဘာမှရှုတ်ချဝေဖန်စရာမလိုဘူးထင်တယ်။
နေစမ်းပါဦးဗျာ
ဖိုးလပြည့်ကို ဦးသန်းရွှေရဲ့ မြေးဆိုတဲ့ပေတံနဲ့တိုင်းပြီး
ဝါးလုံးရှည်နဲ့ပတ်ရမ်းတာတော့ မသင့်တော်ဘူးထင်တယ်။
တူတစ်လှည့် ပေတစ်လှည့် လုပ်နေလို့ကတော့
ဘယ်တော့မှ ပြီးမှာမဟုတ်တော့ဘူး။
ထားလိုက်ကြပါဗျာ
တိုင်းပြည်ကောင်းရာကောင်းကျိုးပဲပြောကြစမ်းပါ။
( မြေလတ်လုလင် )
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်