သို့
Myanmar Express ခင်ဗျား
အခုရေးလိုက်တဲ့ စာကို မဖြစ်မနေ ဖော်ပြပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျား။
ဟိုတစ်လော မကြာသေးတဲ့ ကာလ က NLD ၂၅ နှစ်မြောက် နှစ်ပတ်လည် ကျင်းပခဲ့တာ အားလုံး လည်း အသိပဲဖြစ်မယ်။ မွေးနေ့ ၊နှစ်ပတ်လည် ၊ဈေးရောင်းပွဲတော်တွေ၊ ဆွယ်တာ လေလံတင်တာတွေ၊ ဘာနေ့ ညာနေ့ တွေ လုပ်တာဟာ NLD မိရိုးဖလာပဲမို့ ဘာမှ အထူးပြောစရာ မရှိပေမယ့် ပြောစရာ ရှိတဲ့ တစ်ခု က အဖွဲ့ဝင်ဟောင်း မစုစုနွေးကို အခမ်းအနား က တားဆီး မောင်းထုတ်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒီအပေါ်မှာလည်း သိလိုက်ကြားလိုက် ကြမယ့်သူတွေရှိသလို ၊ မသိလိုက် မကြားလိုက်တဲ့ သူတွေ လည်း ရှိမယ်။ ဖြစ်ပျက်ပုံ နဲ့ ခံစားချက်တွေ မစုစုနွေးရဲ့ Facebook စာမျက်နှာမှာ ရင်ဖွင့်ထားတာ တွေ့ရတော့ တစ်ချိန်က အခက်အခဲတွေကြားမှာ လက်တွဲခဲ့တဲ့ သူချင်းမို့ သူ့အတွက် ကိုယ်ပါ ခံစားရတယ်။ စဉ်းစားကြည့်လေ ရဲဘော်ရဲဘက်တွေ နဲ့ တွေ့ရမယ် ၊ မိတ်ဟောင်းတွေဟောင်းတွေ နဲ့ တွေ့ရမယ်ဆိုတဲ့ လာခဲ့တဲ့ မစုစုနွေး ၊ အခုလို လူတွေ ပိတ်ပြီး တားခံလိုက်ရတော့ သူအနေနဲ့ ဘယ်လို ခံစားရမလဲ။
သူ့စိတ်ထဲမှာ ဘယ်လောက်နာကျင် ခံစား နေရပြီး ဘယ်လောက်ထိ ရှက်သွားမလဲဆိုတာ ဘယ်သူ မှ မြင်နိုင်မှာ မဟုတ်ဘူး ။ကိုယ်က ယုံကြည်ချက် အပြည့်နဲ့ အားကျိုးမာန်တက် ချီတက်လာခဲ့ပေမယ့် အ၀င်ဝ မှာ ဖနောင့်နဲ့ဆောင့်ကန် ခံလိုက်ရလိုမျိုး ၊ ကိုယ်က ယုံယုံကြည်ကြည်နဲ့ “အမေလို”့…ခေါ်ပြီး ပြေးအဖက် ၊အမေလုပ်တဲ့သူက”ညည်းငါ့သမီးမဟုတ်ဘူး”..ဆိုတဲ့ တုံ့ပြန်မှု ခံလိုက်ရတဲ့ကလေး ငယ်လို မစုစုနွေးတစ်ယောက် ခံစားလိုက်ရမယ်ဆိုတာ မေးမကြည့်ပေမယ့်တွေးကြည့်တာနဲ့သိနိုင်ပါတယ်။ဒါတောင် မစုစုနွေးက အဲ့နေ့က သူကြုံတွေ့ခဲ့ရတာကို နည်းနည်းလေး ပဲ ရေးထားတာ ၊ အဖွဲ့သံယောဇဉ်နဲ့ အခြားအကြောင်းအရာတွေ ပါပြောရင် လူထုက NLD ကို ရွံသွားမှာဆိုးလို့ဆိုတဲ့မှတ်ချက်လည်းပေးထားတာကိုတွေ့ရပါတယ်။
ဒီနေ့ အောက်တိုဘာ ၁ ရက်နေ့မှာတော့ NLD က ပြန်ကြားရေး တာဝန်ခံတစ်ဦးဖြစ်တဲ့ ဦးကြည်တိုးကသူရဲ့ Facebook စာမျက်နှာမှာ မစုစုနွေး ကြုံခဲ့တဲ့ အဖြစ်အပျက်ကို တိုးတိုး တိတ်တိတ်လေးရှင်းပြသလို ရေးထားတာတွေ့ရပါတယ်။သူ့ရဲ့ Facebook စာမျက်နှာရဲ့ ဖြေရှင်းချက်ထဲမှာတော့ ဒီချုပ် အခမ်းအနား လုပ်တဲ့ နေရာက အခန်းကျဉ်းလို့ဆိုတဲ့ ဖြေရှင်းနှစ်သိမ့်တာလောက်ကိုတော့ မစုစုနွေး မပြောနဲ့ ဆယ်တန်းကလေးတောင် ရယ်မိမယ်ထင်ပါရဲ့ ။လူ ၅၀၀ နီးပါး တက်တဲ့ ပွဲမှာ မစုစုနွေး တစ်ယောက်ထဲ ကို လူတန်းကြီးနဲ့ တားပြီး ၀င်ခွင့်မပြုတာဟာ အခန်းကျဉ်းလို့ပါဆိုတာ ကို မစုစုနွေးက ကော ယုံရအောင် ကလေးလား ဗျာ။ နောက်တစ်ချက် မေးချင်တာ က အခန်းက တကယ်ကျဉ်းလို့ပါဆို လည်း ဒီလိုကြီး တရားခံ တားဆီးသလို သတ္တ၀ါ မောင်း မောင်းသလို လူတန်းကြီးတွေ နဲ့ လက်တွေ တွဲပြီး တားရလောက်အောင် မစုစုနွေးက လူလို ပြောရင် မရလို့လား လို့မေးချင်တယ်။
လူအခွင့်အရေး ဆိုတဲ့ Human Rights ကို ခေါင်းရွက်ဗျက်ထိုး ရပ်ကျော် ရွာကျော် အော်နေတဲ့သူတွေက လူတစ်ယောက် ရဲ့ အခွင့်အရေးကို ပိတ်ပင်တာဟာ ရဲဘော်အချင်းချင်း မေ့တဲ့အပြင်၊NLD ကို ပုခုံးထမ်းတင်ပေးခဲ့တဲ့ရဲဘော် ဟောင်းတွေကို အဖွဲ့ဝင်တွေက မသိလို့ပါ ဆိုတာမျိုးကို နားလည်ပေးနိုင်ပေမယ့်..ဒါဟာ ပွဲမှာ နှုတ်မဆက်တာရည်ညွှန်းနေကြတာမဟုတ်ပဲခွေးမောင်းမောင်းထုတ်တာရင်နာလို့မဆုံးဖြစ်ခဲ့ရတာပါပဲဗျာ။
15 comments:
အစိုးရ ကို အမြဲ ပြစ်ရှာတဲ့ သူ
ဝဋ်လည်တာ သူတို့တဖွဲ့လုံးရဲ့
စိတ်ဓါတ်တွေက တော်တော်အဆင့်
မြင့်တာပါလား
nld ကကောင်တွေ လုံးဝမဲ မထည့်ဘူး
မင်းတိုက ချီးထုတ်တွေကွ
myanmar express ခင်ဗျား ။
မည်သည့်အတိုက်အခံအဖွဲ့အစည်း
မည်သည့်လူပုဂ္ဂိုလ်များအပေါ်
အကြောင်းမဲ့ ပုတ်ခတ် မရေးသားပဲ
ကိုယ့်ဂုဏ်သိက္ခာ အပေါ်ယုံကြည်စွာဖြင့်
သတင်းအချက်အလက်များအား
မှန်ကန်တိကျစွာ ဖော်ပြစေချင်ပါသည် ။
ကျေးဇူးတင်စွာဖြင့်
မင်းက ဖာစုစောက်ပတ်ရွတ်တွကြီးကို လျက်ပေးနေတဲ့ကောင်ပဲဖြစ်မယ်
ဘာဖြစ်လို့အဝင်မခံတာလဲ သိတဲ့လူရှိရင်ပြောကြပါခင်ဗျာ
ဟုတ်တယ်
NLD လူမိုက်များက ဆယ်စုနှစ် တစ်ခုကြာ အတူဖြတ်သန်းခဲ့ကြတဲ့ NLD ပါတီဝင်များကို NLD ပါတီ ၂၅ နှစ်မြောက် ပွဲသို့ ၀င်ရောက်ခွင့် ပိတ်ပင်
2013 September 28
NLD ပါတီအတွင်းတွင် ဒေါ်စုကြည်အနီးရှိ အုပ်စုဖွဲ့ ဂိုဏ်းဂဏဖွဲ့ထားသူများက ပါတီတွင်းရှိ ပြိုင်ဘက်အုပ်စုငယ်များ နှင့် သူတို့ဩဇာကို မနာခံသည့် ပါတီဝင်များကို အနိုင်ကျင့်ရန် နေရာပေးပြီး မွေးထားသော NLD လူမိုက်များက ဆယ်စုနှစ်တစ်ခုကြာ အတူဖြတ်သန်း ပါဝင်ဆင်နွဲခဲ့ကြတဲ့ တကယ့် NLD ပါတီဝင် အစစ်အမှန် အချို့ကို NLD ပါတီရဲ့ ၂၅ နှစ်မြောက် အထိမ်းအမှတ်ပွဲကို တက်ရောက်ခွင့် ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။
ဒီအထဲမှာမှ မစုစုနွေးရဲ့ သတင်းကတော့ Facebook လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပလူပျံခဲ့ပါတယ်။ တခြားသော NLD ပါတီ ၂၅ နှစ်မြောက် ပွဲကို ပါဝင်ခွင့်မရခဲ့တဲ့ NLD ပါတီဝင်အချို့လည်း Facebook စာမျက်နှာပေါ်မှာ ပေါက်ကွဲ စာသားတွေနဲ့ အခုလို ရေးသားထားတာတွေ့ရပါတယ်။
“ကျနော်တို့ လူမိုက်ဂိုဏ်းကို ရုပ်ရှင်တွေထဲမှာပဲ မြင်ဖူးတာပါ။ အခုက မြန်မာနိုင်ငံမှာလည်း လူမိုက်ဂိုဏ်း တကယ်ရှိနေပြီ ဆိုတာ ဒီနေ့ NLD လူမိုက်တွေကို မြင်လိုက်ရမှ သိလိုက်ရတယ်။ ရုပ်ရှင်ဇာတ်လမ်းဆန်ဆန် ဖြစ်ရပ်ပေါ့။
NLD ၀င်များ NLD ပါတီ ၂၅ နှစ်မြောက် ပွဲ တက်ရောက်ဖို့ သွားတာကို လက်ရှိ NLD ပါတီဝင် အသစ်တွေက တန်းစီပြီး ပိတ်ဆို့ထားတယ်။ ပွဲတက်ရောက်ဖို့ သွားတဲ့ NLD ပါတီဝင်တွေ ရှေ့ဆက်တိုးရင် NLD လူမိုက်တွေက တစ်ခုခု တုန့်ပြန်မယ်လို့.. ကျွန်တော်ထင်တယ်...
ကျွန်တော်တို့ သွားတယ်ဆိုတာကလည်း ပါတီကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ သွားခဲ့ကြတာပါ”
ဟု NLD လူမိုက်များက NLD ပါတီဝင် အစစ်အမှန်များကို NLD ပါတီ ၂၅ နှစ်မြောက် ပွဲတက်ခွင့်
ပိတ်ပင်ခဲ့တဲ့ အပေါ် ၁၉၉၂ ခုနောက်ပိုင်း NLD ပါတီဝင်တစ်ဦးက ပြောပြပါတယ်။
မစုစုနွေးရဲ့ Facebook စာမျက်နှာမှာတော့ အခုလို ရေးသားထားတာကိုလည်း တွေ့ရပြန်ပါသေးတယ်...
ဒီနေ့ ကျရောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှစ်ဆယ့်ငါးနှစ့်ပြည့် ငွေရတုအခမ်းအနားကို ကျွန်မ သွားပါတယ်။
1990 ခုနှစ်၊ အသက်(၁၈)နှစ် ပြည့်ကတည်းက ဝင်ရောက်ခဲ့တဲ့ ပါတီ။ ကျွန်မဘဝရဲ့ အချိန်ထက်ဝက်ကျော် ပေးဆပ်ခဲ့တဲ့ပါတီ။ စစ်အစိုးရရဲ့ ဖိနှိပ်မှုအမျိုးမျိုးကို ကျွန်မ တတ်စွမ်းနိုင်သလောက် အတူတူ ရုန်းကန် ရင်ဆိုင်ခဲ့ရတဲ့ ပါတီမို့ ကျွန်မနဲ့လည်း သက်ဆိုင်တယ်လို့ ယူဆပြီး သွားရောက်ခဲ့တာပါ။
အတူတူ လက်တွဲ ရင်ဆိုင်ခဲ့ဖူးကြတဲ့ သူငယ်ချင်းတွေ၊ ရဲဘော်ရဲဘက်တွေနဲ့ ဆုံဆည်းချင်တာလည်း ပါပါတယ်။
ဒါပေမဲ့ အခန်းအနား ကျင်းပတဲ့ အရှေ့နားမှာတောင် ကျွန်မ ရပ်ခွင့် မရခဲ့ပါဘူး။ ကျွန်မ မသိတဲ့၊ ကျွန်မကိုလည်း မသိတဲ့ NLD ပါတီဝင် လုံခြုံရေးတာဝန်ကျတွေက ကျွန်မကို ခန်းမထဲကို ဝင်ခွင့်မပေးတဲ့အပြင်၊ အရှေ့မှာ လာမရပ်ဖို့တောင် တားဆီး ဖယ်ရှားခဲ့ကြပါတယ်။ ဒါ့ကြောင့် NLD ငွေရတုပွဲကို ကျွန်မ ပါဝင်ဆင်နွှဲခွင့် မရခဲ့ပါဘူး။
1990 ကတည်းက NLD ပါတီနဲ့အတူ တက်ကြွစွာ လှုပ်ရှားခဲ့ကြသူတွေ အတော်များများလည်း ကျွန်မလိုပဲ NLD ငွေရတုပွဲကို ဝင်ခွင့်မရခဲ့ကြပါဘူး .... ။
လူမိုက်တွေကို NLD ပါတီမှာ
နေရာပေးထားတာကြာပီလေ
စုကြည်နားမှာကပ်နေတဲ့ ထမိန်ခြုံကောင်တွေက
လူမိုက်တွေကို NLD ပါတီမှာ နေ၇ာပေးထားပီး
သူတို့အုပ်စုထဲကမဟုတ်တဲ့ ပါတီဝင်တွေကို
လူမိုက်တွေကိုအသုံးချပီး
မိုက်မိုက်၇ိုင်း၇ိုင်းအနိုင်ကျင့်လာတာဘဲ့
ကြည်တိုး ဆိုတဲ့ NLD ကောင်
ဖါသယ်မပါးစပ်နဲ့
ပေါက်က၇တွေေ၇ှာက်ပြောနေလိုက်သေးတယ်
NLD ပါတီကမိုက်၇ိုင်းတာကအခုမှမဟုတ်ဘူး
အမြဲမိုက်၇ိုင်းနေတာလူတွေသိပီးသား
စောက်၇ှက်မ၇ှိဘူးလား
ခွေးမသား...
...
စုကြည်က ကိုယ့် ပါတီလေး နှစ်ပတ်လည်တောင်
အဆင်ပြေ အောင် စီစဉ်ဆောင် ရွက် မလုပ်နှိုင် ပဲနဲ့
နိုင် ငံ အုပ်ချူပ် ချင်သေးတယ်
စုကြည် ဘေးနား မှာလည်း
စောက်သုံး မကျတဲ့ ကောင်တွေပဲ ဝိုင်းဝိုင်းလည်
နေတယ်
NLD လူမိုက်ဂိုဏ်းက လူမိုက်တွေက
ပြည်သူတွေကိုေ၇ာ ပါတီဝင်အချင်းချင်းကိုေ၇ာ သတင်းထောက်တွေကိုေ၇ာ
တောက်ေ၇ှာက် အနိုင်ကျင့်လာတာတွေဟာ
စုကြည်က စည်းစနစ်တကျမထိန်းသိမ်းနိုင်လို့
ဆိုတာထင်၇ှားနေတာဘဲ့
NLD က ပြန်ကြားရေးတာဝန်ခံ ကြည်တိုး....
စောက်ပိုတွေပြောမနေနဲ့ ....
...
May be she is nothing, just small potato.
မသိလို့ပေါ့ဗျာ
သိရင်ပြောမယ် စိတ်ချ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်