Subscribe to our RSS Feed

ထုတ်ပြန်ပြီး ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရေးကြေငြာချက် NLD မဟုတ်ဟု ပြောပြန်

From : .. the voice


အွန်လိုင်း စာမျက်နှာများတွင် ယခုရက်ပိုင်းအတွင်း ပျံ့နှံ့နေသော အခြေခံဥပဒေ ပြင်ဆင်ချက်များမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ) အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီက ထုတ်ပြန်ထားခြင်း မဟုတ်ကြောင်း အဆိုပါ ကော်မတီအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၃၈ တွင် လက်နက်ကိုင် အဖွဲ့အစည်း အားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်ဟု ထည့်သွင်းထားခြင်းနှင့် ပုဒ်မ ၅၉ (ဃ) နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများ၏ အရည်အချင်းတွင် စစ်ရေး အမြင်ရှိရမည် ဟူသောအချက်များ အပါအဝင် အချက် ၁၄ ချက်ကို ပြင်ဆင်မည် ဖြစ်ကြောင်း NLD ပါတီ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီက ထုတ်ပြန်သည်ဟု အဆိုပါ အွန်လိုင်း၌ ပျံ့နှံ့နေသော ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ယခုရက်ပိုင်းအတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီသည် အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေးဆွဲရေးအတွက် ပြည်သူ့ဆန္ဒ ကောက်ယူရန် ကြိုးပမ်းနေပြီး မည်သည့် ထုတ်ပြန်ချက်မှ မထုတ်ပြန်ကြောင်း ဦးကိုနီက ဆိုသည်။
“ပြည်သူ့ဆန္ဒ ကောက်ယူဖို့အတွက် အချိန်ကိုလုပြီး လုပ်နေရတာပါ။ အဲဒါနဲ့ ပတ်သက်ပြီး ထုတ်ပြန်မထားဘူး” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

NLD ပါတီသည် စက်တင်ဘာ ၂၈ ရက်နေ့တွင် အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေးဆွဲရေး ပြည်သူ့ဆန္ဒ ကောက်ယူရေး ပါဝင်သော ထုတ်ပြန်ချက်ကို နောက်ဆုံး ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း ဦးကိုနီက ရှင်းပြသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၄၅ ရက်အတွင်း ကောက်ခံပြီး ရရှိလာသော ပြည်သူ့ဆန္ဒကို ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးထားသော အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ ပေးပို့သွားမည် ဖြစ်ကြောင်း NLD ပါတီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီက ထုတ်ပြန် ကြေညာထားသည်။


.. www.MyanmarExpress.net

2 comments:

NLD fifth grade pleader Ko Ni is saying "Now fried sparrow, now oil sticky rice"

NLD members and their leader Su Kyi, all are deceivers, shameless people. They are not deserved to be state leaders in our country, Myanmar where the sincere people are living in.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်