ယနေ့ခေတ်
ဒီမိုကရေစီ နိုင်ငံတော်ကြီး အဖြစ် လျှောက် လှမ်းနေသော မြန်မာနိုင်ငံတွင်
ပြည်တွင်းငြိမ်းချမ်းရေး ဟာ အရေးကြီးဆုံး အခန်းကဏ္ဍတစ်ခုသဖွယ် ဖြစ်နေပါတယ်။
ဒီမိုကရေစီဆိုပြီး ပါးစပ်က အမြှုပ်
ထွက်အောင် အော်နေပေမယ့် ငြိမ်းချမ်းရေးဆိုတဲ့ အပစ်အခတ် ရပ်စဲရေးကို
တစ်နိုင်ငံလုံးအတိုင်းအတာအထိ လက်မှတ် ရေး ထိုးဖို့ ဆောင် ရွက်နေ တာ
အောင်မြင်မှုမရသေးတဲ့အတွက် တည်ဆောက်ခါစ ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံ အတွက်
စိန်ခေါ်မှု တစ်ရပ်ဖြစ်နေပါတယ်။
ဖွဲ့စည်းပုံပြင်မယ်၊ ၂၀၁၅ မှာ ဘယ်သူ သမ္မတဖြစ်သင့်တယ်၊ ဆိုပြီးပြောဆိုနေကြသော်လည်း ဆင်းရဲတွင်း နက်နေသည့် ပြည်သူတွေရဲ့ ဘ၀တိုးတက်စေဖို့ စီးပွားရေးကို ဘယ်လိုဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်၊ နိုင်ငံခြားအကူအညီနှင့် ရင်းနှီးမြှုပ်နှံမှုများဝင်လာအောင် ဘယ်လိုလုပ်မယ်ဆိုတာကိုတော့ လွှတ်တော်နဲ့ နိုင်ငံရေး ပါတီခေါင်းဆောင် များ ပြောဆိုတာ မတွေ့ရဘဲ သမ္မတ တစ်ဦးတည်းကသာ ဆင်းရဲမွဲတေမှု ပပျောက်ဖို့ ပြောဆိုနေတာတွေ့ရပါတယ်။
အဲဒီအရာတွေကို အောင်မြင်အောင် လုပ်နိုင်ဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အရင်တည်ဆောက်ဖို့ လိုပါတယ်။ မငြိမ်းချမ်း တဲ့နိုင်ငံတစ်နိုင်ငံဟာ ဘယ်လောက်ပဲ ဒီမိုကရေစီစနစ်တွေ ကျင့်သုံးနေပါစေ ။ စီးပွားရေးအရ ဦးမော့လာစရာ အကြောင်းမရှိဘူး ဆိုတာ လက်ရှိကာလက သက်သေပြနေပါတယ်။ ဆိုလိုတာက ပြည်တွင်းငြိမ်းချမ်းရေး မတည်ဆောက်နိုင်တဲ့ နိုင်ငံမှာ ပြည်ပနိုင်ငံတွေ လာရောက်ရင်းနှီးမြှုပ်နှံ စီးပွားရှာမယ်ဆိုတာ ရာခိုင်နှုန်းနည်းပါ တယ်။ ဒီတော့ ငြိမ်းချမ်းရေးကို မရရအောင် တည်ဆောက်ချိန်တန်ပြီလို့ ပြည်သူတစ်ယောက်အနေနဲ့ မြင် ပါတယ်။
ငြိမ်းချမ်းရေးဆိုတာ ပါးစပ်ကပြောနေရုံနဲ့ မပြီးသလို လက်တွေ့အကောင်အထည်ဖော်တဲ့ နေရာမှာလည်း နှစ်ဦး နှစ်ဖက် နားလည်မှုနဲ့ ယုံကြည်မှုရှိဖို့က အရေးကြီးပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်များ ဘက်မှလည်း ကိုယ်ပိုင်တပ်မတော်နဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဖို့ ဖက်ဒရယ်ကို အကြောင်းပြပြီး တောင်း ဆိုနေတာတွေ့ နေ ရသည့် အတွက် အစိုးရဘက်မှ မည်သို့ပင် လိုက်လျောစေကာမူ ငြိမ်းချမ်းရေး ကတော့ ယခုချိန်ထိ အကောင် အထည် မဖော်နိုင် ဖြစ်နေ သည်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုတဲ့ ခေါင်းစဉ်ကြီး ဟာ မြစ်ကြီးနား၊ လိုင်ဇာ၊ ချင်းမိုင်၊ နေရာအနှံ့ ရောက်ခဲ့ဖူးပါပြီ။ အခုဘားအံမှာမှာလုပ်ဖို့ သဘောတူထားပြန် တယ်။ နေရာတွေ ဘယ်လို ပြောင်းပြောင်း စိတ်ဓါတ်တွေ မပြောင်းသရွေ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာဖို့ အလှမ်းဝေးနေ ဦးမှာပဲဖြစ်ပါ တယ်။
အစိုးရ MPC နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြားမှာ မပြေလည်မှုလေးတွေရှိနေတာ တွေ့ရပါတယ်။ MPC က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အမိမြန်မာနိုင်ငံကနေ ခွဲမထွက်ရေး နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးစေတဲ့ အကြောင်းအရာတွေ မလုပ်ဆောင်ရေးဆိုတဲ့ အချက် (၂)ချက်ကို ထည့်သွင်းဆွေးနွေးခွင့်မရှိဘူးလို့ ပြောဆိုထားတာ ရှိပါတယ်။ ဒါပေမယ့် UNFC ဦးဆောင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ် ခဲ့တဲ့ တွေ့ဆုံဆွေးနွေး ပွဲမှာ အထက်ပါ အချက်(၂)ချက်နဲ့ကွဲလွဲတဲ့ မူကြမ်းတစ်ခုကို အစိုးရ MPC ထံ တင်သွင်းခဲ့ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဘုံသဘော တူညီချက်များ(လိုင်ဇာသဘောတူညီချက်)ကို အခြေခံ၍ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT)က ရေးသားတင်သွင်းသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(မူကြမ်း)တွင် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့ ပတ်သက်ပြီး တောင်း ဆိုထား တာတွေ့ ရပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ကို ဒီမိုကရေစီရေး ၊ တန်းတူရေးနဲ့ ကိုင်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အ၀ ရှိသော ပြည်နယ်များကို အခြေခံ၍ “စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု စနစ်”ဖြင့် တည်ဆောက်ကြရန် သဘောတူသည်ဆိုပြီး ရေးသားထား တာကို ကြည့်ခြင်းအားဖြင့် သမ္မတကြီးညွှန်ကြားထားတဲ့ အချက်(၂)ချက်နဲ့ ဆန့်ကျင်နေပြီဖြစ်ပါတယ်။
လတ်တလောကာလမှာလည်း ဦးအောင်မင်းဦးဆောင်တဲ့ MPC က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ကားပါမစ်တွေ ထုတ်ပေးပြီး ငြိမ်းချမ်းရေးအတွက် စီးပွားရေးနဲ့ စည်းရုံးနေတယ် ဆိုပြီး ဝေဖန်သံတွေ လည်း ဆူညံ နေပါတယ်။ ထာဝရငြိမ်းချမ်းရေး ရချင်တယ်ဆိုရင် စီးပွားရေးနဲ့ ဖြေရှင်းလို့ မရနိုင်သလို တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး ကျင်းပဖို့ သဘောတူထားတဲ့ ဘားအံဆွေးနွေးပွဲဟာလည်း အဲဒီဂယက်ရိုက်ခတ်မှုတွေနဲ့ ကြုံတွေ့နေပါတယ်။ တဒင်္ဂငြိမ်းချမ်းရေးကို မလုပ်ဘဲ ထာဝရငြိမ်းချမ်းရေးရဖို့ အဖြေရှာတာက အကောင်းဆုံးလို့ ပြည်သူအားလုံးက လက်ခံထားပါတယ်။
အခုဆိုရင် ဒီဇင်ဘာလထဲမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲကို ကရင်ပြည်နယ်ဘားအံမှာ ပြုလုပ်ဖို့ သဘောတူထားတဲ့အတွက် ပြည်သူအားလုံးက စောင့်မျှော်နေကြပြီဖြစ်ပါတယ်။ ဂစ်တာ ပဲဖြစ်ဖြစ်၊ မြန်မာ့ရိုးရာစောင်းပဲဖြစ်ဖြစ် ချိုလွင်ညိမ့်ညောင်းတဲ့ သံစဉ်ထွက်ဖို့ဆိုတာ ကြိုးအားလုံး ညှိမှဖြစ်တာပါ။ ကြိုး တစ်ချောင်းပြတ်နေ ရင် ဒါမှ မဟုတ် လျော့နေရင် အသံသေးအသံညောင်ပဲ ထွက်လာပြီး နားဝင်မချိုတော့ ပါဘူး။ ဒီလိုပါပဲ ဒီမိုကရေစီ မြန်မာနိုင်ငံကြီး ကမ္ဘာ့အလယ်မှာ မားမားမတ်မတ် ရပ်တည်နိုင်ဖို့ ငြိမ်းချမ်းရေးဆိုတဲ့ ကြိုးတစ်ချောင်းဟာလည်း ပြတ်နေတာမျိုး ဒါမှမဟုတ် လျော့နေတာမျိုး မဖြစ်သင့်တော့ဘဲ တင်းတင်းရင်းရင်း ကြိုး တစ်ချောင်းအသွင်ပြောင်းချိန်တန်ပြီ ဖြစ်ပါတယ်။
နေ၀န်းသစ်

.. www.MyanmarExpress.net
5 comments:
နယ်ချဲ့ ဗြိတိသျှတွေဟာ ဗိုလ်ချုပ်နဲ့တစ်ကွ လွတ်လပ်ရေးရရင် တိုင်းပြည်ကိုဦးဆောင်နိုင်မဲ့ နိုင်ငံခေါင်းဆောင်တွေကို သတ်ပြီးတာ တောင်မှ မကျေနပ်သေးဘဲ သိမ်ဖျင်းယုတ်ညံ့အောက်တန်းကျလှတဲ့ စိတ်ဓာတ်၊ ယုတ်မာ ကောက်ကျစ်တဲ့စိတ်ဓာတ်ကိုအခြေခံပြီး လွတ်လပ်ရေးလက်ဆောင်အဖြစ် ပေးခဲ့တဲ့ ဒီပြည်တွင်းမညီညွတ်မှုဟာ တိုင်းပြည်ဖွံ့ဖြိုးရေးကို အခုအထိ အဟန့်အတားပြုနေတုန်းပါဘဲ။ ဒါကိုမမြင်ဘဲ ကိုယ့်အချင်းချင်း ဟိုလူ့ကြောင့် ဒီဟာကြောင့် ဒီအကြောင်းကြောင့် ဆိုပြီး အပြန်အလှန်အပြစ်တင်နေအောင် လည်း BBC က အခုအချိန်အထိ တာဝန်ယူဆောင်ရွက်နေဆဲပါ။ မြန်မာတွေညံ့ခဲ့လို့ ကျွန်ဖြစ်ခဲ့ရပြီးပါပြီ၊ ဒီအကျိုးဆက်ကိုလည်း အခုထိခံစားနေရတုန်းပါ၊ အခုအချိန်မှာတော့ မှန်ကန်တဲ့ ဘက်မှာ မျက်စိ၊နား တို့ ပွင့်သင့်နေပါပြီ။ အခုအချိန်မှာ လူ့အခွင့် အရေးဆိုပြီးတွင်တွင်အော်နေတဲ့ ဒီနယ်ချဲ့ဗြိတိသျှတွေဟာ ဗိုလ်ချုပ်ကိုသတ်ခဲ့သူတွေပါ၊ ခေါင်းဆောင်ကောင်းတွေကို သတ်ခဲ့သူတွေပါ၊ တိုင်းပြည်တွင်းစည်းရုံးရေုးပြိုကွဲအောင် စနစ်တကျ လုပ်ခဲ့သူတွေပါ။ ဒီလိုအောက်တန်းစားလူမျိုးက လူ့အခွင့်အရေးဆိုပြီး ပြောနေတာကတော့ အလွန်နားခါးလှပါတယ်။ ဒါကြောင့် မြန်မာတွေ နိုးထကြပြီး ဒီအောက်တန်းစားအမျိုးယုတ်တွေနဲ့ ကင်းနိုင်သမျှကင်းအောင် နေပြီး ကိုယ့်ပြည်တွင်းစည်းလုံးမှုကို တည်ဆောက်၊ ကိုယ်တိုင်ကြိုးစားရုန်းထမှရမယ်ဆိုတဲ့ အတွေးတွေဝင်သင့်နေပါပြီ။
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပတ်သက်ပြီးတခုပြောခြင်တယ် မြန်မာနိုင်ငံဆိုတာ ဗမာတမျိုးထဲပိုင်တာမဟုတ်သလို တခြား
ဘယ်လူမျိုးစုတစုထဲကမှလည်းပိုင်တာမဟုတ်ပါဘူး ကိုယ့်အချင်း
ချင်းအေးအတူပူအမျှကောင်းကောင်းမွန်မွန်နေပြီး တိုင်းပြည်
တခုလုံးတိုးတက်အောင်ကြိုးစားကြရအောင် ပြီးခဲ့တဲ့ဟာတွေ
ကိုအနာလုပ်ပြီးပြောနေရင်ဘယ်တော့မှပြီးမှာမဟုတ်တော့ဘူး
ဒါကြောင့်မဖြစ်နိုင်တဲ့တောင်းဆိုချက်တွေ ချေးခြောက်ရေနူး
တဲ့အတွေးအခေါ်တွေကိုစွန့်ပစ်ပြီး အမှန်တကယ်လိုအပ်တာ
တွေဖြစ်သင့်ဖြစ်ထိုက်တာတွေကိုတောင်းဆိုဆွေးနွေးကြပါဗျာ
ကိုယ့်တိုင်းရင်းသားစစ်စစ်ထဲကဘယ်သူ သမတ လုပ်လုပ်
ဘယ်သူတပ်ချုပ်လုပ်လုပ် တကယ်အရည်အချင်းရှိရင်လေးစားလိုက်နာပါ့မယ် တခုတော့
ရှိတာပေါ့ မျိုးမစစ်လို့တော့မရဘူး။
i agree
ကိုယ့်အချင်းချင်း ဟိုလူ့ကြောင့် ဒီဟာကြောင့် ဒီအကြောင်းကြောင့် ဆိုပြီး အပြန်အလှန်အပြစ်တင်နေအောင် လည်း BBC က အခုအချိန်အထိ တာဝန်ယူဆောင်ရွက်နေဆဲပါ။ This comment is very true. I have pointed out this fact in several of my comments. Not only BBC. All western Myanmar language media do this.
You're right, not only BBC, all western media do this.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်