နေပြည်တော်လူထုဆန္ဒခံယူပွဲတွင် ဒေါ်စုကြည်ကိုယ်တိုင် အခြေခံ ဥပဒေပြုပြင် ပြောင်းလဲရေးကို လွှတ်တော်က ထိရောက်စွာ မဆောင်ရွက်နိုင်ပါက ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များရှိကြောင်း၊ လူထု အင်အားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ တစ်ချိန်တည်း မှာပင် လွှတ်တော်အတွင်းမှာလည်း ပုဒ်မ(၁၈)ဖျက်သိမ်းရေးကို တွန်းအားပေး ဆောင်ရွက်နေတာကို ကြည့်ခြင်းဖြင့်၊ ပုဒ်(၁၈)သည် အခြေခံ ဥပဒေပြင်ဆင်ရေးနှင့် တိုက်ရိုက်အချိုးကျနေပါသည်။ ပုဒ်မ(၁၈) ဖျက်သိမ်းလိုက်ပါက နိုင်ငံအတွက် မတွေးဝံ့ပါ။ ကျွန်တော်တို့ လူမျိုးသည် သွေးဆူလွယ်သည့်လူမျိုး၊ ပုဂ္ဂိုလ်စွဲအပေါ် ခင်မင်တွယ်တာသည့်လူမျိုး ဖြစ်ပါသည်။ ထိုအချက်များကို နိုင်ငံရေးသမားများက အသုံး ချ၍ လူထုအား လမ်းမပေါ်သို့ တွန်းတင်လိုက်ပါက တည်ငြိမ်နေသော နိုင်ငံသည် ဆူပူဆန္ဒပြမှုများနှင့် ပြည့်နှက်နေမည်ဖြစ်ပါသည်။ ဒါ့ကြောင့်လည်း သမ္မတကြီးမှ မင်းသားကြီးမလုပ်ရ ပတ်မကြီးထိုးဖောက် ချင်သည့် အောက်တန်းကျသော စိတ်ဓာတ်များ ပြုပြင်ဖို့လိုပြီဖြစ်ကြောင်း ပြောကြားသွားတာ တွေ့ရ ပါသည်။
ကျွန်တော်တို့လူထုမှာ နိုင်ငံရေးအသိ အားနည်းသည့်အပြင် ဒီမိုကရေစီ အလေ့အထများ နှင့်လည်း မရင့်ကျက်သေးသောအချိန်တွင် နိုင်ငံရေး ခေါင်းဆောင်များအနေနဲ့ ၎င်းတို့ အကျိုးစီးပွား အတွက် လူထုကို အသုံးမချသင့်သည့်အပြင် မလျော်သြဇာကိုလည်း အသုံးမချသင့်ပေ၊ လက်ရှိ မြန်မာ့နိုင်ငံရေးအနေအထားသည် ဖွံ့ဖြိုးတိုးတက်ရန် အခြေအနေကောင်းများကို ပိုင်ဆိုင်နေပြီဖြစ် ပါသည်။ ထိုသို့ အခြေအနေကို ရောက်ရှိနေပါလျက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးခေါင်း ဆောင်များ၊ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များသည် ဘာကြောင့်များ မစည်းလုံးနိုင်၊ မညီ ညွတ်နိုင်၊ ပူးပေါင်း၍ မဆောင်ရွက်နိုင်ဖြစ်နေရသလဲ၊ ကိုယ်ကျိုးစီးပွားများကို ဘေးချိတ်ပြီး နိုင်ငံအကျိုး အတွက် စည်းစည်းလုံးလုံးဖြင့် ၀ိုင်းဝန်း အကောင်အထည်ဖော်ပါက လူထုသည်ဆင်းရဲတွင်းမှ လွတ်ကင်း လာမည်မှာ မလွဲဧကန်ဖြစ်ပေသည်။ လူထုလိုချင်သည်မှာလည်း ဆင်းရဲတွင်းကလွတ်ပြီး လူတန်းစေ့ နေထိုင်စားသောက်ပညာသင်ကြားနိုင်ရေးပင် ဖြစ်ပါသည်။ ဆရာဝန်တစ်ယောက် ဆေးကုသမှုမှားပါက တစ်ယောက်ဘဲ သေစေနိုင်ပြီး နိုင်ငံရေးခေါင်းဆောင်တစ်ဦး၊ အတွေးအခေါ်အယူအဆ မှားယွင်းပြီး ဆုံးဖြတ်ချက်ချခဲ့ပါက လူသန်းပေါင်းများစွာ ဒုက္ခရောက်ရမည်ဖြစ်သဖြင့် နိုင်ငံရေးခေါင်းဆောင်များ အနေဖြင့် မိမိအကျိုးစီးပွားနှင့် ဆန္ဒများကို ချိုးနှိမ်ပြီး အများအကျိုးဆောင်ရွက်နိုင်ရေး၊ မှန်ကန်သော ဆုံးဖြတ်ချက်များ ပူးပေါင်းဆောင်ရွက်မှုများဖြင့် လူထုကို အကျိုးပြုနိုင်ကြပါစေကြောင်း ရေးသားလိုက် ရပါသည်။
ကိုဇော်ကြီး
.. www.MyanmarExpress.net
11 comments:
ကိုဇော်ကြီး should say openly that Su Kyi seems to be hinting her followers to prepare for revolution similar to orange revolution of Ukraine or people power revolution of Philippines or Arab Springs of the middle east.
Let her try to do this kind of uprising in Myanmar. The Government and the silent majority of Myanmar are ready to take the challenge.
1-PLEASE DO NOT REVISE OR AMEND THE
RULE NO 18 TO CONTROL THE CROWD
AND THE CIVIL COMMOTION AND PUBLIC UNREST.
2-PLEASE THINK ONCE,TWICE,THRICE,
FOURTH,FIFTH ETC..BEFORE REVISE
THE 2008 CONSTITUTION.
3-PLEASE DO NOT CREATE POLITICAL
POWER VACUUM.
4-POLITICAL POWER VACUUM WILL
UPSET THE GOVERNMENT STRUCTURE
AND WHAT WILL HAPPEN NEXT?
PLEASE THINK AND FIND ANSWER.
5-DEMOCRACY,HUMAN RIGHTS AND
SECURITY OF MYANMAR NEED TO
BALANCE IN BETWEEN BENEFIT AND LOSS.
အစိုးရအဖွဲ့ထဲကရော လွှတ်တော်ထဲကရော လွှတ်တော်ပြင်ပက နိုင်ငံရေးသမားဆိုသူတွေရော တိုင်းရင်းသားလုပ်ငန်းရှင်ဆိုသူခရိုနီတွေရောကိုယ်ကျိုးကိုအဓိကထားနေသမျှ အတ္တကိုရှေ့တန်းတင်နေသမျှ တိုင်းပြည်အပေါ် မှန်ကန်တဲ့စေတနာမထားသမျှ တိုင်းပြည်တိုးတက်လာရန်မဖြစ်နိုင်ပါ။
One of Nobel Prize owner Nelson Mandela passed away on 5th December. He was taken away by King of hell. Next Nobel Prize owner, Su Kyi will be taken away by King of hell soon. It will be her turn to go hell because she is deserved with suffering in hell for her crimes.
သေ ချိန် တန်က သေ ရ ၏………..။ ဘယ်သူမှ လွန်ဆန်လို့မရတဲ့ ဖြစ်ခြင်းတရားပါ။
အချိန်မတန်ရင် ဘာမှဖြစ်မလာဘူး။
တချိန်က ဦးနေ၀င်း အစိုးသည် မိမိတိုင်းပြည်ဟာ စီးပွားရေးကျဆင်းပြီး ၊
ပြည်သူများဆင်းရဲ မွဲတေ လာမှုကြောင်း တိုင်းပြည်ကို ပြုပြင်ပြောင်းလှဲရန်
လိုအပ်လာသည့်အတွက် အထွေထွေပါတီညီခံကြီးတွင် ဦးနေ၀င်း ကိုယ်တိုင် မိန့်ခွန်း
ပြောကြားရာတွင် တစ်ပါတီပဲကြိုက်သလား၊ ပါတီစုံပဲကြိုက်သလားထည့်သွင်းပြောခဲ့ပါသည်။ တစ်ပါတီကြိုက်ရင် တစ်ပါတီ စနစ်နဲ့ပဲ တိုင်းပြည်ကိုကောင်းအောင်ပြုပြင် ဆောင်ရွက်သွားရမယ်။
ဒါမှ မဟုတ်လဲ ပါတီစုံကြိုက်ရင် ပါတီစုံသို့အသွင်းကူးပြောင်းပြီး၊ တိုင်းပြည်ကို ကောင်းအောင်
ပြုပြင် ဆောင်ရွက်သွားရမယ်။
ဦးနေ၀င်း အစိုးသည် ပါစုံဒီမိုကရေစီသို့ အသွင်းကူးပြောင်းလှဲရန် ဆန္ဒရှိသောကြောင်း
သူကိုယ်တိုင် တိုင်းပြည်သို့အသိပေးပြောကြားခြင်းဖြစ်တယ်။
ဒါကို အခွင့်ကောင်းယူပြီး နိုင်ငံရေးသမားကြီးတွေက မိမိတို့ကိုယ်ကျိုး အတွက်
ကြည့်ကာ (နေ့ချင်း၊ ညချင်း) ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို လိုချင်လာကြတယ်။
နိုင်ငံရေးသမားကြီးတွေက အကွက်ဆင်ပြီး နိုင်ငံရေးလှည့်ကွက်ကို မသိနားမလည်တဲ့ ပြည်သူတွေကို မြောက်ပင့် သွေးတိုးပေးပြီး လမ်းမပေါ်ဆွဲတင်လုပ်လာကြတယ်။
ပြည်သူတွေကလဲ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို (နေ့ချင်း၊ ညချင်း) လိုချင်ကြတယ်။
ချက်ချင်းမဖြစ်လာတော့ ပွဲကြမ်းတယ်၊ မီးရှို့ ၊ ခေါင်ဖြတ် လူသတ်တဲ့အထိ ဖြစ်လာကြတယ်။
အခြေအနေက တစ်နေ့ ထက် တစ်နေ့ ပိုပိုဆိုးလာတော့။
ကျောင်းသားတွေကလဲ ကိုးရီးယားစစ်ပွဲကို အတုယူပြီး ကျောင်းသားတပ်မတော်ဖွဲ့စည်းပြီး
တောင်/မြောက် ကိုးရီးယားစစ်ပွဲ လိုလုပ်ချင်လာကြတယ်။
နောက်ဆုံးတော့ တိုင်းပြည် ရဲ့ကံကြမ္မာကြောင့် တပ်မတော်က ဝင်ထိမ်းသိမ်းပေးရတယ်။
တကယ်လို့ တပ်မတော်သာ ဝင်မထိမ်းသိမ်းဘူးဆိုရင် …..
ကျောင်းသားတွေကလဲ အခု ဆီးရီးယား လိုပုံစံမျိုး အစိုးရကို တိုက်ဖို့လုပ်ချင်ကြတယ်။
ဆီးရီးယားရဲ့ပြည်တွင်းစစ်ကြောင့် ပြည်သူတွေ ဘယ်လောက်ထိ ဒုက္ခရောက်နေတယ်ဆိုတာ
အားလုံးသိကြပါတယ်။ ဆီးရီးယားရဲ့ပြည်တွင်းစစ်ကိုသာ တွေးကြည့်ပါ။
တို့ တိုင်းပြည်လဲ ဆီးရီးယားလို ပြည်တွင်းစစ် သာဖြစ်ခဲ့ရင်………
တွေးကြည့်မိရင်သိမှာပါ……..။
နိုင်ငံရေးသမားကောင်း တစ်ယောက်ဟာ အရာအားလုံးကို ကြိုသိတတ်၊မြင်တတ်ဖို့လိုပါတယ်။
ကိုယ်လုပ်ချင်းတိုင်း၊ ဖြစ်ချင်းတိုင်း ဖြစ်လာဖို့ အချိန်ပေးရပါတယ်။
အချိန်မတန်ရင် ဘာမှဖြစ်မလာဘူး။
သေ ချိန် တန်က သေ ရ ၏……………..။
ဘယ်အရာကိုမဆို အပြစ်အဖြစ်လိုက်မြင်နေ ရင်တော့ အဲဒီလူရော ပတ်ဝန်းကျင်ပါ မတိုးတက်ဘူး ဖါစုကြည်လို မင်းသားမလုပ်ရလို့ ပတ်မကြီးထိုးဖေါက်မယ့် အောက်တန်းစားစိတ်ဓါတ်နဲ့ သမ္မတလုပ်ချင် တယ်အော်နေတာကို နောက်လိုက်အားပေးနေကြတဲ့ nld သူတောင်းစားတွေကို မရှင်းသရွေ့ တိုင်းပြည်တိုးတက်မှု နောက်ကျနေအုံးမှာပဲ
အ တွေး အ ခေါ် မှန် ကန် စွာ ဖြင့် အုပ် ခူပ် ရေး မူး မှ ငွေ ယူြ်ပိး ကာ ဆီနို ဖွင့် ခွှင့် ပေး လိုက် ရာ လူ ငယ် တ ဦး အိမ် မှ ဆိုင် ကယ် ၃ စီး ပေါင် ပြိး ကာ ဆီ နို ရူးံ ရာ အိမ် သို့ ပ်ြန် မ လာ ရဲ သ ဖြင့် မိ ဘ မျာ စိတ် ဒုက္ခ ရောက် ကြ ရ ပေ သည်
ဒါ လား မောင် အုပ် ခူပ် ရေး မူး ရယ် ပြည် သူ အ ကီူး ဆို တာ
အ တွေး အ ခေါ် မှန် ကန် စွာ အိပ် ကပ် ထဲ သို့ ငွေ ပြည့် အောင် ထည့် နေ ပါ သည်
ပုံ စစ် ပုံ ပြောင် ဝန် ကြိး နှင့်  အုပ် ခူပ် ရေး မူး များ
ဆိုင် ကယ် ပေါင် တယ် ငွေ ပြုတ် တယ် လူ ငယ် တွေ ပျက် စီး တယ် မိ ဘ စိတ် ဆင်း ရဲ တယ်
ကောင်း လိုက် တဲ့ အုပ် ခူပ် ရေး မူး
ပြပည် သူ အ ကီူး သယ် ပိုး တာ လေ
ပ ခုက္ကူ
ခု ရေတွင်း တူး ခု ရေ ကြည် သောက် လို့ ရ မ
လား NLD ပါ တီ ထဲ မှာ ကော ဘယ် လောက်
ရှင်း လင်း သန့် စင်နေ လို့ လဲ
သမတကြီးက ရွေး ပေးရမယ်ပေါ့ ဟုတ်လားးးးးးး
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်