Subscribe to our RSS Feed

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီ သတင်းထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
 ပြည်ထောင်စုလွှတ်တော် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် 
ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီ 
သတင်းထုတ်ပြန်ချက်(၃/၂၀၁၃) 
၁၃၇၅ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် (၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်)

ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် ပတ်သက်၍ အကြံပြုချက် တောင်းခံခြင်း အပေါ်
ဌာန၊ အသင်းအဖွဲ့ပါတီ အသီးသီးနှင့် ပုဂ္ဂိုလ်များထံမှ ရရှိမှု အခြေအနေ သတင်းထုတ်ပြန်ခြင်း

၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီမှ သတင်း ထုတ်ပြန်ချက် (၁/၂၀၁၃) ဖြင့် ဥပဒေပြုရေး မဏ္ဍိုင်၊ အုပ်ချုပ်ရေး မဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင်များထံမှ လေ့လာ သုံးသပ်ချက်များနှင့် အကြံပြုချက်များကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့မတိုင်မီပေးပို့နိုင်ကြောင်း သတင်း ထုတ်ပြန်ခဲ့ပါသည်။

၂။ သို့သော်လည်း ပြည်သူများ၊ အဖွဲ့အစည်းများ၊ ဌာနအသင်းအဖွဲ့ ပါတီများမှ ကျယ်ကျယ်ပြန့်ပြန့် အကြံပြုစာများ ရရှိရန် အလို့ငှာ (၃/၂၀၁၃) ပူးပေါင်း ကော်မတီ အစည်းအဝေးကို (၃၁-၁၀-၂၀၁၃) တွင် ကျင်းပခဲ့ပြီး ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ သဘော တူညီချက်ဖြင့် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်မတိုင်မီ ပေးပို့နိုင်ပါကြောင်း သတင်း ထုတ်ပြန်ခဲ့ပါသည်။

၃။ သတင်း ထုတ်ပြန်ချက်အရ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့ မတိုင်မီထိ အကြံပြုစာပေါင်း ၁၂၄ စောင် ရရှိခဲ့ ပါသည်။

၎။ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့မှဒီဇင်ဘာလ ၅ ရက်နေ့အထိ အကြံပြုစာပေါင်း ၃၁၆ စောင်ရရှိခဲ့ပါသည်။

၅။ သို့ပါ၍ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့အထိ အကြံပြုစာပေါင်း ၄၄၀ စောင်ရရှိခဲ့ပြီး ပါတီအဖွဲ့အစည်းနှင့် အသင်းအဖွဲ့အသီးသီးမှ-

(က) အခန်း(၁)တွင် အကြံပြုချက် (၅၉၀) ချက်၊
( ခ ) အခန်း(၂)တွင် အကြံပြုချက် (၃၆) ချက်၊
(ဂ ) အခန်း(၃)တွင် အကြံပြုချက် (၂၆၁) ချက်၊
(ဃ) အခန်း(၄)တွင် အကြံပြုချက် (၃၀၉) ချက်၊
( င ) အခန်း(၅)တွင် အကြံပြုချက် (၄၃၈) ချက်၊
( စ ) အခန်း(၆)တွင် အကြံပြုချက် (၁၇၉) ချက်၊
(ဆ) အခန်း(၇)တွင် အကြံပြုချက် (၂၈) ချက်၊
( ဇ ) အခန်း(၈)တွင် အကြံပြုချက် (၁၂၀) ချက်၊
( ဈ ) အခန်း(၉)တွင် အကြံပြုချက် (၄၉) ချက်၊
(ည) အခန်း(၁၀)တွင် အကြံပြုချက် (၂၀) ချက်၊
( ဋ ) အခန်း(၁၁)တွင် အကြံပြုချက် (၈၃) ချက်၊
( ဌ ) အခန်း(၁၂)တွင် အကြံပြုချက် (၂၁၈) ချက်၊
( ဍ ) အခန်း(၁၃)တွင် အကြံပြုချက် (၁၁) ချက်၊
( ဎ ) အခန်း(၁၄)တွင် အကြံပြုချက် (၂၂) ချက်၊
(ဏ) အခန်း(၁၅)တွင် အကြံပြုချက် (၁၂) ချက်၊
(တ) ဇယား(၁)တွင် အကြံပြုချက် (၅၉) ချက်၊
(ထ) ဇယား(၂)တွင် အကြံပြုချက် (၄၅) ချက်၊
( ဒ ) ဇယား(၃)တွင် အကြံပြုချက် (၁၀) ချက်၊
( ဓ ) ဇယား(၄)တွင် အကြံပြုချက် (၁) ချက်၊
( န ) ဇယား(၅)တွင် အကြံပြုချက် (၂၁) ချက်၊

စုစုပေါင်း အကြံပြုချက် (၂၅၁၂) ရရှိပြီး ဖြစ်ကြောင်းနှင့် ဆက်လက်၍လည်း အကြံပြုစာများ ရောက်ရှိလျက် ရှိကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီ


 .. www.MyanmarExpress.net
 

5 comments:

ဥပဒေတွေ မျိုးစုံထုတ်ပြန် ပြီး မလိုက်နာရင်

အလကားပဲ။

အချိန်ကုန်ငွေကုန် ဖြစ်လိမ့်မယ်။

အခွန်တွေ ကို အာဏာနဲ့ လုပ်ပိုင်ခွင့်ကို

တလွှဲ အသုံးချ တာတွေ အခွန်မဆောင်ပဲ

တိမ်းရှောင်နေတာတွေ ကို ထိရောက်ဟန့်

တားတဲ့ ပြစ်ဒဏ် ပြဌန်း သင့်ပါတယ်။

တစ်ချို့ ကိုယ်စားလှယ်တွေ ဟာ ပြည်သူ့

အတွက်ဆိုပြီး ကိုယ့်အမျိုးတွေ နေတဲ့ လမ်း

ရပ်ကွက် ကောင်းဖို့ တင်ပြနေတာတွေ မဖြစ်

သင့်ပါဘူး။

အားလုံးကိုချေမှူန်းမယ် says:
8 December 2013 22:28 Reply

You are not commenting on the news mentioned above.

အခြေခံဥပဒေပြင်ဆင်ရာမှာ၊တဦးတဖွဲ့အလိုကျကိုမစဉ်းစားဘဲ
အားလုံးပါဝင်နိုင်အောင်ကြိုးစားတာကဒီမိုကရေစီအရ
တရားပါတယ်။ဒါကြောင့်သမတရုံးကျေညာချက်ကိုထောက်ခံ
ပါတယ်။

ဝန်ထမ်းလောကထဲမှာ ဗြူရိုကရက်ဆန်ဆန်

အာဏာရှင်ဆန်ဆန် အုပ်ချုပ်နေတာ တွေရှိ

နေသေးပါတယ်။

ပြည်နယ်နဲ့တိုင်းမှာ စည်ပင် ညွှန်မှူးတွေဟာ

တော်တော်ကို အာဏာရှင်ဆန်နေပါတယါ။

ဝန်ကြီးချုပ်တစ်ဦး ကိုပဲ အသေအလဲ ဖားနေ

ပြီး ကိုယ့်ဝန်ထမ်းကို တော့ နည်းလမ်းမျိုးစုံ

နဲနှိပ်ကွပ်နေတယ်။

အခုလည်း စည်ပင်ပိုင်မြေ တွေ ဝန်ကြီးချူပ်

ကုမ္ပဏီတွေ နဲ့ ပေါင်းပြီး နှစ်ရှည်အကျိုးတူ

လုပ်နေကြပါတယ် အထူးအဖွဲ့ များနဲ့းအား

မနာတမ်း စစ်သင့်ပါတယ်။

အဆိုးဆုံး အာဏာရှင် စားဖားညွှန်မှူးတွေက

၁။ မန္တလေး က မှူး ဆန်းမော်ခင်

၂။ ရန်ကုန် က ဦးကြည်တင်

၃။ တနင်္သာရီ က မှူးလှမျိုး

၎။ ရှမ်း က ဗကစိုင်းထွန်းထွန်း

၅။ ဧရာဝတီ က မှူးအောင်မင်းနိုင်

၆။ မွန် က ဗကအေးဆွေ

ယခင် စည်ပင်ဝန်ကြီးကိုလပ် ထိုးပြီး ရာထူး

ယူခဲ့ သူတွေပါ။

ပိုင်ဆိုင်မှူတွေ မြန်စစ်သင့်ပါတယ်။

ဗြူရိုကရက်ဆန်နေတဲ့ ပြည်နယ် /တိုင်းစည်

ပင်ညွှန်မှူး တွေ နေရာလဲသင့်ပါတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်