From :
..
အင်္ဂလန်တောင်ပိုင်း အခြေစိုက်တဲ့ လေကြောင်း အချက်ပြ ထိန်းချုပ်ရေးဌာနမှာ နည်းပညာ ချွတ်ယွင်းသွားတဲ့အတွက် အင်္ဂလန်ပြည်တ၀ှမ်းက လေယာဉ်ကွင်းတွေမှာ ခရီးသည် ထောင်ပေါင်းများစွာဟာ ဒီဇင်ဘာ ၇ ရက်နေ့က သောင်တင်ခဲ့ကြပါတယ်။
ဟမ်းရှဲ အုပ်ချုပ်ရေးနယ်မြေမှာရှိတဲ့ လေကြောင်းထိန်းချုပ်ရေးဌာနက ကွန်ပြူတာစနစ် ချွတ်ယွင်းနေတဲ့အကြောင်း အမျိုးသားလေကြောင်းလိုင်း အချက်ပြဌာန (အန်အေတီအက်စ်)ကို အစီရင်ခံတဲ့နောက်မှာ လေကြောင်းခရီးစဉ်တွေကို ဆိုင်းငံ့ခဲ့တာ ဖြစ်ပါတယ်။
ဗြိတိန်ရဲ့ အကြီးဆုံးလေဆိပ်ဖြစ်တဲ့ လန်ဒန်မြို့က ဟီသရိုးလေဆိပ်မှာ ခရီးစဉ် ၆၀ ကို ဖျက်သိမ်းခဲ့ရသလို မန်ချက်စတာ၊ ဘာမင်ဂမ်၊ လန်ဒန်နဲ့ နယူးကာဆယ်စတဲ့ မြို့ကြီးတွေက လေကြောင်းခရီးစဉ်တွေလည်း ဖျက်သိမ်းခဲ့ရပါတယ်။
ဘယ်အချိန်မှာ ထိန်းချုပ်ရေးစနစ် ပြန်ကောင်းလာမလဲဆိုတာကို လေကြောင်း အချက်ပြ ဌာနက ခန့်မှန်းထုတ်ပြန်ခဲ့တာ မရှိပါဘူး။
.. www.MyanmarExpress.net

2 comments:
1-THIS IS A BAD OR GOOD LESSON FROM
THE OTHER COUNTRY.
2-WE MUST PLAN AND OPERATE WITH
DUPLEX/TWO SYSTEM SO THAT WE CAN
OPERATE BY USING THE OTHER SYSTEM
WITHOUT INTERRUPTION.
3-THE DUPLEX SYSTEM IS USING ONBOARD
ALL MERCHANT VESSELS.
FOR EXAMPLE INSTALLED TWO GENERATORS
SO THAT ELECTRICITY NEVER INTERRUPTED
BECAUSE ONE GENERATOR IS ALWAYS
STANDBY IN CASE OF EMERGENCY.
မြန် မာ ပြည် မှာ မ ဖြစ် ပါ စေ နဲ့ လို့ ဆု တောင်း ပါ တယ် ဖြစ် ရင် ဒီ ထက် ပို ဆိုး မှာ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်