Subscribe to our RSS Feed

သူရိယနေဝန်းဂျာနယ်တွင် စာနယ်ဇင်းကျင့်ဝတ်နှင့် ဆန့်ကျင်သော အရေးအသားများ ဖော်ပြနေခြင်းကိစ္စ အား မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)သို့ အကြောင်းကြားခြင်း

From : Myanmaalinn

၁။ ပြန်ကြားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံတွင်ပြောင်းလဲလာသည့် စနစ်အရ စာမူများကို ကြိုတင်စိစစ် ခြင်း မပြုတော့ဘဲ လွတ်လပ်စွာ ရေး သားဖော်ပြမှု ပြုခဲ့ရာ အချို့သော ဂျာနယ်များသည် စာနယ်ဇင်းကျင့်ဝတ်နှင့် ဆန့်ကျင်သော အရေးအသားများကို ဖော်ပြခဲ့ကြ၍ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)သို့ လိုအပ်သလို ဆက်လက် သုံးသပ်ဆောင်ရွက်ရန် အဆိုပါ ဖော်ပြချက်များနှင့် တကွ ပေးပို့ခြင်း များ ဆောင်ရွက်လျက်ရှိပါသည်။

၂။ သူရိယနေဝန်းဂျာနယ်သည် (၂၆-၁၀-၂၀၁၃)ရက်မှ စတင်ထုတ်ဝေလျက်ရှိရာ ယခုအခါ အတွဲ(၁)၊ အမှတ်(၇)အထိ ဂျာနယ်(၇)စောင် ထွက်ရှိခဲ့ပါသည်။ ထွက်သမျှ ဂျာနယ်အားလုံးတွင် ပါရှိသည့် အရေးအသား များမှာ သတင်းဂျာနယ်တစ်စောင်၏ အင်္ဂါရပ်နှင့် ညီညွတ်မှုမရှိဘဲ ပုဂ္ဂိုလ်ရေး ထိုးနှက်မှုများနှင့် လက်ရှိ အစိုးရအား ထိခိုက်စေသည့် ရေးသားဖော်ပြချက်များကို တွေ့ရှိရပါသည်။ အဆိုပါဂျာနယ်တွင် ရေးသား ဖော်ပြချက်များနှင့် ပက်သက်၍ စာပေလောကသားများကလည်း ဂျာနယ်ပါရေးသားဖော်ပြမှုများသည် စာနယ်ဇင်း ကျင့်ဝတ်များနှင့် မညီကြောင်း၊ အဝါရောင်စာပေဖြစ်ကြောင်း၊ အမုန်းစကား(Hate Speech) များဖြစ်ကြောင်းကို ဂျာနယ်များနှင့် ပြင်ပလောကတွင် ရေးသား ပြောဆိုလာကြသည်ကို တွေ့ရှိရပါသည်။ အဆိုပါဂျာနယ်၏ CEO ဖြစ်သူ ဦးမိုးဟိန်း ကိုယ်တိုင်က (၅-၁၁-၂၀၁၃)ရက်နေ့ထုတ် မော်နီတာဂျာနယ် အတွဲ(၂)၊ အမှတ်(၇၉)တွင် ပါရှိသည့် သတင်းထောက်စောဖိုးခွားနှင့် ကိုမိုးဟိန်း အင်တာဗျူး၌ သူရိယ အလင်းနှင့် သူရိယနေဝန်း ဂျာနယ်၌ ရေးသား မှုများသည် စာနယ်ဇင်းကျင့်ဝတ်ကို ဘေးဖယ်ထားကြောင်း ဝန်ခံ ပြောကြားခဲ့သည်ကို တွေ့ရှိရပါသည်။

၃။ ထို့ပြင် သူရိယနေဝန်းဂျာနယ် ထုတ်ဝေသူ ဦးခင်အေးသည် ဂျာနယ်လျှောက်ထားစဉ်က ဂျာနယ်ထုတ် ဝေရာတွင် လိုက်နာကျင့်သုံးရန် စံနှုန်းထားများဖြစ်သော “တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးကို ပျက်ပြားစေရန်၊ ဆူပူအကြမ်းဖက်မှု များ ဖြစ်ပွားပေါ်ပေါက်စေရန် လှုံ့ဆော်ရေးသားသော ထုတ်ဝေစာများ၊ သိမ်ဖျင်းရုန့်ရင်းသော စကားအသုံးအနှုန်းများ၊ မနာလိုသော မစ္ဆရိယစိတ်ဖြင့် စွပ်စွဲခြင်းများ၊ မမှန်ကန်သော အသရေ ပျက်စေသော ကြေညာ ချက်များအားထုတ်ဝေ ခြင်းမပြုပါ” ဟုလည်းကောင်း၊ စာနယ်ဇင်းကောင်စီက ချမှတ်ထားသော စည်းကမ်းများကို လိုက်နာပါမည်ဟုလည်းကောင်း၊ ဝန်ခံလက်မှတ်ရေးထိုးခဲ့ပါသည် (နောက်ဆက်တွဲ-က)။

၎။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က (၁၃-၁၂-၂၀၁၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် စာနယ်ဇင်းကျင့်ဝတ်အမှတ်စဉ်(၇)ပါ “သတင်းရေးသားရာတွင် ရေးသားသူ၏ အာဘော်လုံးဝမပါဝင်စေရ ၊ ဘက်လိုက်ရေးသားခြင်းမပြုရ” နှင့် အမှတ်စဉ်(၈)ပါ “ အများပြည်သူ အကျိုးစီးပွားအတွက် ရေးသင့် ရေးထိုက်သည်မှ အပ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော အရေးအသား ၊ နိုင်ငံသားတစ်ဦး၏ အခွင့်အရေးကို ထိပါးစေသော အရေးအသားများ ရှောင်ကြဉ်ရမည် ” တို့ကိုလည်း ဖောက်ဖျက်ရေးသားလျက်ရှိကြောင်း တွေ့ရှိရပါသည် (နောက်ဆက်တွဲ-ခ)။

၅။ သို့ဖြစ်ပါ၍ သူရိယနေဝန်းဂျာနယ်၏ စာနယ်ဇင်းကျင့်ဝတ်နှင့် ဆန့်ကျင်၍ ရေးသားဖော်ပြ နေခြင်း အပေါ် စာနယ်ဇင်းကောင်စီအနေဖြင့် လိုအပ်သလို ညှိနှိုင်းဆောင်ရွက်နိုင်ပါရန် သူရိယနေဝန်း ဂျာနယ် အတွဲ(၁)၊ အမှတ်(၁)မှ (၇)အထိ (၇)စောင်နှင့်အတူ ပူးတွဲပေးပို့ပါသည်။ 

13 comments:

မီဒီယာလွတ်လပ်ခွင့်ဆိုတာဒါလား။ဒါမျိုးတွေ
ရေးပြီး လုပ်စားနေတာ။

We are with Thuria Nay Wun journal and we support the journal as well as will share all information of Chrony we knew.
Many SNODEN in Myanmar for the journal.

This kind of editor deserves a bullet by a hir man as is frequently done in Thailand.

မိုးဟိန်းဆိုတဲ့ ​ခွေးလိုလိုက်​​ဟောင်​​နေတဲ့​ကောင်​ကို ဘယ်​သူမှမ​ပြောရဲကြ​တော့ဘူးလား ဘာ​စောက်​ဆင့်​မှမရှိတဲ့ ​ထောင်​ထွက်​​ကောင်​တစ်​​ယောက်​ကို​တောင်​ ထိ​ရောက်​စွာအ​ရေးမယူရဲကြ​တော့ဘူးဆိုရင်​ မြန်​မာပြည်​က တရားဥပ​ဒေစိုးမိုး​ရေးဆိုတာကို ဘယ်​လိုသွားအားကိုးရ​တော့မှာလဲ . . . ​တော​ကြောင်​​တွေကို ဒီအတိုင်းလွှတ်​ထားရင်​ အများပြည်​သူအတွက်​ပါ အန္တရာယ်​ကြီး​နေပြီ . . . ဒီလို​ကောင်​စားမျိုး​တွေက လုပ်​လို့ရမှန်းသိရင်​ အများတကာ​ခေါင်း​ပေါ်မှာ ချီးတက်​ပါ​တော့မှာ​နော။ အစိုးရတာဝန်​ရှိသူ​တွေ မိုးဟိန်းလို​ကောင်​​တွေကို ထိထိ​ရောက်​​ရောက်​ အ​ရေးယူ​ပေးကြပါ။

ဒေါ်အောင် ဆန်းစုကြည်ကိုပယ်ပယ်နယ်နယ်
တွယ်နေတုန်းက တော့စာနယ်ဇင်းကျင့်ဝတ်နဲ့
ညီတယ်ပေါ့
ကိုယ်လည်းအ ဆော်ခံရတော့မညီ တော့ဘူး
စောက် ရူးတွေ

ဖျက်ပစ်တယ်ခွေးမသားတွေေ

DO NOT LIKE TO WRITE COMMENT BUT
LIKE TO READ AND HEAR THE NEWS IN
CONNECTED WITH THE ABOVE SUBJECT MATTERS.
THIS SUBJECT MATTER IS A TEST ON
FREEDOM OF PRESS,FREEDOM OF SPEECH,
DEMOCRACY AND HUMAN RIGHTS IN ALL
SIDES.

ကျွန်တော်လည်း သုရိယနေဝန်းဂျာနယ်ရဲ့ ပရိသတ် တစ်ယောက်ပါ။ ကဲ...။ သူရိယ နေဝန်းဂျာနယ်မှာ နိုင်ငံနဲ့ လူမျိုးအပါအဝင် အပြစ်မဲ့ပြည်သူကို ထိခိုက်စေတဲ့ အရေးအသား များဘယ်တုန်းကပါခဲ့ လို့လဲဗျာ။ နိုင်ငံနဲ့ လူမျိုးကို ထိခိုက်စေတဲ့ မဟုတ်မမှန် လုပ်ကြံ သတင်း များဘယ်တုန်းက ရေးခဲ့ဖူးလို့လဲ။ နိုင်ငံတော်ကြီးကို ဒုက္ခရောက်အောင် လုပ်ခဲ့တဲ့ မအေလိုး ခွေမသားတွေ အကြောင်းကို အမှန်အတိုင်း ရေတာကို စာနယ်ဇင်းကျင့်ဝတ် ဖောက်တယ်လို့ ပြောရမှာလား။ နိုင်ငံတော်ကို ဒုက္ခရောက်အောင် လုပ်ခဲ့တဲ့ မအေလိုး တွေက ကျင့်ဝတ်တွေ စည်းမျဉ်းတွေ ကို အကာအကွယ် ပြုပြီး လက်တစ်လုံးကြားလုပ် သွားတာကျတော့ ဘာမှ မပြောတော့ဘူးလား။

လူတစ်ဖက်သားကို ထိခိုက်သည်ဖြစ်စေ မထိခိုက်သည်ဖြစ်စေ လွတ်လပ်တဲ့ ဒီမိုကရေစီ ခေတ်မှာ နိုင်ငံတော်နဲ့ ပြည်သူလူထု အပါအဝင် လောကကြီး ကောင်းဖို့ အတွက် အပြစ်မဲ့တဲ့ သူကိုမထိခိုက်ဘူး ဆိုရင် မှန်ကန်တဲ့ စကားနဲ့ ထင်မြင် ယူဆချက်တွေကို လွတ်လပ်စွာ ရေးသား ပြောဆိုခွင့်မရှိဘူးလား ?။ အပြောခံရမှာ ကြောက်ရင် အပြစ်မရှိအောင်နေ ပေါ့ဗျာ။ နိုင်ငံတော်ကိုချစ်လို့ နိုင်ငံတော်အတွက်ဆိုပြီး လစာမယူပဲ ကိုယ်ထမင်း ကိုယ်စားပြီး နိုင်ငံတော်မှာ တာဝန်ထမ်းဆောင် ခဲ့တဲ့သူ ဘယ်သူရှိလို့လဲဗျာ။ ယူသင့်တဲ့ တန်ရာတန်ကြေးအပြင် ဂါရဝ လက်ဆောင် လိုလို အမှတ်တရ လက်ဆောင် လိုလိုတွေကို ကြတော့ သူတော်ကောင်းယောင် ဆောင်ပြီး ပိုင်ဆိုင်မှု မတင်ပြရဲအောင် အရှက်မရှိယူးပြီး စောက်သုံးမကျလို့ အမှန်အတိုင်း ပြောတော့လည်း မကြိုက် ဘူးဆိုရင် ဘယ်လိုလုပ်ကြ မလဲဗျာ။ အမှန်အတိုင်း ပြောတဲ့သူကို ခေါင်စဉ် မျိုးစုံ တပ်ပြီး အရေးယူမှ ခင်ဗျားတို့ အဆင်ပြေမယ်ဆိုရင်လည်း လုပ်ပေါ့ဗျာ။ူ

It is necessary to Restore Law and Order first.

Freedom of press and speech will lead us into lawless country.
.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်