၂၀၁၅ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ သတင်းစာမျက်နှာများနှင့် social network များ ပေါ်တွင်နေ့စဉ်မြင်တွေ့နေရတာတွေကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့နဲ့ ၂၀၁၅ ရွေးကောက်ပွဲ အပြီး သမ္မတဖြစ်ရေး၊ အာဏာရရှိရေးများအတွက်သာ ပြောဆိုနေကြတာတွေကို တွေ့နေရပါ တယ်။ ယနေ့ပြည်သူလူထု လိုအပ်နေတာကတော့ လူတန်းစေ့နေထိုင်စားသောက်နိုင်ရေး၊ ပညာ သင်နိုင်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေရရှိရေးတို့ပဲ ဖြစ်ပါတယ်။
စိတ်မကောင်းစရာ တွေ့ရတာကတော့ ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့၏ လိုအပ်ချက် လွှတ်တော်က ဖော်ဆောင်ရွက် ဆိုသည့် လွှတ်တော်ကြီးကလည်း သက်တမ်း(၃)နှစ် အတွင်းသို့ ၀င်လာနေပြီဖြစ်သော်လည်း ပြည်သူတွေဆင်းရဲတွင်းက လွတ်ကင်းနိုင်မည့် စီးပွားရေး အခွင့်အလမ်းများဖော်ဆောင်ဖို့ကို ယနေ့အချိန်အထိ ဆွေးနွေးနေတာမတွေ့ရသေးဘဲ ၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာရရှိရေးအတွက်သာ ဦးတည်ဆောင်ရွက်နေတာ တွေ့နေရပါတယ်။ နိုင်ငံရေးပါတီခေါင်းဆောင်များကလည်း လွှတ်တော်တွင်းစီးပွားရေးအခွင့်အလမ်းများဖော်ဆောင်ဖို့ မဆွေးနွေးဘဲ အစိုးရအဖွဲ့မှတင်ပြသည့် စီမံကိန်းများကို ကန့်သတ်တားမြစ်နေတာကိုပဲ တွေ့နေရ ပါတယ်။ အစိုးရသက်တမ်း (၃)နှစ်အတွင်း စီးပွားရေးတွေဖော်ဆောင်ပြီး ဆင်းရဲတွင်းကလွတ်စေဖို့ အာဘောင်အာရင်းသန်သန်နဲ့ပြောနေတာ သမ္မတဦးသိန်းစိန်တစ်ယောက်သာ တွေ့ရပါတယ်။
သမ္မတအနေနဲ့ကလည်း ခါချဉ်ကောင် တောင်ကြီး ဖြိုမဲ့အကြံ ခါးက မသန် ဆိုသလိုပါပဲ။ နိုင်ငံတော်နဲ့ ပြည်သူအတွက် အကျိုးရှိမဲ့စီမံကိန်းတွေကို လွှတ်တော်တင်လိုက်၊ လွှတ်တော်က တားမြစ်လိုက်နဲ့ ဦးသိန်းစိန်၏ စီမံကိန်းများလည်း လေထဲတိုက်အိမ်ဆောက် သလို ဖြစ်နေပါပြီ။ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ အားကိုးအားထားပြုထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကလည်း ပြည်ပရောက်မှပဲ အစိုးရကို ထောက်ပြတဲ့အပြင် ပြည်ပရင်းနှီးမြှုပ်နှံမှုများကိုလည်း ၂၀၁၅ ရွေးကော်ပွဲပြီးမှသာဝင်ရောက်ရန်တားမြစ်ပိတ်ပင်ခဲ့ပါတယ်။ ဒါ့အပြင်ပြည်တွင်း၌ရှိစဉ် အတိုက်အခံ ပါတီကြီးတစ်ခုအဖြစ် မရပ်တည်ဘဲ လွှတ်တော်ဥက္ကဌနဲ့ အစိုးရကြားတွင် လွှတ်တော်ဥက္ကဌဘက် ရပ်တည်ပြီး လက်ညှိုးထောင်၊ ခေါင်းညိတ်ပဲ လုပ်နေသည့်အတွက် ကျွန်တော်တို့ ပြည်သူတွေ ဆင်းရဲတွင်းကလွတ်ဖို့ ဘယ်သူ့ကို အားကိုးရမှန်း မသိတော့လောက်အောင်ကို ဖြစ်နေပါပြီ။
ကျွန်တော်တို့ ပြည်သူလူထု လိုအပ်နေသည်မှာ ဆင်းရဲဒုက္ခအပေါင်းက လွတ်ရေးပင် ဖြစ်ပါ သည်။ ဘယ်လိုစနစ်မျိုးနဲ့ပဲ သွားသွား၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ပြင် မပြင်ပြင်၊ ဘယ်သူပဲ အုပ်ချုပ် အုပ်ချုပ် ကျွန်တော်တို့ ပြည်သူကို ဆင်းရဲဒုက္ခအပေါင်းမှ ကယ်တင်နိုင်မည့်သူကိုသာ အလိုရှိပါသည်။ နိုင်ငံရေးခေါင်းဆောင်များအနေဖြင့် ကျွန်တော်တို့ ဆင်းရဲသားပြည်သူများကို နားဝင်ချိုအောင် စကားလှလှပြော လှည့်စားပြီး မေတ္တာတုတွေ မပေးပါနဲ့။ မေတ္တာတုတွေပေးရင် တန်တာပဲ ပြန်ရပါလိမ့်မယ်။ လက်ရှိ အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီခေါင်းဆောင်များထဲတွင် ကျွန်တော်တို့ ဆင်းရဲသားပြည်သူတွေကို ဒုက္ခတွင်းထဲမှ လွတ်မြောက်အောင် ထင်သာမြင်သာ ကြိုးပမ်းတာဆိုလျင် သမ္မတ ဦးသိန်းစိန် တစ်ယောက်သာ တွေ့ရပါတယ်။ ပြည်ပနိုင်ငံရောက်လျင် ကြွေးမြီတွေလျော့ချဖို့၊ အကူအညီတွေရဖို့ ကြိုးစားခဲ့သလို ပြည်တွင်းမှာလည်း ဆင်းရဲမွဲတေမှု ပပျောက်ဖို့ ကြိုးစားလုပ်ဆောင်နေတာ တွေ့ရပါတယ်။ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတဦးသိန်းစိန်ကို ၀င်ရောက် အရွေးခံစေချင်ကြပါသည်။ ဒါမှသာ ကျွန်တော် တို့ ပြည်သူတွေအပေါ် မေတ္တာစစ်ပေးတဲ့လူကို မဲပေးနိုင်မှာဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။
.. www.MyanmarExpress.net
5 comments:
ဟုတ်ပါတယ် ဦးသိန်းစိန် ကိုထောက်ခံပါတယ်းးးး
Politicians (particularly Su Kyi and her NLDs) know only politics and are completely ignorant of economics, business and welfare of the people. Moreover they do not understand the Buddhist Cultural life of the people. They are Copy Cats of the Western politics and culture.
တပ် မ တော် က ပြောင်း လာ တယ် ဆို ပေ မဲ့ ပြည် သူ ပြည် သား တွေ အ ပေါ် မှာ စေ တ နာ ထား လုပ် ဆောင် တယ် ဆို သူ ဟာ ရှား ပါ တယ် ကျေး ဇူ တင် ပါ တယ် ဦး သိန်း စိန်
လစာ တောင် မ မက် မော ပြည် ပ သွား ရင် ပြည် သူ တွေ အ လုပ် ရ ဘို့ ကို ဦး စား ပေး
တ ကယ့် ကို ကျေး ဇူး တင် ပါ တယ်
ဒါ ပေ မဲ့ တစ် ယောက် ထဲ လုပ် လို့ အ ဆင် မ ပြေ နိုင် ပါ ဘူး တိုင်း ပြည် အ တွက် အ များ လုပ် ရ တာ ပါ မိ မိ က ကောင်း နေ ပေ မဲ့ တ ပည့် တွေ က မ ကောင်း ရင် မိ မိ ပေါ် အ ပြစ် မြင် တတ် ကြ ပါ တယ် အောက် ခြေ လူ တန်း စား ကို ပြန် ကြည့် စေ ချင် ပါ တယ် မြို့ နယ် ခ ရိုင် တိုင်း ပေါ့ အုပ် ခူပ် သူ က ကောင်း အောင် လုပ် ရဲ့ လား ပြည် သူ တွေ ကို စိတ် ချမ်း သာ အောင် အုပ် ခူပ် ရဲ့ လား ပြန် ကြည့် စေ ချင် ပါ တယ်
မြို့ တစ် မြို့ မှာ ယ ခု စ နှစ် က အာ ဏာ အား လုးံ ဟာ မြို့ နယ် အုပ် ခူပ် ရေး မူး လက် ထဲ မှာ ပါ သူ ကောင်း အောင် လုပ် ရင် ပြည် သူ တွေ စိတ် ချမ်း သာ မယ် သူ မ ကောင်း အောင် လုပ် ရင် ပြည် သူ တွေ စိတ် မ ချမ်း သာ ပါ ဘူး သမ္မတ နဲ့ က အ လှမ်း ဝေး သွား ပြိ လေ တိုင် ဘို့ ဆို လဲ မ လွယ် ပါ ဘူး
မြို့ နယ် အုပ် ခူပ် ရေး မူး ခ ရီုင် အုပ် ခူပ် ရေး မူး တိုင်း အုပ် ခူပ် ရေး မူး သက် ဆိုင် ရာ ဝန် ကြိး
သူ တို့ ဟာ ညီ အ ကို လို လုပ် ကြ ကိုင် ကြ တာ ပါ အ ပြစ် ရှိ လို့ တိုင် လဲ ဘာ မှ ဖြစ် မ လာ ပါ ဘူး ဒီ စ နစ် ဆိုး ကို ဖြောက် ဖျက် ပေး စေ လို ပါ တယ် ဒါ မှ အောက် ခြေ ပြည် သူ တွေ စိတ် ချမ်း သာ နိုင် မှာ ပါ
အ မှန် တ ရာ ဥ ပ ဒေ ကို အ မှန် တား ဘဲ ဖြစ် စေ ချင် ပါ တယ်
တိုင်း ပြည် ကောင်း စေ ချင် ရင် အောက် ခြေ အာ ဏာ ပိုင် တွေ တရား ရေး တွေ ရဲ တွေ ဒါ တွေ ကို ပိုင် နိုင် အောင် ဥ ပ ဒေ နဲ့ ခူပ် ကိုင် ထား နိုင် ဘို့ အ ရေး ကြိး ပါ တယ်
ဒါ မှ ပြည် သူ က အ ပြည် အဝ ကောင်း ခ်ျး သြ ဘာ ပေး မှာ မ ဘွဲ ပါ
TT
1-YES WE NEED PRESIDENT U THEIN SEIN
IN 2015.
2-THE ABOVE ARTICLE IS RIGHT AND
SHOW CLEAR VISION.
3-WE NEED ALL POLITICIANS AND
LEADERS SINCERELY,FAITHFULLY
AND AIM TO PROMOTE OUR COUNTRY
AND OUR PEOPLE.
4-MANY POLITICIANS ARE HOLDING
WRONG DOMESTIC POLICY AND FOREIGN
POLICY.
5-REQUEST PLEASE READ AND STUDY
HOW THE LEADERS AND POLITICIANS
CLOSELY WORKING FOR THE SMALL
COUNTRY NAME "WAI THAR LI".
6-ALL OPPOSITION PARTIES FIGHTING
AND DISAGREEING ALL ISSUES MAKE
THE COUNTRY AND THE PEOPLE MORE
PROBLEMS AND LOSS UNITY.
7-THE PEOPLE OF MYANMAR ONLY NEED
BUILDERS AND MAKERS.
8-WE DO NOT NEED DESTROYERS
AND BREAKERS.
9-REQUEST ALL LEADERS AND PARTIES
REVISE THEIR PARTY POLICY SOONEST
POSSIBLE FOR THE BENEFIT OF
OUR COUNTRY AND OUR PEOPLE.
ဦးသိန်းစိန်ကပြောင်းလည်းပေမယ့်ဟိုးအောက်ခြေဝန်ထမ်းတွေမပြောင်းလည်းဘူးဗျ ဒါဟာဥးသိန်းစိန်းရဲ့အစိုးရဝန်ကြီးတွေအချောင်ခိုနေတာသိသာတယ်ရခိုင်အရေးကိုဦးသိန်းစိန်နဲ့ပြည်ထဲရေး ကာကွယ်ရေးဝန်ကြီးဌာနတွေကိုင်တွယ်ပုံကပြည်သူယုံကြည်မှုကိုလျော့ကျစေတယ်အထူးသဖြင့်ထက်မြက်ပြီးသြဇာရှိကာပြည်သူအားကိုးရတဲ့ထောက်လှမ်းရေးအဖွဲ့ပြန်ဖွဲ့ပါ ကုလားပြသာနာဟာအလွန်ကြီးပါတယ်ခေါင်းမရှောင်ပဲသေသေချာချာကိုင်တွယ်ပါဥပမာပြည်ထဲရေးနဲ့ကာကွယ်ရေးဒုဝန်ကြီးတွေကိုခေါင်းဆောင်ခန့်ပြီး ကုလား project ဆိုပြီးအာဏာကုန်လွှဲအပ် ပြီးကိုင်တွယ်ပေးပါ ဟိုအဖွားကြီးကိုတော့မကြိုက်ပါခုချိန်ထိသူ အတွက်ပဲသိတယ်နိုင်ငံနဲ့ပြည်သူလိုလား ချက်ကိုစိတ်မဝင်စားဘူးဥပမာကုလားကိုကုလားလို့မခေါ်သင့်ဘူးဆိုထဲကမြန်မာနိုင်ငံအကြောင်းမသိတာထင်ရှားတယ်တိုင်းပြည်ချစ်စိတ်လည်းမရှိဘူးအရာရာကိုလူ့အခွင့်အရေးနဲ့ကြည့်တယ်ဗုဒ္ဓဘာသာဝင်အစစ်မဟုတ်ပါ။ကျေးဇူးပါ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်