From : ရှမ်းနီသတင်းဌာန
ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန်ဖွရွာမှ အပြစ်မဲ့ပြည်သူများအား တပ်သားသစ် ဖမ်းဆီးစုဆောင်းသွားတဲ့ကိစ္စနှင့် ပက်သက်၍ ဦးအောင်မင်းနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးသို့ နောက်နောင် ဤကဲ့သို့ လုပ်ဆောင်ခြင်းမပြုလုပ်ရန် ဆောင်ရွက်ပေးဖို့ တင်ပြစာ ပေးပို့လိုက်တယ်လို့ သိရှိရသည်။
အဆိုပါ တင်ပြပေးပို့စာတွင် မံစီမြို့နယ်၊ မန်ဖွရွာသား (၂၇)ဦးကို KIA က ဖမ်းဆီးခေါ်ဆောင်သွားသည့်ကိစ္စ၊ မိုးညှင်းမြို့နယ်၊ ပန်းလားကျေးရွာက မိမိသဘောဆန္ဒမပါဘဲ စစ်သင်တန်းတက်ခဲ့ရသော မောင်ကျော်ကျော်လွင်အား KIA မှ ဒီဇင်ဘာလ (၂၄) ရက် အရောက်ပြန်လာရန် ညွှန်ကြားစာ ပေးပို့ခဲ့ခြင်းကိစ္စနှင့် ရှမ်းရွာ(၁၄)ရွာအား တစ်ရွာလျှင် (၁၅) ဦး KIA ရဲဘော်အဖြစ် သင်တန်းပေးရန် ခေါ်ဆောင်နေခြင်းကိစ္စတို့ကို ထည့်သွင်းထားပြီး၊ ငြိမ်းချမ်းဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO တို့ နောက်ဆုံးသဘောတူခဲ့သော သဘောတူညီချက်နှင့် ဆန့်ကျင်နေသည့်အပြင် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးကို ထိခိုက်နိုင်သည့် အခြေအနေတစ်ရပ်ကို ဖြစ်စေနိုင်သည်ဟုလည်း ရေးသားဖေါ်ပြထားပါသည်။

2 comments:
ကြည့်လုပ်ကြပါဦးရှင်။ ကေအိုင်အေ လူအင်အားတောင့်အောင်လုပ်နေပါပြီ။ မြန်မာတပ်မတော်ကို တိုက်ဖို့ထင်တယ်။ လူတွေသေကြအုံးမယ်။ လူကြီးမင်းများ ကြည့်မမေနပါနဲ့ ဖြေရှင်းပါ။ အမေရိကန်သံရုံးကိုလည်း စာပို့ပါ။ UN ထိ စာပို့ပါ။ ဒါ လူ့အခွင့်အရေးချိုးဖောက်မှုအစစ်ပါ
ကျွန်တော်တို့ကျောက်မဲ့မြို့၊ ချောင်းချောက်ကျေးရွှာမှာလည်း ရှမ်းssa က လူသစ်စုလို တစ်ရွာတစ်ယောက်ဖြစ်တဲ့အတွက် ရွှာကပိုက်ဆံစုပြီး လူတစ်ယောက် ကို (ရွှာကပိုက်ဆံလိုချင်တဲ့လူ) ပိုက်ဆံပေးပြီးထည့်လိုက်ပါတယ်။ အဲဒီလူက စစ်သင်တန်းတက်ပြီး နယ်သွားခိုင်းတဲ့အခါ မသွားဘဲ့ ထွက်ပြေသွားပါတယ်။ဒါကြောင့် ကျွန်တော်တိုရွှာကို ssa လူလွှစ်ပြီးလာပြောတယ်။ ထွက်ပြေးသွားတဲ့လူ ရွာပြန်ရောက်ရင် လာပြောဖိုနဲ့မပြောရင် သတ်မယ်ဆိုတဲ့ အကြောင်း ဥက္ကဌ ကိုခြိမ်းခြောက်ပါတယ်။ အဲဒီလူလည်း (၁၁)လပိုင်းတုန်းက သူအမေဆုံးတာတောင်မလာရဲပါဘူး လုပ်ကြပါအုံး ကျွန်တော်တို့ရွှာသား တွေပဲခံနေရပါတယ်။အခြေအနေက ဥက္ကဌလည်း နှစ်ဘက်လုံးကိုကြောက်နေရတယ်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်