Subscribe to our RSS Feed

၈၈ မျိုးဆက်ကျောင်းသားဟောင်းများဆွေးနွေးပွဲ ငြင်းခုံမှုများဖြင့် အဆုံးသတ်




(၂၇-၇-၂၀၁၄)ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ (၈၈)မျိုးဆက် ကျောင်းသားဟောင်းများ (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)အဖွဲ့ခေါင်းဆောင်များဖြစ်ကြ သော ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးဌေးကြွယ်၊ ဦးပြုံးချို၊ ဦးမင်းဇေယျာ၊ ဦးမြအေးတို့မှ (၂၀၁၅)ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ အားလေ့ လာ စောင့်ကြည့်သွားမည့်အပြင် မဲဆန္ဒရှင်များကိုလည်း ပညာပေးခြင်းများတစ်ပါတည်း လုပ်ဆောင် သွားမည်ဟု--- ထုတ်ဖော်ပြောဆိုလိုက်ရာ ၄င်းတို့၏ အဖွဲ့ဝင်များအတွင်း သဘောမ ကျဖြစ်နေကြကြောင်း၊ အဖွဲ့ဝင်များအတွင်း ပြောဆိုနေသည်မှာ ယခုရက်ပိုင်းအတွင်း (၈၈)မျိုးဆက်ကျောင်း သားခေါင်းဆောင်များ သည် ငါးပွတ်ရာ ငါးစာချ သကဲ့သို့ ဦးတည်ချက်မဲ့သော လုပ်ရပ်များ ကို ခေါင်းစဉ်တပ်ကာ လုပ်ဆောင်နေကြကြောင်း၊ ယခင်ရက်ပိုင်းကလည်း လယ်ယာမြေဆုံးရှုံး နစ်နာသူ တောင်သူများ အား တွေ့ဆုံပွဲပြုလုပ်ပြီး မည်သည့် ဦးဆောင် ဆွေးနွေးမှုများကိုမျှ လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ကြောင်း ၊နိုင်ငံတော်အစိုးရနှင့် လွှတ်တော်ကို ဘေးတိုက်အနေအထားဖြင့် ပံ့ပိုးကူညီနိုင်မှုလုပ်ဆောင်နိုင်ခြင်းမရှိပဲ၊ ထိပ်တိုက်တွေ့ဆုံရေး လမ်းကြောင်းသို့ အစဉ်အမြဲလျှောက်လှမ်းလာသည့် အတွက် နောက်လိုက်ငယ် သားများအနေဖြင့် စိတ်ဓါတ်များပျက်ပြား လာကြောင်း ကို တွေ့ရှိလာရကြောင်း (၈၈)အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဗထူးမောင်မှ ပြောကြားလာပါသည်။

၈၈ အဖွဲ့ဝင်အချို့မှ မင်းကိုနိုင်တို့အားပြန်လည်ဆွေးနွေးသည်မှာ (၂၀၁၅) ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲသည် အလှမ်းဝေးနေသေးကြောင်း၊ မကြာမီကျင်းပရန်ရှိသော (၂၀၁၄) ကြားဖြတ်ရွေး ကောက်ပွဲတွင် စောင့်ကြည့်ခြင်း၊ မဲဆန္ဒရှင်တို့အား ပညာပေးခြင်းတို့ကို အတွေ့အကြုံ တစ်ရပ်အနေဖြင့် ပြုလုပ် သင့်ကြောင်း၊(၂၀၁၅)ခုနှစ်၌ အဆင်ပြေစွာဖြင့် အားလုံးကိုေ အာင်အောင် မြင်မြင် ကျော်လွှားနိုင်လိမ့် မည်ဖြစ်ကြောင်း၊ ပြဿနာများဖြစ်ပေါ်မလာနိုင်ပဲ အေးအေးချမ်းချမ်းနှင့် ပြီးဆုံးသွားနိုင်ကြောင်းဖြင့် ပြန်လည် ဆွေးနွေးသည့် အခါ ဦးမြအေးမှ ၄င်းတို့ ခေါင်းဆောင်ပိုင်းများမှ ချမှတ်သော မူဝါဒ လုပ်ငန်းလမ်းစဉ်များကိုသာ အဖွဲ့ဝင်များအနေဖြင့် လိုက်ပါဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊မိချောင်းမင်း ရေခင်းပြသည့် ဥပမာပေးကာ ပြန်လည်ဆွေးနွေးသွားသည့် အခါ အဆိုပါ အစည်းအဝေးတွင် ဆုံးဖြတ်ချက်များချမှတ်နိုင်ခြင်းမရှိပဲ ငြင်းခုံမှုများဖြင့် သာအဆုံးသတ်ခဲ့ရကြောင်းနှင့် ပွင့်လင်း အဖွဲ့အတွင်း ဘဏ္ဍာရေးကိစ္စများအပါအ၀င် ယခုကဲ့သို့ သဘောထားများပါ ကွဲလွဲနေကြောင်း အဖွဲ့ဝင်များအတွင်း ဝေဖန်ပြောဆိုနေပါသည်။..

 www.MyanmarExpress.net
 

4 comments:

ပုံတွေကလဲ နှုတ်ခမ်းတွေဖြူလို့ ရေငတ်နေတဲ့ရုပ်တွေနဲ့တူတယ်
နှုတ်ခမ်းမဖြူလဲ personal ညံ့ကြတာပဲ မင်းကိုနိုင်သာ ကြက်ကန်းတိုးပြီး ၀န်ကြီးလောက်ဖြစ်ကြည့် ကိုယ့်ကိုကိုယ်သတ်သေမယ် ၊ ၈၈ ကို မုန်းလို့ပြောတာမဟုတ်ဘူး ၈၈ အဖွဲ့ဟာ ကာလတစ်ခုပေးဆပ်ခဲ့တာလေးစားပါတယ် ဒါပေမယ့်သူတို့ထက် ပိုပြီး IQ မြင့်တဲ့ သူတို့လိုပဲတနည်းနည်းနဲ့ပေးဆပ်ခဲ့တဲ့ သူတို့ထက်အ၇ည်အချင်းရှိတဲ့ ပြီးတော့ personal သင့်တော်တဲ့ လူတွေတိုင်းပြည်မှာ အများကြီးပါဘဲ မီဒီယာကထိုးတင်တိုင်းနေရာရစကြေးဆိုရင် ဒီတိုင်းပြည်မှာ
အဲဒီစိတ်ဓါတ်ရှိတဲ့ မီဒီယာတွေ သက်ဆိုးရှည်မယ်မထင်
မင်းကိုနိုင်တို့အဖွဲ့ရွေးကောက်ပွဲ မ၀င်မှာသေချာရင် NGO ကောင်းကောင်းတည်ဆောက်ပြီးလူရိုသေရှင်ရိုသေနေသင့်ပါတယ် စစ်တပ်မကောင်းကြောင်းထိုင်အော်နေတာ ၊ ရုတ်ရုတ်သဲသဲဖြစ်တိုင်းအပြေးသွားပြီးမဆီမဆိုင် စစ်ဖိနပ်တွေ စစ်စွပ်ကျယ်တွေထည့်ပြောတာ ၊
ကျေးဇူးတုံ့ပြန်ဖို့မသိတဲ့အဖွားကြီးအတွက် အပြေးအလွှားလိုက်လိုက်ဖာထေးပေးနေတာနဲ့တင် အသက်(၅၀)ကျော်ကုန်ပြီမဟုတ်လားဆရာတို့
ဆရာတို့လုပ်သင့်ဆုံးအလုပ်က တိုင်းပြည်မှာ လက်နက်ကိုင်တိုင်းရင်းသားတွေမပါ(ပါရင်လဲမရနိုင်လို့ပါ)
တဖြည်းဖြည်းဝေးကွာစပြုပီးကိုယ်ထင်ရာကိုယ်လုပ်မဲ့နိုင်ငံရေးအုပ်စု(၂)ခုကို ရင်ကြားစေ့နိုင်အောင်အမှန်တကယ်ကြားနေပေါင်းစပ်ညှိနှိုင်းပေးဖို့ ပေးနိုင်ခဲ့ရင်လဲ ကိုယ့်ဆရာတွေရဲ့သမိုင်းကြောင်းဟာအလွန်ကောင်းသွားခဲ့မယ် ဒီလိုလုပ်နိုင်ဖို့ဆိုတာကလဲကိုယ့်ဆရာတွေရဲ့ mind set မှန်ကန်မျှတဖို့တော့ လိုပါမယ် တကယ်အပြစ်မဲ့တဲ့ပြည်သူ(ဒီချုပ်ကြိုက်ချင်ကြိုက်မယ် ကြံ့ဖွံ့ကြိုက်ချင်ကြိုက်မယ် အားလုံးဟာပြည်သူ)ကို ထည့်တွက်ကြဖို့တော့လိုမယ် ပြည်သူတွေကြားမညှပ်ပဲအများကြီးဖွံ့ဖြိုါ်းတိုးတက်ဖို့လိုပါပြီဗျာ
ဒီမိုကရေစီရမှ ၊ (၅၉ စ)မပြင်လို့ လျှောက်မပြောကြပါနဲ့တော့
အခုကတည်းက လုပ်နိုင်တာ လုပ်ပေးကြပါ

သတင်း ဖေါ် ပြ ပါ က Credit ပေး သင့် ပါသည်။
လုပ် ဖေါ် ကိုင် ဖက် ညီ ငယ် များ
www.cnmyanmar.com ပါ

ဒေါ်အောင်ဆန်းစုကြည်သည် အခြေခံဥပဒေ ၅၉ (စ)လုံး အရ မြန်မာပြည်တွင် သမ္မတ မဖြစ်နိုင်ကြောင်း ထောက်ပြ ပြောဆိုသူများ ရှိနေသည်။

ဒေါ်အောင်ဆန်းစုကြည် အနေနှင့် မြန်မာပြည်တွင် သမ္မတ မဖြစ်နိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်တွင် မင်းဖြစ်နိုင်သော အခြေခံ အကြောင်းအရာများနှင့် ပင်ကိုဘုန်းကံများ မပါကြောင်း၊ မီဒီယာနှင့် နိုင်ငံတကာမှ အားပေး ထောက်ခံမှု အားများကြောင့်သာ ယခု အခြေအနေထိ ရောက်ရှိလာခြင်း ဖြစ်ပြီး ယင်းထောက်ခံမှုရှိရုံဖြင့် သမ္မတ မဖြစ်နိုင်ကြောင်း၊ အကယ်၍ သမ္မတ ဖြစ်ခဲ့လျှင်လည်း တိုင်းပြည်ကို နိုင်နင်းစွာ ကိုင်တွယ်နိုင်မည် မဟုတ်ကြောင်း၊ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ကဲ့သို့ ဇာတ်သိမ်းမလှ ဖြစ်သွားနိုင်ကြောင်း ဘဲလားလေဘာတီ (Astro-Political Scientist) က ဆိုသည်။

လျှောက်ပြောမနေနဲ့ ၈၈ ဆိုတဲ့ အရေးအခင်းဟာ သင်္ကြန်ပွဲတစ်ခုလိုဘဲ တောင်စားမူရုးနေတာ ဘာအခြေအမြစ်မှမ၇ှိဘူး ဘယ်သူမှလည်းပါတီစုံမတောင်းဘူး ဦးနေ၀င်း သူအုပ်ချုပ်ရေးမှာ သုံးငွေမပြနိုင်လို့ သမဆိုင်မီးရှို့လို မျိုးနိုင်ငံမီးရှို့ခံခဲ့၇တာ နာတာ စစ်သားနဲ့ပြည်သူဘဲ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်