Subscribe to our RSS Feed

လိုအပ်ချက်တွေနဲ့ အမျိုးသားသတင်းဆု

From : ..voa

ဒုတိယအကြိမ် အမျိုးသား သတင်းဆု ၆ ဆုကို ၀င်ရောက် ယှဉ်ပြိုင်ကြတဲ့ ဂျာနယ်တွေနဲ့ ရုပ်သံလိုင်းတွေကို အမျိုးသား သတင်းဆု ကော်မတီ ကနေ ရွေးချယ်ခဲ့ပြီး သောကြာနေ့တုန်းက ပေးအပ်ခဲ့ပါတယ်။  ဆုပေးပွဲကို ရန်ကုန် အမျိုးသားဇာတ်ရုံမှာ တေးသံရှင်တွေ အစုံအလင်နဲ့ မြိုင်မြိုင် ဆိုင်ဆိုင် ကျင်းပခဲ့ပါတယ်။

ဆုရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌ  ဦးဝင်းငြိမ်းကတော့ ဆုရွေးချယ်မှုမှာ ပြုပြင် ရမယ့်အပိုင်းတွေ ရှိပါသေးတယ်လို့  အခုလို ပြောပါတယ်။

"'ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ထွက်ရှိလာတဲ့ ဂျာနယ်တွေ၊ သတင်းစာတွေ၊ အခုဆိုရင် ပုဂ္ဂလိက သတင်းစာတွေ ထွက်နေပြီဖြစ်တဲ့အတွက် နေ့စဉ် သတင်းစာတွေ ထွက်နေပါတယ်။ အဲဒီ သတင်းစာတွေ၊ ဂျာနယ်တွေအားလုံးကို ကျနော်တို့က monitor လုပ်နိုင်ရပါမယ်။ အဲဒီလို Monitor လုပ်ပြီးမှသာ  monitor လုပ်တဲ့အထဲက တစ်နှစ်လုံးစာကို ကြည့်ပြီးမှ ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့က အခုနက တင်ပြခဲ့တဲ့ အခြေအနေ အရပ်ရပ်အရ ပြိုင်ပွဲသဏ္ဍန်ဖြစ်နေတာကိုတော့ ကျနော်တို့အားလုံးက စိတ်ထဲမှာ မကျေနပ်ကြပါဘူး။"

အမျိုးသား သတင်းဆု ပြိုင်ပွဲဝင်ခဲ့သူတွေထဲမှာ ပြည်တွင်းက ဂျာနယ်တွေ ရုပ်သံလိုင်းတွေ အပြင် အရင်က ပြည်ပ အခြေစိုက် သတင်းဌာန တွေဖြစ်တဲ့ ဒီမိုကရက်တစ် မြန်မာ့အသံနဲ့ မဇ္ဇျိမသတင်းဌာနတွေကလည်း ၀င်ပြီး ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆုတွေမှာတော့ ပြည်တွင်းက ဂျာနယ်တွေနဲ့ ရုပ်သံလိုင်းကဘဲ ရသွားတာပါ။ အကောင်းဆုံး အယ်ဒီတာ့ အာဘော်ဆုကို The Myanmar Independent News Journal မှာ မသီတာ (စမ်းချောင်း) ရေးသားတဲ့ အသွင်မတူမှုနှင့် ပဋိပက္ခအသွင်ပြောင်းခြင်း အယ်ဒီတာ့ အာဘော်က ရသွားပါ တယ်။ ရခိုင် ပြည်နယ်တွင်း ပဋိပက္ခရဲ့ ဇစ်မြစ်ကို ရှာဖွေဖို့ တိုက်တွန်းထားတာပါ။
မသီတာ (စမ်းချောင်း)က စင်မြင့်ထက်မှာ ဆုကို လက်ခံရင်း   အခု သတင်းဆု ရွေးချယ်ရေး ကော်မတီရဲ့ လုပ်ထုံးလုပ်နည်းတွေကို သူ့အနေနဲ့ သဘောမတူတဲ့ အချက်တွေကို အခုလို ပြောပါတယ်။

"'ဒီဆုရဲ့ လုပ်ထုံးလုပ်နည်းပေါ်မှာ သဘောမတူပါဘူး၊ ဘဝင်မကျပါဘူး။ အခုနကပြောသလို ပြိုင်ပွဲဝင်ရသလို ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ ဘဝင်မကျပါဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကျမကိုယ်တိုင် လွတ်လွတ်လပ်လပ်တွေး၊ လွတ်လွတ်လပ်လပ်ရေးပြီးတော့ ဆရာဦးမျိုးမြင့်ငြိမ်းက လွတ်လွတ်လပ်လပ် စာနယ်ဇင်း ကျင့်ဝတ်နဲ့အညီ တည်းဖြတ်လိုက်တဲ့ ကျမတို့ Myanmar Independent ရဲ့ အယ်ဒီတာ့အာဘော်ဖြစ်တဲ့ အသွင်မတူမှုနဲ့ ပဋိပက္ခ အသွင် ပြောင်းလဲခြင်း-ဆိုတဲ့ ဒီဆောင်းပါးလေးကို ဆုရွေးချယ်ရေး အဖွဲ့က ရွေးဖို့ လို့ ဆုံးဖြတ်တဲ့အတွက်ကြောင့် ကျမ အများကြီးဝမ်းသာပါတယ်။ မကြာခင်ကမှ လာပြီး သင်တန်းပေးသွားတဲ့အထဲမှာ နိုင်ငံတကာမှာ အယ်ဒီတိုရီရယ်မပါလို့ ရှိရင်  ပရိသတ်က ဝယ်တောင်မဖတ်ဘူးလို့ ပြောတဲ့အထိ- အဲဒီအချိန်မှာ ကျမတို့ဆီမှာ အယ်ဒီတိုရီရယ် မပါတဲ့ သတင်းဂျာနယ်တွေ အများကြီး ရှိနေသေးတဲ့ အနေအထားမှာပဲ ရှိနေပါသေးတယ်။ ဒါပေမဲ့ အဲဒီလို အနေအထားမှာ ကျမတို့ Myanmar Independent က လွတ်လွတ်လပ်လပ်တွေး၊ လွတ်လွတ်လပ်လပ်ရေးပြီး ဖော်ပြလိုက်တဲ့ အယ်ဒီတိုရီရယ်လ်ကို ဆုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"

အကောင်းဆုံး သတင်းဆုကိုတော့ ၀န်ကြီးဌာနတို့၏ ကျပ်သိန်းထောင်ချီ အလွဲ သုံးစားမှုများ စစ်ဆေးတွေ့ရှိ ဆိုတဲ့ The Voice Weekly ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သတင်းက ရသွားပါတယ်။ အကောင်းဆုံး သတင်းဆောင်းပါး ဆုကို လည်း  မြစ်ဆုံပြန်စမည်လော ဆိုတဲ့ သတင်းဆောင်းပါးနဲ့ အကောင်းဆုံး ကာတွန်းဆုကိုလည်း  The Voice ကဘဲ ရသွားတာပါ။

အကောင်းဆုံး ရုပ်သံဆုကိုတော့ ဒီမိုကရက်တစ် မြန်မာ့အသံ DVB နဲ့ မဇ္ဇျိမ တို့ကို ကျော်ပြီး လူငယ်သတင်းစာဆရာများ မီဒီယာလွတ်လပ်ခွင့် အရေး ဆို ခေါင်းစဉ်နဲ့ ရွှေသံလွင် မီဒီယာက ထုတ်လွင့်ပြီး စကိုင်းနက် ရုပ်သံ လိုင်းတွေကနေ ထုတ်လွှင့်နေတဲ့ မြန်မာနေရှင်နယ် ရုပ်သံလိုင်းကနေ ရသွားပါတယ်။ အကောင်းဆုံး သတင်းဓာတ်ပုံဆုကိုတော့ စကာတင် စာရင်းဝင်ခဲ့တဲ့ ရွှေအင်းသား ခင်မောင်ဝင်းရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် သမ္မတအိုဘားမား ဓာတ်ပုံ၊ မန်းမောင်မောင်(Venus) ရဲ့ မန္တလေး မြရည်နန္ဒာ ကျူးကျော် ရပ်ကွက် ဖြိုဖျက်ပုံတွေကို ကျော် တက်ပြီး ဇော်မင်းနိုင်(Monitor) ရဲ့ ကယားပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဆွေးနွေးပွဲ ဓာတ်ပုံက ဆုရသွားပါတယ်။

သတင်းဆု ရွေးချယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းငြိမ်းကတော့ ကော်မတီ အနေနဲ့ ထွက်ရှိသမျှ သတင်းတွေကို စောင့်ကြည့်ပြီး ရွေးချယ်သင့်တာ ဖြစ်ပေမယ့် အဲဒီ အဆင့်အထိ မလုပ်နိုင်သေးတဲ့ အတွက်ကြောင့် အခုလို ပြိုင်ပွဲလို ၀င်ရောက် ယှဉ်ပြိုင်နေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အခု ရွေးချယ်မှုမှာတော့ ပြည်တွင်း အခြေစိုက် သတင်းဌာနတွေ အတော်များများ ပါဝင်ယှဉ်ပြိုင်ကြတာ လည်း ဖြစ်ပါတယ်ရှင်။ 


.. www.MyanmarExpress.net
 

သိသာ ထင်ရှားသည့် ပြုပြင် ပြောင်းလဲ မှုကို တုံ့ပြန်သည့် အနေဖြင့် မြန်မာ အရာရှိကြီးများ အမေရိကန်သို့ သွားရောက် ခွင့် ပိတ်ပင်ထား မှုအား အိုဘားမား ရုပ်သိမ်း

From : ..mwd


ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီး ဖြစ်လာစေရန် ဦးတည် ခြေလှမ်းနေသည့် မြန်မာနိုင်ငံ၏ သိသာ ထင်ရှားသော ပြုပြင်ပြောင်းလဲ မှုများကို အသိအမှတ်ပြု တုံ့ပြန်သည့် အနေဖြင့် အမေရိကန် သမ္မတ ဘားရက် အိုဘားမားက မြန်မာနိုင်ငံမှ အရာရှိ ကြီးများအား အမေရိကန်သို့ ခရီးသွားလာခွင့် ပိတ်ပင်ထားမှုကို မေ ၂ ရက်တွင် ရုပ်သိမ်း ပေးခဲ့သည်။
မြန်မာအစိုးရသည် နိုင်ငံရေး အကျဉ်းသား ရာပေါင်းများစွာကို လွတ်ငြိမ်းချမ်းသာခွင့် ပြုခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၁ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဆွေးနွေး ပွဲများကို အောင်မြင် စွာ လုပ်ဆောင်နိုင်ခဲ့ခြင်းနှင့် နိုင်ငံရေး နယ်ပယ်တွင် အတိုက်အခံ ပါတီများအား ပါဝင်ခွင့်ပြုခဲ့ခြင်းများ အပါအဝင် နိုင်ငံ၏ အခန်းကဏ္ဍ အတော်များများ၌ ထင်သာမြင်သာရှိသည့် ပြောင်းလဲ တိုးတက် မှုများကို ဖော်ဆောင် နိုင်ခဲ့သည်ဟု ဥပဒေပြု လွှတ်တော်အမတ်များ ထံသို့ ပေးပို့ခဲ့သော အစီရင်ခံစာ တစ်စောင်တွင် အိုဘားမား က ပြောကြားထားသည်။
ယခုကဲ့သို့ မြန်မာ အရာရှိကြီးများ ခရီးသွားလာခွင့်ကို ပြန်လည်ခွင့်ပြု ပေးခြင်းသည် မြန်မာနိုင်ငံ၌ ပြုလုပ်နေသော ပြုပြင် ပြောင်းလဲမှုများကို အားဖြည့်ပေးရန်နှင့် ပို၍အင်အား တောင့်တင်းစေရန် ရည်ရွယ်သည်ဟု ၎င်းအစီရင် ခံစာတွင် အိုဘားမားက ပြောကြားထားသည်။
အမေရိကန် အစိုးရသည်  အမေရိကန်- မြန်မာ နှစ်နိုင်ငံကြား၌ ကုန်သွယ်မှုကို ပိတ်ပင်ထားသည့် ပိတ်ဆို့မှုများနှင့် အခြား ပိတ်ဆို့မှုများကို ၂ဝ၁၂ ခုနှစ်တွင် ရုပ်သိမ်းပေးခဲ့သည်။ သို့ရာတွင် အချို့ အရာရှိကြီးများနှင့် ကုမ္ပဏီများ၏ သွားလာခွင့် များကိုမူ ဆက်လက်၍ ပိတ်ဆို့ထားခဲ့သည်။
သို့ရာတွင် အမေရိကန် အစိုးရသည် ယခုအခါ နိုင်ငံအတွင်းသို့ ခရီးသွားလာခွင့် ပိတ်ပင် ခံထားရသည့် စာရင်းမှ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို ဖယ်ရှားပေးခဲ့ပြီး သမ္မတကြီးသည် အမေရိကန် သမ္မတ အိုဘားမားနှင့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ရန် အတွက် ယခုလအတွင်း၌ အမေရိကန် ပြည်ထောင်စုသို့ ပထမဆုံး အကြိမ် သွားရောက်လည်ပတ် မည်ဖြစ်သည်။     ။                   

.. www.MyanmarExpress.net
 

တပ်မတော် (ရေ) မှ သောက်သုံးရေ ပြတ်လတ် လျက်ရှိသော ဒေသခံ ပြည်သူ များအား ရေချိုများ ဖြန့်ဝေ လှူဒါန်းလျှက်ရှိ

From : ...mwd

နေပြည်တော် မေ ၃
ရန်ကုန်တိုင်း ဒေသကြီး ဒလမြို့နယ်၊ ကျန်စစ်သား၊ ဗညားဒလ၊ ရာဇသင်္ကြန် ရပ်ကွက်များအတွင်း သောက်သုံးရေ ပြတ်လပ်ပြီး အခက်အခဲ ကြုံတွေ့နေရသော ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ရပ်ကွက် ကျေးရွာနေ ပြည်သူ များအတွက် သောက်သုံးရေ ဖြန့်ဝေခြင်းကို လုပ်ဆောင်လျက် ရှိပါသည်။
သောက်သုံးရေ ဖြန့်ဝေခြင်းကို ၂၀၁၃ခုနှစ်၊ မေလ ၂ ရက်နေ့ ညနေပိုင်းမှ စတင်ပြီး ၀ါးတန်းအမှတ်(၂) တံတားရှိ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ ရေသန့် ဌာနပိုင် ရေချိုပိုက်မှ ရေများ သယ်ယူကာ ရေသယ် လှေများဖြင့် လည်း ကောင်း၊ ရေသယ် ရေယာဉ်များ ဖြင့်လည်းကောင်း ရေချိုများကို ဖြန့်ဝေ လှူဒါန်းလျက် ရှိပါသည်။
ထို့အတူ ရန်ကုန်တိုင်း ဒေသကြီး တိုက်ကြီးမြို့နယ်ရှိ သောက်သုံးရေ ပြတ်လပ်လျက်ရှိသော ချင်းကုန်းကျေးရွာ၊ ကျားချောင်းကျေးရွာ တို့တွင် နယ်မြေခံ တပ်မတော်သားများက သောက်သုံးရေ များ ဖြန့်ဝေ လှူဒါန်းလျက် ရှိကြောင်း သတင်းရရှိပါသည်။



. www.MyanmarExpress.net

ကျွန်ပျူတာဖြင့် 'ခြင်' နှိမ်နှင်းနည်း

From : .http://mee-pya-tite.blogspot.com/2013/05/blog-post.html
. www.MyanmarExpress.net

 

ဗီယက်နမ် လေကြောင်းလိုင်းနှင့် ပြည်တွင်းခရီးသွား ကုမ္ပဏီ ၈ ခု ချိတ်ဆက်၍ ဈေးကွက်မြှင့်တင်မည်

From : ..popular

ဗီယက်နမ် လေကြောင်းလိုင်းမှာ ပြည်တွင်းရှိ ခရီးသွား ကုမ္ပဏီ ၈ ခုနှင့် ချိတ်ဆက်ကာ ကိုရီးယားနှင့် ဗီယက်နမ်သို့ သက်သာသော ဈေးနှုန်းထားဖြင့် ပို့ဆောင်ပေးတော့မည်ဟု သိရသည်။

“ကိုရီးယားကို သွားလာတာ များတယ်။အရင်က ဒေါ်လာ နှစ်ထောင့် ငါးရာလောက် ရောင်းချပေမယ့် အခု နှစ်ထောင် အောက်နဲ့ဆိုေ တာ့ တော်တော်သက်သာတယ်” ဟု ပြည်တွင်း ကုမ္ပဏီ ၈ ခုနှင့် ချိတ်ဆက်၍
ခရီးစဉ်များကို အထူးလျော့ဈေးဖြင့် ရောင်းချသွားမည့်အကြောင်း သတင်းစာရှင်းလင်းပွဲတွင် Myanmar Tourism Services ခရီးသွားလုပ်ငန်းမှ ကိုလင်းထိန်က ပြောသည်။

အဆိုပါ ဈေးကွက်မြှင့်တင်ခြင်းအစီအစဉ်ကို ဗီယက်နမ်လေကြောင်း မှာ မေလမှ စက်တင်ဘာလ အထိ ပြုလုပ်သွားမည်ဖြစ်သည်။
ဗီယက်နမ်လေကြောင်းလိုင်းနှင့်ချိတ်ဆက်မည့် ကုမ္ပဏီ များမှာMyanmar Tourism Services , Ruby Land Tourism Services , SM Tours , Columbus Travel , Shan Yoma Travels , Ayarwaddy Legend Travels ,Sun Far Travel , Nice Fare Travel စသည့်ခရီးသွား ကုမ္ပဏီများဖြစ်သည်။


 .. www.MyanmarExpress.net
 

မန္တလေးတွင် အခန်းပေါင်း ၁၄၀၀ ၀န်းကျင် ရှိမည့် ဟိုတယ်အလုံးပေါင်း ၂၀ တည်ဆောက်ရန်ရှိ

From : ..eleven


madalayhotel-may3
Mandalay Hill Resort Hotel အား တွေ့ရစဉ်
မန္တလေးမြို့တွင် အခန်းပေါင်း ၁၄၀၀ ၀န်းကျင် ရှိမည့် ဟိုတယ်အလုံးပေါင်း ၂၀ တည်ဆောက်ရန်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
"မန္တလေးမှာ တစ်နှစ်ထက်တစ်နှစ် နိုင်ငံခြားသား ခရီးသွား တိုးလာပေမယ့် ဟိုတယ်အခက်အခဲတော့ မဖြစ်ပေါ်ခဲ့ဖူးပါဘူး။ ဟိုတယ်လုပ်ငန်းက ဖွံ့ဖြိုးလာတာကြောင့်ပါ။ လက်ရှိမှာ အသစ်ဆောက်လုပ်မယ့် ဟိုတယ်တိုင်းဒေသကြီးရဲ့ ခွင့်ပြုချက် ရပြီးနဲ့ ဆောင်ရွက်ဆဲပေါ့။ ဟိုတယ်အလုံးပေါင်း ၂၀ လောက် ရှိမယ်" ဟု မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးမြင့်က ပြောသည်။
မန္တလေးတွင် ဟိုတယ်လုပ်ငန်းများ ပြားလာခြင်းမှာ အစိုးရသစ် တက်လာပြီးနောက်ပိုင်း ဟိုတယ်ဆောက်လုပ်ခွင့်နှင့် ပတ်သက်၍ ဖြေလျှော့မှုများ ပြုလုပ်ပေးခဲ့ခြင်းနှင့် လုပ်ငန်းရှင်များ အနေနှင့် ဟိုတယ်လုပ်ငန်းတွင် ပိုမို စိတ်ဝင်စားမှု များလာသောကြောင့် ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့အပြင် လူနေအိမ်များ ဆောက်လုပ်ရန် လျာထားသော်လည်း ဟိုတယ်အဖြစ် ပြောင်းလဲလုပ်ကိုင်မှုများလည်း ရှိပြီး သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုပေးလျက်ရှိကြောင်း ဆက်လက်ပြောသည်။
လက်ရှိတွင် မန္တလေးမြို့တွင် ဟိုတယ်အလုံးပေါင်း ၈၃ လုံး၊ အခန်းပေါင်း ၃၅၂၂ ရှိပြီး မန္တလေးမြို့သို့ နိုင်ငံခြားသား ခရီးသည်များ အများအပြား စုပြုံဝင်ရောက်လာပါက နေရာအခက်အခဲ ရှိနိုင်သည်ဟု ဧည့်လမ်းညွှန်များက သုံးသပ်သည်။
၂၀၁၃ ခုနှစ်အတွင်း ဇန်န၀ါရီလတွင် မန္တလေးမြို့သို့ လာရောက်သော နိုင်ငံခြားသား ခရီးသွားမှာ မြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီလမှစကာ ပြန်လည် လျော့ကျသွားခဲ့သည်။
မန္တလေးမြို့သို့ လာရောက်သော နိုင်ငံခြားသား ခရီးသည်ဦးရေမှာ ဇန်န၀ါရီလတွင် ၂၂၇၁၅ ဦး၊ ဖေဖော်ဝါရီလတွင် ၂၁၉၁၄ ဦး၊ မတ်လတွင် ၂၀၅၁၅ ဦး ရှိခဲ့ကြောင်း သိရသည်။

.. www.MyanmarExpress.net
 

ချိုတူးဇော်ရေမေးပါရစေ

From : ..ဖျာပုံ နဒီ

ချိုတူးဇော်ရေမေးပါရစေ...........


သာသနာကို ဘယ်သူဖျက်သလဲဆိုတာကိုပြန်ပြီး အခုဒါကာရောက်တဲ့ နိုင်ငံက ဘာနိုင်ငံပါလဲ။ဒီမိုကရေစီအကြောင်းပြ အင်တာနက်မှာ မိုက်ပြနေတာကတော့ မကောင်းဘူး။ ဗုဒ္ဓဘာသာဘုန်းကြီးတွေဟာ အမျိုးဘာသာသာသနာကို ထိန်းသိမ်းဆောင်ရှောက်ရတဲ့အလုပ်က သံဃာတွေအလုပ်ဆိုတာကို ချိုတူးဇော်နားလည်ပါလား။

ကိုအလုပ်ကိုယ်လုပ်တာကို အကြမ်းဖက်သမားလို့ခေါင်းစည်း တက်နေတာ ကတော့ မဖြစ်သင့်ပါဘူး။လူဆိုတာ ကိုယ်ယုံကြည်ရာ ကိုလုပ်တက်ကြတာပဲ၊ဒီတော့ ၉၆၉ဟာသူ ယုံကြည်ရာသူလုပ်တာပဲ မဟုတ်ပါလား။


ဖျာပုံ နဒီ
..........


သာသနာကို ဘယ်သူဖျက်သလဲဆိုတာကိုပြန်ပြီး အခုဒါကာရောက်တဲ့ နိုင်ငံက ဘာနိုင်ငံပါလဲ။ဒီမိုကရေစီအကြောင်းပြ အင်တာနက်မှာ မိုက်ပြနေတာကတော့ မကောင်းဘူး။ ဗုဒ္ဓဘာသာဘုန်းကြီးတွေဟာ အမျိုးဘာသာသာသနာကို ထိန်းသိမ်းဆောင်ရှောက်ရတဲ့အလုပ်က သံဃာတွေအလုပ်ဆိုတာကို ချိုတူးဇော်နားလည်ပါလား။

ကိုအလုပ်ကိုယ်လုပ်တာကို အကြမ်းဖက်သမားလို့ခေါင်းစည်း တက်နေတာ ကတော့ မဖြစ်သင့်ပါဘူး။လူဆိုတာ ကိုယ်ယုံကြည်ရာ ကိုလုပ်တက်ကြတာပဲ၊ဒီတော့ ၉၆၉ဟာသူ ယုံကြည်ရာသူလုပ်တာပဲ မဟုတ်ပါလား။

အဲဒါကိုအကြမ်းဖက်သမားတံဆိပ်တပ်တာကတော့လွန်ရာကြပါတယ်။
ချိုတူးဇော်ဟာ ဗုဒ္ဓဘာသာ မိသားစုကမွှေးဖွားလာတယ်ဆိုရင် ဗုဒ္ဓဘာသာ ရဲ့အခြေခံတရားတွေကို နားလည်ဖို့လိုပါတယ်။ဘုန်းကြီးတွေကို ၀ိနည်း မတက်ဘူးလား မေးလောက်အောင်ရအောင် ချိုတူးဇော်မှာကော် သီလပြည့်စုံပါရဲ့လား။သာသနာတစ်ခုလုံးကို အကြမ်းဖက်သမား ပုံစံမျိုးပုံဖော်နေတာကတော့ မကောင်းဘူး

။မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးမှု လုံးဝမရှိတော့။ အစဉ်အလာကောင်း ယဉ်ကျေးမှုတို့လည်း ပျက်သုန်းလေပြီ။မတရားသည့် ဥပဒေကို ရဟန်းရှင်လူတို့က ကြိတ်မှတ်ခေါင်းငုံ့ခံပေးနေရသည်ကိုပင် လူရမ်းကားတို့က အားမရသေး။လူမျိုးတုန်း၊ သာသနာတုန်းအောင် ရမ်းကားလွန်းနေသည်မှာ မြန်မာနိုင်ငံသမိုင်းတွင် မကြုံစဖူး ဖြစ်နေတော့သည်။

တိုင်းတပါးမှ ကျွန်လာပြုသော အင်္ဂလိပ်နယ်ချဲ့နှင့် ဂျပန်ဖက်ဆစ်တို့ပင် ဤမျှလောက် မရက်စက်ဟု လူကြီးသူမတို့က ပြောဆိုနေကြသည်ကို တစက္ကန့် တမိနစ်မျှ စဉ်းစားကြည့်စေဖို့ ကောင်းသည်။အာဏာယစ်မူးနေသော ခေါင်းဆောင်တို့က ရဟန်းသံဃာ မြင်တိုင်း မိုက်ရိုင်းနေကြသည်မှာ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးဟုပင် မခေါ်အပ်တော့။ထိုခေါင်းဆောင်တို့နှင့် နောက်လိုက် လက်ကိုင်တုတ်တို့က မြတ်စွာဘုရား၏ သားတော်များအပေါ် ကာယကံ၊ ၀စီကံ၊ မနောကံတို့ဖြင့် ပြစ်မှားခဲ့ပြီးသည့်နောက်ပိုင်း ၀န်ချတောင်းပန်ခြင်း မရှိသေးဘဲနှင့် မိမိတို့အိမ်က တခမ်းတနား ကိုးကွယ်ထားတဲ့ ဘုရားစင်ရှေ့မှာ ထိုင်ရှိခိုးဝံသေး၏လော။

ဟိုဘက်ကဆိုးလို့ပြန်ဆိုးတာဆိုတာထေရ၀ါဒအဆုံးအမလားဆိုတော့။
ချိုတူးဇော်ကိုယ်တိုင် တရားဓမ္မရဲ့သဘောတရားတွေကို ဘယ်လောက်လေ့လာထားပါလဲ။အဆုံးမဆိုတာ လေးစားလိုက်နာရမှာ မှန်ပါတယ်။အပြည့်ဝကျင့်ဖို့ခက်ပါတယ်။ချိုတူးဇော်မေးလိုပြန်ဖြေပေးပါရစေ။ဥပမာ ချိုတူးဇော်ညီမကို တစ်ယောက်သော သူကအိမ်ပေါ်တက်ပြီး တစ်ခုခုလုပ်နေမယ်ဆိုရင် ချိုတူးဇော် လက်ပိုက်ကြည်နေမ လား။ဘာလုပ်မလဲ ပြန်ဖြေပေးပါ။ဧည့်သည့်ဟာ အိမ်ရှင်ကို ပြန်မစော်ကားသ၍ ဧည့်သည့်ကိုအိမ်ရှင်က လက်ခံမှာပါ အခု ချိုတူးဇော်တို့ကျွန်တော်တို့ရောက်နေတဲ့ တိုင်းပြည်တွေမှာ ကျွန်တော်တို့ဟာ ဧည့်သည့်ပဲ အိမ်ရှင်ဖြစ် ခွင့်မရှိဘူး။

ဒီမိုကရေစီဆိုတာ နေရာတိုင်းမှာ ဒို့အရေးပါလို ကြွေးကြော်တိုင်း အခွင့်ရေးရမယ်လို့ ချိုတူးဇော် ထင်မြင်ယူစပါလား။ နိုင်ငံတကာသတင်း မီဒီယာမှာ ဧကသီတဖားဖားနဲ့ တုတ်တကားကား၊ ဓါးတလက်လက် နဲ့မြန်မာဗုဒ္ဓဘာသာ "သံဃာ"တွေတဲ့လားအပေါ်မှာကျွန်တော်အမြင်ကတော့။အဲဒီနိုင်ငံတကာ မီဒီယာဆိုတာတွေက တရားမျှတမှုရှိရဲလားဆိုတာကို ချိုတူးဇော်ရုံပါသာလား။

ဒီပုံရိပ်တွေထဲမှာ ဧကသီတဖါးဖါးဆိုတာ ဘယ်လောက် အရေးအတွက်များ ဆိုတာကို ချိုတူးဇော်မမြင်နိုင်တာဝမ်းနည်းစရာအတော်တော့ကောင်းပါတယ်။ကျွန်တော်မြင်တာကတော့ ၁၀ဂဏန်းတောင် မပြည့်ဘူးထင်ပါတယ်။ချိုတူးဇော်ပြန်လည် သုံးသပ်ကြည်ပါအုံး ။မြန်မာပြည်မှာ ထေရ၀ါဒ စစ်စစ်နိုင်ငံ မှာ ဘယ်သူတွေက လူအခွင့်အရေးချိုးဖောက်မှုရှိတယ်ဆိုတာကို ချိုတူးဇော် အနေနဲ့ နိုင်ငံတကာရှုထောင့်အရ ကြည့်လျှင်လူ့အခွင့်အရေး ချိုးဖောက်မှု၊ လူသားများအပေါ် ရက်စက်ကြမ်းကြုတ်မှုနှင့် ဘာသာရေး နှိပ်ကွပ်မှုများကို သူတို့က ပြောင်တင်းတင်း ကျူုးလွန်နေသည်သာမက အိုးအိမ်နှင့် မြေယာ ပိုင်ဆိုင်သည့် အခွင့်အရေးကိုပါ ကျူးလွန်လာကြောင်း အထောက်အထား ခိုင်လုံစွာတွေ့နေရသည့်ဆိုတာ မြန်မာနိုင်ငံ အနှံ့အပြားမှာဖြစ်နေ တဲ့ကိစ္စတွေပါ။မြန်မာသံဃာတွေကို အကြမ်းဖက်သားအဖြစ် အပြစ်ပုံချနေတာ ဟာ သာသနာတစ်ခု လုံးကိုစော်ကားနေတယ်မဟုတ်ပါလား။

အလုံးစုံပျက်သုန်းရေးကိုသူကိုယ်တိုင်ကဖန်တီးနေသည်ဟုသာဆိုရပေလိမ့်မည်။
လောကမှာ လူအတွက် ဥပဒေဆိုတာ ရှိသလို ကျွန်တော်တို့ဘုန်းကြီးတွေမှာ လည် ၀ိနည်းဆိုတဲ့ ဥပဒေရှိပါတယ်။ ချိုတူးဇော်သိအောင်တော့ပြောပြတာပါ။ထေရ၀ါဒတဲ့၊သာသနာစစ် တဲ့ . .အပေါ်မှာပေါ်စရာတွေ အများကြီး ပါတယ်။အကြင်နာ မေတ္တာ ကရုဏာ ထားခြင်း ဆိုတဲ့နေရာမှာ ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်ေ တွဟာ ဘာမှ မတွေးတောဘဲ အရမ်းကို ပုံအပ်ထားကြ ပါတယ်။

သူတပါး အပေါ် မေတ္တာ ကရုဏာထားခြင်းဟာ ကောင်းပါတယ်။ ဒါပေမယ့် မေတ္တာကရုဏာထားကြတဲ့အခါ အရမ်း မျက်စိမှိတ်ပြီး မထားသင့်ပါဘူး။ မိမိ ဦးနှောက်နဲ့လည်းယှဉ်ကြည့်တတ် ရပါမယ်။ ဒါမှတကယ်တမ်း ကိုယ့်ဘာသာသာသနာကိုကာကွယ်နိုင်ပါလိမ့်မယ်။

ချိုတူးဇော်တို့လိုပြည်ပလူမိုက်တွေဟာ အိုင်ဒီအတုတွေနဲ့မိုက်ရိုင်းမှုကမ်းကုန်အဆဲဒီဂရီနှစ်ထပ်ကွမ်းနဲ့..သာသနာကိုသာသနာမှန်းမသိဟိရိသြတပ္ပတရားခေါင်းပါးပုံများကတော့သာသနာစိတ်ရှိသာသနာဝန်းထန်ရဟန်းသံဃာတိုင်းကိုအကြမ်းဖက်တံဆိပ်တပ်အများနမိတ်ဖတ်နေတာကတော့ အတော်ကိုအောက်တန်းကျတယ်လို့မြင်ပါတယ်။

ကျွန်တော်ဒီအကြောင်းအရာတွေကိစ္စထဲမှာ ၀င်ပြောရင် အစွန်းရောက်တ ယ် လို့ ပြောကြလို ၀င်မပြောဘဲနေခဲ့တာပါ။အခုတော့ သာသနာတစ်ခုလုံးကို ချိုတူးဇော်တို့ ကိုယ်တိုင်က အကြမ်းဖက်သမားပုံစံဖော်နေတာ မကြည်ရက်လို့အခုလိုဝင်ရောက်ဆွေးနွေးခြင်းပါတယ်။

ခွေးကိုတုတ်နဲ့ရိုက်တာလောက်ပဲ မကြည်ပါနဲ့ ဘာကြောင်းရိုက်တယ်ဆိုတာကို အရင်ဆုံးစဉ်စားပါ။အခုတလော့ ဘာသာရေးနဲ့ပတ်သက်ပြီး ပြောဆိုနေကြ တာတွေ အများစုတွေ့လာရတယ်။ လောကမှာပြီးပြည့်စုံတယ်ဆိုတာမရှိဘူး။ တစ်ခါတစ်လေမှာ ပုထုဇဉ်သဘောကြောင့် အမှားဆိုတာရှိတက်ကြမယ်။အဲဒီအမှားကိုကျူးလွန်တာလည် အနည်းစုသော ပုဂ္ဂိုလ်တွေသာဖြစ်ပါတယ်။

ဘုန်းကြီးတွေအားလုံးကို အပြစ်ပုံမချသင့်ပါဘူး။မြန်မာပြည်က ၅သိန်းနည်းပါးရှိသော သံဃာတွေထဲမှာ ၁၀ဂဏန်းတောင်မပြည့်တဲ့ သံဃာတွေရဲ့အမှားတစ်ခုကြောင်း သာသနာတစ်ခုလုံးကို အပြစ်မြင်နေကြတာ မကောင်းဘူး။ကိုယ်ကို ဗုဒ္ဓဘာသာ စစ်စစ်ဖြစ်ရဲ့လား ဆိုတာကို အရင်ဆုံးပြန်စဉ်စားကြပါ။ပြည်ပမှာနေပြီး အင်တာနက်သုံးနိုင် ရုံလောက်နဲ့ မြန်မာပြည်က အပြစ်မရှိသော ဆရာတော်ကြီးတွေ ဦးဇင်း ကိုရင်တွေကို ဝေဖန်နေမယ်ဆိုရင် မိမိသာအပြစ်ကြီးဆိုတာကို နားလည်ပါ စာတက်ပြီး ပညာရဲ့တန်းဖိုးကိုနားလည်ပါ။

လူတွေထဲမှာ လူတွေဟာ အသိဥာဏ်ပညာနဲ့ပြည့်စုံတယ် ဆိုတာအမှား အမှန်ကိုပိုင်းခြားတက်ဖို့လိုပါတယ်။ချိုတူးဇော်ဟာပညာတက် တစ်ယောက်ဆိုရင် လောကကြီးရဲ့ အကောင်းအဆိုးအပြစ် ကိုနားလယ် မယ်ထင်ပါတယ်။ကိုယ်ကြောင့် မီးထပ်မလောင်ပါစေနဲ့။

အကြောင်းသင့်အကျိုးသင့်ဝေဖန်တာ၊ထောက်ပြတာကိုလက်ခံပါတယ်။အခုလို့သာသနာတစ်ခုလုံးကို သိမ်းကြုံးပြောတာကတော့ မကောင်းဘူးလို့ ယူဆပါတယ်။

.. www.MyanmarExpress.net

မီဒီယာကို အလျှော့ပေးဆက်ဆံတတ်သည့် ပြန်ကြားရေးဒုဝန်ကြီး မီဒီယာသမားများကို စတင်စိတ်ပျက်



မီဒီယာကို အလျှော့ပေးဆက်ဆံတတ်သည့် ပြန်ကြားရေးဒုဝန်ကြီး မီဒီယာသမားများကို စတင်စိတ်ပျက်နေပြီဖြစ်ကြောင်း ဦးရဲထွဋ်၏ ကိုယ်ပိုင် Facebook စာမျက်နှာတွင် ရေးသားထားသည်။ အမည်ဖော်ပြမထားသည့် ပြည်ပအခြေစိုက် သတင်းဌာန တစ်ခုမှ စိတ်ပျက်ဖွယ်အပြုအမူကြောင့် ဖြစ်ကြောင်း အောက်ပါအတိုင်း ရှင်းလင်းထားသည်။

ပြည်ပသတင်းဌာနကြီးရဲ့ မြန်မာပိုင်းအစီအစဉ်က သတင်းထောက်တစ်ဦးက ဖုန်းဆက်ပြီး ပြည်ထောင်စုလွှတ်တော်ခေါ်ယူတဲ့ကိစ္စမေးပါတယ်။ ဒါဟာ အခြေခံဥပဒေ ပြဋ္ဌာန်းချက်အရ အရေးပေါ်အခြေအနေကြေညာခဲ့တဲ့ ဥပဒေကဲ့သို့ အာဏာတည် တဲ့အမိန့်ကို အတည်ပြုဖို့ ဖြစ်တယ်လို့ဖြေတော့ သမ္မတက ဘာဖြစ်လို့ မိတ္ထီလာမှာ အရေးပေါ် အခြေအနေကို မရုပ်သိမ်းတာလဲ၊ လူတွေတောင် သူတို့ နေအိမ်တွေပြန်နေကြပြီမဟုတ်လားလို့ ဆက်မေးပါတယ်။

ဒါ့ကြောင့် အိမ်မပျက်စီးတဲ့သူများပြန်နေနိုင်ပေမယ့် ပျက်စီးနေအိမ်တွေကို ပြန်လည်နေရာချပေး ဖို့ ရှိသေးတယ်၊ ဒေသအခြေအနေတည်ငြိမ်အောင်လုပ်ဖို့ ရှိသေးတယ်လို့ ရှင်းပြခဲ့ပါတယ်။ ဒါပေမယ့် အခုအေးချမ်းနေပြီ ဘာလို့ မရုပ်သိမ်းရတာလဲဆိုတဲ့ မေးခွန်းကို ပဲ အကြိမ်ကြိမ် ထပ်မေးနေတော့ အတော်စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။

အစိုးရက လုံခြုံရေးကို အကာအကွယ်မပေးဘူးဆိုပြီးပြောတဲ့အထဲမှာ သူတို့ အသံလွှင့်ဌာနက ထိပ်ဆုံးကပဲ။ အရေးပေါ်အခြေအနေမရုတ်လို့ တပ်မတော်ကို ခေါ်သွင်းလာတယ်ဆိုပြီး အပြစ်တင်ချင်တဲ့သဘောပြောတော့လည်း သူတို့ပဲ၊ ရုပ်သိမ်းလိုက်လို့ နောက်ထပ်ပဋိပက္ခတွေဖြစ်လာရင်လည်း သူတို့ပဲ ရှေ့ဆုံးက အပြစ်တင်မှာသေချာတယ်။

သတင်းသမားတွေအပေါ် စိတ်ရှည်ရမယ်ဆိုတာသိပေမယ့် ဒီလိုအတင်းစွတ်စွဲမေးတာမျိုးနဲ့ ကြုံလာရင်တော့လည်း အတော်စိတ်ပျက်မိပါတယ်။


 ဟူ၍ဖြစ်သည်။

မြန်မာနိုင်ငံသို့ ခေတ္တပြန်ရောက်နေသော  Myanmar Media Watch ၏ အမှုဆောင် ဒါရိုက်တာလည်းဖြစ်သည့် Myanmar Express အယ်ဒီတာ ကတော့

"မြန်မာမီဒီယာသမားတွေအကြောင်းကို ဦးရဲထွဋ်က အခုမှ သိတာတော့ ဟုတ်မယ်မထင်ပါဘူး... ဒါပေမယ့် အခုတော့ တော်တော်လေးသိနေပြီပေါ့ဗျာ... အလွန်အင်မတန် တိကျမှန်ကန်ပြီး တဖက်လူကို ထိခိုက်အောင် လုံးဝ မလုပ်ဘူးဆိုတဲ့ ဝန်ကြီး ဦးအောင်ကြည်လည်း တစ်နှစ်အတွင်းမှာ တော်တော်လေး စိတ်ပျက်နေတာကို သတိထားမိတယ်ဗျ... ကျွန်တော်တို့က အစကတည်းက မီဒီယာသမားတွေအကျင့်ကို သိလို့ သူတို့နဲ့ထိုက်တန်တဲ့ အရေးအသားတွေနဲ့ပဲ တုန့်ပြန်နေတာပါ... သူတို့ကို အလျှော့ပေးဆက်ဆံပေမယ့် အကောင်းရေးမခံရဘူးလေ.. ကျွန်တော်တို့က သဘောထားတင်းတင်းဆက်ဆံတော့ ပိုပြီး မကောင်းရေးတာပေါ့... ကျွန်တော်တို့ Agency က Journalists တွေလည်း ပင်ပန်းနေလို့.. Myanmar Express ကို ရပ်နားဖို့ ကျွန်တော် အကြိမ်ကြိမ် စဉ်းစားပါသေးတယ်... အခုလို မီဒီယာတွေကြောင့် တိုင်းပြည်ပျက်မှာဆိုးတဲ့ စိတ်နဲ့ ဆက်လက်ရပ်တည်နေတာပါ... " ဟု ပြောခဲ့သည်။ 

မြန်မာမီဒီယာသမားများသည် ကိုယ်တိုင်ကျင့်ဝတ်သိက္ခာမရှိသည့်အပြင် သတင်းကို အရှိအတိုင်းတင်ပြဖို့ထက် ၎င်းတို့လိုသည့်ဖက်မှ ဆွဲယူ တင်ပြလေ့ရှိကြသဖြင့် အလျှော့ပေး ဆက်ဆံရန်မသင့်ဆုံး စာရင်းတွင် မီဒီယာ သမားများက ထိပ်ဆုံးမှ ပါဝင်ကြောင်း နှင့် အစိုးရအနေဖြင့် ကျင့်ဝတ် သိက္ခာမရှိသည့် မီဒီယာများကို သိက္ခာရှိရှိမတုန့်ပြန်သင့်ပဲ ၎င်းတို့၏ အပြုအမူနှင့် ထိုက်တန်သော Myanmar Express ကဲသို့ တုန့်ပြန်သင့်ကြောင်း ဝေဖန်မှုများရှိနေပါသည်။

 .. www.MyanmarExpress.net
 

မိတ္ထီလာ အရေးပေါ် အခြေအနေ သက်တမ်းတိုးရန်အတွက် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ယခုလအတွင်း ခေါ်ယူမည်

From : ..eleven


5.4.4
မိတ္ထီလာပဋိပက္ခ ဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးစခန်းတစ်ခုရှိ ဒေသခံများအား တွေ့ရစဉ် (ဓာတ်ပုံ- ၀င်းမြင့်ကျော်)

မိတ္ထီလာအရေးပေါ် အခြေအနေ ကိစ္စအတွက် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးကို ယခုလအတွင်း ခေါ်ယူမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။

မိတ္ထီလာမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ အခြေအနေများကြောင့် အရေးပေါ် အခြေအနေ (ပုဒ်မ ၁၄၄) ကို ထုတ်ပြန်ထားခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်ကို နိုင်ငံတော် သမ္မတ၏ အမိန့်အာဏာဖြင့် ထုတ်ပြန်ခဲ့သည်။ အရေးပေါ် အခြေအနေကို ထပ်မံသက်တမ်း တိုးလိုပါက ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက် ရယူရမည်ဖြစ်သည်။


မိတ္ထီလာ အရေးပေါ်အခြေအနေ ထုတ်ထားတာ ရက်ပေါင်း ၆၀ ပြည့်လို့ သမ္မတ အနေနဲ့ သက်တမ်းတိုးဖို့ဆိုရင် ပြည်ထောင်စု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် ရယူရမှာပါ။ နာယကက ဇွန်လကုန်ပိုင်းမှ လွှတ်တော် ပြန်ခေါ်ဖို့ ပြောထားပေမယ့် နိုင်ငံတော် သမ္မတရုံးက ပြည်ထောင်စုလွှတ်တော် နာယကထံ အကြောင်းကြားပြီး ဒီကိစ္စ ဆောင်ရွက်ပေးဖို့ ပြောလာရင် ပြည်ထောင်စုလွှတ်တော်

''မိတ္ထီလာ အရေးပေါ်အခြေအနေ ထုတ်ထားတာ ရက်ပေါင်း ၆၀ ပြည့်လို့ သမ္မတ အနေနဲ့ သက်တမ်းတိုးဖို့ဆိုရင် ပြည်ထောင်စု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် ရယူရမှာပါ။ နာယကက ဇွန်လကုန်ပိုင်းမှ လွှတ်တော် ပြန်ခေါ်ဖို့ ပြောထားပေမယ့် နိုင်ငံတော် သမ္မတရုံးက ပြည်ထောင်စုလွှတ်တော် နာယကထံ အကြောင်းကြားပြီး ဒီကိစ္စ ဆောင်ရွက်ပေးဖို့ ပြောလာရင် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးကို ခေါ်ယူရမှာပါ။ ခေါ်ဖြစ်ဖို့များပါတယ်'' ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောသည်။

ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ''လွှတ်တော် လုပ်ထုံးလုပ်နည်းတွေအရ အထူးအစည်းအဝေး ခေါ်ယူဖို့ ၁၅ ရက် ကြိုတင်ထုတ်ပြန်ရမှာပါ။ ဒီလအတွင်း ခေါ်ယူဖို့ရှိပါတယ်'' ဟု ပြောသည်။

ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေအရ လွှတ်တော် အထူးအစည်းအဝေးကို ဖြစ်စေ၊ အရေးပေါ်အစည်းအဝေးကို ဖြစ်စေ ကျင်းပရန် လိုအပ်လျှင် နာယကက ခေါ်ယူကျင်းပနိုင်သည်။ လွှတ်တော်အစည်းအဝေးကို ခေါ်ယူကျင်းပပေးရန် နိုင်ငံတော် သမ္မတက အကြော

SSPP / SSA အဖွဲ့မှ အပြစ်မဲ့ တိုင်းရင်းသား ဒေသခံ ရွာသူ/ ရွာသား (၁၂)ဦး အား ဖမ်းဆီး

From : ..MWD

SSPP / SSA တိုင်းရင်းသားလက်နက်ကိုင် အင်အား(၁၀)ဦး ပါဝင်သော အဖွဲ့ (၁)ဖွဲ့သည် လက်နက်ငယ် ကိုယ်စီ ကိုင်ဆောင်လျက် သီပေါမြို့နယ်၊ မိုင်းလင်း ကျေးရွာ နှင့် ခုတ်နမ့် ကျေးရွာ  သို့ ၂၀၁၃ ခုနှစ်၊ ဧပြီလ (၂၇)ရက်နေ့ ည(၁)နာရီ အချိန်ခန့်တွင် ၀င်ရောက်လာပြီး ရွာသူ ရွာသား (၁၂) ဦးအား  အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပါသည်။
ဖမ်းဆီး ခံရသူ များမှာ သီပေါမြို့နယ်၊ ခုတ်နမ် ကျေးရွာ၊ မိုင်းလင်း ကျေးရွာ မှ ရွာသူ ရွာသားများ ဖြစ်ပြီး ၎င်းတို့မှာ-
 (၁) မောင်အောင်ခန့် (၂၅)နှစ်၊ (ဘ)ဦးပန်၊ ခုတ်နမ့် ကျေးရွာ၊ သီပေါမြို့နယ်။
(၂) ဦးအောင်သိန်း (၅၆)နှစ်၊ (ဘ) ကျယ်လှ၊ ခုတ်နမ့်ကျေးရွာ၊ သီပေါမြို့နယ်။
(၃) ဦးစိုင်းဆိုင်လောင်း (၃၅)နှစ်၊ (ဘ) ဦးစိုင်းလုံ၊ ခုတ်နမ့်ကျေးရွာ၊ သီပေါမြို့နယ်။
(၄) မောင်စိုင်းရွှေလန်းဦး (၁၇)နှစ်၊ (ဘ) ဦးညိုသန်း၊ ခုတ်နမ့်ကျေးရွာ၊ သီပေါမြို့နယ်။
(၅) မောင်စိုင်းကန် (၁၆)နှစ်၊ (ဘ) ဦးစံထွန်း၊ ခုတ်နမ့်ကျေးရွာ၊ သီပေါမြို့နယ်။
(၆) ဦးစိုင်းစံအေး (၅၂)နှစ်၊ (ဘ) ဦးကားလို၊ ခုတ်နမ့်ကျေးရွာ၊ သီပေါမြို့နယ်။
(၇) မောင်စိုင်းပီး (၁၆)နှစ်၊ (ဘ) ဦးနန္ဒိယ၊ ခုတ်နမ့်ကျေးရွာ၊ သီပေါမြို့နယ်။
(၈) မောင်စိုင်းလှထွန်း (၂၇)နှစ်၊ (ဘ) ဦးစံထွန်း၊ မိုင်းလင်းကျေးရွာ၊ သီပေါမြို့နယ်။
(၉) မောင်စိုင်းသိန်းအောင် (၂၀)နှစ်၊ (ဘ) ဦးမိန်သာ၊ မိုင်းလင်းကျေးရွာ၊ သီပေါမြို့နယ်။
(၁၀) မောင်စိုင်းကျော်လွန် (၂၅)နှစ်၊ (ဘ) ဦးဝိန်းကျော်၊ မိုင်းလင်းကျေးရွာ၊ သီပေါမြို့နယ်။
(၁၁) မောင်စိုင်းသာဟန် (၁၇)နှစ်၊ (ဘ) ဦးဖိုင်ကန်၊ မိုင်းလင်းကျေးရွာ၊ သီပေါမြို့နယ်။
(၁၂) ဒေါ်နိုင်းမတ် (၅၈)နှစ်၊ (ဘ) ဦးကိုလိန်၊ မိုင်းလင်းကျေးရွာ၊ သီပေါမြို့နယ် တို့ဖြစ်ပါသည်။
          အဆိုပါ ဖမ်းဆီးမှုနှင့် ပတ်သက်၍ စုံစမ်းခဲ့ရာ SSPP / SSA အဖွဲ့များ အနေဖြင့် လူသစ် စုဆောင်းရန် အတွက် ခေါ်ဆောင်ခြင်း ဖြစ်ပြီး အချို့မှာ လူသစ်အဖြစ် မလိုက်လို၍ ထွက်ပြေး မှုကြောင့် အသက် အရွယ်ကြီး မိဘများအား ဓားစာခံ ခေါ်ဆောင် သွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိ ရပါသည်။
        ၎င်းဖမ်းဆီး ခံရသော ခုတ်နမ့်၊မိုင်းလင်း ရွာသူ/ရွာသား များ လွတ်မြောက်ရေး အတွက် တပ်မတော် စစ်ကြောင်းများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။


.. www.MyanmarExpress.net
 

ဥက္ကံ ပဋိပက္ခ သာယာဝတီသို့ ကူးမလာစေရန် ညမထွက်ရအမိန့် ထပ်တိုးထုတ်ပြန်

From : ..popular

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်တွင် ညမထွက်ရအမိန့် ထုတ်ပြန်မှု
မူလထက် တစ်နာရီ ထပ်မံတိုးမြှင့်လိုက်ကြောင်း ပဲခူးတိုင်းဒေသကြီး
အစိုးရအဖွဲ့မှ တာဝန်ရှိသူက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ
ကူးစက်လာမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့်
ထိုသို့ဆောင်ရွက်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ယခင် ည ၁၁ နာရီမှ နံနက် ၃ နာရီအထိ ကန့်သတ်ထားရာမှ ယခုအခါ
ည ၁၀ နာရီမှ နံနက် ၃ နာရီအထိ ညမထွက်ရန် ကန့်သတ်လိုက်ခြင်း
ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။

ထို့အပြင် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတစ်ဦးက
ပဲခူးတိုင်းဒေသကြီးအတွင်း တိုင်း၊ခရိုင်၊ မြို့နယ်အလိုက် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိရေး
လုပ်ငန်းကော်မတီအဖွဲ့များက ကွင်းဆင်းဆောင်ရွက်လျှက်ရှိရာ ယမန်နေ့က
သာယာဝတီမြို့ ညောင်လေးပင်ကျေးရွာ အနောက်ဘက်ရှိ ဆည်မြောင်း
တံတားအနီးတွင် မီးရှို့ရန်ကြံစည်နေသည့်မသင်္ကာဖွယ် လူတစ်စုကို
တွေ့ရှိသည့်အတွက် တာဝန်ရှိသူများက ဖမ်းဆီးစစ်ဆေးအရေးယူမှုလည်း
ပြုလုပ်နိုင်ခဲ့ကြောင်း ပြောသည်။

“မှိန်းတွေလည်းပါတယ်။ ဒီဇယ်ပုံးတွေနဲ့ ခေါင်းဆောင်သုံးဦးကို
ဖမ်းဆီးထိန်းသိမ်းလိုက်ပါပြီ”ဟု ၎င်းက ပြောသည်။

 .
. www.MyanmarExpress.net
  

မိတ္ထီလာဖြစ်စဉ်တွင် ပါဝင်သည်ဟု သံသယရှိသူ လူ ၅၀ ကျော်အား ဖမ်းဆီးထား ပြီး ယင်းတို့ကို အမှုပေါင်း ၃၆ မှုဖြင့် တရားစွဲဆို

From : ..dvb

မန္တလေး- လူပေါင်း ၄၀ ကျော်သေဆုံးခဲ့သည့် မိတ္ထီလာအကြမ်းဖက်မှုဖြစ်စဉ်တွင် ပါဝင်သည်ဟု သံသယရှိသူ လူ ၅၀ ကျော်အား ဖမ်းဆီးထား ပြီး ယင်းတို့ကို အမှုပေါင်း ၃၆ မှုဖြင့် တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးရဲအောင်မြင့်က ပြောသည်။

လူသတ်မှု၊ လုယက်မှု၊ နာကျင်စေမှု၊ မီးရှို့မှု၊ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုစသည့်ပြစ်မှုပုဒ်မ (၁၀)ခုခန့်ဖြင့် တရားစွဲဆိုမည်ဟု သတင်းရရှိသည်။ ဧပြီလကုန်ပိုင်းအထိ အမှု ၁၀ မှုစွဲဆိုထားပြီဖြစ်ပြီး ၁၂ မှုကို ဥပဒေ အကြံတောင်းထားကာ ကျန်ရှိသည့် အမှုများကိုလည်း ဆက်လက်တရား စွဲဆိုသွားမည်ဖြစ်ကြောင်း မန္တလေး တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

“ဥပဒေနဲ့အညီ မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန်ဖြစ်အောင် တရားစွဲဆိုအရေးယူသွားပါမယ်” ဟု ဦးရဲအောင်မြင့်က မေလ ၂ ရက်တွင် ပြောသည်။

တရားခံများအနေဖြင့်လည်း ရှေ့နေများ ငှားရမ်းပြီး ခုခံချေပခွင့် ရရှိရန်၊ မျှမျှတတရှိစေရန်စီစဉ်ဆောင်ရွက်နေကြောင်းဦးရဲအောင်မြင့်ကဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ သေဒဏ်၊ တစ်သက်တစ်ကျွန်းဒဏ် အထိ ပြစ်ဒဏ်ချမှတ်နိုင်သောအမှုများတွင် တရားခံအတွက် ခုခံချေပ ပေးမည့် ရှေ့နေမပါရှိဘဲ ပြစ်ဒဏ်ချ မှတ်၍မရကြောင်း၊ ဘုန်းတော်ကြီး ဦးသောဘိတ အသတ်ခံရမှုတွင် တရားခံများအတွက် ရှေ့နေကို နိုင်ငံတော်မှ ငှားရမ်းပေးခဲ့သော်လည်း အမှုလိုက်ပေးမည့်ရှေ့နေမရှိကြောင်း တရားခံများအတွက် မျှမျှတတဖြစ်စေရန် ၄င်းတို့ကွန်ရက်မှ အခမဲ့ရှေ့နေလိုက်ပေးနေကြောင်းမြန်မာနိုင်ငံရှေ့နေများကွန်ရက်မှ ဦးသိန်းသန်းဦးကပြောသည်။

“မိတ္ထီလာခရိုင် တရားရုံးက တော့ တရားခံအခွင့်အရေး အပြည့် အ၀ပေးထားတာ တွေ့ရတယ်။ ဒီအမှုတွေက တိုင်းပြည်ရဲ့ တရားရေး ဂုဏ်သိက္ခာနဲ့လည်းဆိုင်တယ်” ဟု ဦးသိန်းသန်းဦးက မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံရှေ့နေများကွန်ရက်အနေဖြင့် အမျိုး၊ ဘာသာမခွဲခြားဘဲတရားဥပပဒေအရ အကာအကွယ်ပေးနိုင်ရန်နှင့် တရားခံ အစစ်အမှန်
ပေါ်ပေါက်ပြီး ဥပဒေအတိုင်း ထိုက်သင့်သည့်ပြစ်ဒဏ်ချ မှတ်နိုင်စေရန် အကူညီပေးနေကြောင်းပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၁ ရက်က ဖြစ်ပွားခဲ့သော မိတ္ထီလာပဋိပက္ခဖြစ် စဉ်တွင် သေဆုံးသူ (၄၀)ကျော်၊ ဒဏ် ရာရသူ (၅၀)ကျော်ရှိခဲ့ပြီး နေအိမ်များ မီးလောင်ပျက်စီးမှုကြောင့် လူပေါင်းသောင်းချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။


 .. www.MyanmarExpress.net
 

မြန်မာပြည်ကို တိုက်ခိုက်မည်ဟု အင်ဒို ဘာသာရေးခေါင်းဆောင်က ခြိမ်းခြောက်၊ မြန်မာနိုင်ငံကို ဂျီဟတ် စစ်ပွဲဆင်နွှဲလိုကြောင်း အင်ဒိုနီးရှား မွတ်ဆလင်များ ဆန္ဒထုတ်ဖော်



 မြန်မာနိုင်ငံကို ဂျီဟတ် စစ်ပွဲဆင်နွှဲလိုကြောင်း အင်ဒိုနီးရှား မွတ်ဆလင်များ ဆန္ဒထုတ်ဖော်
 ====================================================
အင်ဒိုနီးရှားနိုင်ငံမှာ မြန်မာသံရုံးကို ဗုံးခွဲဖို့ကြိုးစားခဲ့သူ ၂ ဦးကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင် ခဲ့သော်လည်း ဆန္ဒပြပွဲများ ဖြစ်ပေါ်လျှက် ရှိပါတယ်။ အချို့ဓာတ်ပုံများတွင်တော့ မြန်မာနိုင်ငံကို ဂျီဟတ်စစ်ပွဲ ဆင်နွှဲ လို ကြောင်း ဓာတ်ပုံများ ဖော်ပြထားပြီ၊ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံများ၊ ပုံတူများဖြင့် ဆန္ဒပြခြင်း၊ နိုင်ငံတော် အလံကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။

၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး အစိုးရမှ တရားဝင် တုန့်ပြန်မှု မရှိသေးပေမယ့် အင်တာနက် သုံးသည့် မြန်မာနိုင်ငံသားများ အကြား ပြင်းထန်သည့် တုန့်ပြန်မှုများ ပြုလုပ်လျှက် ရှိပါတယ်။ တစ်ချိန်တည်းမှာ ၈၈ ကျောင်းသားအဖွဲ့က Father Land ကုပဏီက အမေရိကန် ခရီးစဉ်အတွက် အလှူငွေ သိန်း ၃၀ လက်ခံ ရရှိ မှုမှာလည်း ပျံ့နှံ့လျှက် ရှိနေတာကြောင့် ဘင်္ဂလီ အရေးမှ မွတ်ဆလင်-မြန်မာ အရေး၊ မွတ်ဆလင်-မြန်မာ အရေးမှ နိုင်ငံရေးအမည်ခံများ၏ ဘာသာခြား အကူအညီဖြင့် ဆူပူမှုများ လုပ်ဆောင်ခြင်းကို ကန့်ကွက်ရေး တို့ ဖြစ်ပေါ်လျှက် ရှိပါတယ်။

အင်ဒိုနီးရှား နိုင်ငံဟာ ဒတ်ခ်ျ နယ်ချဲ့တို့လက်မှ လွတ်မြောက်ရေး ကြိုးပမ်းမှုတွင် ဒတ်ခ်ျအစိုးရက မြန်မာနိုင်ငံ လေယာဉ်ကွင်းအား အသုံးပြုပြီး နှိမ်နှင်းရန် ကြိုးစားခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံမှ ဒတ်ခ်ျတို့ ၏ တောင်းဆိုချက်ကို ကန့်ကွက်သဘောမတူဘဲ ဆူဟာတို အစိုးရကို ထောက်ပံ့ပေးခဲ့ ပါတယ်။ အပြန်အလှန်အားဖြင့်လည်း မြန်မာ့ ရောင်စုံ သောင်းကျန်းသူ နှိမ်နှင်းမှုသမိုင်းမှာလည်း အင်ဒိုနီးရှားက လေယာဉ်များဖြင့် ကူညီပေးခဲ့သည့် အပြန် အလှန် ချစ်ကြည်မှုများလည်း ရှိပါတယ်။


 
. မြန်မာပြည်ကို တိုက်ခိုက်မည်ဟု အင်ဒို ဘာသာရေးခေါင်းဆောင်က ခြိမ်းခြောက်

 =============================================
အင်ဒိုနီးရှားရှိ ဘာလီဗုံးခွဲမှုတွင် အဓိကကြိုးကိုင်သူဟု စွပ်စွဲခံထားရတဲ့ အဘူရ် ဘာကာ ဘာရှားက မြန်မာပြည်ကို ဂျီဟတ် ဘာသာရေးစစ်ပွဲဆင်နွှဲမယ်လို့ မေ ၄ရက်နေ့မှာ ခြိမ်းခြောက်လိုက်ပါတယ်။

ဂျကာတာမြို့တော်က မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူ ၂ယောက်ကို အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့က ဖမ်းဆီးမှုပြုလုပ်အပြီးမှာ အဘူ ဘာရှားက ပြောဆိုလိုက်တယ်လို့ ဆစ်ဒနီမော်နင်း ဟာရယ်သတင်းစာက ရေးသားလိုက်ပါတယ်။

ရာပေါင်းများစွာသော အစ္စလာမ်မစ် ကာကွယ်သူများ တပ်ဦးအဖွဲ့ဝင်တွေဟာ သောကြာနေ့က ဂျကာတာ မြို့လယ်မှာ စုဝေးခဲ့ကြပြီး ဂျီဟတ်စစ်ပွဲအတွက် မြန်မာပြည်ကို တိုက်ခိုက်မယ်လို့ ကြွေးကြော်ခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်က လူနည်းစု မွတ်ဆလင်တွေကို အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေအတွက် တုံ့ပြန်ကလဲ့စားချေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

. www.MyanmarExpress.net
 

ရိုဟင်ဂျာအရေး နောက်ကွယ်မှာ ကြိုးကိုင်လှုံ့ဆော်နေသူတွေရှိ

From : ..rfa

ရခိုင်ပြည်နယ်အတွင်းမှာ ရိုဟင်ဂျာလူမျိုး ရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီး ရှုတ်ထွေးမှုတွေဖြစ်ပေါ်နေရတဲ့ အကြောင်းရင်းတွေထဲမှာ နောက်ကွယ်က သွေးထိုးလှုံ့ဆော်မှုတွေလည်း ပါဝင်တယ်လို့ ရခိုင်ပဋိပက္ခ စုံစမ်းရေးကော်မရှင် အတွင်းရေးမှူး ဒေါက်တာကျော်ရင်လှိုင်က ပြောကြားလိုက်ပါတယ်။
ရခိုင်စုံစမ်းစစ်ဆေးရေး အစီအရင်ခံစာနဲ့ ပတ်သက်ပြီး RFA က သီးသန့်တွေ့ဆုံမေးမြန်းရာမှာ ရိုဟင်ဂျာလူမျိုးဆိုတဲ့ အယူအဆနဲ့ ပတ်သက်လို့ မေးမြန်းချက်အပေါ် ဒေါက်တာကျော်ရင်လှိုင်က အခုလို ပြောကြားတာဖြစ်ပါတယ်။

"ရိုဟင်ဂျာဆိုတဲ့စကားလုံး ခိုင်ခိုင်မာမာတရားဝင်အနေနဲ့ မြန်မာနိုင်ငံမှာမရှိဘူး၊ ဒါပေမယ့် လက်တွေ့မှာပြဿနာက ဘာလဲဆိုတော့ အခုဟာကြီးက ဒီနေရာမှာက ဒီကိစ္စကြီးက လှုပ်ရှားမှုကြီးတစ်ခုအနေနဲ့ လူတွေကပါဝင်လာကြတယ်၊ ရန်ကုန်မှာရှိနေတဲ့ ဒီအသိုင်းအဝိုင်းကလူတွေ၊ လန်ဒန်မှာရှိနေတဲ့လူတွေ၊ နယူးယောက်မှာရှိတဲ့လူတွေ ဒါတွေအားလုံးဟာ ဒီရခိုင်ပြည်နယ်အတွင်းမှာရှိနေတဲ့ ဘင်္ဂါလီလူမျိုးတွေကို ရိုဟင်ဂျာမပြောရင် မလုပ်နဲ့ဆိုတဲ့အခါမှာ သူတို့ကသွေးထိုးပေးနေကြတာ"

ရခိုင်စုံစမ်းရေး အစီအရင်ခံစာ ရေးသားဖို့အတွက် ကွင်းဆင်းပြီးအချက်အလက် ကောက်ယူတဲ့နေရာမှာ ဘာသာစကားအခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရသလို ဒေသခံအချို့ရဲ့ ချဲ့ကားပြောဆိုမှုတွေကိုလည်း ကြုံတွေ့ခဲ့ရတယ်လို့ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာရှိနေတဲ့ ဘင်္ဂါလီလူမျိုးဒုက္ခသည်တွေဟာ မြန်မာနိုင်ငံအလံကို အလေးမပြုကြဘူးလို့လည်း သူကပြောပါတယ်။

ဒါအပြင် ရခိုင်ပြည်နယ်မှာရှိတဲ့ ပြည်ထောင်စု ကြံခိုင်ဖွံ့ဖြိုးရေးပါတီဝင်အချို့ရဲ့ ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးခဲ့တဲ့နေရာမှာ မဖြစ်နိုင်တဲ့ကတိတွေကို ပေးခဲ့တဲ့အတွက် အခုလိုရိုဟင်ဂျာလူမျိုး ပြဿနာဟာ ပိုမိုရှုတ်ထွေးခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအပေါ် ကိုးကားပြီး သူကပြောပါတယ်။
လက်ရှိရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို လူဦးရေစာရင်း ကောက်ယူတဲ့နေရာမှာ ရိုဟင်ဂျာလူမျိုးအဖြစ် ထည်သွင်းဖေါ်ပြဖို့ တောင်းဆိုချက်တွေကြောင့် စာရင်းကောက်ယူတာတွေ ရပ်ဆိုင်းလိုက်ရသလို ရုန်းရင်းဆန်ခတ်ဖြစ်ပွားအောင် လှုံ့ဆောင်ခဲ့တဲ့လူအချို့ကိုလည်း အာဏာပိုင်တွေက ထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။

.. www.MyanmarExpress.net
 

ရန်ကုန်အပူချိန် အန္တရာယ်အဆင့်ရောက်

From : ..7day

ရန်ကုန်မြို့တွင် ခံစားရသည့် အပူချိန်သည် ဦးနှောက်သွေးကြောပြတ်ခြင်း၊ လေဖြတ်ခြင်းတို့ ဖြစ်ပွားစေနိုင်သည့် အန္တရာယ်ရှိမှု လွန်ကဲသည့်အဆင့်သို့ ရောက်ရှိနေကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က မေ ၁ ရက် တွင်ပြောသည်။

အပူချိန် ၅၄ ဒီဂရီ စင်တီဂရိတ် အထက်နှင့် ၁၃၀ ဒီဂရီ ဖာရင်ဟိုက်အထက် သက်ရောက်မှုကို အန္တရာယ်ရှိမှု လွန်ကဲသည့်အဆင့်- Extreme Danger အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတ်မှတ်ထားပြီး ရန်ကုန်မြို့တွင် ဧပြီလအတွင်းက ခံစားရသော အပူချိန်မှာ ထိုပမာဏထက် လွန်ကဲသွားပြီး ယမန်နေ့က ထိုအန္တရာယ်ရှိသည့်အဆင့် ထပ်မံရောက်ရှိခဲ့သဖြင့် အန္တရာယ်ရှိသည့် အပူဒဏ်ကို အထူးဂရုပြုကြရန် ဒေါက်တာထွန်းလွင်၏ အင်တာနက်စာမျက်နှာတွင် ရေးသားထားသည်။

မိုးကြိုကာလများတွင် လေထုထဲတွင် ပါဝင်နေသည့် ရေငွေ့များ ခြောက်သွေ့နေပြီး အပူချိန်ပြင်းထန်ကာ လက်ရှိ မြန်မာနိုင်ငံတွင်
ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်းမြင့်နေသေးသည့်အတွက် အပူချိန်နှစ်ရပ်ပေါင်းကာ လူကို ဒုက္ခပေးသည်။ ထိုအပူချိန်အား တွက်ချက်ပြီး အန္တရာယ်ရှိမှုအဆင့်များအဖြစ် သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။

လူတစ်ယောက်၏ ကျန်းမာရေးအတွက် သင့်လျော်သည့် အပူချိန်မှာ ၉၈ ဒသမ ၄ ဒီဂရီဖာရင်ဟိုက်ဖြစ်ပြီး လက်ရှိ ရန်ကုန်တွင် ခံစားရ သည့်အပူချိန်သည် ၁၀၀ ဒီဂရီဖာရင်ဟိုက် အထက်တွင် ရှိနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဒုညွှန်မှူး (အငြိမ်းစား) တစ်ဦးကပြောသည်။

ရန်ကုန်မြို့၏ လက်ရှိအပူချိန်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပူချိန်မြင့်တက်လျက်ရှိနေကြောင်း သတင်းရရှိသည်။ ယခုနှစ် နွေရာသီသည် ၂၀၁၀ ပြည့်နှစ်ကဲ့သို့ သော အပူချိန်စံချိန်တင် မြင့်တက်မှု မရှိသေးသော်လည်း နေရာဒေသ အသီးသီးတွင် အပူချိန်မြင့်မားမှု UV စံညွှန်းကိန်း မြင့်မားစွာ သက်ရောက်မှုများလည်း ခံစားနေကြရသည်။

အသက်အရွယ်ကြီးရင့်သူများ၊ ကလေးငယ်များ၊ ရောဂါတစ်ခုခုကြောင့် ခံနိုင်ရည် ပိုမိုနည်းပါးသူများတွင် အပူဒဏ်ကြောင့် ရောဂါဖြစ်ပွားမှု ပိုမိုနိုင်ပြီး လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်ခြင်းများ ဖြစ်ပွားလေ့ရှိကြောင်း ဒေါက်တာထွန်းလွင်ကပြောသည်။

သွေးတိုးရောဂါရှိသူများတွင် ပြင်းထန်သည့် အပူချိန်ကြောင့် သွေးပေါင်ချိန်တက်ပြီး ဦးနှောက်သွေးကြောပေါက်၍ အသက်သေဆုံးမှုများလည်း နွေရာသီတွင် ဖြစ်ပွားလေ့ရှိသည်။

အသက်သေဆုံးခြင်း၊ အားအင်ကုန်ခန်းပြီး ခန္ဓာကိုယ်အတွင်းမှ ချွေးထွက်များခြင်းကြောင့် မူးဝေခြင်း၊ အပူချိန်နှင့်အတူ ရေရှားပါးခြင်းနှင့် အစားအစာများ အလွယ်တကူ သိုးလွယ်ခြင်းတို့ကြောင့် ၀မ်းပျက်ဝမ်းလျှောရောဂါများနှင့်အတူ အပူဒဏ်ကြောင့် ခေါင်းကိုက်ခြင်းများ၊ အပူရှပ်၍ ဖျားနာခြင်းကြောင့် အသက်သေဆုံးခြင်းမှာလည်း နွေရာသီတွင် ဖြစ်ပွားလေ့ရှိသည့် ကျန်းမာရေးပြဿနာများဖြစ်သည်။


 .. www.MyanmarExpress.net
 

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် များအား ၏ အမေရိကန်ခရီးအတွက် Father Land ကုမ္ပဏီမှ ငွေကျပ် သိန်း (၅၀) ထောက်ပံ့ပေးအပ်ခဲ့

From : .. ကိုချိုလေး
ပုဂံအွန်လိုင်းမီဒီယာ



မေလအတွင်း ကိုမင်းကိုနိုင်ဦးဆောင်သည့် ၈၈မျိုးဆက်ခေါင်းဆောင်များ၏ အမေရိကန်ခရီးစဉ်အတွက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် များအား Father Land ဆောက်လုပ်ရေး ကုမ္ပဏီမှ ငွေကျပ်သိန်း (၅၀) ထောက်ပံ့ပေးခဲ့ကြောင်း Father Land ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်သော ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့ နှစ်ဦး အပါအ၀င် ၈၈ အဖွဲ့ဝင်များ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီ အခြေစိုက် National Endowment for Democracy ၏ဖိတ်ကြားချက်အရ ယခုလ (၁၉) ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုကို ပထမဆုံးအကြိမ်သွားရောက်မှာဖြစ်ပါသည်။ ကိုမင်းကိုနိုင်ဟာ NED အဖွဲ့ကြီးကချီးမြှင့်တဲ့ ၂၀၁၂ ခုနှစ် ဒီမိုကရေစီဆုကိုလည်း ခရီးစဉ်အတွင်း ကိုယ်တိုင်လက်ခံသွားမည်ဖြစ်သည်။

ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးဟာ အမေရိကန်ပြည်ထောင်စု ခရီးစဉ်မတိုင်ခင် တောင်ကိုရီးယား နိုင်ငံကို အရင်ဆုံးသွားရောက်မှာဖြစ်ပြီး မင်းကိုနိုင်ဟာ NED က ၂၀၁၂ ခုနှစ်အတွက် ဂုဏ်ပြုချီးမြှင့်တဲ့ ဒီမိုကရေစီဆုကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်း လက်ခံယူဖို့အစီအစဉ်ရှိခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံကူး လက်မှတ်လျောက်ထားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေကို မြန်မာ အစိုးရက အကန့်အသတ်နဲ့ ထုတ်ပေးခဲ့တာကို လက်မခံဘဲ ပြည်ပခရီးစဉ်တွေကို ဖျက်သိမ်းခဲ့သည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ အား ထောက်ပံ့ပေးသည့် Father Land ကုမ္ပဏီသည် နိုင်ငံအနှံ ဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေသည့် ကုမ္ပဏီဖြစ်ပြီး ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်များမှာ မြန်မာနိုင်ငံ မူဆလင်အဖွဲ့အစည်းများတွင် ရာထူးကြီးနေရာများ ရယူထားသူများဖြစ်ကြောင်းသိရသည်။
.
. www.MyanmarExpress.net
 

ဒီလအတွင်း အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဆွေးနွေးပွဲများရှိ

From : ..dvb


ကချင်နဲ့မတိုင်ခင် ကရင်နဲ့တွေ့ပြီး နှစ်ဘက်လိုက်နာရမယ့်ကျင့်ဝတ်စည်းမျဉ်း (code of conduct) ညှိမယ်လို့ ကြားသိရပါတယ်၊ အဲဒီကိစ္စပြောပြပါ။
“ကရင်နဲ့က ဟိုးတလောတုန်းက ကျနော်တို့ ဘားအံမှာလုပ်နေတဲ့ ကရင်ရေးရာအစည်းအဝေးမှာ မတိုင်ခင်မှာ ကေအဲန်ယူကိုယ်စားလှယ်အဖွဲ့ ၃ ဦးနဲ့ ဦးအောင်မင်းနဲ့ ဆွေးနွေးပါတယ်။ ဆွေးနွေးတဲ့အချိန်မှာ ကေအန်ယူနဲ့ ကျနော်တို့ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကြီး မလုပ်ခင်မှာ (code of conduct) အပါအ၀င် အခြားကြိုတင်ပြင်ဆင်ညှိနှိုင်းတဲ့ ကြိုတင်ပြင်ဆင်တဲ့ အစည်းအဝေးတွေလုပ်ဖို့ လိုပါတယ်။ အဲဒါတွေလုပ်ဖို့ အခု ဘယ်နေ့ ဘယ်ရက်လာမယ်၊ ဘယ်ဟာတွေ ပြောမယ်ဆိုတာတော့ လုပ်နေပါတယ်။ ကေအိုင်အိုနဲ့က အရင်ဖြစ်ပါလိမ့်မယ်။”
ဦးလှမောင်ရွှေတို့ တက်ရောက်တဲ့ ချင်းမိုင်ပွဲ (တိုင်းရင်းသားမဟာမိတ် ယူအန်အက်ဖ်စီနဲ့ ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အကြား နိုင်ငံရေးဆွေးနွေးပွဲ အကြိုညှိပွဲ) က ဖေဖော်ဝါရီ ၂၀ မှာ ကျင်းပတယ်။ နောက် ၂ လအတွင်း ထပ်တွေ့မယ်လို့ ကြေညာပြီး ၂ လပြည့်တဲ့ ဧပြီ ၂၀ မှာ ဘာလို့ မကျင်းပဖြစ်တာလဲ။ အဲဒီအစည်းအဝေး ဘယ်တော့ဖြစ်မလဲခင်ဗျာ။
“ဟုတ်ကဲ့။ ယူအင်အက်ဖ်စီနဲ့က ၀န်ကြီးဦးအောင်မင်းက မေလထဲမှာ သူ ဆောင်ရွက်နိုင်ဖို့ မြန်မာငြိမ်းချမ်းရေးစင်တာက အလုပ်အဖွဲ့ကို သူ့အနေနဲ့ ပြောထားတာကတော့ ဆွေးနွေးပွဲ ၄ ခုလောက်ဖြစ်ဖို့ သူပြင်ဆင်နေပါတယ်၊ နံပါတ် ၁ ကတော့ ပထမဦးစားပေးကတော့ ကေအိုင်အိုပါ။ ဒုတိယက ကေအဲန်ယူ။ နောက် တတိယက ယူအန်အက်ဖ်စီနဲ့ ကေအဲန်ပီပီပါ။ အဲဒီ ၄ ခုလုံးကို မေလတွင်းမှာ ဆောင်ရွက်ဖို့တော့ လုပ်နေတယ်။ တဖက်က ဆွေးနွေးမယ့်အဖွဲ့အစည်းတွေနဲ့ ဆက်လက်ပြီးတော့ ညှိနှိုင်းနေပါတယ်။ ယူအဲန်အက်ဖ်စီဘက်ကတော့ သူတို့ဘက်မှာလည်း နိုင်ငံရေးဆွေးနွေးပွဲမူဘောင် (political dialogue framework) ကို ဆွေးနွေးမှာဖြစ်တဲ့အတွက် သူတို့ဘက်မှာလည်း ပြင်ဆင်နေဆဲလို့ပဲ နားလည်တယ်လေ။ ရက်ကတော့ ကျနော်တို့လည်း ပြန်မညှိရသေးဘူး။ ၀န်ကြီးဦးအောင်မင်းကလည်း မနေ့ကမှ ခရီးသွားတာ၊ ပြန်လာတော့ သူလည်း အခုတော့ အလုပ်လုပ်နေပါတယ်။”
နိုင်ငံတော်သမ္မတကြီး ပြောကြားတဲ့ ဇွန်လလောက်ဆို ကျယ်ပြန့်တဲ့ ဆွေးနွေးပွဲတွေ အလားအလာဖြစ်ကောင်းဖြစ်နိုင်တာက အခုနှုန်းအတိုင်းဆို ဖြစ်နိုင်ခြေရှိပါလား။
“ပထမအဆင့်ကတော့ တဖွဲ့ချင်းနဲ့ ပိုပြီး ရလဒ်တွေရှာဖွေ ဆွေးနွေးဖို့လိုတယ်လို့ မှတ်ယူပါတယ်။ ဒုတိယကတော့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲတွေမလုပ်ခင်မှာ အဲအတွက် မူဘောင်တွေ အထူးသဖြင့် ယူအန်အက်ဖ်စီလိုအဖွဲ့တွေနဲ့ လုပ်ဖို့လိုတယ်။ အဆင့်လိုက်ကတော့ သွားနေရမှာပဲ။ ဒီဘက်ကပြင်ဆင်တာကတော့ မေလထဲ အစည်းအဝေး ၄ ခုလောက်လုပ်ဖို့ ရှိတယ်။ ရက်နီးရင် ရှေ့တိုးနောက်ဆုတ်တွေ ရှိကောင်းရှိနိုင်ပါတယ်။”
ရှမ်းပြည်တပ်မတော်နဲ့ အစိုးရအကြားမှာ ထပ်ခါထပ်ခါ ပစ်ခတ်မှုတွေပြန်ဖြစ်နေတဲ့အပေါ်မှာ ဘာကြောင့်လဲဆိုတာ ဒေသခံတွေက နားမလည်နိုင်ဘူးဖြစ်နေတယ်။ ဒါကိုလည်း ရှင်းပြပေးပါ။
“ကျနော်နားလည်သလောက်ပြောရရင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကျနော်တို့နိုင်ငံလို အဖွဲ့ပေါင်းများစွာနဲ့ တပြိုင်တည်း လုပ်ရတာမျိုး ဖတ်ဖူးမမှတ်ဖူးသေးဘူး ပြောရမယ်။ နောက် စွမ်းရည် ပြဿနာလည်း ရှိမယ်။ နောက် လက်နက်ကိုင်သူအချင်းချင်းကြားမှာ လုပ်ရတဲ့ ငြိမ်းချမ်းရေးဖြစ်လို့ အချိန်တခုလိုမယ်။ ရှမ်းပြည်နဲ့ဖြစ်တဲ့တိုက်ပွဲတွေတချို့က ဘယ်တပ်ဖွဲ့ဘယ်နားမှာနေဆိုတဲ့ တိတိကျကျ ညိနှိုင်းဖို့ကလည်း ကျန်တော့ ဒါကြောင့်လို့ ယူဆပါတယ်။ အပစ်အခတ်ရပ်စဲပြီးပေမယ့် ထိတွေ့မှုရှိကောင်းရှိနိုင်တယ်လေ။ မရှိရင်တော့ အကောင်းဆုံးပေါ့။ ဒါတွေကိုတော့ လျှော့ချဖို့လုပ်နေတယ်။”
မြန်မာ့တပ်မတော်က အရင်ကထက်စာရင် သတင်းတွေထုတ်ပြန်မယ့် အစီအစဉ်တွေရှိလာတယ်ဆိုတဲ့ သတင်းစလေးကြားလိုက်ပါတယ်။ ဘယ်တော့လောက် စမယ်လို့ ကြားပါလဲ။
“တပ်မတော်က ဆောင်ရွက်မယ်လို့ ကြားတယ်။ အသေးစိတ်တော့ ကျနော်မသိဘူး။ ကျနော်က မြန်မာငြိမ်းချမ်းရေးစင်တာနဲ့ဆိုင်တာတွေကိုပဲ မီဒီယာတွေကို ရှင်းပြဖို့ပေါ့။” 

.. www.MyanmarExpress.net
 

မိတ္ထီလာမြို့ ကယ်ဆယ်ရေး စခန်းများရှိ ပြည်သူများအား တပ်မတော်သား များက နေရပ် အသီးသီးသို့ ပြန်လည် ပို့ဆောင်ပေး

From : ..mwd

နေပြည်တော် မေ ၂
မိတ္ထီလာ မြို့နယ် အတွင်း ကယ်ဆယ်ရေး စခန်း အသီးသီးရှိ ပြည်သူများအား နေရပ် အသီးသီးသို့ ပြန် လည်ပို့ဆောင် ပေးလျက် ရှိရာ မေ ၁ ရက်  နံနက်ပိုင်းတွင် မိတ္ထီလာမြို့ ခရိုင် အားကစားကွင်း ကယ်ဆယ်ရေး စခန်းရှိ မိသားစု ၉၅ စု၊ လူဦးရေ ကျား ၁၉ဝ ဦး ၊ မ ၂၂၇ ဦး ၊ စုစု ပေါင်း ၄၁၇ ဦးတို့အား ရတနာ မာန်အောင် ရပ်ကွက် အတွင်းရှိ ယင်းတို့၏ နေအိမ် အသီးသီးသို့ တပ်မတော်သား များက ဝိုင်းဝန်းကူညီ ပြန်လည် ပို့ဆောင် ပေးခဲ့ကြောင်း သတင်းရရှိသည်။


.. www.MyanmarExpress.net
 

တရုတ်-မွတ်စလင် ပဋိပက္ခဖြစ်ပွားမှုကြောင့် ၃၆ ဦး သေဆုံး

From : ..PYI MYANMAR

PYန်း

တရုတ်နိုင်ငံ ဇီကျန်ဒေသတွင် ဟန်လူမျိုးများနှင့် မွတ်ဆလင် များအကြား လူမျိုးစု ပဋိပက္ခများ ဖြစ်ပွားခဲ့၍ အဓိကရုဏ်း တားဆီးသည့် တရုတ်ရဲ ၁၅ ဦး အပါအဝင် စုစုပေါင်း ၃၆ ဦး သေဆုံးပြီး လူပေါင်းများစွာ ဒဏ်ရာ ရရှိသည်။ အဆိုပါ ပဋိပက္ခသည် ရက်စက် ကြမ်းကြုတ် လွန်းသော အကြမ်းဖက် အဖွဲ့၏ စနစ်တကျ ကြိုတင် အကွက်ချပြီး ကြံစည်မှုကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးမှ ထုတ်ပြန် ကြေညာ ထားသည်။ မတူညီသော လူမျိုးစု နှစ်စု နေထိုင် ကြသည့် အဆိုပါ ဒေသတွင် အချင်းချင်း ပြန်လည် သင့်မြတ်စွာ နေထိုင် နိုင်ရေးသည် အင်မတန် ခက်ခဲကြောင်း တရုတ် ဒေသခံများက နိုင်ငံတကာ သတင်း မီဒီယာများသို့ ရင်ဖွင့်ပြောကြားထားသည်။ ယခုအခါ အဆိုပါ ဒေသတွင် မွတ်ဆလင် လူဦးရေသည် ၄၅ ရာခိုင်နှုန်းအထိ ရှိလာပြီ ဖြစ်သောကြောင့် နယ်မြေခွဲထွက်လိုသူ မွတ်ဆလင်များနှင့် တရုတ် ဒေသခံများ အကြား ပဋိပက္ခများ ကြီးထွား လာသည်။ အပြစ်မဲ့ ပြည်သူများ သေဆုံးရသည့် အဆိုပါ တရုတ်-မွတ်ဆလင် ပဋိပက္ခတွင် သွေးတိုးလှု့ဆော် ပါဝင်ခဲ့သူများနှင့် အကြမ်းဖက် သမားများကို တရုတ်အစိုးရက ဖမ်းဆီးထိန်းသိမ်း ထားသည်။ ၂၀၀၉ ခုနှစ် ကလည်း ဇီကျန်မြို့တော် ယူယန်ကီတွင် တရုတ်-မွတ်ဆလင် ပဋိပက္ခ ဖြစ်ပွားပြီး လူ ၂၀၀ ခန့်သေဆုံး ခဲ့ရသည်။
.
. www.MyanmarExpress.net
 

အရည်အချင်းမရှိပဲ ရရှိ ဒေါ်အောင်ဆန်းစုကြည်၏ နိုဘယ်ဆုအား ရုတ်သိမ်းရန် အင်ဒိုတွင် ဆန္ဒပြ


ယခုအချိန်ထိ ပြည်တွင်းငြိမ်းချမ်းရေ တစ်ခုမှမလုပ်နိုင်၊ ကမ္ဘာ့ငြိမ်းချမ်းရေး အနားမကပ်နိုင်သည့် ဒေါ်အောင်ဆန်းစုကြည်၏ အရည်အချင်းမရှိပဲ ရရှိထားသော နိုဘယ်ဆုအား ပြန်လည်ရုတ်သိမ်းရန် အင်ဒိုနီးရှားနိုင်ငံတွင် မနေ့က ဆန္ဒပြခဲ့ကြသည်။



 .ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျခံရစဉ်က အကျယ်ချုပ်မှလွတ်မြောက်ရေး ဆန္ဒမှုအချို့ရှိခဲ့သော်လည်း ယခု အကျယ်ချုပ်မှ လွတ်မြောက်ပြီး ၃ နှစ် အတွင်း မည်သည့်ငြိမ်းချမ်းရေးတစ်ခုမှ လုပ်ဆောင်နိုင်သည့်အရည်အချင်းမရှိမှုကြောင့် အသုံးမကျပဲရရှိ ထားသော နိုဘယ်ဆုအား ပြန်ရုတ်သိမ်းရေးအတွက် ကမ္ဘာအနှံ့အပြားတွင် ဆန္ဒပြပွဲများ ဆက်တိုက်ပြုလုပ်ခဲ့ကြသည်။

ယနေ့ မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင် ၁၁ ဖွဲ့နှင့် ငြိမ်းချမ်းရေးရှိထားသော်လည်း ဒေါ်အောင်ဆန်းစုကြည် ၏ လုပ်ဆောင်မှုတစ်ခုမှ မပါဝင်ခဲ့ပေ။ ဒေါ်အောင်ဆန်းစုကြည်မှ အစိုးရမှ မကမ်းလှမ်းသဖြင့် မပါရကြောင်း တဖွဖွအော်နေခဲ့သဖြင့် အစိုးရမှ လက်ပံတောင်းတောင်ပြဿနာအား ဖြေရှင်းရန် ကမ်းလှမ်းခဲ့ရာ အခုချိန်ထိ ပြဿနာ မပြေလည်သည့်အပြင် ပိုမိုဆိုးရွားလျှက်ရှိသဖြင့် လူထုက စိတ်ပျက်လျှက်ရှိသည်။

 ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပဋိပက္ခဖြစ်ချိန်က ဥရောပသို့ထွက်ခွာခဲ့ပြီး၊ မတ္ထီလာ ကယ်ဆယ်ရေးကာလတွင် ဂျပန်နိုင်ငံသို့ထွက်ခွာ ခဲ့သည့်အပြင် ဥက္ကံပဋိပက္ခဖြစ်ပွားချိန်တွင် မွန်ဂိုလီးယား၌ ရှိနေခဲ့သည်။ 

ပြဿနာကို ဝင်ရောက်ဖြေရှင်းနိုင်သည့် အရည်အချင်းမရှိသည့် အပြင် ပြဿနာဖြစ်တိုင်း ခေါင်းရှောင်နေတတ်သည့် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းနိုင်ငံတွင် ပြီးခဲ့တဲ့လအတွင်းက မီးရှို့ဆန္ဒပြခဲ့ပြီး ယခု အင်ဒိုနီးရှားတွင် ဆန္ဒပြလျှက်ရှိကာ မြန်မာနိုင်ငံတွင်းတွင်လည်း ဆန္ဒပြရန် စီစဉ်လျှက်ရှိကြောင်း သတင်းရရှိသည်။ 


. www.MyanmarExpress.net