Subscribe to our RSS Feed

ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပမည့်နေရက် သတ်မှတ်ကြေညာ


ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသော မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပမည့်နေ့ရက် သတ်မှတ်ကြေညာခြင်း ကြေညာချက်အမှတ် (၆၁/၂၀၁၁) ကို ဒီဇင်ဘာလ ၂၉ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေပုဒ်မ ၈ ပါ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃၄(ဂ) နှင့် နည်းဥပဒေ ၁၆(က) တို့အရ ၁၃၇၃ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် (၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်) တနင်္ဂနွေနေ့တွင် လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်နေသည့် မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတ်မှတ်ကြေညာလိုက်သည်ဟု ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်