Subscribe to our RSS Feed

၂၀၁၁ ခုနှစ်အတွင်း ထူးခြားသော သတင်းဖြစ်ရပ်များ

(အေအက်ဖ်ပီ)
တင်စိန် ဘာသာပြန်သည်။
အတွဲ ၂၈ ၊ အမှတ် ၅၅၀ ( ၃၀ ၊ ၁၂ ၊ ၂၀၁၁ - ၅ ၊ ၁ ၊ ၂၀၁၂)

ဂျပန်ဆူနာမီရေလှိုင်းကြီးဒဏ်ကြောင့်အပျက်အစီးများခဲ့သည်။
ဓာတ်ပုံ-အေအက်ဖ်ပီ

တူရကီနိုင်ငံအရှေ့ပိုင်း ဗင်မြို့ငလျင်တွင် မွေးကင်းစ ကလေးငယ် တစ်ဦအား ကယ်ဆယ်နိုင်ခဲ့သည်။
ဓာတ်ပုံ - အေအက်ဖ်ပီ

နော်ဝေ သေနတ်သမား။
ဓာတ်ပုံ - အေအက်ဖ်ပီ

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် ၀ါရှီမုန်တိုင်းဒဏ်ခံခဲ့ရသည်။ ဓာတ်ပုံ - အေအက်ဖ်ပီ

အီဂျစ်နိုင်ငံ တာရီယာ ရင်ပြင်၌ ဆန္ဒပြသူများ။
ဓာတ်ပုံ - အေအက်ဖ်ပီ

ထိုင်းနိုင်ငံ၏ မကြုံဖူးသော ရေဘေး။
ဓာတ်ပုံ - အေအက်ဖ်ပီ

ဟားမတ်စ်တို့ လွှတ်ပေးလိုက်သည့် အစ္စရေးစစ်သည် ဂီလာ့ဂ်ရှာလစ်။
ဓာတ်ပုံ - အေအက်ဖ်ပီ

ဇန်န၀ါရီ ၁- အက်စတိုးနီးယားနိုင်ငံသည် ယူရိုငွေကြေးကို တရားဝင်သုံးစွဲ ခဲ့ပြီး ဥရောပငွေကြေးဇုန်၏ ၁၇ နိုင်ငံ မြောက် အဖွဲ့ဝင်ဖြစ်လာသည်။

ဇန်န၀ါရီ ၉-၁၅- တောင်ပိုင်းဆူဒန် တွင် လွတ်လပ်ရေးအတွက် ပြည်သူ့ ဆန္ဒသဘောထား ခံယူသည်။ ဆူဒန်မဲဆန္ဒရှင်များက လွတ်လပ်ရေး ရယူလိုကြောင်း မဲဆန္ဒပေးခဲ့ရာ ဇူလိုင်လအတွင်း နိုင်ငံသစ်ပေါ်ထွန်း လာရေး လမ်းခင်းပေးခြင်းဖြစ်သည်။

ဇန်န၀ါရီ ၁၁- ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေးရိုးပြည်နယ်တွင် ရေလွှမ်းမိုး မှုနှင့် မြေပြိုမှုဘေး ကြုံခဲ့ရပြီး ၉၀၃ ဦး သေဆုံးခဲ့သည်။

ဇန်န၀ါရီ ၁၄- အာရပ်နွေဦးတော်လှန်ရေး ပြင်းထန်သော ကန့်ကွက် ဆန္ဒပြမှု များတိုးလာပြီး တစ်လအကြာတွင် တူနီးရှားအစိုးရ ပြုတ် ကျသည်။ ၂၃ နှစ်ကြာ နိုင်ငံ့အာဏာကိုထိန်းချုပ်ခဲ့ သော သမ္မတ ဇိုင်းလ်အယ်လ်အဘီဒိုင်း ဘင် အလီသည် ဆော်ဒီအာရေဗျနိုင်ငံသို့ ထွက်ပြေးသည်။

ဇန်န၀ါရီ ၂၄- ရုရှားနိုင်ငံ မော်စကိုမြို့ ဒိုမိုဒီဒိုမိုတွင် ဗုံးခွဲ တိုက်ခိုက်ခံရမှုကြောင့် လူ ၃၇ ဦးသေဆုံးပြီး ၁၈၀ ကျော် ဒဏ်ရာရခဲ့သည်။

ဖေဖော်ဝါရီ ၁၁- အာရပ်နွေဦး တော်လှန်ရေး အီဂျစ်သမ္မတ ဟိုစနီ မူဘာရက်သည် သူ့အားရာထူးမှ ဆင်းပေးရန် ကန့်ကွက်ဆန္ဒပြမှုများ ကျယ် ပြန့်စွာ ပေါ်ပေါက်ခဲ့ပြီးနောက် သမ္မတ ရာထူးမှ နုတ်ထွက်သည်။ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ချိန်ထိ နိုင်ငံ့ အာဏာမှာ စစ်တပ် လက်ဝယ်ထိန်းချုပ် ထားမည်ဟု ဆိုသည်။

ဖေဖော်ဝါရီ ၂၂-မတ် ၁၄- အာရပ် နွေဦးတော်လှန်ရေးဖြစ်ပြီး ရက်သတ္တ နှစ်ပတ်ကျော်အကြာတွင် လစ်ဗျားနိုင်ငံ ရေနံထုတ်လုပ်မှု မသေချာ မရေရာမှု ကြောင့် ရေနံစိမ်းဈေးနှုန်း ၂၀ ရာခိုင် နှုန်းမြင့်တက်ခဲ့သည်။

မတ် ၁၁- ဂျပန်နိုင်ငံအရှေ့ပိုင်းတွင် ပြင်းအား ၉ ဒသမ ၁ ရှိသော ငလျင် ကြီးလှုပ်ပြီး မရှေးမနှောင်းမှာပင် ဆူနာမီ ရေလှိုင်းကြီးများ ရိုက်ခတ် သဖြင့် လူပေါင်း ၁၅,၈၄၀ သေဆုံးကာ ၃,၉၂၆ ဦး ပျောက်ဆုံးသည်။ နိုင်ငံပေါင်းနှင့် ပိုင်နက် နယ်ပေါင်း ၅၀ တွင် ဆူနာမီသတိပေး ချက်များ ထုတ်ပြန်ခဲ့သည်။ ငလျင်ဘေး ဒဏ်ကြောင့် နျူကလီးယားဓာတ်အားပေး စက်ရုံ ထိခိုက်ပျက်စီးခဲ့ရာ အရေးပေါ် အခြေအနေကြေညာခဲ့သည်။

မတ် ၁၅- အာရပ်နွေဦးတော်လှန်ရေး ပြည်တွင်းမငြိမ်သက်မှုများကို ချေမှုန်းရန် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီမှ တပ်ဖွဲ့ များစေလွှတ်ခဲ့ချိန်တွင် ဘာရိန်းစော်ဘွား ဟာမက်ဘင်အီဆာ အယ်လ်ခါလီဖာက နိုင်ငံတွင်း သုံးလ အရေးပေါ်အခြေအနေ ကြေ ညာသည်။

မတ် ၁၇- အာရပ်နွေဦးတော်လှန်ရေးနှင့် လစ်ဗျားပြည်တွင်းစစ်။ အရပ်သူ အရပ်သားများကို အစိုးရက အကြမ်းဖက် နှိမ်နင်းတိုက်ခိုက် လျက်ရှိကြောင်း စွပ်စွဲချက်ဖြင့် လစ်ဗျားနိုင်ငံအပေါ် လေယာဉ်မပျံသန်း ရဇုန် သတ်မှတ်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၀ နိုင်ငံ စလုံးက ထောက်ခံမဲပေး၍ ဆုံးဖြတ်သည်။

မတ် ၁၉- လစ်ဗျားခေါင်းဆောင် မိုမာကဒါဖီကို ထောက်ခံသော တပ်ဖွဲ့ များက လစ်ဗျားသူပုန်တို့ကို ဆက်လက် တိုက်ခိုက်နေချိန်တွင် ၁၉၇၃ ခုနှစ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ် ချက်အရ ခွင့်ပြုမှုဖြင့် စစ်ရေးအရ ၀င်ရောက်စွက်ဖက် အရေးယူမှုစတင်သဖြင့် ပြင်သစ် တိုက်ခိုက်ရေး ဂျက် လေယာဉ်များက လစ်ဗျားနိုင်ငံပေါ်တွင် ကင်း လှည့်ပျံသန်းသည်။

ဧပြီ ၁၁- အိုင်ဗရီကို့စ်သမ္မတဟောင်း လောရင့် ဂဘက်ဘိုကို အဘစ်ဂျန်မြို့ရှိ သူ၏နေအိမ်တွင် ရွေးကောက်တင် မြှောက်ခံထား ရသော သမ္မတ အလက်စ် ဆိန်း ဘွာတာရာကို ထောက်ခံသူများ က ပြင်သစ်တပ်ဖွဲ့များ၏ အကူအညီ ဖြင့် ၀င်ရောက်ဖမ်းဆီးခဲ့ရာ ၂၀၁၀-၂၀၁၁ အိုင်ဗရီကို့စ် အရေးအခင်းနှင့် ပြည်တွင်းစစ် အဆုံးသတ်ခဲ့ရသည်။

ဧပြီ ၂၉- လန်ဒန်မြို့ ၀က်စ်မင်စတာ ဘုရားရှိခိုးကျောင်းကြီး၌ ကျင်းပ သော ကင်ဘရစ်မြို့စား မင်းသားဝီလျံနှင့် ကက်သရင်း မစ်ဒဲလ်တန်တို့၏ မင်္ဂလာပွဲ ကို ကမ္ဘာ့ပြည်သူ သန်းနှစ်ထောင်ခန့်က ရုပ်မြင်သံကြားမှ ကြည့်ရှုကြသည်။

မေ ၁- အယ်လ်ကေဒါစစ်သွေးကြွ အုပ်စုကို စတင်တည်ထောင်သူနှင့် အဖွဲ့ခေါင်းဆောင် အိုစမာဘင်လာဒင် သည် ပါကစ္စတန်နိုင်ငံတွင် အမေရိကန် စစ်တပ်၏ စစ်ဆင်ရေးကာလအတွင်း သတ်ဖြတ်ခံ ခဲ့ရ ကြောင်း 'ကန်'သမ္မတ ဘာရက်အိုဘားမားက ကြေညာသည်။

မေ ၂၆- လူမျိုးပြုန်းစစ်ဆင်ရေး၊ စစ် ရာဇ၀တ်မှုနှင့် လူသားမျိုးနွယ်ပေါ် ကျူးလွန်သော ရာဇ၀တ်မှုတို့မှာ ဖမ်းဆီးရန် လိုအပ်နေသော ဘော့ စနီးယား ဆာ့ဘ်တပ်မတော်၏ တပ်မှူးဟောင်း ရက်ကိုမလာဒစ်ကို ဆားဘီးယားတွင် ဖမ်းဆီးရမိသည်။

ဇွန် ၄ - ချီလီနိုင်ငံ ပူယီဟွေး မီးတောင်ပေါက်ကွဲရာ တောင်အမေ ရိက၊ နယူးဇီလန်၊ ဩစတြေးလျတို့သို့ သွားမည့် လေကြောင်းခရီးစဉ်များ အားလုံး ဖျက်သိမ်းလိုက်ရပြီး လူပေါင်း ၃,၀၀၀ ကျော်ကို ဘေး လွတ်ရာသို့ ရွှေ့ပြောင်းပေးရသည်။

ဇွန် ၅ - အာရပ်နွေဦးတော်လှန်ရေး။ ယီမင်သမ္မတ အလီအဗ္ဗဒူလာ ဆာလေ သည် သမ္မတနန်းတော်ကို တိုက်ခိုက်ခံ ရမှုတွင် ရရှိခဲ့သော ဒဏ်ရာကိုဆေးကု သရန် ဆော်ဒီအာရေဗျနိုင်ငံသို့ ထွက်ခွာသည်။ နိုင်ငံ့အာဏာကို သူ၏ ဒုတိယသမ္မတ အဗ္ဗဒယ်လ်ရာ့ဘ် မန်ဆူး အယ်လ်ဟာဒီသို့ လွှဲပြောင်းပေးခြင်း အထိမ်းအမှတ်ကို ကန့်ကွက် ခဲ့ကြသည်။

ဇွန် ၁၂- ဆီးရီးယားတပ်ဖွဲ့များက ဂျီဆာအက်ရှ်ရှူးဂါးမြို့ကို ပိတ်ဆို့ခဲ့သဖြင့် ထောင်ချီရှိသော ဆီးရီးယားလူမျိုးများ တူရကီသို့ ထွက်ပြေးကြသည်။

ဇူလိုင် ၇- ကမ္ဘာပေါ်တွင် ပထမဆုံး သော ခန္ဓာကိုယ်အစိတ်အပိုင်းအတု အစားထိုးခြင်းအဖြစ် ဗီဇဆဲလ်များဖြင့် ဖုံးထားသော လေပြွန်ကို အသုံးပြု၍ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။

ဇူလိုင် ၉- ဇန်န၀ါရီလအတွင်း ကျင်းပခဲ့သော ပြည်လုံးကျွတ်ဆန္ဒခံ ယူပွဲတွင် လွတ်လပ်ရေးရယူရန် ရလဒ် အရ တောင်ပိုင်းသည် ပင်မဆူဒန်နိုင်ငံ ကြီးမှ ခွဲထွက်သည်။

ဇူလိုင် ၂၀- ဂိုရန်ဟာဇစ်ကို ဆာဘီး ယားတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ရာ ယခင် ယူဂိုဆလားဗီးယား နိုင်ငံဟောင်း အတွက် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ် ခုံရုံးမှ ဥပဒေကြောင်းအရ စွဲချက်တင် ခဲ့သည့်လူပေါင်း ၁၆၁ ဦးအနက် နောက်ဆုံးစွဲဆိုခံရသူ ဖြစ်ခဲ့သည်။ ကုလသမဂ္ဂက ဆိုမာလီယာ တောင် ပိုင်းဒေသတွင် အငတ်ဘေးဆိုက်ကြောင်း ကြေညာခဲ့ရာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးဖြစ်သည်။

ဇူလိုင် ၂၁- အာကာသလွန်းပြန်ယာဉ် အတ္တလန္တိစ်သည် နာဆာ၏ အာကာသ လွန်းပြန်ယာဉ်အစီအစဉ် အပါအ၀င် ခရီးစဉ် ၁၃၅ ကို ဆောင်ရွက်ပြီးစီးခဲ့ပြီး ကနေဒီအာကာသစခန်းသို့ အောင်မြင် စွာ ပြန်လည်ဆိုက်ရောက်ခဲ့သည်။

ဇူလိုင် ၂၂- နော်ဝေနိုင်ငံ အော်စလို မြို့ ရေဂ်ဂျာရင်းစကာဗာ တာလက် အစိုးရ အဖွဲ့ရုံးစိုက်ရာဌာနအနီး ဗုံးခွဲတိုက်ခိုက် ခြင်းနှင့် ဥတိုယာကျွန်းရှိ လူငယ်စခန်း တစ်ခုတွင် ပစ်ခတ်မှုဖြစ်ခြင်း စသည့် အကြမ်းဖက်တိုက်ခိုက်မှု နှစ်ရပ်ကြောင့် လူ ၇၆ ဦးသေဆုံးခဲ့သည်။

ဇူလိုင် ၃၁- စက်တင်ဘာ ၂၄- အာရပ် နွေဦးတော်လှန်ရေး။ လွတ်လပ်စွာ ရေးသားဖော်ပြခွင့်ကို ရုတ်တရက် ဖိနှိပ်ချုပ်ချယ်သည့် မူဝါဒနှင့်ဆက်စပ်၍ မသေချာ မရေရာမှုများဖြစ်ပေါ်လာပြီး နောက် ဟာမာမြို့တွင် ဆီးရီးယားနိုင်ငံ စစ်တပ်မှ တင့်ကားများက ပစ်ခတ် နှိမ်နင်းသဖြင့် လူပေါင်း အနည်းဆုံး ၁၂၁ ဦးသေဆုံးခဲ့သည်။ နိုင်ငံတစ်ဝန်း လုံးတွင် လူပေါင်း ၁၅၀ ကျော် သေဆုံး ခဲ့သည်။ ဆီးရီး ယားနိုင်ငံတွင် အကြမ်းဖက်နှိမ်နင်းမှုကြောင့် သေဆုံး သူအရေအတွက် စုစုပေါင်း အတိအကျ မသိနိုင်သော်လည်း စက်တင် ဘာလ ၂၄ ရက်ထိ ခန့်မှန်းခြေအရ လူ ၃,၀၀၀ ကျော် သေဆုံးခဲ့သည်ဆို၏။

ဩဂုတ် ၅- အင်္ဂါဂြိုဟ် စူးစမ်းလေ့လာ ရေးယာဉ်က အင်္ဂါဂြိုဟ်၏ နွေရာသီ ကာလအတွင်း ရေရှိနိုင်သော အထောက်အထားဓာတ်ပုံများ ရိုက်ယူ နိုင်ခဲ့ကြောင်း နာဆာအဖွဲ့က ကြေညာ သည်။ ကြာသပတေးဂြိုဟ်သို့သွားမည့် ပထမဆုံး နေရောင်ခြည်သုံး အာကာသ ယာဉ် ဂျူနိုကို ကာနေဗာရယ်အငူ လေတပ်စခန်းမှ လွှတ်တင်သည်။

ဩဂုတ် ၂၀-၂၈- အာရပ်နွေဦး တော်လှန်ရေးနှင့် လစ်ဗျားပြည်တွင်းစစ်။ ထရီပိုလီတိုက်ပွဲတွင် လစ်ဗျားသူပုန် တို့က နိုင်ငံ၏မြို့ တော်ကို အောင်မြင် စွာ ထိန်းချုပ်နိုင်လိုက်ပြီး မိုမာကဒါဖီ အစိုးရကို ဖြုတ်ချလိုက်သည်။

စက်တင်ဘာ ၅ - အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ၎င်းတို့၏ နှစ်ပေါင်း ၄၀ နယ်နိမိတ်အငြင်းပွားမှုကို အဆုံးသတ်ရန် စာချုပ်တစ်ရပ် လက်မှတ် ရေးထိုးသည်။

စက်တင်ဘာ ၁၀ - ဇန်ဇီဘာ ကူးတို့ သင်္ဘောနစ်မြုပ်ခြင်းတွင် အနည်းဆုံး လူ ၈၀၀ ကျော်တင်ဆောင်လာသော အီဗီ စပိုက်စ် အိုင်းလင်းဒါးသင်္ဘောသည် တန်ကီဘာ ကမ်းလွန်ပင်လယ်ပြင်တွင် နစ်မြုပ်ရာ လူ ၂၄၀ သေဆုံးသည်။

စက်တင်ဘာ ၁၂ - ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တွင် ဓာတ်ဆီပိုက်လိုင်းတစ်ခု ပေါက်ကွဲပြီး ကင်ညာနိုင်ငံသား ၁၀၀ ခန့် သေဆုံးသည်။

စက်တင်ဘာ ၁၉ - ပါကစ္စတန်နိုင်ငံ ဆင်းပြည်နယ် ရေဘေးတွင် လူပေါင်း ၄၃၄ ဦး သေဆုံးခဲ့ပြီး ဒုက္ခသည်များ အတွက် ကယ်ဆယ် ရေးရန်ပုံငွေ ဒေါ်လာ ၃၅၇ သန်းပေးရန် ကုလသမဂ္ဂ အဖွဲ့ကြီးက မေတ္တာရပ်ခံခဲ့သည်။

အောက်တိုဘာ ၄ - ဆိုမာလီယာ နိုင်ငံမြို့တော် မိုဂါဒစ်ရှူးတွင် ကားဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူ ၁၀၀ ကျော် သေဆုံးသည်။

- ထိုင်းနိုင်ငံတွင် ပြင်းထန်သော မုတ်သုံရာသီကာလအတွင်း ရေဘေး ကြုံခဲ့သဖြင့် လူ ၆၅၇ ဦးသေဆုံးပြီး နိုင်ငံ၏ ပြည်နယ် ၇၇ ပြည်နယ်အနက် ၅၈ ပြည်နယ် ရေလွှမ်းမိုးခံခဲ့ရသည်။

- ကမ္ဘောဒီးယားနိုင်ငံတွင် မဲခေါင် မြစ်ရေလျှံခဲ့ရာ ရေလွှမ်းမိုးမှုဘေး ကြောင့် ၂၀၇ ဦး သေဆုံးသည်။

အောက်တိုဘာ ၁၈ - အစ္စရေးနှင့် ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်တို့၏ အကျဉ်းသားလဲလှယ်မှု အစီအစဉ် စတင်သည်။ ၎င်းအစီအစဉ် အရ ဟားမတ်စ်တို့ ဖမ်းဆီးထားသော အစ္စရေးကြည်းတပ်မှ စစ်သည် ဂီလတ် ရှာလစ် လွတ်မြောက်လာပြီး အပြန် အလှန်သဘောအရ အကြမ်းဖက်တိုက် ခိုက်မှု ကျူးလွန်သူနှင့် ကျူးလွန်ရန်ကြံ စည်မှုတွင်ပါဝင်၍ သေဒဏ်ကျခံထား ရသူ အကျဉ်းသား ၂၈၀ အပါအ၀င် အစ္စရေးတို့ဖမ်းဆီးထားသည့် ပါလက် စတိုင်းနှင့် အစ္စရေး-အာရပ်အကျဉ်းသား ပေါင်း ၁,၀၂၇ ဦးကို လွှတ်ပေးခဲ့သည်။

အောက်တိုဘာ ၂၀ - အမျိုးသား အသွင်ကူးပြောင်းရေးကောင်စီ တပ်ဖွဲ့ များက ဆာတီမြို့ကို ထိန်းချုပ်လိုက်ပြီး လစ်ဗျား ခေါင်းဆောင် မိုမာကဒါဖီ သတ် ဖြတ်ခံရသဖြင့် စစ်ပြီးဆုံးသွားသည်။

အောက်တိုဘာ ၂၃ - တူရကီနိုင်ငံ အရှေ့ပိုင်း ဗင်မြို့အနီးတွင် ပြင်းအား ၇ ဒသမ ၂ ရှိသော ငလျင်ကြီးလှုပ်ခဲ့ရာ လူပေါင်း ၆၀၄ ဦးသေဆုံးပြီး အဆောက် အအုံ ၂,၂၀၀ ခန့် ပျက်စီးခဲ့သည်။

အောက်တိုဘာ ၂၇ - ဥရောပသမဂ္ဂ သည် ဘရပ်ဆဲလ်မြို့တွင် အရေးပေါ် အစည်းအဝေးတစ်ရပ် ကျင်းပပြီးနောက် ဥရောပကြွေးမြီ အကျပ်အတည်းကို ဖြေရှင်းရန် သဘောတူညီချက်တစ်ရပ် ကို ကြေညာသည်။

အောက်တိုဘာ ၃၁ - ကမ္ဘာ့လူဦးရေ သန်း ခုနစ်ထောင်ပြည့်သောနေ့ဖြစ်ရာ ကုလသမဂ္ဂက ထူးခြားထင်ရှားသော နေ့အဖြစ် ရွေးချယ်သတ်မှတ်ခဲ့သည်။

- ကုလသမဂ္ဂ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့က ပါလက်စတိုင်းအား ၁၀၇ နိုင်ငံ၏ ထောက်ခံမဲဖြင့် အဖွဲ့ဝင်အဖြစ် လက်ခံခဲ့ သည်။ ၁၄ နိုင်ငံကန့်ကွက်မဲပေးသည်။

နိုဝင်ဘာ ၂၆ - ယခုအချိန်ထိ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးတွင် အထူးခြားဆုံးဖြစ်သော အင်္ဂါဂြိုဟ် သိပ္ပံ ဓာတ်ခွဲခန်းယာဉ် ကျူရီယိုစီတီကို ကနေဒီ အာကာသလေ့လာရေး ဗဟိုဌာနမှ လွှတ်တင်သည်။ ၂၀၁၂ ခုနှစ် ဩဂုတ်လ ၅ ရက်တွင် ၎င်းယာဉ် အင်္ဂါဂြိုဟ်ပေါ်သို့ ဆင်းသက်မည်ဖြစ်သည်။

ဒီဇင်ဘာ ၁၅ - အီရတ်စစ်ပွဲပြီးဆုံး ကြောင်း အမေရိကန်ပြည်ထောင်စုက တရားဝင်ကြေညာသည်။

ဒီဇင်ဘာ ၁၆ - အပူပိုင်းမုန်တိုင်း ၀ါရှီသည် ဖိလစ်ပိုင်နိုင်ငံကို ၀င်ရောက် တိုက်ခတ်ရာ ရေလွှမ်းမိုးမှုဘေး ကြုံခဲ့ပြီး အနည်းဆုံးလူ ၁,၀၁၀ သေဆုံးကာ ၁,၀၀၀ ကျော် ပျောက်ဆုံးလျက် ရှိသည်။


Myanmar Times

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်