Subscribe to our RSS Feed

ဗုဒ္ဓဘာသာနှင့် အစ္စလာမ် ဘာသာဝင်တို့ အကြား ပဋိပက္ခ ကြီးထွားရန် လှုံ့ဆော်သည့် လုပ်ကြံ သတင်းများ မပြုလုပ်ရန် တစ်ကမ္ဘာလုံးရှိ သတင်းဌာများသို့ တောင်းဆို


From : ပြန်ကြားရေးဝန်ကြီးဌာန website

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ပတ်သက်၍ အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ နှင့် အခြားသော ဘာသာများဖြင့် အင်တာနက် ဝက်ဘ်ဆိုက်များတွင် မဟုတ်မမှန်သော ဓာတ်ပုံများ ထည့်သွင်းဖော်ပြထားသည့် ကိစ္စနှင့် စပ်လျဉ်း၍ မကြာသေးမီက ဝက်ဘ်ဆိုက် အချို့တွင် မြန်မာနိုင်ငံ နှင့် မသက်ဆိုင်သော အခြားပြည်ပနိုင်ငံအချို့မှ လူအများ အစုလိုက် အပြုံလိုက် သေဆုံးနေသည့် ပုံများကို မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသည့်ဟန်ဖြင့် ထင်ယောင် ထင်မှား ဖြစ်စေရေန် အင်တာနက်သတင်း ဝက်ဘ်ဆိုက်များ၌ ရုပ်ပုံများ ထည့်သွင်း ဖော်ပြခဲ့ပါသည်။

ထိုသို့ ထည့်သွင်း ဖော်ပြသည့် ဓာတ်ပုံများအနက် လူများ အစုလိုက် သေဆုံးနေသည့် ရုပ်အလောင်းများ ရှေ့တွင် ရပ်ကြည့်နေသော တိဘက် ဘုန်းတော်ကြီးပုံမှာ တိဘက်ဒေသ အရှေ့ပိုင်းတွင် ၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၁၄ ရက်နေ့က ပြင်းထန်သည့် ငလျင်ဒဏ်ကြောင့် သေဆုံးကြသူများအား ရိုက်ကူးထားသည့် ပုံဖြစ်ကြောင်း၊ ယင်းကိစ္စနှင့် စပ်လျဉ်း၍ အဆိုပါ ပုံကို ဖော်ပြသော ပါကစ္စတန်နိုင်ငံမှ လွှင့်တင်သည့် ဝက်ဘ်ဆိုက်ဖြစ်သော www.columnpk.com သို့ စာရေးသားပေးပို့ပြီး အဆိုပါ မဟုတ်မမှန်သည့် သတင်းအား ဖယ်ရှားပေးရန် တောင်းဆိုခဲ့ရာ ထိုဓာတ်ပုံကို www.columnpk.com ဝက်ဘ်ဆိုက်မှ ဖယ်ရှားခဲ့ပါသည်။ သို့ရာတွင် အချို့သော သတင်းဌာနများက အဆိုပါ ဓာတ်ပုံများကို အင်တာနက် စာမျက်နှာများပေါ်တွင် ဆက်လက် အသုံးပြုနေဆဲ ဖြစ်ကြောင်း၊ သို့ဖြစ်ရာ ဗုဒ္ဓဘာသာနှင့် အစ္စလာမ် ဘာသာဝင်တို့ အကြား ပဋိပက္ခ ကြီးထွားရန် လှုံ့ဆော်စေမည့် မဟုတ်မမှန် လုပ်ကြံ ဖန်တီးသည့် ယင်းလုပ်ရပ်မျိုးကို ရှောင်ကြဉ်ကြပါရန် တစ်ကမ္ဘာလုံးရှိ သတင်းဌာနများကို မေတ္တာရပ်ခံကြောင်း အိန္ဒိယနိုင်ငံ အခြေစိုက် တိဘက် အဖွဲ့ အစည်းတစ်ရပ်မှ သတင်း ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ တိဘက် အဖွဲ့အစည်း၏ သတင်းထုတ်ပြန်ချက်အား အောက်ဖော်ပြပါ Link တွင် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်-

www.tibet.net/2012/14/press-release-on-usage-of-misleading-photos-of-tibetan-monks-in-media-reports-on-myanmar-conflict/


Myanmar Express

4 comments:

ခုလိုမဟုတ်မမှန် ပုံတွေသတင်းတွေ လွှင့်ပြီး သူများဘာသာဝင်တွေကို စွပ်စွဲဖိအားပေး ကျီးလိုဝိုင်းအာကြတာ မွတ်ဆလိန်တွေရဲ့ စောက်ကျင့်ဘဲ။ သူများဘာသာကို နိုင်ထက်စီးနင်းမလုပ်ရရင် ဒီကောင်တွေအချင်းချင်း မျိုးပြုတ်အောင် သတ်နေကြတာဘဲ။ အချင်းချင်းသတ်နေတဲ့ ကောင်တွေကို အနုမြူလက်နက်တွေ နှစ်ဘက်စလုံးကို ထောက်ပံ့ပေးလိုက်ရမှာ။ ဒါမှမျိုးပြုတ်ပြီး ကမ္ဘာကြီးလည်းငြိမ်းချမ်းသွားမှာ။

ခွေးမွတ်စလင်။

STOP ISLAMIZATION OF MYANMAR !

STOP ISLAMIZATION OF EUROPE !

STOP ISLAMIZATION OF THE WORLD !

or else?

:)

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်