Subscribe to our RSS Feed

တဏှာရူး သွန်းနေစိုးကို အမှုဖွင့်ပြီ


"မင်းကိုနိုင် (သို့) ဒီမိုကရေစီ သူရဲကောင်း" ။ "မင်းကိုနိုင်၏ ဒီမိုကရေစီဖဲကြိုးဖြတ် ခရီးရှည်" ။ "ထူးဆန်းအံဖွယ်ကောင်းလှစွာသော အကယ်ဒမီ" ။ "ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် မြန်မာ့ ကျက်သရေဆောင်" ။ "ဇာဂနာ သို့မဟုတ် လူထုအော်လံ " စတဲ့ ဆောင်းပါး များဖြင့် နာမည်ကျော်ကြားလာသူ တဏှာစိတ် ငယ်ထိပ်ရောက် စာရေး ဆရာ သွန်းနေစိုး (ဒဿကျော်စွာ)ကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၆၆ (ကာမ လိမ်လည် ပြန်ပေးဆွဲမှု)ဖြင့် မင်္ဂလာတောင်ညွန့် ရဲတပ်ဖွဲ့ စခန်းတွင် ဧပြီလ ၂ရ ရက်နေ့ကစ၍ အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့ စခန်းနှင့် ကာယကံရှင်များထံမှ သိရသည်။

အဆောင်တွင် နေထိုင်သည့် သမီး ဖြစ်သူ ပျောက်ဆုံးသွားသဖြင့် လိုက်လံ စုံစမ်းရာ စာရေးဆရာ သွန်းနေစိုးက တက္ကသိုလ် ကျောင်းဝင်း အတွင်း ဝင်ရောက်၍ အကြမ်းဖက် ခေါ်ယူသွားသည် ကိုကြားသိရကြောင်း၊ ယင်းကြောင့် မင်္ဂလာတောင်ညွန့် ရဲတပ်ဖွဲ့စခန်းတွင် ပ/၄၀၈/ ၂၀၁၂ဖြင့် အမှုဖွင့် တိုင်တန်း ခဲ့ကြောင်း အဆိုပါ တက္ကသိုလ် ကျောင်းသူ ၏ဖခင်ဖြစ်သူ ဦးလှကြိုင်က ဆိုသည်။

သမီးဖြစ်သူက မိခင်ဖြစ်သူကို နာရီ ဝက်အတွင်း လာရောက် ခေါ်ယူရန် ဧပြီ လ ၂ရ ရက်နေ့ ညနေပိုင်းတွင် ဖုန်းဖြင့် ဆက်သွယ် ပြောကြားသဖြင့် ၎င်းတို့ နှစ်ဦး၏ တည်နေရာကို သိရှိကာ သက် ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းကို အကြောင်း ကြားခဲ့ကြောင်း ၎င်းက ပြောကြား သည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်