Subscribe to our RSS Feed

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အော်တိုကြိုးဖုန်းများကို အရစ်ကျစနစ်ဖြင့် ငါးရစ်ခွဲ၍ ရောင်းချပေးမည်


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အော်တိုတယ်လီဖုန်း ကြိုးဖုန်းများကို ၂.၁.၂၀၁၂ နေ့မှ စတင်ကာ ငါးရစ်ခွဲ၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ကနဦးတပ်ဆင်ခ ခြောက်သိန်းခွဲဖြင့် ငှားရမ်းသုံးစွဲခွင့် ပြုပေးမည်ဖြစ်ပြီး ပထမအရစ် ငွေပေးသွင်းပြီး ၃ ရက်အတွင်း တယ်လီဖုန်းများ တပ်ဆင်နိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။ ငှားရမ်းတပ်ဆင် သုံးစွဲခွင့်ပြုမည့် အစီအစဉ်မှာ ပထမအရစ်အတွက် ကျပ် သုံးသိန်းကို စာချုပ်ချုပ်ဆိုမည့်နေ့တွင် လည်းကောင်း၊ ဒုတိယအရစ်အတွက် ကျပ် တစ်သိန်းကို စာချုပ်ချုပ်ဆို၍ ၂ လပြည့်ပြီးလ၏ လဆန်း ၅ ရက်အတွင်းတွင် လည်းကောင်း ပေးဆောင်ရမည်ဖြစ်သည်။ တတိယအရစ်အတွက် ကျပ် ၁ သိန်းကို စာချုပ်ချုပ်ဆို၍ ၄ လပြည့်ပြီးလ၏ လဆန်း ၅ ရက်အတွင်းတွင်လည်းကောင်း၊ စတုတ္ထအရစ်အတွက် ကျပ် ၁ သိန်းကို စာချုပ်ချုပ်ဆို၍ ၆ လပြည့်ပြီးလ၏ လဆန်း ၅ ရက်အတွင်းတွင်လည်းကောင်း၊ ပဉ္စမအရစ်အတွက် ကျပ် ငါးသောင်းကို စာချုပ်ချုပ်ဆို၍ ၈ လပြည့်ပြီးလ၏ လဆန်း ၅ ရက်အတွင်းတွင်လည်းကောင်း ပေးသွင်းရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ အသေးစိတ်ကို နီးစပ်ရာ မြန်မာ့ဆက်သွယ်ရေးရုံးများတွင် မေးမြန်းစုံစမ်းနိုင်မည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်