Subscribe to our RSS Feed

ဗိုလ်ချုပ်ပြောသွားခဲ့တဲ့ ဖာနိုင်ငံဖြစ်သွားလိမ့်မယ်

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတလွှားမှ မြန်မာအမျိုးသမီးများ အမျိုးအနွယ် စောင့်ထိန်းကြပါ။ အနေချောင်ဖို့ အမျိုးဂုဏ်သိက္ခာကို မဖျက်စီးကြပါနဲ့ဗျာ....."ဗိုလ်ချုပ်ပြောခဲ့တဲ့ ဖာနိုင်ငံဖြစ်သွားလိမ့်မယ်" ဆိုတဲ့စကားကို အမှတ်ရ နှလုံးသွင်းဆင်ခြင်ပေးကြပါ။....(တောင်းဆိုချက်။ ။ သူငယ်ချင်းများ ဤဆောင်းပါးကိုဆက်ပြီး share လုပ်ပေးခြင်းဖြင့် အမျိုးသားရေးအသိဖြင့် အသိပေးဖြန့်ဝေ ကူညီတားဆီးပေးကြပါ၊ ကျေးဇူးအထူးတင်ပါသည်ခင်ဗျာ)။

* နေနဲ့လ ရွှေနဲ့ဘ*

မနေ့ကအုတ်အော်သောင်းတင်းဖြစ်သွာ

းတဲ့ ဗီဒီယို နဲ့ဆက်နွယ်နေလို့ပါ။ နေနဲ့လ ရွှေနဲ့ဘ ဒီဆောင်းပါးလေးကို ရေးဖို့ စဉ်းစားမိနေတာ တော်တော်ကြာနေပါပြီ။ ဒါပေမယ့် ရေးသင့်မသင့် စဉ်းစားမိတာလည်း အခါခါပါပဲ။ ဒါပေမယ့် ဒီအချိန်မှာတော့ ရေးဖို့လိုလာပြီလို့ ထင်မိတဲ့အတွက် ရေးလိုက်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသူ၊သားတွေဟာ အကြောင်းအမျိုးမျိုးကြောင့် အမိမြေကို စွန့်ခွာပြီး တိုင်းတပါး အိမ်နီးချင်းနိုင်ငံတွေမှာ လာရောက်နေထိုင် ရှာဖွေစားသောက်ရပါတယ်။ မြန်မာလူမျိုးတွေ နိုင်ငံခြားကို သွားရောက်အလုပ်လုပ်ကိုင်ရာမှာ ထိုင်းနိုင်ငံကို သွားရောက်မှုနှုန်း အမြင့်ဆုံးဖြစ်ပြီး ဒုတိယအများဆုံး မလေးရှား နဲ့ တတိယ စင်္ကာပူလို့ ယေဘူယျ သိရပါတယ်။ မြန်မာလူမျိုးတွေ အများဆုံးနေထိုင်တဲ့ ထိုင်းနိုင်ငံမှာ မြန်မာတွေ အနှိပ်စက်အညှင်းပန်းခံရတယ်တဲ့ သတင်းတွေ၊ အဖြစ်အပျက်တွေ အတော်များများ ထွက်ပေါ်ခဲ့ပါတယ်။ ဒေသခံ ထိုင်းလူမျိုးတွေရဲ့ နှိပ်စက် အနိုင်ကျင့်မှုတွေက ဒုနဲ့ဒေးပါပဲ။ ဒုတိယအများဆုံးဖြစ်တဲ့ မလေးရှားရဲ့ အခြေအနေနဲ့ ဇာတ်လမ်းကတော့ တမျိုးပါ၊ မလေးရှားက အလုပ်ရှင်တွေ အေးဂျင့်တွေ၊ ဒေသခံတချို့တွေရဲ့ ဆိုးယုတ်မှု တချို့က လွဲလို့ တော်တော်များများက အိုကေပါတယ်။ အထောက်အထားဘာ တခုမှ မရှိဘဲနဲ့ နိုင်ငံအနှံ လျှောက်သွားနိုင်တာ၊ အလုပ်ဝင်လုပ်နိုင်တာ ယူအန်လျှောက်နိုင်တာ၊ ယူအန်ကိုင်ထားပြီး အလုပ်လုပ်နိုင်တာ စသဖြင့် အမြောက်အများပါပဲ။


အဲဒီတော့ဗျာ ... အရင်က ...မလေးရှားမှာ မြန်မာယောကျာ်း တော်တော်များပေမယ့် မြန်မာမဆိုရင် လက်ချိုးရေလို့ရတယ်။ အဲဒီမိန်းကလေးကို တခြားမြို့တွေကတောင် လာလာကြည့်ကြရတယ်။ အဲဒီလောက်ထိ မြန်မာမ ကို ငတ်မွတ်ကြတာ၊ ( တဏှာစိတ်ဖြင့် ငတ်မွတ်မှုမျိုး မဟုတ် )။ ထိုအချိန်က မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကြသည့် နိုင်ငံခြားသားများထဲတွင် အင်ဒိုနီးရှားက အများဆုံး၊ ဒုတိယ ဘင်္ဂလား၊ တတိယ မြန်မာ ၊ စတုတ္ထ နီပေါ နောက်ပိုင်း ဗီယက်နမ် နှင့် တခြားအိမ်နီးချင်းတွေ ဖြစ်ပါတယ်။ အင်ဒိုတွေကို မြန်မာတွေက "အ" လို့ ခေါ်လေ့ရှိကြတယ်။ အလုပ်လာလုပ်တဲ့ အင်ဒို တွေထဲမှာ အင်ဒိုမ တွေလည်း အတော်များများပါပါတယ်။ မလေးရှားနဲ့ ဘာသာစကား နီးစပ်မှု ကိုးကွယ်မှု တူညီမှုတွေကြောင့် အင်ဒိုတွေလည်း ဒီမှာ တော်တော် အနေချောင်ပါတယ်။ အင်ဒိုတွေရဲ့ အလေ့အထက မိန်းမတွေကို တစ်ယောက်ပြီး တစ်ယောက်ယူတက်တာ၊ အခန့်မသင့်ရင်ရိုက်နှက်တက်တာ၊ အလုပ်မလုပ်ဘဲ မိန်းမ လုပ်စာထိုင်စားတက်တာ၊ မူးယစ်ဆေး သုံးတာ အဲဒီလို ပုံစံမျိုးတွေ ၇ှိပါတယ် ( အင်ဒိုအားလုံးကို မဆိုလိုပါ)။


အင်ဒိုမတွေကလည်း တော်တော်ကို သည်းခံကြပါတယ်။ အလုပ်လုပ်မကျွေးလည်း သူတို့ကြို့က်ပြီဆို ရှာကျွေးတယ် ၊ မီးဖိုချောင် အချက်အပြုတ်ကိစ္စ၊ အလျှော်အဖွတ် ကိစ္စ အစစ အရာရာ တာဝန်ယူတယ်၊ ကြင်နာတက်ကြတယ်။ သူတို့ ယဉ်ကျေးမှုကလည်း ၁၃ နှစ်ဆို ယောက်ကျာ်းယူပြီးပြီ၊ တချို့ဆို သုံးယောက် နှစ်ယောက်၊ အဲဒါက အင်ဒိုမှာ ကျန်ခဲ့တာ ဒီမှာလည်း ထပ်ယူကြတယ်။ အဲဒီလို ဇ လေးတွေလည်း ၇ှိပါတယ်။ အဲဒီမှာ ဇာတ်လမ်းက စတော့တာပါပဲ ကြင်နာတတ်တဲ့ မြန်မာယောက်ျားတွေနဲ့ အချစ်ငတ်နေတဲ့ အင်ဒိုမလေးတွေရဲ့ .... နိုင်ငံခြားရောက် တခန်းရပ် ပြဇာတ်လို့ပဲ ပြောရမလား၊ နှစ်နိုင်ငံ ချစ်ကြည်ရေးလမ်းစလို့ပဲ ပြောရမလား၊ ဒါမှမဟုတ် နိုင်ငံခြားမှာ အလုပ်လာလုပ်နေတဲ့ ဘ၀တူအချင်းချင်း ရိုင်းပင်းကြတာလိုလို ... စသဖြင့်ပေါ့ဗျာ။ မြန်မာ တော်တော်များများ အ မတွေကို ယူကြတယ်။ တချို့ကလည်း အပျော်၊ တချို့ ကလည်း အတည်၊ တချို့ကလည်း ပျော်ရာကနေ တည်သွားကြတာ၊ ကလေးတွေ ယူလို့ အင်ဒိုမတွေကလည်း မြန်မာလိုတွေ ပြောလို့ .... သာယာလိုက်တာဗျာ၊ မလေးရှားမှာ အင်ဒို မြန်မာ ချစ်ကြည်ရေးပေါ့၊


အင်ဒိုဖက်က ဘယ်လို ပြောလည်း တော့ မသိဘူး၊ မြန်မာဖက်မှာတော့ ဆိုရိုးစကားပုံလေး တခု ထွက်လာတယ်၊ နေနဲ့လ ရွှေနဲ့အ တဲ့ သိပ်ကို လိုက်ဖက်တယ်ဗျာ၊ နေနဲ့လ ရွှေနဲ့မြ လိုပေါ့ ... ဒါပေမယ့်ဗျာ .. ထုံးစံအတိုင်းပေါ့ ကောင်းခန်းဆိုရင် သိပ်မကြာပါဘူး၊ မလေးရှားကို ရွှေအင်းဝ ကုမ္ပဏီက မြန်မာအလုပ်သမားတွေကို စက်ရုံက ထုတ်ကုန်လို အုံလိုက်ကျင်းလိုက်ကို ပို့ပေးလိုက်တာ၊ မြန်မာလူမျိုးတွေက ပထမ အများဆုံး ဖြစ်သွားလေတယ်ဗျာ၊ အဲဒီမှာ မြန်မာယောက်ကျာ်းတွေတင် မက မြန်မာ မလေးတွေပါ အုံလိုက်ကျင်းလိုက် ပါလာပါတော့တယ်။ အေးဂျင့်မကောင်းလို့ ၊ သူဋ္ဌေးမကောင်းလို့ စသဖြင့် အိုလိုက်ကြတာတဲ့(အိုဗာစတေး) မြန်မာတွေကလည်း အများအပြားပါပဲ။ အိုတော့ အလုပ်မရှိ ရတဲ့ ဈေးနဲ့ ၀င်လုပ်၊ သူဋ္ဌေးတွေကလည်း အဲဒီမှာ မြန်မာတွေ ဈေးပေါမှန်း သိလာတော့ လုပ်ခတွေကို နှိမ်လာတယ်၊ တစ်ယောက်သွားရင် နှစ်ယောက်လာမယ် ဆိုတာလည်း သိတယ်။ အဲဒီလိုနဲ့ မလေးရှားမှာ မြန်မာ အလုပ်သမားဈေးကွက် ပျက်တော့တာပါပဲ။


မြန်မာတွေ မတရားခံရတဲ့ သတင်းတွေ အတော်များများကြားလာရတယ်၊ မြင်လာရတယ်၊ အဲဒီလိုနဲ့ မလေးရှားမှာ မြန်မာလူမျိုးတွေက အနှိမ်ခံလိုလို ဘာလိုလို ဖြစ်လာတယ်။ မြန်မာတွေ မတရားခံရတဲ့ ကိစ္စတွေကို ဖြေရှင်းပေးဖို့ အဖွဲ့အစည်းတွေလည်း ပေါ်လာတယ်။ တချို့က မှန်ကန်တယ်၊ တချို့ မမှန်ကန်ဘူး။ မလေးရှားရောက် မြန်မာလူမျိုးတွေ ခံစားနေရတဲ့ ဒုက္ခတွေကို ကူညီဖြေရှင်းပေးဖို့ မြန်မာ သံရုံးက မအားလပ်ပါဘူး။ သူတို့ကိုလည်း အပြစ်မပြောလိုပါဘူး၊ လူအင်အားနည်းတယ်လေ။ ရှိတဲ့ လူလေးနဲ့ အခွန်ကောက်ဖို့အတွက် လုပ်ရတယ်၊ ဟိုပွဲ ဒီပွဲ တက်ရနဲ့ မအားပါဘူးလေ၊ အဲဒီလို အခြေအနေတွေကြောင့် အဖွဲ့အစည်းတွေလည်း ပေါ်ပေါက်လာခဲ့ရတယ်။ မြန်မာလူမျိုးတွေ နိုင်ငံခြားမှာ အလုပ်လုပ်ရတော့ အချင်းချင်း ရိုင်းပင်းကြပါတယ်၊ အရင်ရောက်နေတဲ့ လူတွေက နောက်မှ ရောက်လာတဲ့ လူတွေကို စောင့်ရှောက်ပါတယ်။ အဲဒီလိုပဲ စောင့်ရှောက်တဲ့ သူတွေ ရှိသလို အချင်းချင်း အမြတ်ထုတ်တဲ့ သူတွေလည်း ရှိပါတယ်။ မြန်မာမလေးတွေ နိုင်ငံခြားကို မလယ်မ၀ယ်နဲ့ ရောက်လာတယ်။ အလုပ်မကောင်းတော့ အိုဗာစတေး ဖြစ်ရတယ်။ ပိုက်ဆံမရှိ၊ စားစရာ မရှိတဲ့အပြင် ရဲကိုပါ ကြောက်နေရသေးတယ်။ သူတို့ရဲ့ ဘ၀က လုံခြုံမှု လုံးဝမရှိဘူး ။ဘေးနားမှာ ဆွဲစားမဲ့ ကောင်တွေက ၀ိုင်းနေတယ်။


နိုင်ငံခြားသားတွေရော၊ ကိုယ့်မြန်မာအချင်းချင်းထဲကပါ စိတ်မချရဘူး။ အဲဒီလို အခြေအနေမျိုးမှာ အားကိုးရာကို ရှာကြပါတယ်။ လူကောင်းသူကောင်းတွေနဲ့ တွေ့ပြီး အဲဒီမိန်းကလေးတွေရဲ့ ဘ၀လေးတွေ လုံခြုံသွားသလို။ နှမချင်းမစာနာတဲ့ ကောင်တွေကြောင့် ဘ၀ပျက်သွားတဲ့ မိန်းကလေးတွေလည်း မရေနိုင်ပါဘူး။ တချို့သော မိန်းကလေးတွေကျတော့ ငါ မလေးရှားရောက်နေပြီ။ င့ါပိုက်ဆံ ငါ ရှာစားတာ၊ ဘယ်သူမှ ဂရုစိုက်စရာမလိုဘူး ဆိုတဲ့ စကားကို လက်ဝယ်ထားပြီး နေချင်သလို နေကြတယ်။ ပိုက်ဆံ ၃၀၀ တန် ဖုန်းတစ်လုံး လောက်နဲ့ လိုက်အိပ်ကြတာတွေလည်း အများကြီးပဲ။ ဘဲတွေ တစ်ယောက်ပြီးတစ်ယောက်တွဲမယ်၊ ပိုက်ဆံချူမယ်။ နောက်ဆုံး အပျက်တပိုင်းဖြစ်မယ်။ မြန်မာတွေ မသုံးတော့ဘူး ဆိုရင် ဘေးနားက ဘင်္ဂလားဒေ့ရှ်တွေ၊ နီပေါတွေနဲ့ လိုက်အိပ်မယ်။ ပိုက်ဆံချူမယ်။


ပထမ မသိမသာတွဲတယ် နောက်ပိုင်း ပေါ်တင်တွဲတယ်။ ဘေးနားက မြန်မာတွေက အဲဒီလို အခြေအနေကို လက်မခံနိုင်တော့ ၀ိုင်းပြောကြတယ်။ သူတို့က စောနကပြောသလို နင့်အပူပါလား။ ငါ့ထမင်းငါ ရှာစားတာ . .. ပြီးတော့ အယုတ္တအနတ္တတွေ ပြောလွတ်လိုက်မယ်။ မြန်မာတွေက ပြောမရတော့ သူတို့ကောင် ဘင်္ဂလားတွေ၊ နီပေါတွေကို သွားရိုက်။ ဟိုဖက်က လူတွေကလည်း လူပြန်စုပြီး မြန်မာတွေကို ပြန်ရိုက်။ အဲဒါနဲ့ပဲ သံသရာတွေ လည်နေတာ။ သူတို့ကတော့ အေးဆေးပဲ၊ နောက်တစ်ယောက်တောင် ပြောင်းရင် ပြောင်းသွားအုန်းမယ်။ အဲလိုဆိုတော့ ဘယ်လို လုပ်မလဲ ၊ ပြီးတော့ ဘင်္ဂလားတို့၊ နီပေါတို့ ရဲ့ ဇ ကလည်း မသေးဘူး။ ပလာတာ တစ်ချပ် စားပြီး တစ်နေ့လုံး အလုပ်လုပ်နိုင်တယ်၊ ထမင်းစားလည်း ငရုတ်သီးတစ်တောင့်နဲ့ဆို ဖြစ်တယ်။ ဒါပေမယ့် မိန်းမ မရှိလို့မရဘူး။ ဒီမှာရှိတဲ့ (ဇိမ်ခန်း) တွေမှာ သူတို့ချည်းပဲ ပြည့်နေတာ၊ တနင်္ဂနွေတိုင်း အားပေးကြတယ်။ မိန်းမအတွက်ဆို လစာအကုန်သုံးတယ်။ ကြိုက်သလောက်တောင်း ကြိုက်သလောက်ပေးတယ်။


မိန်းမဆိုပြီးရော အကုန်ရတယ်။ သူတို့အစွမ်းကလည်း မသေးဘူးနော်၊ မလေးရှားအစိုးရကတောင် ဘင်္ဂလားဒေ့ရှ်ကို ထပ်ဝင်ခွင့်မပေးဘဲ ပါမစ်ပိတ်ရတယ်။ သူတို့ မလေးမတွေ ဘင်္ဂလားစာ မိသွားတာ မနည်းဘူးနော်။ အစိုးရကတောင် ကြောက်ရတယ်။ ဒီမှာရောက်နေတဲ့ မြန်မာမိန်းကလေးတချို့ တွေကလည်း ကိုယ့်ထက် ပညာပိုတတ်လို့ ချမ်းသာလို့သာ မခံချင်စိတ်မရှိဘဲ နေရင်နေမယ်။ ကိုယ့်ထက် ပိုချောရင်.. ပိုပြီး ဘဲကြည်ရင်.. အလှပြင်ပစ္စည်းတွေ ပိုသုံးနိုင်ရင် မခံချင်စိတ်က ဖြစ်ရော။ အဲဒီကိစ္စတွေမှာတော့ အစွမ်းကုန် ပညာကုန် ထုတ်သုံးပြီး ပြိုင်ကြတော့တာပဲ၊ သူက ဘင်္ဂလားဆိုရင် ငါက နီပေါနဲ့ပါ တွဲပြလိုက်မယ်။ မလေးနဲ့ အိန္ဒိယနဲ့ တရုတ်နဲ့ အစုံပေါ့၊ အဲဒီလို မိန်းကလေး တချို့ကြောင့် ဘေးနားက သန့်ရှင်းတဲ့ မိန်းကလေးတွေ ဘယ်လိုဖြစ်ကုန်လဲ။ ဒီမှာက လူမျိုးပေါင်းစုံနေတာ၊ မြန်မာမိန်းကလေး တစ်ယောက်ကို ရရင်။ ကျန်တဲ့ မြန်မာမလေးတွေကိုပါ သွေးတိုးစမ်းကြတယ်။ ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုတ်တဲ့ အဖြစ်လိုပဲ။ အဲဒီလို အခြေအနေမျိုး ခင်ဗျားတို့ ဘေးနားမှာ ဖြစ်နေရင် ခင်ဗျားတို့ လက်ပိုက်ကြည့်နေမှာလား၊ သူတို့ဖာသာသူတို့ ကမြင်းကြော ထတာ ထလို့ရတယ်။


ဒါပေမယ့် ဘေးနားကလူတွေပါ ထိခိုက်ကုန်ပြီ။ အဲဒီလို အခြေအနေမျိုးမှာ သွားပြီး တရားဟောလို့ မရဘူး၊ သူတို့ကတော့ အေးဆေးပဲ။ အခု FB မှာ ပျံနှံနေတဲ့ VIDEO CLIP ကို ကြည့်ပြီး ခင်ဗျားတို့က ရိုက်တဲ့လူတွေ လွန်တယ်လို့ ထင်ကောင်းထင်မယ်။ ကျွန်တော်တို့ ဒီမှာနေနေတဲ့ လူတွေကတော့ ဒီလူတွေ မလွန်ဘူးဆိုတာ သိတယ်၊ ထိုင်းမှာ မကောင်းတာ လုပ်စားကြတဲ့ မြန်မာနိုင်ငံသူတွေ တော်တော်များများရှိတယ်။ အဲဒီထဲမှာ ရခိုင်မတွေလည်း ပါတယ်။ အဲဒီလို ရခိုင်မလို့ သေချာ သိရချိန်မှာ .. ရခိုင်တွေက စုံစမ်းတယ်၊ အဲဒီရခိုင်မကို ခေါ်လာတယ်၊ ပြီးတော့ ရှိသမျှ ရခိုင်တွေ အားလုံး ပိုက်ဆံ စုပေးပြီး မြန်မာနိုင်ငံကို ပြန်လွတ်ပေးလိုက်ကြတယ်။ ပိုက်ဆံတွေ ပေးလိုက်လို့ ဆိုပြီး လက်ဖျားနဲ့တောင် မတို့ဘူးနော်။ စေတနာ သန့်သန့်နဲ့ သူတို့ ပို့ပေးကြတယ်။ အဲဒီမှာ ဘာဖြစ်လဲ ဆိုတော့ အဲဒီ ရခိုင်မ က ပြန်သွားတယ် ပေးလိုက်တဲ့ ပိုက်ဆံတွေကို ရင်းနှီးမစားဘဲ ထိုင်းကို ထပ်လာတယ်။


အဲဒီလိုပဲ တခါ ပြန်လုပ်တယ်။ ရခိုင်တွေက တခါနှစ်ခါတော့ သည်းခံတယ်။ နောက်ပိုင်း မရတော့ သူတို့ ကိုယ်တိုင် သတ်လိုက် ကြတယ်။ အဲဒီကိစ္စကိုရော ခင်ဗျားတို့ ဘယ်လို ပြောမလဲ ၊၊ စင်္ကာပူမှာ ည ၁ နာရီ လောက် ၂ နာရီလောက် မိန်းကလေး တစ်ယောက်တည်း လျှောက်သွားလည်း ဘာမှ မဖြစ်ဘူး၊ အဲဒီလိုပဲ တခြား အဆင့်မြင့်တဲ့ နိုင်ငံတွေမှာ လုံခြုံရေး အပြည့်အ၀ပေးနိုင်တယ်။ ဒီမှာတော့ ည ၁၂ နာရီလောက်ဆို မြန်မာမပြောနဲ့ ဒီနိုင်ငံသူတောင် သိပ်မထွက်ရဲတော့ဘူး ။ အဲဒီလို အခြေအနေတွေက ကွာတယ်။ အဲဒီတော့ အခြေအနေ တစ်ခုတည်းကို ကြည့်ပြီး မသုံးသပ်ပါနဲ။့ အားလုံးကို ခြုံငုံကြည့်ပါ။ ကျွန်တော်တို့က ဘာမှ မပြောဘဲ မြန်မာမတွေ နိုင်ငံခြားသားတွေနဲ့ အိပ်နေတာကို ဒီအတိုင်းကြည့်နေရမှာလား၊ ဒီကိစ္စတွေမှာ မိန်းကလေးတွေ ဒီလိုဖြစ်ကုန်တာ မြန်မာယောကျာ်းတွေ ရှိရဲ့သားနဲ့ကွာလို့ ပြောလို့ရတယ်။ ဟုတ်တယ် .. တချို့သော မြန်မာတွေလည်း အကျင့်မကောင်းဘူး၊ ယောက်ျားတန်မဲ့ တာဝန်မယူချင်ကြဘူး၊ သူတို့တွေကြောင့် ဘ၀ပျက်သွားတဲ့ မိန်းကလေးတွေလည်း မနည်းဘူး။ အဲဒီတော့ဗျာ .... ကိစ္စတစ်ခုဖြစ်လာရင် အားလုံးမှာ တာဝန်ရှိပါတယ်။ ဘယ်သူမှားတယ် မှန်တယ် မပြောသင့်ပါဘူး။ မိန်းကလေးတွေက လှချင်ပချင်လို့ ငွေနောက်လိုက်ပြီး ပျက်စီးကြတာမျိုး မဖြစ်အောင် ထိမ်းသိမ်းဖို့ လိုသလို၊ မြန်မာယောက်ျားတွေကလည်း တာဝန်ရှိစွာနဲ့ ဖေးမဖို့ လိုပါတယ်။


ပြီးတော့ မြန်မာမိန်းကလေး တစ်ယောက်အနေနဲ့ နိုင်ငံရပ်ခြားမှာ မိမိတို့ သိက္ခာကို ပိုပြီး ထိမ်းသိမ်းသင့်ပါတယ်။ တခြား နိုင်ငံခြားသားတွေက မြန်မာမိန်းကလေးတွေ လွယ်ပါတယ်ကွာ၊ သူတို့ကြိုက်ရင် လိုက်အိပ်တာပဲ ဆိုတဲ့ ပုံစံမျိုး အပြောမခံရအောင် နေထိုင်သင့်ပါတယ်။ မိမိရဲ့ လုပ်ရပ်တစ်ခုကြောင့် တခြားမြန်မာမိန်းကလေးတွေပါ အထင်အမြင်သေးခံရမယ့် ကိစ္စမျိုးတွေ မလုပ်သင့်ပါဘူး။ မြန်မာအမျိုးသားတွေကလည်း မိန်းကလေး တစ်ယောက် ဒုက္ခရောက်လာရင် အိမ်ခေါ်လာ အလုပ်ရှာပေးပြီး ... LIVING TOGETHER နေလိုက်တာမျိုးတော့ မဖြစ်သင့်ဘူး။ ဒါမျိုးက အရင်က မြန်မာတွေ အင်ဒိုမတွေကို လုပ်ခဲ့ ပုံစံတွေပါ။ ကျွန်တော်က ဗုဒ္ဓဘာသာဝင်ဆိုတော့ ကံကံ၏ အကျိုးကို ယုံကြည်တယ်။ အကျိုးပေးတွေက မြန်လှချည်လားဗျာ။ အရင်တုန်းက တော့ နေနဲ့လ ရွှေနဲ့အ ၊ အခုတော့ နေနဲ့လ ရွှေနဲ့ဘ ... ရွှေနဲ့န .. နောက်ပိုင်း ရွှေ နဲ့ ................................ ကိုထိုက် (မြန်မာ့စတိုင်)

21 comments:

ကောင်းတဲ့ပိုစ့်တခုပါဗျာ မလေး၇ှားက ဒီလိုကိစ္စတွေကို ထင်သာမြင်သာဖြစ်စေပါတယ် ဒီလိုကိစ္စတွေကြောင်လဲ မလေးက မြန်မာတွေ၇ဲ့ ဘ၀တွေက တဖြည်း၂ နိမ့်ပါးလာ၇တယ် ကျနော့်လိုအင်တာနက်မှာတွေ့လို့ဖက်၇တာမျိုးမဟုတ်ပဲ မလေးေ၇ာက် မြန်မာအားလုံးကိုဖက်စေချင်ပါတယ် ကျေးဇူးပါ.......။

စာရေးသူ....ရေးပြသွားတာ..အကုန်ဟာကွက်မရှိပါဘူး
မလေးမှာ...အာ့လိုတွေက..ဖြစ်နေခဲ့ ..ဖြစ်နေဆဲတွေပါ...
အရေးအသား....လေးစားတယ်ဗျာ.....

မှားတဲ့ လူက အဲ့ လောက်မှားရင်လဲ အဲ့ ဒီလောက်ရိုက်ခွင့် တော့ မရှိပါဘူး..
လူမဆန်တဲ့ ရိုက်ပုံမျိုးဖြစ်နေလို့ ပြောနေကြတာပါ.. အစ်ကိုက ညီမကိုဆုံးမတာမျိုးတချက်နှစ်ချက်ဆိုမပြောဘူး.. သူတို့ က ရိုက်နှက်တာ လွန်ကိုလွန်တာ... ကိုယ်ချင်းစာကြည့် ပါ.. သိလာပါလိမ့် မယ်။။

ဟုတ်တယ်ဗျာ ဧရာဝတီ..တို့..Elevenmedia တို.ကဒီ
လိုအရေးအသားတွေမတင်ဘူး...သူတို.ကတိုင်းပြည်ကို
ပျက်စီးအောင်လုပ်နေတဲ.သတင်းဌာနတွေပါဘဲ...

အခု လိုစာတွေ ရေးပြီးတင် ပြပေး လို့  ကျွန်တော်သိရတာ ပါ .. ကျေး ဇူးတင် ပါ တယ် အစ်ကို .. ကျွန်တော် တို့ မြန်မာ ပြည်သူ တွေ အတွက် တော့ စိတ် မကောင်း စရာပဲ ပေါ့ ဗျာ ...

come on that video clip is too much. there is a line between discipline and abuse. A real man should never hit a woman. we keep saying Buddhist culture Buddhist people, the way those 5 men treated those two girls was like extremist Muslims. (maybe they learned those muslims habits because they lived in malay too long) Does anyone really believe that you need 5 strong men to hit 2 weak women over and over again? or kick them?
one of two hit can probably call disciplining but over 20, that's abuse.
do we really believe those men have right to do that? they slept with malay, indo, SG, phillip girls too. even buddha said "myittar, gayunar, u pyit khar". what happened to "U pyit khar"? if u can't discipline them ignore them. cast them out of Myanmar society. kicked them out of the dorm. Buddha never taught us to solve matters in violence. i showed that clip to all the myanmar girls i know and u know what they said? they all said "myanmar men are abusive". The way they deal with that problem cost more harm than help. it hurt image of Myanmar men. it pulled down our image to the level of those extremist muslims who look down and abuse on women. i am a myanmar man but i am ashame of that video.

သိပ်ကောင်းတဲ့ပို့စ် ပေါ့ဗျာ... ရိုက်တာက လွန်တယ်လို့ ပြောထားတဲ့ လူတွေ ကိုယ့်နှမလေးတွေလို့ ကိုယ်ချင်းစာကြည့်ပါဗျာ... ရိုက်လို့ ရတဲ့ဒဏ်ရာက ကုရင်ပျောက်နိုင်သေးတယ်...ဂုဏ်သိက္ခာကအဖတ်ဆယ်လို့မရဘူးလေ... မြန်မာတွေ အရာရာနိမ့်ကျနေခဲ့ရတာကြာပြီ...တစ်ဦးတစ်ယောက် ကောင်းနေယုံနဲ့ မရဘူးဆိုပေမယ့် ခုလို ကိုယ့်လူမျိုးချင်း စေတနာထားတာကို စော်ကားတဲ့ လူတွေတော့ လုပ်သင့်တယ်ထင်တာပဲ...

ကျနော်တို့ ဗမာပြည်ကို ရောင်းစားနေကြတဲ့ သတင်းဌာနတွေမှာ ဒီလိုပို့စ်တွေကို မဖတ်ရတာကြောင့် အလွန်ပင် ဝမ်းနည်းမိပါတယ်ဗျာ

ကျေးဇူးတင်ပါတယ် ခုလိုမျိုးဖတ်ခွင့်ရတဲ့အတွက် အမှန်တော့ ကျနော်တို့တွေ နိုင်ငံကို ဒီလိုစိတ်မျိုးနဲ့ ဝန်းရင်ပြီး ထိမ်းထားသင့်တာပါ....

ဒီပိုစ်အတွက် အထူးဘဲကျေးဇူးတင်ပါတယ်ခင်ဗျာ။ နောက်လည်း များများရေးပေးပါလို့တောင်းဆိုပါတယ်။ ဒါမှ လက်တွေ့ဖြစ်ရပ်အမှန်တရားကို မြင်လာမှာပါ။

မှန်တာပေါ့ဗျာ လုပ်စားချင်လဲ အတန်းသွားလေ၊လူကောင်းတွေနစ်နာအောင်မလုပ်နဲ့ လေ။

we need to kow the reason behind.is that hobby or money?
if hobby ,fine otherwise government is the main responsible for that.

အရမ်းကိုကောင်းပါတယ်
အချက်အလက်ပြည့်စုံစွာတင်ပြသွားလို့
အခြေနေအမှန်ကိုသိရလို့ ကျေးဇူးတင်ပါတယ်

you are right. in that video, those guys committing a crime of abuse of women.

ေ၇းသားချက်လေး တအားကောင်းပါတယ်. အားပေးသွားတယ်နော်

အဲဒီ ဗွီဒီယိုကို ကြည့်ဖြစ်ပါတယ် ရိုက်တာ နည်းတောင် နည်းသေး တယ် ကိုယ်ချင်း စာကြည့်ပါ ဆိုတဲ့ အကေါင်တွေကို ပြောလိုက်မယ် မင်းတို့က ဖာမျိုးတွေ ဖြစ်ဖို့ များတယ် အဲဒါကြောင့် မို့လို့ ဒီကေါင်မတွေကို ရိုက်တာ လွန်တယ်လေး ဘာလေး ပြောကြတာပေါ့ အေး ငါတော့ ကတော့ ရှင်းရှင်းဘဲ အုဒီနေရာမှာ ငါ့ညီမ ဆိုရင်လဲ ငါမရိုက်ရက်ရင်တောင် သူများကို ရိုက်ခိုင်းလိုက်မယ် ငါ မကေါင်းရင် ငါ့ကိုလဲ ရိုက်ကြ ဒါပဲ

ရာနူန်းပြည့် ဟာကွက်မရှိ မှန်ကန်တဲ့ post ပဲ ..

Good tae byar,,,lay sar par tae ,," ko htike"

ခွေးဖြစ်မယ့်နွားတွေမှတ်ထား
အဲဒါတွေကမြန်မာနိင်ငံမှာလည်းဖြစ်နေတာကြာနေပြီ

ကောင်းလိုက်တဲ့ဆောင်းပါဗျာ။
ဒါမျိုးတွေ ထပ်ပြီး တင်ပေးပါဦး။
ကျုပ်တို့ဗမာတွေကတော့ဗျာ
ပြည်ပမပြောပါနဲ့
ပြည်တွင်းမှာကိုတောင် အနေအထိုင် မဆင်ခြင်ကြပါဘူး၊
တရုတ်လည်း ၀ယ်လ်ကမ်း
ကုလား လည်း အိုကေ
ဖြစ်နေကြတော့
ကိုယ့်ဗမာအမျိုးသမီးတွေ
အမျိုးသစ္စာစောင့်သိတတ်ဖို့
ဆွေးနွေး ထိန်းပေးဖို့ လိုအပ်ပါတယ်။
တရုတ်ထက်
ကုလားက ပိုပြီး အန္တရာယ်ကြီးပါတယ်။
ဒီကောင်တွေ မြန်မာ့မြေမှာ သားပေါက်နှုန်းတိုးရေး
အရေးထားပြီး
အမျိုး ဘာသာ သာသနာကို ပျောက်ကွယ်သွားအောင်
လုပ်ကြမယ့် မိစ္ဆာဒိဌိကောင်တွေမလား။
ဗမာအမျိုးသမီးများအားလုံး
အသိ နဲ့ ယှဉ် လို့
သတိ နဲ့ ဆင်ခြင်နိုင်ကြပါစေ။
( လုလင်- ပြောသည် )

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်