Subscribe to our RSS Feed

မြန်မာနိုင်ငံ၌ ကျောက်မီးသွေး အဓိကထွက်ရှိရာ ၁၆ နေရာရှိပြီး တန်ချိန် သန်းပေါင်း ၂၇၀ ကျော် တည်ရှိနေ


မြန်မာနိုင်ငံ၌ ကျောက်မီးသွေး အဓိကထွက်ရှိရာ နေရာ ၁၆ နေရာရှိပြီး တန်ချိန်သန်းပေါင်း ၂၇၀ ကျော် တည်ရှိနေကြောင်း သတင်းရရှိပါသည်။ မြန်မာနိုင်ငံတွင် ကျောက်မီးသွေး အဓိကထွက်ရှိရာ နေရာများသည် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး တို့ဖြစ်ပြီး အဓိကအားဖြင့် မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွင် တည်ရှိနေသည်။ စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝ - မော်လိုက်ရှိ ပလူဇာဝါ/ ချောင်းဆုံတွင် တည်ရှိမှု တန်သန်းပေါင်း ၈၉ သန်း၊ ကလေးဝတွင် ၈၇ ဒသမ ၇၈ သန်း၊ တမူးရှိ ဓားသွေးကျောက်တွင် ၃၃ ဒသမ ၉၁ သန်း၊ ကန္နီရှိ မဟူတောင်တွင် ၀ ဒသမ ၈၀ သန်း၊ မကွေးတိုင်းဒေသကြီး နတ်မောက်ရှိ ကျောက်တံခါးတွင် ၀ဒသမ ၅၄ သန်း၊ ပေါင်မြို့ရှိ မြန်နီတွင် ၀ ဒသမ ၂၅ သန်း၊ စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးရှိ သင်းပေါင်တွင် ၀ ဒသမ ၀၈ သန်း၊ ကောလင်းရှိ ကြို့ပင်တွင် ၀ ဒသမ ၀၃ သန်း၊ ရှမ်းပြည်နယ် ပင်လောင်းရှိ တီကျစ်တွင် ၂၀ ဒသမ ၂၀ သန်း၊ ကျေးသီးမံစံတွင် ၃၇ ဒသမ ၀၀ သန်း၊ လားရှိုးရှိ နမ္မတွင် ၂ ဒသမ ၈၀ သန်း၊ သီပေါရှိ ဆန်လောင်တွင် ၁ ဒသမ ၆၀ သန်း၊ ကလောရှိ အင်းပင်တွင် ၀ ဒသမ ၂၂ သန်း၊ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီရှိ မော့တောင်တွင် ၃ ဒသမ ၆၀ သန်း၊ သိမ်တောတွင် ၂ ဒသမ ၀၀ သန်းနှင့် ကချင်ပြည်နယ် မိုးမောက်ရှိ လွယ်ဂျယ်တွင် တန်သန်းပေါင်း အမြောက်အမြား တည်ရှိနေသည်ဟု သိရှိရသည်။ ကျောက်မီးသွေး သတ္တုတွင်း စီမံကိန်းများကို သတ္တုတွင်းဝန်ကြီးဌာန လက်အောက်ရှိ အမှတ်(၃) သတ္တုတွင်းလုပ်ငန်းဌာနက လုပ်ကိုင်နေပြီး ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်သည်ဟု သိရှိရသည်။ ၂၀၁၁ ခုနှစ်တွင် ကျောက်မီးသွေး သတ္တုတွင်း လုပ်ငန်းများကို နိုင်ငံတော်ပိုင်အနေဖြင့် ၂ ဒသမ ၈ ရာခိုင်နှုန်း၊ ဖက်စပ်လုပ်ငန်းများဖြင့် ၄၃ ဒသမ ၈၇ ရာခိုင်နှုန်း၊ ပြည်တွင်းကုမ္ပဏီများက ၅၃ ဒသမ ၃၂ ရာခိုင်နှုန်းကို ထုတ်လုပ်မည်ဟု သတ္တုတွင်းဝန်ကြီးဌာနက ဖော်ပြခဲ့ကြောင်း လေ့လာသိရှိထားသူတစ်ဦးက ပြောကြားခဲ့သည်။ နိုင်ငံခြားကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်သည့် လုပ်ငန်းများတွင် အိမ်နီးချင်းနိုင်ငံများသို့ ကျောက်မီးသွေး တင်ပို့ခြင်း ပါဝင်နေပြီး ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ ကျောက်မီးသွေးအများဆုံး တင်သွင်းနေသော နိုင်ငံဖြစ်သည်ဟု သိရကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်