Subscribe to our RSS Feed

ဒေါ်အောင်ဆန်းစုကြည်အကြောင်း သောင်းပြောင်းထွေလာ အိတ်ဖွင့်ပေးစာ (အပိုင်း - ၂)

From : အောင်နိုင်ထွန်း


ဒေါ်စုကတဖက်၊ ပါတီကတဖက်

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာကာစက ဒေါ်စုနဲ့ သူမရဲ့ ပါတီ (အင်န်အယ်လ်ဒီ)ကို တကွဲစီဖြစ်အောင် တပ်မတော်အစိုးရကြိုးပမ်းနေတယ်ဆိုတဲ့ အသံမျိုးတွေ၊ စိုးရိမ်ပူပန်မှုမျိုးတွေ ရှိခဲ့ကြတာကို သတိရမိပါတယ်။ ဒီကြားထဲမှာ ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသားအရေးနဲ့ပတ်သက်လို့ တပ်မတော်အစိုးရဆီ အိတ်ဖွင့်ပေးစာတစောင်ရေးသားခဲ့ရာမှာ ပါတီကို ကိုယ်စားမပြုဘဲ သူမတဦးတည်းအနေနဲ့ ရေးသားတဲ့အခါ သို့လော၊ သို့လောတွေ ဖြစ်လာခဲ့ပါတယ်။

နောက်ပိုင်း တပ်မတော်အစိုးရနဲ့ ဒေါ်စုအကြားတွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာတဲ့အခါမှာလည်း ဒေါ်စုဟာ ပါတီကို ကိုယ်စားမပြုဘဲ  တကိုယ်တော်သွားရောက်တွေ့ဆုံ၊ ဆွေးနွေး၊ ဆုံးဖြတ်တာတွေကို မြင်လာရတဲ့အခါ တပ်မတော်အစိုးရအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်ကော်မတီကို ဘေးချိတ်ပြီး ဒေါ်စုတယောက်တည်းကိုသာ ဖဲ့ထုတ်ယူဖို့ ကြိုးစားယူနေတယ်ဆိုတဲ့ အမြင်မျိုးတွေ မြန်မာ့နိုင်ငံရေးကိုစောင့်ကြည့်အကဲခတ်သူတွေအကြားမှာ ကြီးထွားလာခဲ့တာကို သတိထားမိပါတယ်။

ဒေါ်စုအနေနဲ့လည်း တွေ့ဆုံဆွေးနွေးမှုတွေအကြောင်း ပါတီရဲ့ စီအီးစီ အဖွဲ့ဝင်တွေကိုတောင် အသိမပေးတဲ့အတွက် စီအီးစီအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဦးဝင်းတင်၊ ဦးဥာဏ်ဝင်းတို့အနေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ သူတို့ဘာမှ မသိကြောင်း မီဒီယာတွေမှာ ပြောဆိုဝန်ခံခဲ့တာတွေ ရှိခဲ့ပါတယ်။

တပ်မတော်အစိုးရက ဒေါ်စုနဲ့ ပါတီကို ခွဲဖို့ကြိုးစားတာ ဟုတ်မဟုတ် မသေချာပေမယ့် ဒေါ်စုရဲ့ လုပ်ပုံကိုင်ပုံ ပြုမူပုံကြောင့် ပါတီရဲ့ စီအီးစီနဲ့ဒေါ်စု ကင်းကွာနေခဲ့တာကတော့ အမှန်ပဲဖြစ်ပါတယ်။

ဒီအတောအတွင်းမှာ ဒေါ်စုရဲ့ ပါတီတွင်း ပြမူဆောင်ရွက်ပုံတွေဟာ အဖွဲ့အစည်းပုံစံထက် အာဏာရှင်ဆန်နေတာကို အကဲခတ်မိပါတယ်။ ပါတီကို မှတ်ပုံတင်ဖို့ဆုံးဖြတ်ပြီး ပါတီဖွဲ့စည်းပုံကို ပြင်ဆင်ကာ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးအဖွဲ့ ပုံစံမျိုး ပြန်လည်ဖွဲ့စည်းလိုက်ချိန်မှာ ဒေါ်စုနဲ့ (မှတ်ပုံမတင်မီ)မူဝါဒပိုင်းအရ ကွဲလွဲခဲ့ဖူးတဲ့ ဦးဝင်းတင်ကို နာယက အဖွဲ့ထဲကို ထည့်သွင်းလိုက်တာကို တွေ့ရပါတော့တယ်။

ပါတီတွင်း ဒီမိုကရေစီမရှိဘဲ ပါတီခေါင်းဆောင်တဦးတည်းသဘောနဲ့ ဆုံးဖြတ်လုပ်ကိုင်နေရင် ပါတီဟာ အနှေးနဲ့အမြန် ကျဆုံးနိုင်ပါတယ်။

ခုတမျိုး၊ တော်ကြာတမျိုး

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူမပြောခဲ့တာတွေကနေ ဂငယ်ကွေ့ကွေ့ပြီး ဆန့်ကျင်ဖက်ကို ပြောင်းပြန်လျှောက်တဲ့ လုပ်ရပ်မျိုးဟာ မဆန်းတော့ပါဘူးလို့ ပြောရလောက်အောင် ထပ်တလဲလဲဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။

ပထမဦးဆုံးနဲ့ အကြီးမားဆုံး ပြောင်းလဲမှုကြီးကတော့ “မတရားတဲ့ အမိန့်အာဏာမှန်သမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့ ကြွေးကြော်သံကနေ... “တပ်မတော်အစိုးရနဲ့မတူတာဘေးဖယ် တူတာတွဲလုပ်”ဆိုတဲ့ မူအထိ ပြောင်းလဲသွားခြင်းပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စတင်ထူထောင်စဉ်က စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်ကနေ အပြီးတိုင် ပပျောက်စေရေး မူကို လက်ကိုင်ထားခဲ့ပေမယ့် အခု “မတူတာဘေးဖယ် တူတာတွဲလုပ်ပြီး ၂၀၀၈ ဖွဲ့စည့်ပုံအောက်ခေါင်းလျှိုဝင်လိုက်တဲ့အခါ” မှာ အနာဂတ်မြန်မာ့နိုင်ငံရေးမှာ တပ်မတော်က ဦးဆောင်အခန်းကဏ္ဍက ပါဝင်ရမယ်ဆိုတာကို သဘောတူခွင့်ပြုလိုက်ရာရောက်တဲ့အတွက် မူဝါဒပိုင်းဆိုင်ရာမှာ ၁၈၀ ဒီဂရီ ချိုးကွေးလိုက်တဲ့ အပြောင်းအလဲကြီးပဲ ဖြစ်ပါတယ်။

ဒီပြောင်းလဲမှုကြီးအပေါ်မှီတည်ပြီး ရွှေဂုံတိုင်ကြေညာစာတမ်းကနေ ဂငယ်ကွေ့ ချိုးကွေ့ခဲ့ပါတယ်။ မှတ်ပုံတင်စရာမလိုဘူး၊ ရွေးကောက်ပွဲ မဝင်ဘူးလို့ အော်ခဲ့ရာကနေ မှတ်ပုံတင်မယ်၊ ရွေးကောက်ပွဲလည်း ဝင်မယ်အထိ နှစ်နှစ်အတွင်းမှာ ပြောင်းလဲခဲ့ပြန်ပါတယ်။

တခါ ရွေးကောက်ပွဲမဲဆွယ်တဲ့မိန့်ခွန်းမှာ တပ်မတော်သားကိုယ်စားလှယ် ၂၅% လွှတ်တော်ထဲမှာ ပါဝင်မှုဟာ ဒီမိုကရေစီမကျဘူး၊ ဒီမိုကရေစီနဲ့ မကိုက်ညီတာတွေကို ပြင်ဆင်မယ်၊ ဖယ်ထုတ်မယ်” ပြောခဲ့ပြီး ရက်ပိုင်းအတွင်းမှာ “၂၅%ကို ကျမ ဖယ်ထုတ်မယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး” လို့ ပြောင်ပြောင်တင်းတင်း ငြင်းဆိုတာတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။

နောက်ဆုံးအနေနဲ့ကတော့ ကျမ်းသစ္စာစာသားကြောင့်  လွှတ်တော်တက်မတက်ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဥာဏ်ဝင်းတို့ တောင်ပြောမြောက်ပြောလုပ်နေတာတွေဟာ သူတို့ကို ထောက်ခံသူတွေအကြားမှာပင် ရှုပ်ထွေးမှုများ၊ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်စေတာကို တွေ့မြင်နေရပါတယ်။

ခြုံကြည့်ရင် ဒေါ်စုရဲ့ မူဝါဒပိုင်းဆိုင်ရာမှာ အပြောင်းအလဲမြန်မှု၊ စကားကို ခုတမျိုး တော်ကြာတမျိုး ပြောင်းလဲပြောတတ်မှုတွေဟာ သူ့ကို ထောက်ခံသူတွေအကြားမှာရော၊ မြန်မာ့နိုင်ငံရေးလောကတခုလုံးမှာပါ ရှုတ်ထွေးမှုတွေ၊ မလိုအားအပ်တဲ့ ကွဲလွဲမှုတွေ ဖြစ်ပေါ်စေပါသေးတယ်။ မီဒီယာတွေနဲ့ စကားမပြောမီမှာ ဒေါ်စုကို ပေါ်လစီပိုင်းဆိုင်ရာ အကျဉ်းချုပ် အစီရင်ခံသူ(briefing) အကြံပေးတဦး ထားသင့်တယ်လို့ ယူဆပါတယ်။



ဒေါ်အောင်ဆန်းစုကြည်ဟာ အင်အားစုတွေကို အမှန်တကယ် စုစည်းပေးနိုင်ရဲ့လား

ဒေါ်စုလွတ်မြောက်လာပြီးနောက်ပိုင်းမှာ ညံလာတဲ့အသံတွေအနက် “ဒီအချိန်မှာ ညီညွတ်ဖို့လိုတယ်၊ အဖွဲ့ချုပ်နဲ့ ဒေါ်စုကို ဝန်းရံရမယ်” ဆိုတဲ့ အသံဟာ အကျယ်လောင်ဆုံးဖြစ်ပါတယ်။ ညီညွတ်ဖို့လိုတာကို အငြင်းပွားဖွယ်မရှိပေမယ့် ဘာအတွက် ညီညွတ်ကြမှာလဲ။

 ပြည်တွင်းငြိမ်းချမ်းရေးအတွက် ညီညွတ်ကြမယ်။ တိုင်းပြည်ဖွံ့ဖြိုးမှုအတွက် ညီညွတ်ကြမယ်။ ဒါတွေအတွက် ကွဲလွဲစရာမရှိပါဘူး။ ဒါပေမယ့် စစ်ကျွန်သက်ကို ရှည်အောင်လုပ်တဲ့နေရာမှာ ကျွန်ဝယ်ရာ အဆစ်ပါသလို ကိုယ်ပါလိုက်ပြီး ညီညွတ်စရာမလို။ ဝန်းရံစရာမလို။

စစ်မှန်တဲ့လူထုခေါင်းဆောင်တယောက်ဟာ လူထုကြုံတွေ့နေရတဲ့ ပြဿနာအဝဝကို နေ့ညမဆိုင်း လူထုဖက်က ဝင်ရပ်ပေးလေ့ရှိပါတယ်။ လွှတ်တော်ထဲရောက်မှ၊ ဥပဒေပြင်ပြီးမှ၊ တရားဥပဒေစိုးမိုးမှ စသဖြင့် နေ့ရွှေ့ညရွှေ့ အချိန်ဆွဲနေလို့မရပါ။



ပြည်သူ့အသံ အစစ်အမှန်ကို နားထောင်ပါ...

ဒေါ်စုလွတ်လာကာစက ပြည်သူအသံကို နားထောင်ချင်ပါတယ်လို့ ပြောခဲ့ဖူးတာရှိပါတယ်။ ပြည်သူ့အသံအစစ်အမှန်ဟာ.. ဖေ့စ်ဘွတ်ခ်ပေါ်မှာ တွေ့ရလေ့ရှိတဲ့ “အမေက ကျက်သရေရှိလိုက်တာ၊ လှလိုက်တာ” ဆိုတဲ့ ပေါ့ပျက်ပျက် အသံမျိုးတွေ မဟုတ်သလို၊ ဒေါ်စုအနီးမှာ လက်ရှိဝန်းရံနေကြတဲ့ ဗောင်းတော်ညိတ်၊ စိတ်တော်သိ အပါးတော်မြဲတွေရဲ့ မင်းလိုလိုက်၊ မင်းကြိုက်ဆောင်တဲ့ အောက်ခြေနဲ့ ကင်းကွာနေတဲ့ အသံတွေလည်း မဟုတ်ပါ။

တိုင်းရင်းသားတွေ အပါအဝင် အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ရဟန်း၊ ဘာသာခြားစတဲ့ ပြည်သူပေါင်းစဉ် တွေ့ကြုံခံစားနေရတဲ့ လူမှုဒုက္ခအဝဝနဲ့ ဖိနှိပ်မှုတွေကို မခံနိုင်လို့ ရင်တွင်းက ပွင့်ထွက်လျှံကျလာတဲ့အသံတွေသာလျှင် ပြည်သူ့အသံစင်စစ်ဖြစ်ပါတယ်။ ဒီလို ပြည်သူ့အသံတွေကို မသိကျိုးကျင်ပြုမယ့်အစား ဖိနှိပ်ခံပြည်သူဖက်က မားမားမတ်မတ် ရပ်တည်ပြောဆိုပေးမယ်ဆိုရင် ပြည်သူ့အသံကို အမှန်တကယ် နားထောင်ရာ ရောက်ပါလိမ့်မယ်။

ဒီမှတ်စုကို ဖေ့စ်ဘွတ်ပေါ်မှာ ဘလော့ဂါမိတ်ဆွေတယောက်ရေးသားတဲ့ မှတ်ချက်ကလေးနဲ့ အဆုံးသတ်ချင်ပါတယ်။

"နောက်ဆုံးမှာ နားလည်လိုက်တာကတော့ NLD လွှတ်တော် တက်ရင်လည်း အကြောင်းပြချက် မရမက ရှာပြီး ထောက်ခံကြမယ်။ လွှတ်တော် မတက်ဘူး ဆိုရင်လည်း အကြောင်းပြချက် မရမက ရှာပြီး ထောက်ခံကြမယ်။ ကိုယ်ပိုင် ယုံကြည်ချက် ခံယူချက် ဆိုတာ ရေရေ ရာရာ မရှိဘူး။ NLD လုပ်သမျှ အကုန်အကောင်း။ စေတနာနဲ့ လုပ်တာ မှားရင် မှားပါစေ ဆိုတဲ့ ပုံစံမျိုး။ စေတနာနဲ့ လုပ်တာပေမယ့် မှားရင် တစ်နိုင်ငံလုံး မြောင်းထဲ ရောက်သွားမယ် ဆိုတာ မစဉ်းစားမိကြဘူးလား။ ကိုယ်တွင် မက ကိုယ့်မျိုးဆက်ပါ ဒုက္ခရောက်သွား နိုင်တယ် ဆိုတာ ထည့်မစဉ်းစား ကြဘူးလား။ မှားနေတယ် ထင်ရင် ထောက်ပြဖို့ မကြိုးစားရဲ ကြဘူးလား။ ကိုယ့်ယုံကြည်ချက် ကိုယ့်ခံယူချက်ကို ထုတ်မပြောရဲကြဘူးလား။ မြည်းတွေလို ရှေ့ဆုံးက မြည်းက ချောက်ထဲ ဆင်းရင် နောက်က တသီတတန်းကြီး လိုက်ဆင်းကြမှာလား။"

 Myanmar Express 

4 comments:

သွေးထွက်အောင်မှန်တဲ့ စကားတွေပါ။ တက်တက်စင်အောင်လွဲနေပြီးပြီဆိုတော့ အဲဒီလို မှန်တဲ့ စကားတွေပြောလိုက်တော့ မျက်နှာဘယ်သွား ထားရမှန်းမသိ၊ ဘာဆက်ပြောရမှန်း မသိ၊ ဘာ ဆက်လုပ် ရမှန်းမသိ ဖြစ်ကုန်ကြပြီပေါ့။ ခင်ဗျားတို့တစ်တွေ ကိုယ်တိုင်ကလည်း အရည်အချင်းမရှိ၊ ဒုတိယ ဘုရားသခင်လို ကိုးကွယ်ရတဲ့သူကလည်း ပေါပေါတောတော ကြောင်တောင်တောင် ငါတစ်ကော ကောနေတာဆိုတော့။ NLD မိတ်ဆွေများရယ် ခင်ဗျားတို့ကို သနားလိုက်တာဗျာ။ ဒီစကားတွေက ME တစ်ခုတည်းကပြောနေတာ မဟုတ်တော့ဘူးဗျ။ ပြည်တွင်းက စဉ်းစားတတ်တဲ့ သူ တစ်ချို့ရော၊ သံရုံး အသိုင်းအဝိုင်းမှာရော၊ ဘက်မလိုက်တဲ့ နိုင်ငံခြားသတင်ဌာနတစ်ချို့ကရော တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်မျိုး ပြောနေကြပြီဗျ။ ဘုရားဟောလည်း ရှိနေတာပဲ။ မိမိကိုယ်သာ ကိုးကွယ်ရာတဲ့။ ကိုယ်ခေါင်းနဲ့ကိုယ် စဉ်းစား ပြီး လုပ်ကြပါဗျာ။ မလိုလို့ ပြောတယ် မထင်ပါနဲ့။

သိပ်မှန်ပါတယ်.. လွှတ်တော်ထဲ မေ၇ာက်၇င်လဲ စာမတတ်တဲ့ ကောင်တွေက ဆူကြပူကြ.. လွှတ်တော်ထဲရောက် ပြန်တော့လဲ ဆူကြပူကြ.. ဘာတွေမှန်းကို မသိတော့ ဘူးးးးး

ကောင်းတယ်ဗျာ.....ခုဟာက Facebook ပေါ်မှာအမှန်ကိုအမှန်တိုင်းတောင် မပြောရဲတော့ဘူး....ကျပ်မပြည့်တဲ့ကောင်တွေက "အမေအမေ" ဆိုပြီးဒေါ်စုလုပ်သမျှ အကုန်ထောက်ခံနေတာ.......ခုနေဒေါ်စု ဗလီဆရာနဲ့ ညားနေကြတယ်ဆိုပြီးသတင်းထွက်ကြည့်ပါလား........ဒင်းတို့ ကပြောဦးမယ် ဘာသာပေါင်းစုံချစ်ကြည်ရေးအတွက်အမေစုကအနစ်နာခံတာလို့ .........

ဒေါ်စု ပါတီရံပုံငွေတွက် ချီးသုပ်ရောင်းရင်တောင်
ဝယ်စားမယ့်လူတွေ
ဒေါ်စု ချေးမှ မွှေးသူထင်သူများ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်