Subscribe to our RSS Feed

ဂျာနယ်လစ်(စ်)


From : ထက်မြက်

Journalistဆိုသည်ကို ‘စာနယ်ဇင်းသမား’ ဟု ဘာ သာပြန်၏။ သတင်းစာဆရာ၊ ဂျာနယ်ဆရာ၊ မဂ္ဂဇင်းဆရာ၊ အားလုံးကို ဂျာနယ်လစ်ထဲ ထည့်ထားခြင်း ဖြစ်လေ သည်။ အနောက်တိုင်းတွငf Journalist ဆိုသည်ကို သတင်းစာဆရာ များအား ခေါ်လေ့ရှိပါသည်။ ဂျာနယ်လစ်ဟု ခေါ်လိုက်လျှင် ယေဘုယျအားဖြင့် သတင်းစာ ဆရာဟု နားလည်သဘော ပေါက်သွားကြသည်။ ထိုဂျာ နယ်လစ် Journalistဆိုသည့် စာနယ်ဇင်းသမားမှာ မြန်မာ နိုင်ငံနှင့် အဆီလျော်ဆုံး ဖြစ်ပေ လိမ့်မည်။ အဘယ်ကြောင့်ဆို သော် မြန်မာနိုင်ငံတွင် သတင်း စာ၊ မဂ္ဂဇင်းများထက် ဂျာနယ်က အများဆုံး ဖြစ်နေသောကြောင့် ပင်။ ကျွန်တော်တို့ မီဒီယာ လောကတွင် ဂျာနယ် အစောင် ပေါင်း ၂ဝဝ ကျော်သည်ဟု ပြန်ကြားရေးဌာနမှ ကြေညာ ထားသည်။ ဂျာနယ်က အများ ဆုံးဖြစ်သလို၊ စီးပွားရေးအရ အောင်မြင်မှုအရှိဆုံးမှာလည်း ဂျာန ယ်ဖြစ်သည်။ ဂျာနယ် ‘ပေါက်’ သွားလျှင် အလုံး အခဲလိုက် ဝင်ငွေလွယ်လွယ်ကူ ကူ ရရှိနိုင်ပေသည်။ အထူး သဖြင့် အောင်မြင်သွားသော အားကစားဂျာနယ်များကို သာ ဓကပြုနိုင်ကြသည်။ ထို့ကြောင့် ဂျာနယ်လစ်ဆိုသည်ကို ဂျာနယ် ဆရာဟု ခေါ်ဝေါ်သင့်ပေသည်။

ကမ္ဘာ့ဒေသအသီးသီး၊ အထူး သဖြင့် စစ်ပွဲဖြစ်နေသော နိုင်ငံ များနှင့် ပြည်တွင်းသောင်းကျန်းမှု ရှိနေသော ဒေသများတွင် ဂျာနယ် လစ်များ ကပ်သင့်နေသည်ဟု သတင်းစာများတွင် ဖတ်ရလေ သည်။ အထူးသဖြင့် စစ်ဖြစ်နေ သော အီရတ်နိုင်ငံတွင် သတင်း စာဆရာ၊ ဂျာနယ်လစ်များမှာ ကမ္ဘာ တွင် အများဆုံးသေဆုံးနေကြရ သည်။ အီရတ်စစ်ပွဲတွင် သတင်း ယူရင်း၊ ဓာတ်ပုံရိုက်ရင်းဖြင့် ဂျာနယ် လစ်များမှာ သေနတ်မှန်၊ ဗုံးမှန် ဖြင့် သေဆုံးကြရသလို၊ အီရတ်သူပုန် များနှင့် အယ်လ်ဇာဂါဝီလို အကြမ်း ဖက်သမားများက သတင်း ထောက်များနှင့် နိုင်ငံခြားသား မှန် သမျှကို ပြန်ပေးဆွဲ၊ ငွေတောင်း ကြသလို၊ မထင်လျှင် မထင်သလို သတ်ဖြတ်လေ့ ရှိကြသည်။ ထို့ ထက် ဆိုးသည်မှာ အမေရိကန်စစ် တပ်က ဂျာနယ်လစ်များကို ပစ် သတ်ခြင်းဖြစ်သည်။ အယ်လ်ဂျာ ဇီးယား ရုပ်သံသတင်းဌာနမှ သတင်းထောက်များကို အမေရိ ကန်စစ်တပ်က သေနတ်ဖြင့် ချိန် ရွယ်ပစ်သတ်ခဲ့သည်။ Journalist ဆိုသော မြင်သာသည့် စာလုံး ကြီးများ ရေးထိုးထားသော ဂျာစီ အင်္ကျီများဝတ်ထားသည့်တိုင် ပစ် ခတ်ခဲ့၏။ တည်းခိုသော ဟိုတယ်ကို လည်း တင့်ကားမှ အမြောက်ဖြင့် ပစ်ကာ ဖြိုချခဲ့သည့် အဖြစ်မျိုး ၂ဝဝ၃ ခုနှစ် မတ်လက ဘဂ္ဂဒက် တွင် ဖြစ်ပွားခဲ့လေသည်။ ဝေါလ်စထရိဂျာနယ်မှ သတင်း စာဆရာ ဒင်နီယယ်ပါးလ် ခေါင်း ဖြတ်အ သတ် ခံရမှုမှာ ကမ္ဘာတွင် အထင်ရှားဆုံး အဖြစ်အပျက်တစ် ခုတွင် ပါဝင်ခဲ့ပါသည်။ ဒင်နီယယ် ပါးလ်မှာ ပါကစ္စတန်သို့ သွားရောက် ပြီး သတင်းယူနေစဉ် မူဆလင် အစွန်းရောက်ဝါဒီများက ဖမ်းဆီး ကာ ခေါင်းဖြတ်သတ်ခဲ့ခြင်း ဖြစ် သည်။ သူ့အဖြစ်ကို ယခုအခါ ရုပ် ရှင်ရိုက်ကူးနေသည်။ ထုတ်လုပ်သူ မှာ ရုပ်ရှင်မင်းသား ဘရက်ပစ် ဖြစ် ပြီး ဒင်နီယယ်ပါးလ်၏ ဇနီးအဖြစ် အင်ဂျလီနာ ဂျိုလီက သရုပ်ဆောင် လေသည်။ သတင်းထောက်များ သည် လိုချင်သည့် သတင်းကို အသက်စွန့်ပြီး ရအောင် ယူကြ သည်။ အထူးသဖြင့် စစ်သတင်း ထောက်များ ဖြစ်ပေသည်။ သတင်း ယူရုံသက်သက်က တော်သေး သည်။ ဓာတ်ပုံသတင်းထောက်များ မှာ အသက်ဘေးနှင့် အလွန်နီး၏။

တချို့ဆိုလျှင် အသက်ပေးပြီး ဓာတ် ပုံများရအောင် ရိုက်ယူသွားကြ သည်။ စစ်ပွဲတွင် တစ်ဖက်နှင့် တစ် ဖက် ပစ်ခတ်နေပုံကို အမိအရ ရိုက် ယူထားသော ဓာတ်ပုံများကို ကြည့် ကြရသလို ပါလက်စတိုင်း လူမျိုး သားအဖကို အစ္စရေးစစ်သားများ က ပစ်ခတ်နေပုံ အဆင့်ဆင့် ဓာတ်ပုံ များကို ကြည့်ဖူးပေလိမ့်မည်။ သား ငယ်နှင့် အဖေ အတူဝပ်နေသော သားအဖပုံ၊ ပစ်နေသည်ကို ရှောင် နေကြပုံ၊ သားငယ်ကို သေနတ် မှန်သွားပုံ၊ ဖခင်က ပွေ့ဖက်ထား ပုံ၊ကလေးအလောင်းကို ပွေ့ပြီး သယ်သွားပုံ စသည့်ဓာတ်ပုံများကို Time မဂ္ဂဇင်းတွင် တွေ့ခဲ့ရသည်။ ထိုသို့ သြလငန ကင်မရာဖြင့် မဟုတ် ပဲ ရိုးရိုးရုပ်သေကင်မရာဖြင့် အဆင့် ဆင့် ရိုက်ကူးထားသော ဓာတ်ပုံ များကို Photo Essay ဟုခေါ်လေ သည်။ ၂ဝဝ၆ ခုနှစ် ဒီဇင်ဘာ နောက်ဆုံး အပတ်ထုတ်Timeမဂ္ဂဇင်းတွင်လည်း ၂ဝဝ၆ ၏ ထူး ခြားသော ဓာတ်ပုံများကို ဖော်ပြ ရာ၌ ဓာတ်ပုံသတင်းထောက် အသက်စွန့် ရိုက်ထားသော ဓာတ်ပုံ အက်ဆေး Photo Essay တစ်ခုကို ကြည့်ရလေသည်။ အီရတ်ရှိ အမေ ရိကန်စစ်သား နှစ်ယောက်၏ ဓာတ် ပုံဖြစ်သည်။ အီရတ်သူပုန်များနှင့် ပစ်ခတ်နေသော အမေရိကန်စစ် သား နှစ်ယောက်၏ပုံ၊ တစ် ယောက်ကို ရန်သူ့ကျည်သင့်သွား ပုံ၊ လဲကျသွားသော ရဲဘော်ကို ကျန်တစ်ယောက်က ဆွဲခေါ်ပုံ၊ ကုပ် မှနေအတင်းဆွဲသွားရာ ရန်သူ့ ကျည်လွတ်ရာ ရောက်သွားပုံတို့ ကို အဆင့်ဆင့်ရိုက်ကူးထားခြင်းဖြစ်လေ သည်။ စစ်ပွဲတွင်းရောက် ဓာတ်ပုံ သတင်းထောက်၏ အသက်စွန့် ရိုက်ကူးထားသောဓာတ်ပုံများဖြစ်သည်။

မကြာသေးခင်ကTimeမဂ္ဂဇင်း မှ အက်ဆေးတစ်ပုဒ်ကို ဖတ်လိုက် ရပါသည်။ ထိုအက်ဆေးမှာအသတ် ခံရသောဂျာနယ်လစ်များအကြောင်း ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံမှ သတင်း စာဆရာများအကြောင်း ဤသို့ ရေးထား ပါ သည်။ ”၂ဝဝ၁ ခုနှစ်မှစ၍ ယနေ့ အထိ လူပေါင်း ၈ဝဝ နီးပါး အသတ် ခံခဲ့ရသည်…ယခုနှစ် ပထမ ၆ လ အတွင်း လူ ၅၁ ယောက် အသတ် ခံရသော အမှုများကို တွေ့ရှိရ သည်။ ထိုအမှုများမှာ ‘နိုင်ငံရေး လူသတ်မှုများ’ ဖြစ်သည်ဟု ဆို သည်။ ၂ဝဝ၅ ခုနှစ် တစ်နှစ်လုံး လူ ၆၆ ယောက် အသတ်ခံရသည့် အရေအတွက်နှင့် နှိုင်းယှဉ်နိုင် သည်…သတင်းစာဆရာ ၄၆ ယောက် အသတ်ခံခဲ့ရသည်။

ထို သတင်းစာဆရာများ အသတ်ခံရ သော နှုန်းမှာ ကမ္ဘာပေါ်တွင် အီ ရတ်ပြီးလျှင် ဒုတိယလိုက်သော နှုန်းဖြစ်သည်။….သတင်းစာဆရာ များ လုပ်ကြံသတ်ဖြတ်ခံနေရခြင်း နှင့် ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံ တွင် အစိုးရက စုံစမ်းစစ်ဆေးမှုများ ပြု လုပ်ခဲ့သော်လည်း ခိုင်လုံသော အထောက်အထား မရရှိခဲ့ပေ။ ရဲ အထူးတပ်ဖွဲ့၏ မှတ်တမ်းအရ ၂ဝဝ၁ ခုနှစ်မှ စပြီး ယနေ့အထိ နိုင်ငံရေးနှင့် ဆက်နွှယ်ပြီး လုပ်ကြံ သတ်ဖြတ်မှုပေါင်း ၁၁၄ မှု ဖြစ် ပွားခဲ့သည် ဟု ဖတ်ရလေသည်။ သတင်းစာဆရာများ၏ အသက် အန္တရာယ်ကို သက်ဆိုင်ရာက အာမခံချက် ပေးရပေလိမ့်မည်။ ဂျာနယ်လစ်များ အသတ်ခံရခြင်း သည် ပြည့်မျက်လုံးကို ဖောက်ရာ ကျသည်။ သတင်းစာဆရာသည် တိုင်းပြည်၏ မျက်လုံးအိမ် သဖွယ် ရှိပြီး တိုင်းပြည်၏ တိုးတက်မှုကို လူသိအောင် လှုံ့ဆော်စည်းရုံးပေး နိုင်သည်။

ယနေ့ခေတ်လို မီဒီယာ လုပ်ငန်းအရှိန်အဟုန် မြင့်မားနေ သော ကာလမျိုးတွင် သတင်းစာ သမားများအနေဖြင့် သတင်းရ အောင် လိုက်ပြီး သတင်းမှန်ကို ပြည်သူထံ တင်ပြရပေလိမ့်မည်။ အဂတိကင်းသော ဂျာနယ်လစ်များ ဖြစ်ဖို့ လိုပေသည်။ ယခုအခါ သတင်းဦးစားပေး ဂျာနယ်အမြောက် အမြား ထုတ်ဝေလာသည်ကို တွေ့ ရသည်။ စီးပွားရေး၊ လူမှုရေး၊ ရုပ် ရှင်၊ ဂီတ၊ စာပေ၊ အနုပညာ စသည့် သတင်းများ စုံအောင်နှင့် မြန်အောင် အလုအယက် ဖော်ပြလာကြ၏။ မီဒီယာလုပ်ငန်း တိုးတက်လာခြင်း သည် တိုင်းပြည်အတွက် များစွာ အကျိုးဖြစ်ထွန်းပေသည်။သတင်းစာသမားများသည် သတင်းများကို လိုက်ရင်း၊ သတင်း များကို ရေးရင်းဖြင့် အသက်ပေး သွားကြရသည်။ သတင်းစာသမား သည် အသက်ကြီးကာ အိုမင်းမစွမ်း ဖြစ်လာကြသော်လည်း ကြီးပွားချမ်း သာလာသူကား မရှိပေ။

သတင်းစာ သမားစစ်စစ်တွင် ချမ်းသာကြွယ်ဝ သူ မရှိ။ ထုတ်ဝေသူများ သာလျှင် သတင်းစာတိုက်ကြီးများ၊ ရုပ်သံလွှင့် ဌာနကြီးများ၊ မီဒီယာကုမ္ပဏီကြီးများ ကို ပိုင်ဆိုင်ကြွယ်ဝလာသည်။ ရူးပတ် မားဒေါ့လို ပုဂ္ဂိုလ်များမှာ မီဒီယာ သူဌေးကြီး များဖြစ်၏။ သတင်းစာသမား၊ ဂျာနယ်လစ်များ မဟုတ်ပေ။ ဂျာနယ်လစ်စစ်စစ်များ သည် သတင်းမှန်ကို အပတ် တကုတ် ရှာဖွေ၏။ ပြည်သူလူထု အတွက် အကျိုးရှိမည့် သတင်းမျိုး၊ ဆောင်းပါးမျိုးကို အမှန်အတိုင်း ရှာ ဖွေတင်ပြ၏။ လူထုအတွက် အကျိုး ရှိစေသည့် သတင်းများကို ဒုစရိုက် သမားများ၊ အာဏာရှိသူများက ခြိမ်းခြောက်ေ နသည့်တိုင် ရဲရဲရင့်ရင့် တင်ပြသည်။ မူးယစ်ဆေးဝါး လုပ်ငန်းများ လူမှောင်ခို လုပ်ငန်း များ၊ လိင်ကုန်ကူးမှုများ၊ အကျင့် ပျက်လာဘ်စားမှုများ၊ လက်နက် မှောင်ခိုမှုများ၊ အကြမ်းဖက်သမား များစသော လူ့လောကကို အရုပ် ဆိုးစေသည့် အမှုများ၊ သတင်းများ ကို ရှာဖွေဖော်ထုတ် ကြလေသည်။ သတင်းစာသမားများသည် ရဲများ ထက်ပင် အရေးပါသော သတင်း များကို ရတတ်သည်။

ဒုစရိုက်သမား များက ရဲဆိုလျှင် ရှောင်တိမ်းကာ သူတို့၏အသက် အန္တရာယ်အတွက် သိရှိသောသတင်းကို မပေးကြသော် လည်း၊ ဂျာနယ်လစ်များကိုမူ ကြောက်စရာလည်းမလို၊ ဂရုလည်း မစိုက်သဖြင့် ဂျာနယ်လစ်က အရေး ပါသော သတင်းများကို နှိုက်နှိုက် ချွတ်ချွတ် ရှာဖွေသတင်းယူကြ သည်။ တိုင်းပြည်၏ လုံခြုံရေး၊ စီး ပွားရေး၊ လူမှုရေးကို ထိခိုက်စေ သည့် သတင်းမျိုးကို ဂျာနယ်လစ် က ဖော်ထုတ်ရေးသားလိုက်သော ကြောင့် ထိုအန္တရာယ်များကို ကာ ကွယ်တားဆီးနိုင်လေသည်။ ထို့ ကြောင့် လူဆိုးဂိုဏ်းကြီးများ၊ ဒု စရိုက်သမားများက သတင်းစာ သမားများအား လုပ်ကြံသတ်ဖြတ် ပစ်သည်ကို အမေရိကန်လို၊ ပြင်သစ် လို၊ ရုရှားလို နိုင်ငံများတွင် အမြဲ ကြုံတွေ့နေရပေသည်။ ယခု ဖိလစ်ပိုင်နိုင်ငံတွင် Andrew Marshall တွေ့ဆုံခဲ့သော သတင်းစာဆရာမ ရူဘီ စစ်ဆန်မှာ လည်း ဒုစရိုက်ဂိုဏ်းမှ လူသတ် သမားများ၏ ခြိမ်းခြောက်မှုကို ခံနေ ရခြင်းကို သူ၏ အက်ဆေးတွင် ရေးသားထားပေသည်။ ”ရူဘီစစ်ဆန်သည် သူမကို ဘယ်တော့ လာသတ် မလဲဟု တထိတ်ထိတ်နှင့် စောင့်ဆိုင်းနေခဲ့ သည်။ လွန်ခဲ့သော လအနည်းငယ် ကပင် ဒါနာအို သင်္ချိုင်းတစ်ခုတွင် စစ်ဆန်နှင့် တွေ့ဆုံစကားပြောခဲ့ခြင်း ဖြစ်သည်။ ကျွန်တော်တို့သည် ထိုကီဒါပါဝမ် သင်္ချိုင်းတွင် မြှုပ်နှံထား သော သတင်းစာဆရာများကို အလေးပြုခဲ့ကြ၏။

ထိုအထဲတွင် ဂျော့နှင့် မာရီ ဆယ်ဗီဂိုသတင်းစာ ဆရာ ဇနီးမောင်နှံလည်း ပါဝင်လေ သည်။ သူတို့နှစ်ဦးမှာ ဇွန်လက သေနတ်ဖြင့် ပစ်သတ်ခံရခြင်း ဖြစ် သည်။ မော်တော်ဆိုင်ကယ်စီး လူ သတ်သမား နှစ်ဦးက နေ့ခင်း ကြောင်တောင်ကြီးတွင် ပစ်သတ် သွားသည်။ ကလေး ၅ ယောက် ကျန်ရစ်ခဲ့သည်။ လူသတ်သမားများ ကို ယနေ့အထိ မဖမ်းမိသေးပေ။ ထိုလူသတ်မှုသတင်းကို ရေးသား သောဒေသဆိုင်ရာသတင်းထောက် များကိုလည်း လူဆိုးများက ခြိမ်း ခြောက်ထားသည်။ ရူဘီစစ်ဆန်မှာ သူမ၏ မိတ်ဆွေသတင်းထောက် တစ်ယောက်နှင့် အတူ သတိပေးခံ ထားရသော သတင်းစာဆရာမ တစ်ဦးဖြစ်၏။ လူဆိုးများက သူမ ကို သတ်ပစ်မည်ဟု ခြိမ်းခြောက်စာ များ ရေးပို့ထားသည်။ ”ကျွန်မ အသတ်ခံရလည်း ကျန်တဲ့သူတွေ က ဆက်လုပ်စရာ ရှိတာတွေကို လုပ်ကြပါလိမ့်မယ်” ဟု ကျွန်တော့် ကို ပြောပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်