From : MRTV4
Myanmar Express
မြန်မာ့
ဆက်သွယ်ရေးမှ စက်တင်ဘာလ ၁၈ ရက်မှ စတင်ပြီး ပြည်သူများ ဖုန်းငွေ ဖြည့်ရာမှာ
အစဉ်ပြေစွာ အသုံးပြုနိုင်ဖို့ အတွက် ကျပ်ငါးထောင်တန်ငွေဖြည့်ကဒ် များကို စတင် ထုတ်ပေးခဲ့ ပါတယ်။ မြန်မာ့ ဆက်သွယ်ရေးနဲ့
ပူးတွဲ လုပ်ကိုင် လျက်ရှိတဲ့ ဆက်သွယ်ရေး ကုမ္ပဏီ တစ်ခုမှ တာဝန် ရှိသူရဲ့
ပြောပြချက် အရ အဆိုပါ ငွေဖြည့် ကဒ်ဟာ စတင် ထုတ်ဝေတဲ့ စက်တင်ဘာ ၁၈
ရက်နေ့မှာပဲ ငွေဖြည့်ကဒ် အရေအတွက် တစ်သိန်းကျော် နီးပါး ရောင်းချ
ခဲ့ရတယ်လို့ သိရပါတယ်။ အခုလို ငါးထောင်တန် ငွေဖြည့်ကဒ်ကို မြို့ကြီးတွေမှာ
စတင် ရောင်းချ ခဲ့ပေမယ့် ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ ဒေသတွေမှာပါ ၀ယ်ယူ
ရရှိနိုင်ဖို့ အတွက် ဖြန့်ချိလျက် ရှိတယ်လို့ သိရပါတယ်။
ယခု လက်ရှိမှာ အဆိုပါ ငွေဖြည့်ကဒ် ငါးထောင်တန်ကို မြန်မာ့ ဆက်သွယ်ရေးမှ
ကုမ္ပဏီ ၃ ခုနဲ့ ချိတ်ဆက်ကာ ကိုယ်စားလှယ် အဖြစ် ရောင်းချပေးတာ ဖြစ်ပြီး
၎င်းတို့မှတစ်ဆင့် ကျန်တဲ့ အရောင်းဆိုင် တွေကို ဖြန့်ဝေပေးတာ ဖြစ်တယ်လို့
သိရပါတယ်။ ဈေးကွက် အတွင်းမှာ ကျပ်ငါးထောင်တန် ငွေဖြည့်ကဒ် များဟာ
ဝယ်လိုအား များနေပြီး လက်ခွဲ ရောင်းချနေတဲ့ ဆိုင်ခွဲ အချို့မှာ
ကျပ်ငါးထောင့် နှစ်ရာ၊ ငါးထောင့် သုံးရာအထိ ဈေးပေါက် နေတယ်လို့ သိရပါတယ်။
ဒါ့ကြောင့် သက်ဆိုင်ရာ ကုမ္ပဏီတွေမှ ငွေဖြည့် ကဒ်ပြား များကို ပုံမှန်
ဈေးနှုန်းနဲ့ ၀ယ်ယူသူများ ရရှိရန် အတွက် ကဒ်အရေအတွက်ကို ထပ်တိုး
ထုတ်သွားမှာ ဖြစ်တယ် လို့လည်း သိရပါတယ်။
Myanmar Express
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်