Subscribe to our RSS Feed

ခွင့်ပြုချက်မစောင့်ပဲ ဆန္ဒပြမယ်၊ နောက်မှ ကြိုက်သလို အရေးယူတာ ခံမယ် ဟု ကြွေးကြော်ခဲ့သူများ တကယ် အရေးယူမယ်ဆိုတော့ ကြောက်လန့်ကာ အာဏာပိုင်များကို အပြစ်တင်နေကြ


 "ခွင့်ပြုချက်မစောင့်ပဲ ဆန္ဒပြမယ်၊ နောက်မှ ကြိုက်သလို အရေးယူတာ ခံမယ်" ဟု ကြွေးကြော်ခဲ့သူများ တကယ် အရေးယူမယ်ဆိုတော့ ကြောက်လန့်ကာ အာဏာပိုင်များကို အပြစ်တင်နေကြ ကြောင်း သတင်းရရှိသည်။ 

ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ပါတီတို့ပါဝင်သော လွှတ်တော်က အတည်ပြုလိုက်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြခြင်း ဥပဒေအရ ဆန္ဒပြလိုလျှင် ၅ ရက်ကြိုကာ နီးစပ်ရာ ရဲစခန်း သို့ လူအရေအတွက်၊ လမ်းကြောင်း အပါအဝင် အချက်အလက်များ တင်ပြရမည်ဖြစ်သော်လည်း မနေ့က စက်တင်ဘာ ၂၁ ရက်နေ့က ဆန္ဒပြသူ များဟာ ခွင့်ပြုချက် ကျ ချိန်ထိလည်းမစောင့်တဲ့အပြင် လူ ၂၀၀ ဟု လိမ်ညာ တင်ပြကာ လူ ၄၀၀ ကျော် ဆန္ဒပြကာ ဥပဒေကို လက်တလုံးခြား လုပ်ခဲ့ကြသည်။ ဒါ့အပြင် သက်ဆိုင်ရာ တာဝန်ရှိသူများက တားမြစ်ချိန်တွင်လည်း လက်မခံ ပဲ 

"ရတယ်... ဘာပြောပြော ဆက်ပြမယ်... ပြီးမှ ကြိုက်သလို အရေးယူတာ ခံမယ်...." လို့ လူရှေ့သူရှေ့မှာ သူရဲကောင်း များပမာ ရင့်ကော့ လက်မထောင် ပြောကာ ခရီးဆက်ခဲ့ကြကြောင်း သိရသည်။

၎င်း တို့၏ စကားအတိုင်း ဆန္ဒပြပွဲအပြီးထိ တာဝန်ကျ ရဲအရာရှိများက စောင့်ခဲ့ပြီး ဆန္ဒပြပွဲ ပြီးချိန်တွင် ဦးဆောင်သူ များကို အရေးယူဖို့ ပြင်ဆင်ချိန်မှာတော့ ခေါင်းဆောင် ဆိုသူများ နှင့် နောက်လိုက်အားလုံးဟာ ကားဖြင့် အလျှိုအလျှို လစ်ပြေးသွားကြောင်း သိရသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဦးစီး(၂)မှ ရဲမှူးမြင့်ထွေးက ယနေ့ ညနေ ၅ နာရီအချိန်တွင် ဥပဒေ ကို လက်တလုံးခြား လုပ်သူများကို အရေးယူနိုင်ကြောင်း၊ ထောင်ဒဏ် တစ်နှစ် နှင့် ငွေဒဏ် သုံးသောင်းထိ ကျခံနိုင်ကြောင်း၊ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခွင့် ဥပဒေ ပါ အချက်များ နှင့်တကွ သတင်းထောက်များကို ရှင်းလင်း ပြောကြားခဲ့သည်။ 

ထိုအချိန်မှ စ၍ ဥပဒေ ချိုးဖောက်က ခွင့်ပြုချက် မရပဲ ဆန္ဒပြသူများတွင် သတင်းထောက်များ ကိုယ်တိုင် ပါဝင်ခဲ့ခြင်းကြောင့် အရေးယူခံရမည်ကို ကြောက်လန့်ကာ အစိုးရ နှင့် ရဲများကို အပြစ်တင် လျှက် ရှိကြောင်း သတင်းရရှိသည်။



 Myanmar Express

1 comments:

http://mindhammagroup.multiply.com/video/item/6ေ၇ွှမန်းအမျိုး နန္ဒာလှိုင်၇ဲ့နာမည်ကြီးနေသော ဗီဒီယို

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်