Subscribe to our RSS Feed

အိုင်းဖုန်းဖိုက် ပြည်တွင်းမှာ သုံးနိုင်ဖို့ စမ်းသပ်နေ

From : ခေတ်လူငယ်

အိုင်ဖုန်းဖိုက်မှာ ထည့်သွင်းရမယ့် နာနိုဆင်းကတ်နဲ့ ပတ်သက်ပြိး ပြည်တွင်းမှာ သုံးလို့အဆင်ပြေ မပြေ စမ်းသပ်နေကြတယ်လို့ သိရတယ်။ AIKON အက်ပဲလ်ပစ္စည်း အရောင်းဆိုင်မှ ကိုထွဋ်က “နာနိုဆင်းကတ်က micro ဆင်းကတ်ထက် သုံးဆယ်ရာခိုင်နှုန်း သေးတယ်။ အဲဒီသေးတာကို ဖြတ်လို့ရပေမယ့် အင်တာနက်မှာ တွေ့တာက ပါးလဲပါးတယ်တဲ့၊ အကိုတို့ နာနိုဆင်းကတ်ဖြစ်အောင် ဖြတ်ကြည့်ပြီး ပါးအောင်တော့ လုပ်ကြည့်တယ်၊ စမ်းကြည့်သလောက်တော့ ဆင်းကတ်က အပျက်အစီး မရှိဘဲ သုံးလို့ရတယ်။ ဒါပေမယ့် အိုင်ဖုန်းဖိုက်ရဲ့ ဆင်းကတ်ဆိုက်က ဘယ်လောက်လုပ်ထားလဲ မမြင်ဖူးသေးတော့ လက်ရှိပါးထားတဲ့ အနေအထားက ဝင်မဝင် သေချာမသိရသေးဘူး” လို့ ပြောပါတယ်။ လတ်တလောမှာ အိုင်ဖုန်းဖိုက်ကို အမေရိကန်နဲ့ နိုင်ငံရှစ်နိုင်ငံမှာ သည်လ ၂၁ ရက်နေ့မှာ စဖြန့်ချိမယ်လို့ ကြေညာထားပြီး region တစ်ခုကို ဖုန်းအလုံးရေ လေးသန်းဖြန့်ချိပေးမှာပါ။ အော်ဒါများတဲ့အတွက် နောက်ထပ်မှာတဲ့ အော်ဒါတွေကို ရွှေ့ဆိုင်းထားတာမျိုးလဲ ရှိတယ်လို့ ပြည်တွင်းက ဖုန်းဆိုင်တချို့က ပြောပါတယ်။ ပြည်တွင်းဖုန်းဆိုင် တချို့ကိုတော့ အိုင်ဖုန်းဖိုက်က သည်လကုန်မှာ ရောက်နိုင်သလို တချို့ဖုန်းတွေကတော့ ဟိုမှာ ၂၁ ရက်နေ့ ထွက်တယ်ဆို သုံးလို့ရမရ အချက်အလက်ကြည့်ပြီး ၂၅ ရက်နေ့လောက် ရောင်းချပေးနိုင်မယ်လို့ သိရပါတယ်။ ပြည်တွင်းဖုန်းဆိုင်တချို့နဲ့ ဝက်ဘ်ဆိုက်တချို့မှာတော့ နာနိုဆင်းကတ်နဲ့ ပတ်သက်ပြီး သုံးလို့ရနိုင် မရနိုင်၊ အပျက်အစီးရှိ၊ မရှိ စမ်းသပ်ကြည့်နေကြပါတယ်။ တချို့ဖုန်းဆိုင်တွေက စင်ကာပူက ဖုန်းတွေ ရောင်းချဖို့ မှာထားတာ ရှိသလို တချို့ကတော့ ဟောင်ကောင်ဖုံးတွေ ရောင်းချဖို့ မှာထားတယ်လို့ သိရတယ်။ အိုင်ဖုန်းဖိုက်ကို အက်ပဲလ်ကုမ္ပဏီက အဖြူနဲ့ အနက် နှစ်မျိုး ဖြန့်ချိမှာ ဖြစ်ပြီး ဈေးနှုန်းကတော့ တချို့က ပစ္စည်းရောက်လာမှ သိနိုင်မယ်လို့ ပြောသလို၊ တချို့ကတော့ 16 GB ကို ရှစ်သိန်းဝန်းကျင်လောက် ရှိမယ်လို့ ခန့်မှန်းပြောဆိုကြကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။  

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်