Subscribe to our RSS Feed

မိုးသီးဇွန်တို့အဖွဲ့နှင့် မြန်မာပြည် ခရီးစဉ်(၂)


From : မေသင်္ကြန်ဟိန်း(မြစ်မခ)

ပထမပိုင်းဖြစ်တဲ့ မိုးသီးဇွန်တို့အဖွဲ့နှင့် မြန်မာပြည် ခရီး(၁)ကို ၀ိုင်းပြီး ပေးထားတဲ့ comment တွေကို ဖတ်ကြည့်ပြီးတော့ ဒုတိယပိုင်းမှာ ကျမရဲ့opinion ထည့်ရေးဖို့ သင့်မသင့်ဆိုတာကို တော်တော်လေး စဉ်စားစရာဖြစ်သွားခဲ့ရပါတယ်။

Comment တွေကို သေချာဖတ်ကြည့်လိုက်တော့ဦးမိုးသီးဇွန်တို့အဖွဲ့နဲ့ပတ်သက်တဲ့ သဘောထားအမြင်တွေနဲ့ ၊ ABSDF အဖွဲ့ရဲ့ အကွဲအပြဲဇာတ်လမ်းတွေကိုမြင်လာရသလိုပဲ ခံစားလာရပါတယ်။

ကျမက နိုင်ငံရေးအကွဲအပြဲဇာတ်လမ်းတွေကို ရေးသားချင်သူလည်း မဟုတ်ပါဘူး။နိုင်ငံရေးသမားတွေ၊ ခေါင်းဆောင်တွေဆိုတာ ကျမတို့အမြဲလေးစားချင်တဲ့သူတွေပါ၊

ကျမက နိုင်ငံရေးသမားဆိုရင် လေးစားချင်တယ်၊ အားကျချင်တယ်၊ အပြည့်အ၀ ယုံကြည်ထောက်ခံချင်ကြတဲ့ သူဆိုတာလည်း ပြောချင်ပါတယ်။

နောက်တချက်က ဦးမိုးသီးဇွန်းတို့အဖွဲ့တွေအပြင်၊ ဒေါက်တာနိုင်အောင်တို့အဖွဲ့စတဲ့ ABSDF အဖွဲ့ဝင်တွေနဲ့ရော ပုဂ္ဂိုလ်ရေးအရ ခင်မင်သိကျွမ်းခြင်းလည်း မရှိခဲ့သလို၊ မုန်းတီးစိတ်လည်း ကျမမှာ မရှိခဲ့ပါဘူး။

ABSDF အဖွဲ့နဲ့ပတ်သက်ပြီး Facebook ပေါ်မှာ ခေတ်စားလှတဲ့ မြောက်ပိုင်းက အရိုးတွန်သံများစတဲ့ အခန်းဆက်တွေနဲ့ ကိုမောင်မောင်ရဲ့ ခေတ်သစ်ဟင်္သာကိုးသောင်း စာအုပ်လောက်ပဲ ဖတ်ဖူးခဲ့တာပါ။ ကျန်တဲ့ အဖွဲ့ နှစ်ဖွဲ့ ကွဲသွားကြတာတွေနဲ့ အာဏလုတယ်ဆိုတာတွေကိုတော့ နားစွန်နားဖျားလောက်ပဲ ကြားခဲ့ဖူးပါတယ်။

ကိုမိုးသီးဇွန်းကိုလည်း လက်ရှိ ရိုဟင်ဂျာနဲ့ပတ်သက်ပြီး မေးခွန်းတွေ မေးစရာရှိနေခဲ့လို့၊ သတင်းစာရှင်းလင်းပွဲကိုလည်း စိတ်ဝင်စားစွာတက်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။

ဒီနေ့ပဲ မိတ်ဆွေအချို့ကတော့ ဒီလိုမျိုးကိစ္စတွေမှာ မသိချင်ယောင်ဆောင်နေပါ၊Facebook မှာ Profile အမှန်ကြီးတင်ထားပြီးတော့ လူမုန်းမခံပါနဲ့၊ လူမုန်းခံရမဲ့ စာမျိုးတွေ မရေးပါနဲ့၊မိုးသီးဇွန်တို့အဖွဲ့က မုန်းလိမ့်မယ် လို့ သတိပေးလာကြပါတယ်။

ကျမအနေနဲ့ကတော့ လူမုန်းခြင်း၊ ချစ်ခြင်းဆိုတာထက်၊ပြီးတော့ ကျမအပေါ်မှာ သူတို့ ဘယ်လိုမြင်မလဲဆိုတဲ့ ထင်မြင်ချက်တွေထက် ကျမအလုပ်ကို ကျမ ပိုပြီး တန်ဖိုးထားပါတယ်။

မိုးသီးဇွန်တို့အဖွဲ့နှင့် မြန်မာပြည် ခရီး(၁) ဆောင်းပါးကလည်း ကျမဘက်ကနေ မြင်တဲ့အမြင်နဲ့ ခံစားရတာကိုပဲ ရိုးရိုးလေးချရေးလိုက်တာပါ။

ဦးမိုးသီးဇွန်တို့အဖွဲ့နဲ့ ABSDF အဖွဲ့ဝင်တွေ အားလုံးအပေါ်မှာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်လိုစိတ်နဲ့ ရေးသားနေခြင်း မဟုတ်တာကိုတော့ အမြဲတမ်း စိတ်လိပ်ပြာသန့်စွာနဲ့ ကျမ ပြောရဲပါတယ်။ ခုလည်း အဲဒီလိုပဲ ပြောပါမယ်။

မိတ်ဆွေများကို ပေးခဲ့တဲ့ ကတိအတိုင်း ဒုတိယပိုင်းကို ဆက်ရေးပါမယ်။

`မေးခွန်းတွေမေးလို့ရပါပြီ ၊ဒါပေမဲ့ စနစ်တကျဖြစ်အောင်တော့ ကျနော် စီစဉ်ပေးပါမယ်၊ မေးခွန်းမေးချင်တဲ့သူတွေ လက်ညှိုးထောင်ပါ၊ အဲဒီထဲကနေ ကျနော်ရွေးပါမယ်`လို့ အခမ်းအနားမှူးဦးရွှေစင်ထွန်းက ပြောပါတယ်။

စင်ရှေ့နား၊ ဘေးနား ပတ်ပတ်လည်မှာ ရပ်ပြီး နားထောင်နေကြတဲ့ သတင်းသမားတွေနဲ့ ကျမလို ထိုင်ခုံမှာထိုင်ပြီး နားထောင်ကြတဲ့ သတင်းသမားတွေရော နိုင်ငံရေးပါတီက လူတွေရော တော်တော်များများက လက်ညှိုး ထောင်ကြပါတယ်။

အဲဒီအချိန်မှာပဲ ဦးရွှေစင်ထွန်းက ရှေ့နားက ရှပ်အကျီာ်အဖြူနဲ့အမဲအကွက်ဝတ်ထားတဲ့ အမျိုးသားတဦးကို လက်ညှိုးထိုးပြီး အရင်စပြီး မေးခွန်းစမေးခွင့်ပြုပါတယ်။

မေး။ ။ ကိုမိုးသီးဇွန်းတို့က ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ကို ကူညီသွားမယ်လို့ ပြောခဲ့တော့လေ၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုကူညီပေးသွားမယ်ဆိုတာ တချက်လောက်ပြောပြပေးပါလားခင်ဗျာ။

ဖြေ။ ။ မိုးသီးဇွန်- အကူအညီတောင်းတာမှန်သမျှကို ကျနော်တို့ ကူညီသွားမှာပါ၊ ဘာပဲအကူညီတောင်းတောင်းပါ။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ရော တွေ့ဆုံဖို့ အစီစဉ်ရှိပါသလား။

ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ဆိုတာကို ကျနော်တို့ မေတ္တာရပ်ခံထားပါတယ်။

နောက်တဦးကတော့ နိုင်ငံရေးပါတီတခုကလို့ သိရပါတယ်။ သတင်းထောက်တဦးတော့ မဟုတ်ပါဘူး။ ဘိုဆန်ဆန် ကုတ်အကျီာင်္နဲ့ဘောင်းဘီဝတ်ထားတဲ့ ခပ်၀၀နဲ့အမျိုးသားတဦးပါ။ သူ့ကိုသူကိုလည်း ခုလို မိတ်ဆက်ပါတယ်။

မေး။ ။ ကျနော်က ၁၉၈၈ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူးဟောင်းဖြစ်ပါတယ်။ကိုမိုးသီးနဲ့ အဲဒီအချိန်တုန်းကအတူတူ တွဲလုပ်ခဲ့တဲ့ရဲဘော်ဟောင်းတဦးဖြစ်ပါတယ်။ ခုလိုကိုမီုးသီးတို့အနေနဲ့ ငြိမ်းချမ်းရေးအတွက် ရောက်လာတာကို သိရတဲ့အတွက်မြန်မာပြည်သူတယောက်အနေနဲ့ အလွန်ဝမ်းသာမိကြောင်း ဦးစွာပြောကြားလိုပါတယ်။ ကျနော်မေးချင်တာကတော့ ကိုမိုးသီးဇွန်တို့ အုပ်စုကို ပထမဆုံး မြန်မာပြည်သူလုထုရဲ့ဆန္ဒကို အရင် message ပေးချင်ပါတယ်။ မြန်မာပြည်သူလူထုကြီးရဲ့ ဆန္ဒဖြစ်တဲ့ မေးခွန်းကို ကျနော်မေးချင်တာကတော့ ကိုမိုးသီးဇွန်ဟာ ၈၈ ခေါင်းဆောင်ဖြစ်တဲ့အတွက်ကြောင့် ကိုမိုးသီးဇွန်ဦးဆောင်တဲ့ နိုင်ငံရေးပါတီတရပ်ပေါ်ထွန်းလာဖို့မြန်မာပြည်သူလူထုက ဆန္ဒရှိနေတယ်လို့ ကျနော် သိထားပါတယ်။ ကိုမီုးသီးဇွန်အနေနဲ့ ကိုမိုးသီးဇွန်ဦးဆောင်တဲ့ နိုင်ငံရေးပါတီတခု ထူထောင်ဖို့အစီစဉ်ရှိမရှိ၊ ပြည်သူလူထုရဲ့ ဆန္ဒကို လိုက်ပါဆောင်ရွက်လိုစိတ်ရှိမရှိကို ကိုမိုးသီးဇွန်ဖြေကြားပေးပါ။

မေးတဲ့ သူကတော့ ဘယ်လိုရည်ရွယ်ချက်နဲ့မေးလိုက်သလဲ မသိဘူး။ ကျမအပါအ၀င် သတင်းသမားတွေကတော့ တယောက်မျက်နှာ တယောက်ကြည့်မိကြပါတယ်။

ကိုမိုးသီးဇွန်က ခုဏလေးတင် နိုင်ငံရေးပါတီ ထောင်ဖို့ မဟုတ်ဘူးလို့ သေချာ ပြောခဲ့ပါလျက်နဲ့ အခု ဒီမေးခွန်းထွက်လာတယ်ဆိုတာကလည်း နည်းနည်းလေး ထူးဆန်းသလားလို့ ခံစားလိုက်ရလို့ပါ။

ဦးမိုးသီးဇွန်ကလည်း ခပ်တည်တည်နဲ့ပဲ မတ်တပ်ရပ်ပြီး ထဖြေ ပါတယ်။

ဖြေ။ ။မိုးသီးဇွန်-ကျနော်တို့လာခဲ့တာဒီကရဲဘော်တွေအားလုံး စုပေါင်းခေါင်းဆောင်ပြီးမှ လာတာပါ၊ ကျနော် ခေါင်းဆောင်ပြီးလာတာ မဟုတ်ပါဘူး ဆိုတာကို သတင်းမီဒီယာကလူတွေလည်း သိနားပြီးပါ၊ ကျနော်တို့အားလုံးဟာ အတူတကွပူးပေါင်းဆောင်ရွက်ဖို့ လာခဲ့တယ်၊ ကျနော်အနေနဲ့နိုင်ငံရေးပါတီ တခုကို ထူထောင်ဖို့ ရွေးကောက်ပွဲ ၀င်ဖို့ အစီစဉ်မရှိပါဘူး။ ကျနော်အနေနဲ့ လေဆိပ်ကနေ စပြီးတော့မြန်မာပြည်ထဲကနေ ထွက်လိုက်တာနဲ့ ကျနော်ပိုပြီးတော့ အားသန်တာက ပြည်သူလူထုတွေ အရမ်းကို ဆင်းရဲဒုက္ခရောက်နေပြီ မြန်မာပြည်က အရမ်းကို နောက်ကျကျန်ခဲ့ပြီ၊ အဲဒီအတွက် ဘယ်လိုအခန်းကဏ္ဍကနေ ပိုပြီးတော့ စီးပွားရေး၊ လူမှုရေး ၊နိုင်ငံရေး အခန်းကဏ္ဍတွေကို မြင့်တက်လာအောင်ဘယ်လို လုပ်ဆောင်ရင်ကောင်းမလဲ၊ လုပ်ဆောင်ဖို့အတွက် ကျနော့်မှာလည်း အစီအစဉ်တွေ ရှိပါတယ်။အဲဒါတွေကိုပိုပြီး လုပ်ချင်နေပါတယ်။ အဲဒါကို ပြောချင်ပါတယ်။ နိုင်ငံရေးပါတီထောင်ဖို့အစီစဉ် မရှိပါဘူး။

မေးလျက်စ အမျိုးသားကပဲ ဆက်ပြီး မေးပါတယ်။

မေး။` ။သမ္မတဦးသိန်းစိန်ခေါင်းဆောင်တဲ့ပြုပြင်ပြောင်းလဲရေး ဟာစတင်နေပြီလို့ ကျနော်က ယူဆပါတယ်။ အဲဒီတော့ကိုမိုးသီးဇွန်အနေနဲ့ နိုင်ငံရေးပါတီတရပ်မထူထောင်ဘဲနဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ပြုပြင်ပြောင်းလဲရေးနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်စဉ်ကို ဘယ်လိုများ သွားနိုင်မယ်လို့မျှော်လင့်ထားပါသလဲ။ ကျနော့်အမြင်ကတော့ နိုင်ငံရေးပါတီထူထောင်မှပဲ နိုင်ငံရေးဖြစ်စဉ်မှာ ပြတ်ပြတ်သားသားသွားလို့ရမယ်လို့ ထင်ထားပါတယ်။ ကိုမိုးသီးဇွန်ရဲ့အစီစဉ် သိပါရစေ။

အဲဒီအမေးကို ဦးမိုးသီးဇွန်ဖြေလိုက်သလား မဖြေလိုက်ဘူးလား သတိမထားမိခင်မှာပဲ ၈၈မျိုးဆက်ကျောင်းသားလို့သိရတဲ့ အသားမည်းမည်းနဲ့ တီရှပ်အမည်းရောင်ဝတ်ထားတဲ့ အမျိုးသားတဦးကလည်း

မိုက်ကိုယူပြီး မေးမြန်းဖို့ပြင်ဆင်ခဲ့ပါတယ်။ သူ့နောက်မှာလည်း ပင်နီဝတ်နဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်းက လူတွေ အမျိုးသား၊ အမျိုးသမီးတွေ စောင့်နေကြတယ်။ အားလုံးလိုလိုကတော့ အသက် ၄၀ ကျော်ပိုင်းတွေဖြစ်တာကိုတွေ့ရတာ့ ကိုမိုးသီးဇွန်တို့ရဲ့ ရဲဘော်ဟောင်းတွေဖြစ်လိမ့်မယ်လို့လည်း နားလည်မိပါတယ်။ ဟုတ်မဟုတ်တော့ ကျမ သေချာမသိပါဘူး။

ဒီပုံအတိုင်းသာဆိုရင် နိုင်ငံရေးပါတီတွေကနေတယောက်ချင်းမေးနေတာတွေ၊ အချင်းချင်း ချီးမွန်းခန်းဖွင့်နေကြတာတွေနဲ့ ကျမတို့သတင်းသမားတွေ မေးခွန်းတောင် မစလိုက်ရခင် ဟိုတယ်အခန်းက အချိန်ပြည့်သွားနိုင်တယ်လို့ ကျမဘေးမှာ ထပြီး သတင်းယူနေတဲ့ သတင်းထောက်ညီမလေးတယောက်နဲ့ ပြောမိပါသေးတယ်။

အဲလို စဉ်စားနေတုန်းမှာပဲ မေးမဲ့သူတဦးက ၈၈ကနေ စပြီး ဇာတ်ကြောင်း ချီလာတော့ ရုတ်တရက် ကျမလည်း ထရပ်ပြီးသတင်းသမားတွေကို ဦးစားပေးပြီး မေးခွင့်ပေးဖို့ ပြောလိုက်မိတယ်။

အဲဒီလို ထပြောလိုက်မိတဲ့အတွက် နိုင်ငံရေးအသိုင်းအ၀ိုင်းဆီက မျက်လုံးတွေ ကျမဆီကို ပြုံပြီး ရောက်လာကြတယ်။

ဝိုင်းကြည့်လာတဲ့ မျက်ဝန်းတွေမှာ နဂါးမျက်ဝန်းတွေသာဆိုရင် ကျမတော့ ပြာကျသွားမလားပဲ။ ပြောပြီးသွားမှ အချိန်မရမှာစိုးလို့ ပြောလိုက်တာပါပဲ ဆိုပြီး ကိုယ့ိကိုယ်ကိုလည်း ပြန်အားတင်းရပါတယ်။

အဲလို ထပြီး ပြောလိုက်မိတဲ့အတွက် သတင်းထောက်တဦးလျှင်မေးခွန်း ၂ခွန်းနှုန်းနဲ့ တယောက်ပြီး တယောက်မေးဖို့ မေးခွန်းမမေးခင် ဂျာနယ်အမည်နဲ့ အမည်ကို မိတ်ဆက်ဖို့ အခမ်းအနား စီစဉ်သူတွေက ပြောပါတယ်။

အဲဒါကြောင့် သနပ်ခါးပါးကွက်ကြားနဲ့အနေအထိုင်ရိုးသလို၊ မေးခွန်းတွေကိုလည်း ရိုးရိုးရှင်းရှင်းမေးတတ်တဲ့ သတင်းထောက်မေကျော်က ပထမမေးခွန်းစမေးပါတယ်။

မေး။ ။ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ကိစ္စရပ်နဲ့ပတ်သက်ပြီး ဦးမိုးသီးရဲ့ ပြောဆိုမှုတချို့တွေကလည်း အင်တာနက်မှာ ပျံ့နှံ့နေတာတွေ ရှိပါတယ်။ အဲဒါတွေကလည်း ထင်ယောင်ထင်မှားဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ ဦးမိုးသီးအနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ပြဿနာအပေါ်မှာ ဦးမိုးသီးရဲ့ သဘောထားနဲ့ လူ့အခွင့်အရေးဆိုတာနဲ့နိုင်ငံသားအခွင့်အရေးဆိုတာလေးကို နည်းနည်းလေးရှင်းပြနိုင်မလားလို့ပါ။

ဖြေ။ ။မိုးသီးဇွန်- ကျနော်ရဲ့ ယူဆချက်လို့ ပြောရတာ နည်းနည်းလေး ခက်နေပါသေးတယ်၊ အဲဒါကြောင့် စုံစမ်းစစ်ဆေး ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်တွေ ထွက်လာရင် လူ့အခွင့်ရေးကိစ္စ၊ နိုင်ငံသားအခွင့်အရေးကိစ္စဟုတ်လား ကျနော်တို့ အကုန်လုံး ပါမယ်လို့မျှော်လင့်ပါတယ်။ ကျနော့်အနေနဲ့ကဒီတိုင်းပြည်ကိုငြိမ်းချမ်းရေးအတွက် လာကြတာဖြစ်လို့ ပဋိက္ခဆိုတာကို ဘယ်နေရာမှာမှ မဖြစ်စေချင်ပါဘူး။

မေး။။မနေ့က လေဆိပ်မှာဦးမိုးသီးကိုကြိုတဲ့သူအချို့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင်လို့ ပြော တယ်၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင်လို့ ပြောတယ် အဲဒီပေါ်မှာခံယူချက်သဘောထားလေးနဲ့နှိုင်းယှဉ်ချက်လေး နည်းနည်းလေး အသေးစိတ်လေး ရှင်းပြပေးစေချင်ပါတယ်။

ဖြေ။ ။ကျနော်တို့က ဒီမိုကရေစီလို့သွားနေတာဖြစ်တဲ့အတွက် ဒါ ပြည်သူလူထုရဲ့သဘောထားအမြင်ပဲ ဖြစ်ပါတယ် ခင်ဗျာ၊ ရွေးကောက်ပွဲ ၀င်မယ်၊ နိုင်ငံရေးပါတီလုပ်မယ်ဆိုရင် ပြည်သူလူထုရဲ့ရွေးချယ်မှုကသာ အဓိက ကျပါတယ်ခင်ဗျာ၊ ဟုတ်လား ပြည်သူတွေက မဲများများပေးမယ်ဆိုရင် အဲဒီလူက ခေါင်းဆောင်ဖြစ်မှာပါပဲ။ ပြည်သူလူထုက မြန်မာ့ဒီမိုကရေစီလို့ သုံးစွဲရင်သူတို့ရဲ့ ဆန္ဒပဲ ဖြစ်ပါတယ်။

နောက်တဦးကလည်း အမျိုးသမီးသတင်းထောက်တဦးပါပဲ၊ နေပြည်တော်တိုင်း ဂျာနယ်က မီမီခိုင်ဖြစ်ပါတယ်။ အသားညိုညို တက်တက်ကြွကြွနဲ့ ဇွဲကောင်းကောင်းအလုပ်လုပ်တတ်တဲ့ သတင်းထောက်ပါပဲ။

မေး။ ။ ဦးမိုးသီးဇွန်တို့က ပြည်ပရောက်ဒီမိုကရေစီအင်အားစုအနေနဲ့ မြန်မာနိုင်ငံရေးကို ဆောင်ရွက်ခဲ့ကြတယ်ဆိုတော့လေ၊ ခုမြန်မာပြည်ပြန်ရောက်လာတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ လူနေမှု အဆင့်အတန်းကို ဘယ်လိုများသုံးသပ်မိသလဲ။

ဖြေ။ ။ မိုးသီးဇွန်- အခု ကျနော်တို့က အမေရိကားမှာ နေနေတယ်၊ ကျနော်ဆိုရင် နယူးယောက်မှာ နေတယ်။ နယူးယောက်ကို ကမ္ဘာရဲ့စီးပွားရေးလို့ တင်စားကြပါတယ်၊နယူးယောက်ရဲ့ ဆုံးဖြတ်ချက်တခုက တကမ္ဘာလုံးကို ချုပ်ကိုင်သွားလောက်အောင်ကို မြှင့်တင်ကြတယ်လေ ပြောရရင်တော့ကမ္ဘာ့ခေါင်မိုးလိုနေရာကနေ ထိုင်ပြီးတော့ ကျနော်တို့အားလုံးကိုမြင်နေရသလို ဖြစ်နေတယ်။ အဲဒီတော့ လူတယောက်ရဲ့ တစ်နှစ်ဝင်ငွေက အဆင်းရဲဆုံးလူက တနှစ်ကို ဒေါ်လာသုံးသောင်းခွဲရတယ်။ အဲဒီလို နေရာကနေ ကျနော်တို့ ဒီဘက်ကို ရောက်လာတဲ့အခါကျတော့ အဲဒီကွာခြားမှုကြီးက သိပ်ကို ကြီးမားပါတယ်။ ဗမာပြည်အကြောင်းကို နေ့တိုင်း သိနေရတယ်၊ ကျနော့်ရဲဘော်တွေ အမြဲတမ်း report တွေရတယ်၊ ဖတ်ရတယ် အမြဲဆွေးနွေးတယ်ဆိုတော့ ခုလိုရောက်လာတဲ့အခါကျတော့ နံပတ်တစ်က ဘာဖြစ်သွားလဲဆိုတော့ ကျနော် မမှတ်မိတော့ဘူး။ အဆောက်အဦးတွေ လမ်းတွေကို မနည်း ကျက်မိအောင် ကျနော် ကြိုးစားနေရတယ်။ ပြည်သူလူထုရဲ့ ဘ၀တွေကို ကြည့်လိုက်တော့ တကယ့်ကို လေဆိပ်ပေါ်ကနေ ထွက်လာတာနဲ့ကို သိသွားပြီ၊ ဘယ်လို သိသွားပြီလဲဆိုတော့ ကျနော်တို့ အဝေးရောက်နေတယ်၊ ဘာမှ မသိတော့ဘူးလို့ ပြောတယ်။ ကျနော်တို့ လေ့လာနေပါတယ်။ ကျနော်တို့အမြဲမပြတ်ကြည့်နေတယ်၊ ဗမာပြည်က အခု ကျနော်တို့ လျှပ်စစ်မီးလာနေကြတယ်၊ ဟိုတလောတုန်းက လျှပ်စစ်မီးမလာဘူး ပျက်ပါတယ်။ လျှပ်စစ်မီးက မလေးရှားမှာ လူတယောက်ဟာ ကီလိုဝပ် သုံးသောင်းခြောက်ထောင်သုံးနိုင်တယ်။ မြန်မာတွေက ဘယ်လောက်သုံးနိုင်လဲ သိလား၊ ဘယ်လောက်သုံးနိုင်သလဲ ဆိုတာ ၄ ကီလိုဝပ်ပဲ သုံးနိုင်တယ်။ ဗမာတယောက်ကိုလေ။ ၄၁သန်းက မီးမရှိတဲ့နေရာမှာနေရတယ်၊ ဒီနေရာမှာ မီးလာရင် ဟိုဘက်အခြမ်းက မီးမရှိဘူး ကျနော်တို့မြန်မာတွေက အဲဒီလို ဖြစ်နေတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံဟာ အရမ်းကိုနောက်ကျပါတယ်။

၁၆၇ နိုင်ငံမှာ မြန်မာပြည်ရဲ့စီးပွားရေးလူမှုရေး နိုင်ငံရေးအဆင့်အတန်းကို ၁၆၀ လောက်မှာ သတ်မှတ်ထားတယ်။ကျနော်တို့နောက်မှာ နည်းနည်းပဲ ရှိတော့တယ်၊ အတန်းထဲမှာစာအညံ့ဆုံးကျောင်းသားကို မျက်စိထဲမြင်ကြည့်လိုက်ပါ။အဲဒီကျောင်းသားကို ကျနော်တို့ ပစ်ထားရမှာလား။ ဒီကျောင်သားကို ကျနော်တို့စာတော်လာအောင် လုပ်ပေးရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ လာခဲ့တာဖြစ်ပါတယ်။

မေး။ ။ နိုင်ငံခြားကနေ ဆောင်ရွက်နေတာတွေ ထိရောက်မှု ရှိတယ်လို့ထင်ပါသား။

ဖြေ။ ။ ကျနော်တို့ ကြိုးစားနေပါတယ်။ ကျနော်တို့ထိရောက်တယ် မထိရောက်ဘူးဆိုတာကတော့ ယနေ့အားလုံးအမြင်ပဲ ကျနော်တို့အားလုံးလည်သိတယ်။ ကျနော်တို့ သမ္မတကြီး ဦးသိန်းစိန်ဆီကိုရေးတဲ့ စာထဲမှာပါပါတယ်။ ၁၆၇ မှာ မြန်မာပြည်ရဲ့ အဆင့်အတန်းဟာ ၁၆၀ ရောက်သွားတယ်ဆိုတာဟာ ကျနော်တို့မျိုးဆက်တွေအားလုံးမှာ တာဝန်ရှိတယ်၊ ကျနော်တို့အားလုံးညံ့လို့ပေါ့၊ ကျနော်တို့အားလုံး လုပ်ဆောင်မှုတွေဟာ မထိရောက်လို့ဘဲလို့မြင်ပါတယ်။

မီမီခိုင်က မေးခွန်းနောက်တခုကိုထပ်မေးပါသေးတယ်၊ ဒါပေမဲက တဦးလျှင် ၂ ခွန်းနှုန်းလို့သတ်မှတ်ထားတဲ့အကြောင်း ထပ်ပြောတဲ့အတွက် သူလည်း ဆက်မမေးသာတော့ပါဘူး။

နောက်တဦးကလည်း သတင်းထောက်အမျိုးသမီးတဦးပါပဲ၊ အာအက်ဖ်အေကလို့ ပြောပြီး မိတ်ဆက်ပါတယ်၊ နာမည်ကိုတော့ ထုတ်မပြောပါဘူး။ မျက်နှာပြည့်ပြည့်နဲ့ လူငယ်အမျိုးသမီးတဦးပါပဲ။

မေး။ ။ ၂၁ ရက်ကြာ ဦးမိုးသီးဇွန်တို့ရဲ့ ခရီးစဉ်ထဲမှာ သမ္မတကြီးဦးသိန်းစိန်နဲ့ တွေ့ဆုံအစီစဉ်ရှိပါသလား၊ ရှိခဲ့ရင်လည်း ဘယ်လိုအကြောင်းအရာတွေကို အဓိကထားပြီး ဆွေးနွေးသွားမလဲ၊ နောက်တခုကတော့ ၈၈မျိုးဆက်ကျောင်းသားကိုမင်းကိုနိုင်တို့ဘယ်လိုအစီစဉ်နဲ့လက်တွဲဆောင်ရွက်သွားမလဲဆိုတာသိချင်ပါတယ်။

ဖြေ။ ။ သမ္မတကြီးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေတိုင်းပြည်ထူထောင်ရေးကိစ္စတွေကိုဆွေးနွေးဖို့ အစီစဉ်ရှိနေပါတယ်။ အဲဒါတွေ ဆွေးနွေးချင်တယ်ဆိုတဲ့အကြောင်းကို ကျနော်တို့ report လုပ်ထားပြီးပြီ၊ နောက် ၈၈ မျိုးဆက်တွေကလည်း ကျနော်တို့ ညီနောင်ရဲဘော်တွေဖြစ်တဲ့အတွက် မနေ့ကလည်းကျနော်တို့ သူတို့ရုံးကိုသွားလည်ကြတယ်။ မနေ့ကပဲ ကျနော်တို့က မတွေ့တာကြာပြီကို တယောက်နဲ့တယောက် နေကောင်းလား ကျန်းမာလား ပေါ့၊ နောက်ပိုင်းအခြေအနေမှာ ကျနော်တို့ နိုင်ငံရေးအရ အမြင်ခြင်း ဖလှယ်မယ်၊ လက်တွဲပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဆက်လျက်ဖော်ပြသွားပါမည်။

မိတ်ဆွေများကို လေးစားခင်မင်လျက်ပါ။

Myanmar Express

6 comments:

အလကားလူကြီး
ကုလားနဲ့ပေါင်းပြီးကုလားဘက်ကလိုက်ပြောနေတဲ့videoတွေYOUTUBမှာတပုံကြီး
သူကိုတိုင်မွတ်ကြီးလားမသိဘူး ပုံစံကတော့ တော်တော်တူသား

မေသင်္ကြန်ဟိန်း ရဲ့  သတင်းအရေးအသားတွေကို ဆက်ပြီး အားပေးနေပါတယ်၊ မိုးသီးဇွန်နဲ့  အုပ်စုတွေဟာ နိုင်ငံခြားမှာ မရေမရာတဲ့  ဘ၀နဲ့  နေကြရတာပါ။ နယူးယောက်မှာ နေတာနဲ့  ကမ္ဘာ့ ခေါင်မိုးပေါ်မှာ ရောက်နေတဲ့ ပုံစံပြောပြတာက အကြွားသက်သက်ပါပဲ။ တဖက်မြင်နဲ့ ပြောသွားတဲ့  စကားတွေပါ။ ပြည်တွင်းမှာ ပြန်ပြီး ရိုက်စား လုပ်လို့ ရမလားဆိုပြီး ခွင်တွင်တဲ့  စကားတွေပါ။

moe thee zun ka thu ko question out bo new york ka lu call lar pee atai fout lote nay tar ko myanmar tha din htout tway ma thi kya bu lar? US ka chee htote tway '' arr war darr'' tway

အော် သူတို့ပြောမှပဲ ငါတို့မြန်မာတွေ ရစရာကို မရှိတော့ပါလား။ ပြေးတောင် ထိုင်ရှိခိုးရမလို ပဲ။ အမေရိကန်က အနိမ့်ဆုံးလစာ ဟုတ်လား။ အမေရိကန်မှာ တောင်းစားတဲ့ သူတောင်းစားတွေ အကြောင်းကျ ဘာလို့ မပြောတာလဲ။ ဘာလဲ မြန်မာပြည် ရောက် မှ သူတောင်းစားမြင်ဘူးတဲ့ လေသံ နဲ့လာပြောနေတယ်။ စောက်လုပ်တွေကို ရှုပ်နေတာပဲ။ သူတို့တွေပဲ စောက် ဇယားရှုပ်နေတာ။ မြန်မြန်သာ လာရာလမ်းအတိုင်း ဖြောင့်ဖြောင့်တန်းတန်း ပြန်ကြပါ။ ဘာပြည်သူ့အသံလည်း ထောက်ခံမှ ပြည်သူ့ အသံ မထောက်ခံ ရင်ကျတော့ စောက်စကားတွေထွက်မလာဘူး။ ဘယ်သူမှ ခင်ဗျားတို့ကို အလိုမရှိ ဘူး။ အဲ့ဒါ ပြည်သူ ထဲ က ပြည်သူ့ အသံပဲ

moe thee zun kyo tin kyan sii pee NY ka call lar tae lad'http://www.youtube.com/watch?v=1n2msv1Rjm4&feature=relmfu

bastard,moetheezun he is son of porn ,dripping wet pussy

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်