From : MRTV4
.
Myanmar Express
ဂျပန် အစိုးရမှာ နိုင်ငံတကာ အဆင့် ဆွေးနွေးပွဲ တစ်ခုကို လာမည့်လတွင် ပြုလုပ်ရန် စီစဉ်နေပြီး မြန်မာနိုင်ငံ အပေါ်နိုင်ငံခြားမှ တင်ရှိနေသည့် ကြွေးမြီများ ကျေလည်ရေးနှင့် ပတ်သက်သည့်
အကူအညီကို ပေးရန်အတွက် ပြုလုပ်ခြင်း ဖြစ်ကြောင်း NHK သတင်းတွင် ဖော်ပြသည်။
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်မှ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဖြစ်သူ ဦးဝင်းရှိန်နှင့် အခြားသော နိုင်ငံပေါင်း ၃၀ မှ ကိုယ်စားလှယ်များမှာ လာမည့် အောက်တိုဘာလ ၁၁ရက်နေ့တွင် တိုကျိုမြို့တွင် ပြုလုပ်မည့် ဆွေးနွေးပွဲသို့ တက်ရောက်မည် ဖြစ်ပြီး ယင်းအထဲတွင် မြန်မာနိုင်ငံသို့ ချေးငွေပေးထားသည့် နိုင်ငံများလည်း ပါဝင်မည် ဖြစ်သည်။ အဆိုပါ တွေ့ဆုံပွဲမှာ ဂျပန်ရှိ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့နှင့် ကမ္ဘာ့ဘဏ် တို့၏ နှစ်စဉ် အစည်းအဝေးနှင့် တိုက်ဆိုင်နေကြောင်းလည်း NHK သတင်းတွင် ဖော်ပြသည်။
မြန်မာနိုင်ငံ အနေဖြင့် လွန်ခဲ့သည့် မတ်လကပင် ဒီမိုကရေစီ အရေး ပြုပြင်ပြောင်းလဲမှုနှင့် စီးပွားရေး ပြုပြင် ပြောင်းလဲမှု ဖြစ်စဉ်များကို အရှိန်အဟုန်မြင့် ဆောင်ရွက်နေသော်လည်း များပြားသည့် ကြွေးမြီများနှင့် စီးပွားရေး ပိတ် ဆို့ခံနေရမှုများက အပြောင်းအလဲ ဖော်ဆောင်မှုကို နှောင့်နှေးစေကြောင်းလည်း NHK မှ ဆိုသည်။ အလားတူပင် သောကြာနေ့ကလည်း ဂျပန် ဘဏ္ဍာရေး ဝန်ကြီးဖြစ်သူ Jun Azumi မှ သတင်းသမားများသို့ ပြောရာ၌ ယခုလို မြန်မာနိုင်ငံ၏ ပြဿနာကို ဖြေရှင်းရန် အတွက် ဂျပန် ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံ အတွင်းတွင် စီးပွားရေး လုပ်ငန်းများကို ချဲ့ထွင် လုပ်ဆောင်သင့်ကြောင်းလည်း ပြောကြား သွားခဲ့သည်။
source : NHK news

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်