Eleven Media မှ အယ်ဒီတာ ဝေဖြိုးဟာ Myanmar Express ကို မနက်တခါ ည တစ်ခါ မကြည့်ရလျှင် မနေနိုင်ဖြစ်နေကြောင်း သိရသဖြင့် အလွန်ဝမ်းသာလျှက် ရှိနေကြောင်း Myanmar Express မှ အယ်ဒီတာ ဦးလှမြင့် က ပြောကြားလိုက်ပါတယ်။
"ကျွန်တော်တို့ဆိုက်ကို ဂျာနယ်လစ်တွေ၊ အယ်ဒီတာတွေ အမြဲအားပေးတာကို သိထားပေမယ့် အခုလို အထင်ကရ မီဒီယာကြီး က အော်ကြောလန် အယ်ဒီတာကြီးတွေ ကိုယ်တိုင် မနက်တခါ ညတစ်ခါ ဝင်တယ်ဆိုတော့ ဝမ်းသာတာပေါ့ဗျာ... အခုလို အမြဲဝင်ကြည့်ကြလို့လည်း မောင်သန်းထွဋ်အောင် တို့ မောင်ဝေဖြိုးတို့လည်း အခုနောက်ပိုင်း ပေါက်ကရ မလုပ်ရဲတော့တာ ဖြစ်မယ်..." လို့ ဆိုပါတယ်။
Myanmar Express စာမျက်နှာတွင် ပြည်တွင်းထုတ် ဂျာနယ်များသာ မက ပြည်ပ အခြေစိုက် မီဒီယာသမားတို့၏ လူသိမခံသည့် အမှန်တရားများကို ထုတ်ဖော်ရေးသားလျှက်ရှိရာ Eleven Media ၏ အကတိ လိုက်စားမှု၊ ဦးသန်းထွဋ်အောင်၏ ကားရှိုးရွမ်း များ နှင့် မီဒီယာ ကို ရောထွေး အသုံးချနေမှု၊ လွတ်လပ်စွာဖြင့် အမှန်တရားကို ဝေဖန်ထောက်ပြပြောဆိုသူများကို ပိတ်ပင်မှု များ ပြုလုပ်နေမှုကို ထုတ်ဖော်ပြောကြားခဲ့သဖြင့် ဦးဝေဖြိုးနှင့် ဦးသန်းထွဋ်အောင်တို့မှ တစိမ့်စိမ့်ဒေါသထွက်လျှက် ရှိကာ မျက်စိဒေါက်ထောက် ကြည့်နေကြောင်း သိရသည်။
ပြီးခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အားလုံးကို ဖော်ထုတ်ရေးသားဖို့ ပြောကြားသွားပါတယ်။
Eleven Media အကြောင်း MEG မှ ဖော်ထုတ်ရေးသားထားသည်များမှာ
၁။ စတုတ္ထမဏ္ဍိုင် Eleven ရဲ့ ပွင့်လင်းမြင်သာရှိမှု တစ်ခု အကြောင်း
၂။ အမှန်တရားကို လွတ်လပ်စွာ ရေးသားခွင့် ရှိတယ်ဆိုပေမယ့်လည်း လူသိမခံရဲတဲ့ အမှန်တရားတွေ ဖွင့်ချမှုကြောင့် Myanmar Express ကို Eleven Media မကျေမနပ်ဖြစ်နေ
၃။အကုသိုလ်ဝင်နေရှာသည့်( နင် နေသည့် ) Dr.သန်းထွဋ်အောင်( EMG )
၎။ ကိုယ်တိုင် Comment တွေ ဖျက်ပြီး စာပေစိစစ်ရေးကိုတော့ မထားဖို့ တောင်းဆိုတဲ့ Eleven Media အတွက် မေးခွန်းများ
၅။ Eleven Media စာမျက်နှာတွင် အစိုးရအဖွဲ့ နှင့် ဝန်ကြီးများကို သဘောမကျကြောင်း Comment ပေး၍ရသော်လည်း ဒေါ်စုကို သဘောမကျကြောင်း Comment ပေးလျှင် Block လုပ်
၆။ Eleven Media ကို အားပေးကြပါတယ်
၇။ Eleven Media ၏ အောက်တန်းကျစွာ စွပ်စွဲမှုကို ဦးရဲထွဋ် မှ လူကြီးလူကောင်းဆန်စွာ ဖြေရှင်း
၈။ မီဒီယာကိုခုတုံးလုပ်၍စီးပွားရှာနေသာ သန်းထွဋ်အောင် (သို့) Eleven Media

4 comments:
သိပ်လည်းမပြောပါနဲ့ဗျာ။...ဝေဖြိုးက အမည်ခံအယ်ဒီတာချုပ်ပါ...။ ပြဿနာဖြစ်ရင် ထည့်လို့ရအောင် သန်းထွဋ်အောင်က ရာထူးပေးပြီး လက်သပ်မွေးထားတာပါ။ သူ့မှာ ကိုယ်ပိုင်စဉ်းစားဥာဏ်အားနည်းရှာတော့...ဒီလိုပဲလုပ်ရတာပါ။ သန်းထွဋ်အောင်မရှိရင် ဘ၀ပျက်မယ့်ကောင်လေးပါ..။ သနားပါတယ်။
သန်းထွဋ်အောင်ကလည်း တော်တော်လေး အထင်ကြီးစရာကောင်းတဲ့ ပုဂိုလ်ပါ။ မီဒီယာလောကအနားယူရင် စီးပွားရေးလောကထဲဝင်မယ်တဲ့...အော်..တော်တော်လေးမှစာပေ၀ါသနာပါပုံရတယ်။...အခုလည်းစီးပွားရေးလုပ်နေတာပဲမဟုတ်လား...မီဒီယာလောကအနားယူပြီး အေးအေးဆေးဆေးစာရေးမယ်..။အနားယူမယ်ပြောရင် 10%လောက်လေးစားဦးမယ်..။
သန်းထွဋ်အောင်ရဲ့ပေါပေါတောတောလုပ်ရပ်တစ်ခုရှိသေးတယ်။ Grand Royal စက်ရုံမီးလောင်တာကို သနားလို့ဆိုပြီး ကြော်ငြာငွေတွေကိုလျှော်ပစ်တာ..ဦးအောင်မိုးကျော်ကို အရှက်ခွဲ။ လူတွင်ကျယ်လုပ်။ ဦးအောင်မိုးကျော်က စက်ရုံမီးလောင်တာ ပျော်တောင်ပျော်သေး..အာမခံကြေးတွေအများကြီးရ အပြုံးတောင်မပျက်။ အင်းပေါ့လေ..သူ့ရင်အမြင်မှာ ...Grand Royal သနားပြ...သနားလို့ကြော်ငြာတွေနှစ်အလိုက်ထပ်ချုပ်ရင် ထပ်သနားပြ..အော်..သန်းထွဋ်အောင်...အရမ်းငယ်သေးတယ်ကွယ်...
ဟား ဟား ဟား ဂွစ်တယ်ဟေ့.......
မနက်တခါ ညနေတခါ တင်မဟုတ်လောက်ဘူး...
နေ့လယ် ထမင်းမစားခင် တခါသွာကြည့်သေးတယ်ထင်တယ်...
ထမင်းမစားခင်ကြည့်တယ်ဆိုတာ MEG သတင်းက ထမင်းထက်
အရေကြီးလို့.....
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်