From : messenger
ကြည်သာထွန်း
အစ္စရေးနဲ့ ပါလက်စတိုင်းဟားမာ့စ် အုပ်စုတို့ရဲ့ ၈ ရက်ကြာအောင် နှစ်ဖက်အပြန်အလှန် ဗုံးကျဲ တိုက်ခိုက် မှုတွေ ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေက အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် တစ်ခုကြောင့် ရပ်နားသွား ပါပြီ။ ရန်လို တိုက်ခိုက်မှုတွေကို နောက်ထပ် ဖြေလျှော့ ချနိုင်လို့ အပစ်အခတ်ရပ်စဲရေးကနေ တဆင့် ငြိမ်းချမ်း ရေး စာချုပ်ဆီကို အရောက်သွားနိုင်မယ်ရင်တော့ ပစ်ခတ် တိုက်ခိုက်မှုတွေ မတိုင်ခင်က ပုံမှန်အခြေအနေကို ပြန်ရောက်သွားမှာပါ။ အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်အရဆိုရင်တော့ ဂါဇာကမ်းမြှောင်ဒေသမှာ ရှိနေတဲ့ ဟားမာ့စ်တွေအနေနဲ့ အစ္စရေးအပေါ် ဒုံးကျည်နဲ့ တိုက်ခိုက်နေမှုတွေ အပါအဝင် တိုက်ခိုက်မှုတွေ အားလုံး ကို ရပ်တန့်ထားရမှာပါ။ လက်နက်တွေကို မြေအောက် ဥမင်လှိုဏ်ခေါင်းတွေကနေ တဆင့် အီဂျစ်နိုင်ငံထဲကနေ ဂါဇာကမ်းမြှောင်ဒေသထဲ ဟားမာ့စ်တွေက ခိုးသွင်း နေတာတွေ ရပ်တန့်ထားဖို့ ဆိုတာနဲ့ ပက်သက်ပြီးတော့ သဘောတူညီချက်ထဲမှာ ရှင်းရှင်းလင်းလင်း ဖော်ပြမထားပါ။ ဒါပေမဲ့ ကုန်ခမ်းသွားတဲ့ လက်နက်ခဲယမ်းမီးကျောက်တွေကို ပြန်လည် ဖြည့်တင်းပြီး နောက်တစ်ကြိမ် ပြန်လည် တိုက်ခိုက်လာ နိုင်တာကြောင့် ဒီအချက်က တော်တော်လေး အရေး ကြီးပါတယ်။
အစ္စရေးအနေနဲ့ကလည်း ''လူတစ်ယောက်ချင်းကို ဦးတည်တိုက်ခိုက်မှုတွေ'' အပါအဝင် ဂါဇာကမ်းမြှောင် ဒေသကို ပစ်မှတ်ထား စစ်ဆင်နေမှုတွေအားလုံးကို ရပ်တန့်ဖို့ သဘောတူခဲ့ပါတယ်။ ဒါ့အပြင် ဂါဇာ ကမ်းမြောင် နယ်စပ်တွေကို ဖြတ်ပြီး လူနဲ့ ကုန်ပစ္စည်းတွေ သွားလာပို့ဆောင်မရအေင် အစ္စရေး က ဝန်းရံပိတ်ဆို့ ထားတာကြောင့် ပါလက်စတိုင်းတွေဘက်မှာ ထိခိုက် နစ်နာဆုံးရှုံးမှုတွေ အများကြီး ရှိနေပါတယ်။ အပစ် အခတ်ရပ်စဲရေး သဘောတူညီချက်ရပြီးနောက် ၂၄ နာရီ အတွင်း ပြုလုပ်မယ့် ဆေးနွေးပွဲတွေမှာ ဒီထိခိုက်နစ်နာ ဆုံးရှုံးမှုတွေကိုလည်း ထည့်သွင်းဆွေးနွေးဖို့ သဘောတူ ထားပေမဲ့ ဘယ်လိုနည်းလမ်းနဲ့ ပြောဆိုဆွေးနွေးမလဲ ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်းတော့ ပြောမထားပါ။
ဒါပေမဲ့ နှစ်ဖက်စလုံးရဲ့ နိုင်ငံရေး ကစားကွက်ဆင် တွက်ချက်မှုတွေကို မပြောင်းလဲ၊ (အစ္စရေးနဲ့ ပါလက် စတိုင်း)''နိုင်ငံနှစ်ခု''ဆိုတဲ့ ဖြေရှင်းနည်းကနေ တစ်ဆင့် ပြဿနာကို မချည်းကပ်ဘူးဆိုရင်တော့ ယာယီ ငြိမ်သက် နေမှုက စစ်မှန်တဲ့ တည်ငြိမ်မှုကိုတော့ ဖန်တီးပေး လိမ့်မယ်မဟုတ်ပါ။ ဒါကြောင့် အခုနောက်ဆုံး တိုက် ခိုက်မှုတွေကို ဖန်တီပေးခဲ့တဲ့ လက်သည်တရားခံ နိုင်ငံ ရေးတွက်ချက် ကစားနေမှုတွေကို နားလည်ဖို့ လိုလာ ပါတယ်။
အစ္စရေးနဲ့ ဟားမာ့စ် အုပ်စုတိုကြား မကြာသေး ခင်မှာ စတင်ဖြစ်ပွားပြီး အချိန်တိုအတွင်းမှာ တဖြည်း ဖြည်း အရှိန်မြင့် ပြင်းထန်လာခဲ့တဲ့ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုတွေက လေ့လာသူတွေကို အံအားသင့် သွား စေပါတယ်။ တကယ်ဆိုရင်တော့ ၂ဝဝ၈ ခုနှစ်မှာ အစ္စရေးက ဟားမာ့စ်ကို ဆင်နွှဲတဲ့ စစ်ဆင်ရေးပြီးနောက် နှစ်ဖက်ကြားတိုက်ခိုက်မှုတွေ ရပ်တန့်ငြိမ်သက် နေခဲ့တာ ပါ။ ၂ဝဝ၆ ခုနှစ်မှာ ပါလက်စတိုင်း စစ်သွေြး
ဟားမာ့စ်တို့ရဲ့တွက်ချက်မှု
တိုက်ခိုက်မှုတွေ ပြန်စဖို့ ဟားမာ့စ်အုပ်စုကို အကြောင်းရင်း ၂ ခုက နောက်ကွယ်မှာ တွန်းအားပေး နေပါတယ်။ ဆာလာဖီဆိုတဲ့ အစွန်းရောက်အစ္စလာမ်စ် အုပ်စုလေးတွေနဲ့ သူက ဒေသတွင်းမှာ နိုင်ငံရေးအရ ရော စစ်ရေးအရပါ ယှဉ်ပြိုင်လာရပါတယ်။ ဒါ့အပြင် အာရပ်နွေဦးတော်လှန်ရေး နောက်ပိုင်းမှာ မဟာဗျူဟာ အရပိုပြီး လုပ်သာကိုင်သာရှိလာပြီလို့ ဟားမာ့စ်က ယူဆလာတာကြောင့် အစ္စရေးကို အသစ်တဖန် တိုက် ခိုက်လာတာလည်းဖြစ်ပါတယ်။ ဟားမာ့စ်အနေနဲ့ ဖာတာ့ အုပ်စုကို (မာမွတ်အာဘတ်စ် ဦးဆောင် ပါလက်စတိုင်း အဖွဲ့) ကို အနိုင်ယူပြီး ဂါဇာကမ်းမြောင်ဒေသထဲကနေ မောင်းထုတ်နိုင်လိုက်ပေမယ့် ဆာလာဖီ အုပ်စုတွေ ကိုတော့ ကိုင်တွယ်ရသိပ်မလွယ်ဘူးဆိုတာကို တွေ့လာရ ပါတယ်။ အော်စလို ငြိမ်းချမ်းရေးစာချုပ် ပျက်စီးသွားပြီး ဂါဇာ ကမ်းမြောင်ဒေသထဲကနေ အစ္စရေးတွေ ထွက်ပြေး သွားတာက သူတို့အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကြောင့်ဆိုတော့ ဟားမာ့စ်က ဖာတာ့ထက် နိုင်ငံရေးအမှတ် ပိုရသွား ပါတယ်။ ဒါပေမဲ့ ဆာလာဖီအုပ်စုတွေကို ဟားမာ့စ် က အင်အားသုံး နှိမ်နှင်းပေမဲ့ ဘယ်လိုမှ မအောင်နိုင်ပဲ အဆိုပါ အုပ်စုတွေ တဖြည်းဖြည်း အင်အားကြီးထွား လာတာကို စိုးရိမ်တကြီးနဲ့ စောင့်ကြည့်လာရပါတယ်။
၂ဝ၁၁ အာရပ်နွေဦးတော်လှန်ရေး နောက်ပိုင်းမှာ ဟားမာ့စ်အပေါ် ဖိအားတွေကလည်း ပိုပြီးတော့ တိုးပွား လာပါတယ်။ အီဂျစ်နိုင်ငံမှာ တော်လှန်ရေးတွေဖြစ်ပွားပြီး နောက်ဆက် တွဲပေါ်ပေါက်လာတဲ့ မတည်ငြိမ်မှုတွေ ကြောင့် ဂါဇာဆာလာဖီ အုပ်စုတွေရဲ့ နိုင်ငံရေး လမ်း ကြောင်းတွေလည်း ပြောင်းလဲလာကြပါတယ်။ မြောက် အာဖရိကမှာ အာဏာရှင် အစိုးရတွေပြိုလဲသွားပြီး အဆိုပါဒေသကနေ လက်နက်တွေနဲ့ တိုက်ခိုက်ရေး သမားတွေက အိမ်နီးချင်းနိုင်ငံတွေထဲကို ယိုစိမ့် ထိုးဖောက်လာကြပါတယ်။ ဆာလာဖီအုပ်စုတွေရဲ့ ကောင်းမှုကြောင့် အဆိုပါ လက်နက်တွေနဲ့ တိုက်ခိုက် ရေးသမားတွေက အီဂျစ်ဆိုင်းနိုင်း ကျွန်းဆွယ်ထဲကို ရောက်လာကြပါတယ်။ ဆိုင်းနိုင်းကျွန်းဆွယ်ကို အီဂျစ် အစိုးရကလည်း နိုင်နိုင်နင်းနင်း မကိုင်တွယ် နိုင်တာ ကြောင့် ကျွန်းဆွယ်က ဆာလာဖီအုပ်စုတွေအတွက် အစ္စရေးကို တိုက်ခိုက်ဖို့ စစ်ထွက်ရာ ကွင်းပြင်ဖြစ်လာပါ တော့တယ်။ အီဂျစ်နဲ့ ချုပ်ဆိုထားတဲ့ ငြိမ်းချမ်းရေးကို အပျက်မခံချင်လို့ သူ့အပေါ် တိုက်ခိုက်လာရင်တောင် အစ္စရေးတွေက ပြင်းပြင်းထန်ထန်မှာ လက်တုံ့ပြန် လာမှာမဟုတ်ဘူးလို့ ဆာလာဖီ အုပ်စုတွေက တွက်ဆ ထားပါတယ်။
ဒေသတွင်း အာဏာချိန်ခွင်လျှာတွေ ပြောင်းလဲ ကုန်တာကြောင့်လည်း ဟားမာ့စ်အဖွဲ့က အကျပ်အတည်း နဲ့ ကြုံတွေ့ရ ဖိအားပေးခံလာရပါတယ်။ ဆာလာဖီအုပ်စု တွေရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ ဂါဇာကို အစ္စရေး တိုက်ခိုက်လာတဲ့အခါ ဟားမာ့စ်က ဒေသကို အုပ်ချုပ်သူဖြစ်နေတာကြောင့် ဒီအတိုင်း လက်ပိုက်ကြည့် နေလို့မရတော့ပဲ ပါဝင် ပတ်သက်လာရပါတယ်။ ဆာလာဖီအုပ်စုတွေကို သူက အပြည့်အဝ မကိုင်တွယ် နိုင်သလို တစ်ဖက်မှာလည်း သူတို့က တော်လှန်ရေး အဖွဲ့ မဟုတ်တော့ပဲ အုပ်ချုပ်သူ အဖွဲ့အစည်း ဖြစ်သွားပြီ ဆိုတာကို ဟားမာ့စ်က ပြသဖို့ လိုလာပါတယ်။ ဆာလာဖီအုပ်စုတွေအပေါ် အစ္စရေးတိုက်ခိုက်မှုတွေကို ဟားမာ့စ်က မပါဝင် မပတ်သက်ပဲ ပထမပိုင်းမှာ လက်ရှောင်နေခဲ့ပါတယ်။ ဒီလိုလက်ရှောင်နေတာက အစ္စရေးကိုရင်ဆိုင်ဖို့ တစ်ခုတည်းသော နည်းလမ်း ဖြစ်တယ်ဆိုတာ ပြည်တွင်းမှာ ပြသထားပါတယ်။ ဒါ့အပြင် ဒီနည်းဗျူးဟာကို ပြည်ပမှာ ပြသထားနိုင်ရင် အစ္စရေးတိုက်ခိုက်မှုတွေကနေ ကင်းလွတ်နိုင်မယ်လို့ ဟားမာ့စ်တွေက တွက်ဆထားတာပါ။ ဒါပေမဲ့ အစ္စရေး တိုက်ခိုက်မှုတွေ ပိုပြီး ပြင်းထန်လာတဲ့အခါမှာတော့ အောက်ခြေအဖွဲ့ဝင်တွေဆီက ဖိအားတွေ တိုးပွားလာတာ ကြောင့် အစ္စရေးနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ ဟားမားစ် လည်း ပါဝင်ပက်သက်လာရပါတော့တယ်။
အစ္စရေးတို့ရဲ့ နိုင်ငံရေးတွက်ချက်မှု
တစ်ဖက်မှာတာ့ အစ္စရေးတို့ကလည်း နိုင်ငံရေးအရ တွက်ချက်အကွက်ချပြီး စစ်ဆင်ရေးတွေကို ဆင်နွှဲနေတာ လို့ ယူဆရပါတယ်။ ဂါဇာမှာ စစ်အောင်နိုင်ရင် ဇန်နဝါရီ ၂၂ ရက်မှာ ကျင်းပမဲ့ ရွေးကောက်ပွဲမှာ သူ့ရဲ့ လီကွတ် ပါတီ နောက်ထပ် မဲတွေပိုရမယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက မျှော်လင့်ထားခဲ့ပါတယ်။ ဝန်ကြီးချုပ် ဟောင်း အီဟွတ်အိုလ်မတ်သာ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်လာရင် သူ့ရဲ့ လီကွတ်ပါတီကနေ မဲတွေ ပဲ့ထွက်သွားမှာကို နေတန်ယာဟုက စိုးရိမ်နေ တာပါ။ တကယ်တမ်းမှာလည်း ရွေးကောက်ပွဲကို ဝင် ရောက် ယှဉ်ပြိုင်ဖို့ အီဟွတ်အိုလ်မတ်က စီစဉ်ပြင်ဆင် နေခဲ့တာဖြစ်ပေမဲ့ အခုနောက်ဆုံး အစ္စရေး စစ်ဆင်ရေး တွေကြောင့် အစီအစဉ်တွေ ပျက်စီးသွားခဲ့ရပါတယ်။
အစ္စရေး ကာကွယ်ရေးဝန်ကြီး အီဟွတ်ဘာရက်ကလည်း သူ့ကိုယ်ပိုင် နိုင်ငံရေးပါတီနဲ့ပါ။ သူ့ရဲ့ အင်ဒီပင်းဒင့်စ် ပါတီက လေဘာပါတီကနေ ၂ဝ၁၁ ခုနှစ်မှာ ခွဲထွက် လာတာဖြစ်ပြီး နောက်နှစ်မှာ ကျင်းပတော့မယ့် ရွေး ကောက်ပွဲမှာ အခြေအနေမကောင်းနိုင်ပါ။ ဒါပေမဲ့ ဂါဇာဒေသမှာ ထိုးစစ်တစ်ခုကို အောင်အောင်မြင်မြင် ဆင်နွှဲနိုင်ရင် လွှတ်တော်မှာ နေရာအနည်းငယ် ပိုရလာနိုင် မယ်လို့ တွက်ဆထားပါတယ်။ ဒါ့အပြင် အစ္စရေး ပြည်တွင်း နိုင်ငံရေးမှာလည်း အကျပ်အတည်း တွေကြုံ တွေ့နေရတာကြောင့် စစ်ရေးလှုပ်ရှားမှုတစ်ခုနောက်မှာ လူထုလိုက်ပါပြီး စိတ်ဝင်စားမှု လမ်းကြောင်း ပြောင်း သွားအောင် လာအောင် အစ္စရေးနိုင်ငံရေးသမားတွေ လုပ်ဆောင်လာရပါတယ်။ ရည်ရွယ်ထားတဲ့ အတိုင်းသာ အောင်မြင်အောင်လုပ်နိုင်ရင် အတိုက်အခံ လေဘာပါတီ အပေါ်လူကြိုက်များမှု အားနည်းသွားနိုင်ပြီး ဝန်ကြီးချုပ် နေတန်ယာဟုရဲ့ လီကွတ်ပါတီနဲ့ ကာကွယ်ရေးဝန်ကြီး အီဟွတ်ဘာရက်ခ်ရဲ့ အင်ဒီပင့်ဒင့် ပါတီတွေသာ လူကြိုက်များမှု တိုးလာနိုင်ပါတယ်။
ဒါပေမဲ့ တိုက်ခိုက်မှုတွေကြောင့် နိုင်ငံရေး ထောက် ခံမှုတွေ ပိုရလာတယ်ဆိုရင်တောင် သတိထားရမယ့် အန္တရာယ်တွေလည်း အများကြီးရှိနေပါသေးတယ်။ စစ်ရေးလှုပ်ရှားမှုတွေက ထိန်းမနိုင်သိမ်းမရဖြစ်လာ နောက်ဆုတ်ဖို့ခက်လာရင် ၂ဝဝ၈ ဒီဇင်ဘာမှာ ဖြစ်ပွား ခဲ့တဲ့ ၃-ပတ်ကြာ စစ်ပွဲလို ပြန်ဖြစ်သွားနိုင်ပြီး စစ်ပွဲကို ဦးဆောင်ပဲ့ကိုင်သူ ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ၂ ယောက်လုံးလည်း နိုင်ငံရေး အကျပ်ဆိုက်သွားနိုင်ပါ တယ်။
အခုနောက်ဆုံး စေ့စပ်ညှိနှိုင်းထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်က နှစ်ဖက်စလုံးမှာ ကြီး ထွားနေတဲ့ ပြည်တွင်းနိုင်ငံရေးပြဿနာကို ပြေလည် စေမယ့် စစ်မှန်တဲ့ အဖြေလား ဒါမှမဟုတ် နိုင်ငံရေး ကစားကွက် တစ်ခုပဲလားဆိုတာတော့ စောင့်ကြည့် ရဦးမှာပါ။ ပါလက်စတိုင်း နိုင်ငံထူထောင်တာကို အစ္စရေးက အသိအမှတ်ပြုတဲ့ 'နိုင်ငံ နှစ်ခု' ဆိုတဲ့ ချည်းကပ်နည်းအတိုင်း မသွားနိုင်ရင်တော့ ဒီအပစ် အခတ် ရပ်စဲရေးကလည်း ငြိမ်းချမ်းရေးကို တည် ဆောက်နိုင်မှာ မဟုတ်ပဲ နောက်ထပ် ထုတ်ကစားတဲ့ နိုင်ငံရေး အကွက်တစ်ခုပဲ ဖြစ်နေဦးမှာပါ။
Myanmar Express

1 comments:
Israel wipe out all Arab muslim extremists and terrorists from Middle East , World and earth.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်