From :7day
အမေရိကန်အထက်လွှတ်တော်မှ ရီပက်ဘလီကန်အမတ် ရစ်ချက်လူဂါသည် ဂျပန်နိုင်ငံတွင် မကြာသေးမီက ဖမ်းဆီးရမိခဲ့သော ယူရေနီယမ်သန့်စင်ရေး (သို့မဟုတ်) ဒုံးကျည်ထုတ်လုပ်ရာတွင် အသုံးပြုဖွယ်ရှိသည့် ပစ္စည်းများနှင့်ပတ်သက်၍ ဖြေရှင်းပေးပါရန် မြန်မာသမ္မတဦးသိန်းစိန်ထံသို့ နိုဝင်ဘာ ၂၆ ရက် အင်္ဂါနေ့က စ
ာရေးသားပေးပို့ခဲ့ကြောင်း ဂျပန်အဆာဟိရှင်ဘွန်း သတင်းစာက ဖော်ပြသည်။ အဆိုပါပစ္စည်းများမှာ သတ္တုပေါက်များနှင့် အလူမီနီယမ် သတ္တုများဖြစ်ပြီး ယင်းတို့ကို အမေရိကန်ဘက်မှ တောင်းဆိုချက်အရ ပြီးခဲ့သည့် သြဂုတ်လက ကမ်းကပ်ထားသောသင်္ဘောတစ်စီးကို ရှာဖွေစစ်ဆေးရာမှ ဂျပန်အာဏာပိုင်များက တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆာဟိရှင်ဘွန်းသတင်းစာက အဆိုပါမြောက်ကိုရီးယားသင်္ဘောသည် မြန်မာနှင့်တရုတ်နိုင်ငံများသို့ ယင်းပစ္စည်းများအား တင်ပို့ဖွယ်ရှိသည်ဟု ခန့်မှန်းဖော်ပြသည်။
အမေရိကန် အထက်လွှတ်တော်အမတ်လူဂါက မြန်မာသမ္မတသည် မကြာသေးမီကပင် နိုင်ငံတကာနျူကလီးယားသဘောတူစာချုပ် တစ်ရပ်လက်မှတ်ရေးထိုးထားသဖြင့် နိုင်ငံတွင်း၌ ပြုလုပ်သည့် မည်သည့် နျူစွမ်းအင်ဆိုင်ရာ ကိစ္စရပ်မျိုးကိုမဆို ကုလသမဂ္ဂ၏ စစ်ဆေးမှုကို ခံယူရမည်ဖြစ်ကြောင်း မှတ်ချက်ပေးသည်။
၎င်း၏စာထဲတွင် လူဂါက “အာဆီယံအတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဟာ ဒီသင်္ဘောရဲ့ ရည်ရွယ်ချက်ရှိရှိ သယ်ဆောင်လာတဲ့ ကုန်စည်တွေကြောင့် ထိခိုက်နိုင်ပါတယ်” ဟု ရေးသားထားသည်။
ရီပက်ဘလီကန်ပါတီ၏ အထက်လွှတ်တော်အမတ် ရစ်ချက်လူဂါသည် အမေရိကန် ကွန်ကရက်တွင် နျူလက်နက်မပြန့်ပွားရေးဆိုင်ရာ ကိစ္စရပ်များ၌ ဦးဆောင်သူတစ်ဦးလည်းဖြစ်သည်။
Myanmar Express

3 comments:
ကုလသမဂ္ဂကိုအကြောင်းပြပြီး ငါတို့မြန်မာနိုင်ငံကိုမင်းတို့ပါဝါလာမပြနဲ့။လွတ်လပ်ပြီးအချုပ်အခြာအာဏာပိုင်းတဲ့နိုင်ငံကွ။အကြောင်းမရှိအကြောင်းရှာ ဖိအားပေး အာချောင်နေတာ။သည်းခံနေတာ ကြောက်လို့မဟုတ်ဖူး။ရည်မှန်းချက်မရောက်သေးလိုပါ။တစ်နေ့မင်းတို့အမေရိကန်တွေ ငါတို့မြန်မာတွေကိုပြန်"ခ"ရမှာပါ။
ပစ္စည်းတွေကိုသေချာစနစ်တကျသယ်သင့်တယ်
ကို့နိုင်ငံအတွတ်လုပ်တာဘာကိုဂရုစိုတ်ရမှာလဲ
ကြောက်ချာကြီးပါလား ကြိမ်းဝါးလိုက်တာ..
စောက်ရုပ်ဆိုးလေး
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်