From :
..eleven

မတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက မင်္ဂလာဈေးနှင့် ယုဇနပလာဇာအနီးရှိ ဆိုင်များ အချိန်စော ပိတ်သိမ်းခဲ့သည်ကို တွေ့ရစဉ်
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပဋိပက္ခဖြစ်အောင် လှုံဆော်သွေးထိုး နေသူများကို အမြန်ဆုံး ဖမ်းဆီးနိုင်ရန် လူမှုအဖွဲ့အစည်း အသီးသီးနှင့် ရန်ကုန် နယ်နမိတ်အတွင်း နေထိုင်သူ ပြည်သူများမှ ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး သက်လွင်က Eleven Media Group သို့ ပြောကြားခဲ့ပါသည်။
“ဒီလိုသွေးထိုး လှုံ့ဆော်သူတွေကို အမြန်ဆုံး ဖမ်းဆီးသွားနိုင်ဖို့ အတွက် ကျွန်တော်တို့ ရဲတပ်ဖွဲ့ အနေနဲ့လည်း နေရာအနှံ့ ချထားပြီး လုံခြုံရေးယူပြီး လုပ်ဆောင်နေပါတယ်။ နောက်ပြီး အဓိကပါဝင်ဖို့ လိုအပ်တာ ပြည်သူတွေ ယုံကြည်မှုရှိတဲ့ လူမှုအဖွဲ့အစည်းတွေ ပူပေါင်းပါဝင်တာ အားနည်းနေပါတယ်။ ပြည်သူတွေရဲ့ ကြောက်ရွံ့မှုတွေကို ထိန်းသိမ်းနိုင်ဖို့အတွက် နည်းမှန် လမ်းမှန်တွေ ချပြဖို့ အတွက်ပါ။ ပြီးတော့ ပြည်သူတွေ ကိုယ်တိုင်လည်း ဒီလို လှုံ့ဆော်မှုတွေကို အကောင်းဆုံး စဉ်စား နေထိုင်ပြီး လှုံဆော် သူတွေ တွေ့ရင်လည်း အမြန်ဆုံး ရဲတပ်ဖွဲ့နဲ့ ပူပေါင်းပါဝင်မှုတွေ လုပ်ဆောင်ကြရပါလိမ့်မယ်။ ဒါဟာလည်း နိုင်ငံသားတစ်ယောက် လုပ်ဆောင်ရမယ့် တာဝန်ကို အပြည့်ဝဆုံး လုပ်ဆောင်ခြင်း ဖြစ်ပါတယ်” ဟု ရန်ကုန်ုတိုင်း ဒေသကြီး ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး ဦးသက်လွင်က ပြောသည်။
ထို့အပြင် Facebook နှင့် ၀က်ဘ်ဆိုက်အချို့တွင် ဖော်ပြနေသည့် အကြောင်းအရာများကလည်း လှုံ့ဆော်မှုများကို ပိုမို ဖြစ်ပေါ်အောင် လုပ်ဆောင်နေကြောင်းနှင့် နားလည်မှု မရှိသူများကို ဖျက်ဆီးမှုများ လုပ်နေသည်ဟု ယူဆကြောင်း ဦးသက်လွင်က ဆက်လက် ပြောကြားသည်။
ယမန်နေ့ညက ဖြစ်ပွားခဲ့သော မင်္ဂလာတောင်ညွှန့် မြို့နယ်အတွင်း လူအုပ်စုတစ်စုမှ သွေးထိုးလှုံ့ဆော်မှုတစ်ခု ပြုလုပ်ခဲ့ပြီးနောက် နေထိုင်သူ ပြည်သူများမှာ အလန့်တကြား ဖြစ်ခဲ့ပြီး လူအုပ်စု အများအပြား ထွက်ပေါ်လာခဲ့ကြောင်း၊ ထိုကြောင့် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ အနေဖြင့် လုံခြုံရေး အများအပြား ချထားခဲ့ပြီး ထိုသို့ သွေးထိုးလှုံ့ဆော်သူများကို ဖမ်းဆီးနိုင်ရန် ဆက်လက်လုပ်ဆောင် လျှက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေသည့် ဘာသာရေး အသွင်ဆောင်နေသည့် ပဋိပက္ခ သတင်းများမှာ လက်ရှိနိုင်ငံရေး ဖြစ်စဉ်ကို လိုလားသူမရှိသည့်အတွက် ယင်းကဲ့သို့ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ဦးသက်လွင်၏ သုံးသပ်ပြောကြားချက်အရ သိရသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ လှိုင်သာယာ၊ အင်းစိန်၊ လှိုင်၊ မြောက်ဒဂုံ၊ တောင်ဥက္ကလာပနှင့် သန်လျင်မြို့နယ်များတွင် ဘာသာရေး အဓိကရုဏ်း အသွင်ဆောင်သည့် လှုံ့ဆော်မှု အခြေအနေများ ရှိနေကြောင်း ၄င်းမြို့နယ် နေသူတို့၏ ပြောကြားချက်များအရ သိရသည်။
ထိုသို့ အခြေအနေများ ရှိနေသည့် နေရာများကို လုံခြုံရေးအင်အား နှစ်ဆနီးပါးခန့် တိုးမြင့်ချထားကြောင်း ဦးသက်လွင်က ပြောသည်။
ဘာသာရေး အဓိကရုဏ်း အသွင်ဆောင်သည့် ပဋိပက္ခအချို့မှာ လွန်ခဲ့သော သတင်းပတ် ၆ ပတ်ခန့်က သာကေတမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့တွင် ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်များအားလည်း စုံစမ်းလျှက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
သာမန်ရွှေအရောင်းအ၀ယ် တစ်ခုမှနေပြီး ဘာသာရေး ပဋိပကများနှင့် အကြမ်းဖက်လုယက်မှုများ ဖြစ်ပေါ်ခဲ့သော မိတ္ထီလာမြို့၊ ရမည်းသင်းမြို့နှင့် လယ်ဝေးမြို့ ဖြစ်စဉ်များတွင် ၃၂ ဦး သေဆုံးပြီး ၃၉ ဦး ဒဏ်ရာရရှိခဲ့ကာ လှုံ့ဆော်သူဟု ယူဆရသူ ၃၅ ဦးအား ဖမ်းဆီးရမိပြီး ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရန် စီစဉ်လျှက်ရှိသည်။
.. www.MyanmarExpress.net

4 comments:
Meg ka lote nay dar par.Demofatty par par hmar pawt.thu doe yae dalt sar phat yin thi thar par dal.
မိတ္ထီလာ အကြမ်းဖက်မှုတွင် ဆိုင်ခန်းများအား ဖျက်ဆီး၍ ပစ္စည်းလုယက် ကြသောသူများအား ဆိုင်ခန်းတွင်း၌ တပ်ဆင်ထားသော Wireless IR camera များမှ ရိုက်ကူးထားသော Video မှတဆင့် လုယက်အကြမ်း ဖက်သူများအား ဖော်ထုတ်အရေးယူ ပေးရန်အတွက် သက်ဆိုင်ရာ သို့တိုင်ကြားရန်ပြင်ဆင်နေကြောင်း သတင်းရရှိထားပါတယ်။
Comment ရေးသူများ သူအမေ မြန်မာစကားပြောတတ်ပြီး မြန်မာစာ မဖတ်တတ်တဲ အင်္ဂလိပ်ကြီးနဲ့ လင်ငယ်နေတုန်းက ရေးသားတဲ့ စာမျိုးနဲ့ မရေးကြပါနဲ့ဗျာ။ အင်္ဂလိပ် လိုပဲရေးရေး မြန်မာလိုပဲ ရေးရေး အဆင့်မီမီ ရေးနိုင်ပါတယ်။ အခုဟာက မြန်မာလိုလည်း မရိုက်တတ်။ အင်္ဂလိပ်လိုလည်း မရေးတတ်နဲ့ ပထွေးရဲ့သွေးတစ်ဝက် ရောနေသလိုပဲ။ မြန်မာစစ်စစ်တွေက မင်တို့ရဲ့ စာတွေကို ဘယ်လို ဖတ်ရမှာလဲကွာ။
ကိုမျိုးသန့်သန့်
Helt saut yoo yalt,english lo yae dawt meg ka kaung dway ma phat tet phoo helt.Dar kyaunk 4 dan a sint laut yae pae ya dar.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်