Subscribe to our RSS Feed

ကယားပြည်နယ်တွင် မြေမြှုပ်မိုင်းအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကျင်းပမည်

From : ..7 day

အမေရိကန်အစိုးရက ကယားပြည်နယ်တွင် မြေမြှုပ်မိုင်းအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကျင်းပပေးရန် တောင်းဆိုမှုအား
ပြည်နယ်အစိုးရနှင့် ယင်းဒေသမှ အပစ်အခတ် ရပ်စဲရေးအဖွဲ့များနှင့် သဘောတူညီမှုတစ်ရပ် ရရှိသွားကြောင်း သတင်းရရှိသည်။

အမေရိကန်နိုင်ငံသည် ပဋိပက္ခဖြေရှင်းရေးနှင့် တည်ငြိမ်အေးချမ်းရေးဌာနအကြီးအကဲ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာရစ်ဘာတန်နှင့်
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ်တို့ ဦးဆောင်သောအဖွဲ့သည် ကယားပြည်နယ် လွိုင်ကော်မြို့သို့ ယနေ့ ရောက်ရှိလာပြီးနောက်

အဆိုပါ သဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်သည်။
မြေမြှုပ်မိုင်းကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲများနှင့် ပတ်သက်၍ ဒေသခံများ၏အမြင်မှာ ယခင်က နှစ်ကြိမ်ပြုလုပ်ပြီးသော်လည်း မြို့ပေါ်တွင် ပြုလုပ်ခဲ့သဖြင့်
မြှေမှုပ်မှိုင်းအန္တရာယ် လက်တွေ့ခံစားနေရသည့် ကျေးလက်ဒေသများ၌ အဆိုပါအလုပ်ရုံဆွေးနွေးပွဲများ ပိုမိုပြုလုပ်ပေးစေလိုကြောင်း ဒေသခံ
လူမှုရေးအဖွဲ့အစည်းများက အကြံပြုပြောကြားသည်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးသည် ကယားပြည်နယ်၊ လွိုင်ကော်မြို့သို့ နံနက် ၉ နာရီတွင် ရောက်ရှိလာပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်
တွေ့ဆုံမှုပြုလုပ်ရာ ဒေသဖွံ့ဖြိုးရေး အပစ်အခတ်ရပ်စဲရေး၊ မြေမြှုပ်မိုင်းအန္တရာယ်များကို ဆွေးနွေးကြကာ အလုပ်ဖြစ်သည့် ဆွေးနွေးမှုတစ်ရပ်ဖြစ်ခဲ့ကြောင်း
အမေရိကန်သံရုံး ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောသည်။


 .. www.MyanmarExpress.net 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်