Subscribe to our RSS Feed

.မြန်မာ့ ဖွံ့ဖြိုးရေးအတွက် ဂျပန်က ယန်းသန်း ၁၅ ဘီလီယံကျော် ကူညီ

From : Mizzima..


ဂျပန်အစိုးရက မြန်မာအစိုးရအား ယန်းသန်း ၁၅ ဘီလီယံကျော် ကူညီမည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုး
တက်မှု ဝန်ကြီးဌာန မှတဆင့် သိရသည်။

ယင်းအတွက် မြန်မာ-ဂျပန် အကူအညီပေးရေးဆိုင်ရာ စာချွန်
လွှာ လက်မှတ်ရေးထိုးပွဲကို မတ်လ ၂၂ ရက်က ပြုလုပ်ခဲ့ကြောင်း ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး က ပြောသည်။

ယန်းသန်း ၁၅. ၈၁၉ ဘီလီယံ အကူအညီပေးရေးဆိုင်ရာ စာချွန်
လွှာ ၇ ခု လက်မှတ်ရေးထိုးမှုကို မတ်လ ၂၂ ရက်က ပြုလုပ်ခဲ့ပါတယ်။ စာချွန်လွှာတွေမှာ ဂျပန်နိုင်ငံ သံအမတ်ကြီးနဲ့ ဒုတိယဝန်ကြီး
ဒေါက်တာ ဒေါ်ခင်စန်းရီတို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ် ဟု မဇ္ဈိမကို ပြောသည်။

စာချွန်လွှာများမှာ စိုက်ပျိုးရေးကဏ္ဍ၌ လူသားဖွံ့ဖြိုးတိုးတက်မှု အဖွဲ့အစည်းများ
ခိုင်မာစေရေး လုပ်ငန်းစီမံချက် အတွက် ယန်း ၁,၀၀၈ သန်း၊ ကရင်ပြည်နယ်
အတွင်းရှိ လမ်းများ ဖေါက်လုပ်ရေးနှင့် ပြုပြင် ထိန်းသိမ်းရေးဆိုင်ရာ စက်ကိရိ
ယာများပေးအပ်ရေး စီမံချက်အတွက် ယန်း ၇၅၉ သန်းနှင့် ရာသီဥတု ဘေး
အန္တရာယ်ကျရောက်မှု

စောင့်ကြပ်ရေးစနစ် စခန်း ထူထောင်ရေးအတွက် ယန်း ၃,၈၄၂ သန်းအတွက် စာချွန်လွှာများ ပါဝင်သည်။ (မတ်လ ၂၃ ရက်နေ့ ပေါက်ဈေးအရ ဂျပန်ယန်း ၁ = ၉ ကျပ် ဖြစ်သည်။)

ထို့ပြင် မြန်မာနိုင်ငံ တဝှန်းရှိ လေဆိပ်များ အန္တရာယ် ကင်းဝေးစေရေးနှင့် လုံခြုံရေး တိုးတက်မြှင့်တင်ရေး စီမံချက်အတွက် ယန်း ၁,၂၃၃ သန်း၊ ဘီလူးချောင်း ၂ ရေအားလျှပ်စစ် စီမံကိန်း ပြုပြင်ရေးစီမံချက်အတွက် ယန်း ၆,၆၆၉ သန်း၊ ရန်ကုန်နှင့် မန္တလေးမြို့များရှိ ဆေးရုံများတွင် ဆေးဝါးဆိုင်ရာ ပစ္စည်းကိရိယာများ အဆင့်မြှင့်တင်ရေး စီမံချက်အတွက် ယန်း ၁,၁၄၀ သန်းနှင့် ရန်ကုန်မြစ်အတွင်းသွား ပို့ဆောင်ရေးယာဉ်များ အဆင့်မြှင့်တင်ရေး စီမံချက်အတွက် ယန်း ၁,၁၆၈ သန်း အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာများလည်း ပါဝင်သည်။

ထိုအကူအညီများကြောင့် ဆင်းရဲမှု လျှော့ချနိုင်ရေး၊ နိုင်ငံတွင်းရှိ တိုင်းနှင့် ပြည်နယ်များအကြား အချိုးမျှတစွာ ဖွံ့ဖြိုးတိုးတက်ရေး၊
လျှပ်စစ် ဓါတ်အား တိုးတက်ထုတ်လုပ် ဖြန့်ဖြူးရေးနှင့် ခရီးသွားလာ
မှု အဆင်ပြေ ချောမွေ့စေရေး စသည့် ကဏ္ဍများအတွက် များစွာ အထောက်အကူ ပြုနိုင်မည်ဟု ဝန်ကြီးဌာနက ဆိုသည်။

. www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်