Subscribe to our RSS Feed

PNLO နှင့် အစိုးရပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးအဖွဲ့ သဘောတူညီချက် ၁၀ချက်ထုတ်ပြန်

From : ..myanma age


မတ်လ ၂၃ရက်နေ့ မနက် ၉နာရီတွင် မြန်မာငြိမ်းချမ်းရေး
စင်တာ၌ ပြုလုပ်သည့် ပြည်ထောင်စုအဆင့် အပစ်အခတ်
ရပ်စဲရေးနှင့် စပ်လျဉ်း၍ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေး
အဖွဲ့ချုပ် (PNLO)နှင့် အစိုးရအဖွဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး
ဖော်ဆောင်ရေးအဖွဲ့တို့သည် သဘောတူညီ ချက် ၁၀ချက်
ဆွေးနွေးကြောင်း သိရသည်။

ယင်းအချက် ၈ချက်၌ PNLO မှ လုပ်ငန်းလုပ်ကိုင်နိုင်ရန်အတွက် စီးပွားရေးကဏ္ဍအဖြစ် သတ္တုလုပ်ငန်း၊ သစ်လုပ်ငန်း၊ ဘိလပ်မြေ
လုပ်ငန်း၊ ဟိုတယ်လုပ်ငန်းနှင့် ကုန်စည်လုပ်ငန်းတို့အား သက်ဆိုင်
ရာ ဌာနများနှင့် ညှိနှိုင်း၍ ကုမ္ပဏီများထူထောင်ရန်အချက်ကို
နှစ်ဖက်စလုံးက သဘောတူထားကြောင်း သိရှိရသည်။

ယခင်သတ်မှတ်ထားသည့် ကဒူးကြီးဒေသတွင် ကဒူးကြီး-မယ်သြ ကားလမ်းဖောက်မည့်ကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရသို့ တင်ပြသွားမည်ဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်
ရေးနှင့် အစားထိုးသီးနှံစိုက်ပျိုးရေးကိစ္စရပ်အား နိုင်ငံတော်မှ ကူညီ
ပေးသွားမည်ဖြစ်ကာ မြေမြုပ်မိုင်းများ ရှင်းလင်းပေးရေးကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ မိုင်းရှင်းလင်းရေးဌာနနှင့် ပူးပေါင်းလုပ်ဆောင် ရန်တို့ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် PNLO အဖွဲ့ဝင်များနှင့် ဒေသခံများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးရန်ကိစ္စရပ်အား ပြည်ထောင်စု
အဆင့်အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီမှ ကူညီ
ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ပအို့ဝ်အမျိုးသားညီလာခံများ
ပြုလုပ်မည်ဆိုပါကလည်း တည်ဆဲဥပဒေနဲ့အညီ ကျင်းပနိုင်ကြောင်း အဆိုပါသဘောထား ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းဖော်ပြထား
ချက်အရ သိရသည်။

ယင်းအပြင် ယင်းသဘောထားထုတ်ပြန်ချက်၌ နှစ်ဖက်စလုံးမှ
နိုင်ငံရေးဆွေးနွေးမှုများနှင့် ပတ်သက်၍လည်း ကိစ္စကြီးငယ်များ
အား မချန်လှပ် ဘဲ ဆွေးနွေးအဖြေရှာသွားမည်ဖြစ်ကြောင်း
သိရသည်။

၂၀၁၂ခုနှစ် သြဂုတ်လ ၂၅ရက်နေ့ PNLO နှင့် အစိုးရ ပြည်နယ်
အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီတို့ သဘောတူညီ ထားသည့် နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲရေးသည်လည်း ယနေ့
အထိ ခိုင်မာလျက်ရှိကြောင်း သိရှိရပြီး နောင်အချိန်တွင် PNLO အတွက်သတ်မှတ် ပေးထားသည့် နယ်မြေအတွင်း အခြားလက်နက်
ကိုင်များ လှုပ်ရှားလာပါကလည်း အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီအဖွဲ့မှ ကူညီပေးသွားမည် ဆိုသည့်အချက်ကိုလည်း သဘောတူညီချက် ၁၀ချက်တွင် ထည့်သွင်းထားချက်အရ သိရသည်။

TMA

.. www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်