အမျိုးသမီးတွေအပေါ် ရက်ရက် စက်စက် ရန်လိုမုဒိမ်းကျင့်မှုဟာ သူတို့ ယဉ်ကျေးမှုကို မီးမောင်းထိုးပြနေပါတယ်။ ယောက်ျားသားတွေဟာ အမျိုးသမီးတွေ အပေါ် ရိုင်းရိုင်းပျပျ ရက်စက်မှုဟာ ကမ်းကုန်နေပါတယ်။
ဒီဇင်ဘာ ၃၀ ရက် နံနက်စောစော မှာတော့ နယူးဒေလီမြို့လယ်ကောင်မှာ ရဲလုံခြုံရေးတွေ အပြည့်ချထားပါတယ်။ လူတွေကလည်း တိုးဝှေ့ကြည့်ရှုကြပါ တယ်။ အကြောင်းကတော့ မကြာသေး ခင်က ဂိုဏ်းဖွဲ့မုဒိမ်းကျင့်ခံရတဲ့ မိန်းက လေးကို မီးသင်္ဂြိုဟ်မှာဖြစ်လို့ပါ။
မကြာသေးခင်နာရီပိုင်းက စင်ကာပူ ဆေးရုံကနေ သူ့ရဲ့သက်မဲ့ခန္ဓာကိုယ်ကို အိနိ္ဒယသို့ ပြန်လည်သယ်ယူခဲ့တာဖြစ်ပါ တယ်။ အလွန်ဆိုးဝါးတဲ့ လူခြောက်ယောက်ရဲ့ လူမဆန်စွာ တိုက်ခိုက်မှုကြောင့် သေဆုံးသွားရတာဖြစ်ပါတယ်။ ဒီမိန်း ကလေးကို တိုက်ခိုက်လိုက်တဲ့ ရာဇ၀တ် မှုဟာဖြင့် ခေတ်မီပါတယ်ဆိုတဲ့ အိနိ္ဒယ နိုင်ငံအတွက် တကယ့်ကို အစွန်းအထင်း ဖြစ်ရပါတယ်။
လွန်ခဲ့တဲ့နှစ်ပတ်က အသက် ၂၃ နှစ်အရွယ် ဆေးကျောင်းသူလေးဟာ သူမရဲ့ ချစ်သူနဲ့ ရုပ်ရှင်ကြည့်ပြီးအပြန် တိုက်ခိုက်ခံရခြင်းဖြစ်ပါတယ်။ ဘတ်စ် ကားပေါ်မှာ ကားမောင်းသူအပါအ၀င် လူရမ်းကားခြောက်ယောက်ဟာ လူမဆန် စွာ ၀ိုင်းမုဒိမ်းကျင့်ကြပါတယ်။ သူမနဲ့ သူမချစ်သူတို့ကို သံတုတ်တွေနဲ့လည်း ရိုက်ပါတယ်။ ပြီးတော့ သူတို့နှစ်ယောက် ကို ကားပေါ်ကတွန်းချခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အိနိ္ဒယနိုင်ငံဟာ အမျိုးသမီးတွေအဖို့ အလွန်အန္တရာယ် များတဲ့နေရာလိုဖြစ်နေပါတယ်။ လူရာ ပေါင်းများစွာက လမ်းပေါ်ထွက်ပြီး ကန့် ကွက်ဆန္ဒပြကြပါတယ်။
ဒီမြို့မှာနေတဲ့ အမျိုးသမီးတိုင်းဟာ လုံခြုံမှုမရှိတဲ့အကြောင်း အမျိုးသမီးတွေ စုရုံးပြီး ဆိုင်းဘုတ်တွေကိုင်ပြီး သမိုင်းဝင်Jantan Mantan ဆိုတဲ့ ပန်းခြံထဲမှာ အမျိုးသမီးတွေရဲ့ လုံခြုံမှုအတွက် အရေး ဆိုကြပါတယ်။ ဒီမြို့တွင်မဟုတ်ဘူး။ ဒီနိုင်ငံတစ်ခုလုံးမှာ လုံခြုံမှုမရှိတာဖြစ် တယ်လို့ဆိုပါတယ်။ အိနိ္ဒယနိုင်ငံရဲ့ ဥပဒေတွေဟာ မေးခွန်းထုတ်စရာအများ ကြီးရှိနေပါတယ်။
အိနိ္ဒယနိုင်ငံမှာ လိင်အကြမ်းဖက်မှု တွေဟာ ကျယ်ပြန့်လာပြီး အမျိုးသမီး တွေအဖို့ တော်တော်ပဲ အနှောင့်အယှက် ဖြစ်နေပါတယ်။ တကယ်တမ်းဆိုရင် အမျိုးသမီးတွေကို ဒီနိုင်ငံမှာ ဒုတိယ တန်းစားထားပြီး အမျိုးသားတွေနဲ့ တန်း တူအခွင့်အရေးမရှိဘူး။ ဥပဒေကလည်း အမျိုးသားတွေကို အသာပေးထားတယ်။ အိနိ္ဒယနိုင်ငံဟာ စီးပွားရေးတိုးတက်မှုတွေ ခေတ်နဲ့အမီလိုက်နိုင်သော်ငြားလည်း အမျိုးသမီးတွေအပေါ်ထားတဲ့ သဘော ထားကတော့ အမှောင်ခေတ်မှာပဲရှိနေ ပါတယ်။ ယောက်ျားကလေးနဲ့ မိန်းက လေးကျောင်းနေရင်တောင်မှ မတူဘူး။ အစားကိုတောင်မှ ယောက်ျားကလေးကို ပိုကျွေးတယ်။ အမျိုးသမီးတွေကို ဘယ် လောက်အထိ ချိုးနှိမ်ထားသလဲဆို ရင် အခုလိုမုဒိမ်းကျင့်တာဟာ သူတို့မှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို့သဘောထားတယ်။ ဘန်းစကားအနေနဲ့ ဒီလုပ်ရပ်ကို သူတို့ အခေါ် “Eve- Teasing””ကမ္ဘာဦးသူ ဧ၀လို သဘောထားတယ်။
ဒါက ထင်ရှားတာကလေးတွေကို သာ ဖော်ပြထားသော်လည်း လူမသိ၊ သူမသိ ရဲကိုမတိုင်ဘဲထားတာတွေ အများကြီးရှိတယ်။ အိနိ္ဒယတစ်ပြည်လုံး ရဲ့ အထောက်အထားအရ ၂၀၁၁ ခုနှစ် မှာ မုဒိမ်းမှု ၂၄၀၀၀၊ ၂၀၁၂ ခုနှစ် နယူး ဒေလီမှာ မုဒိမ်းမှု ၆၀၀ ကျော်ဖြစ်တယ်။ အဲဒီအမှုတွေထဲမှာ ပြစ်ဒဏ်စီရင်တာ တစ်မှုပဲရှိတယ်။ အိနိ္ဒယရဲ့ မြို့တွေမှာ ဒီပြဿနာဟာ ပြီးဆုံးဖို့မမြင်ပါဘူး။ နယူး ဒေလီမှာ မုဒိမ်းကျင့်ခံရတဲ့ မိန်းကလေး စင်ကာပူမှာ သေဆုံးသွားတာ ဘာမှတောင် မကြာသေးဘူး။ ပန်ဂျပ်ပြည်နယ်ဘက် ရှာပါရွာက အသက် ၁၇ နှစ်အရွယ် မိန်းကလေးကို လူနှစ်ယောက်ကမုဒိမ်းကျင့် တာ ရဲကိုတိုင်သော်လည်း အရေးယူ မှုမရှိတဲ့အတွက် မိန်းကလေးဟာ အဆိပ် သောက်ပြီးသေလိုက်တယ်။ သူတို့ရဲ့ လူမှုရေးကလည်း ကံကြွေးချစနစ်ဖြစ်နေ တော့ မိန်းမတစ်ယောက်အပေါ်မှာ မြေ တစ်ကွက်လောက်ပဲ တန်ဖိုးထားတယ်လို့ Aman Deol ဆိုသူ ပန်ဂျပ်ပြည်နယ် အမျိုးသမီးအခွင့်အရေးအဖွဲ့က ပြော တယ်။ အမျိုးသမီးတစ်ယောက်အဖို့ ဘာ လွတ်လပ်ခွင့်မှမရှိသလို ကိုယ်ယူမယ့် သူကိုတောင် ရွေးချယ်ခွင့်မရှိဘူး။
စော်ကားခံရတဲ့အမျိုးသမီးဟာ ငြိမ်ခံရတဲ့အဖြစ်မျိုးသဘောသက်ရောက် နေပါတယ်။ ဒါဟာ တကယ်မှားတာ ပေါ့။ တကယ်တော့ အိနိ္ဒယနိုင်ငံရဲ့ ပါဝါ အရှိဆုံးနိုင်ငံရေးသမားဟာ အမျိုးသမီး ဖြစ်တယ်။ ဆိုနီယာဂနီ်္ဒ၊ သူမဟာဘယ် လိုနေရာမျိုးမှာ ဘယ်သူနဲ့ပဲဖြစ်ဖြစ် တန်း တူညီတူ ဆက်ဆံတယ်။ သူမဟာ အထူး သဖြင့် လူလတ်တန်းစားအမျိုးသမီးဖြစ် ပြီး လူမှုဆက်ဆံရေးကျွမ်းကျင်သူဖြစ် တယ်။
နယူးဒေလီမှာ စော်ကားခံရတဲ့ မိန်း ကလေးဟာဆိုရင် ဆေးကျောင်းသူက လေးဖြစ်တယ်။ မိသားစုက အဆင့်မြင့် ပညာသင်ကြားပြီး ရည်မှန်းချက်ကြီးသူ ဖြစ်တယ်။ သူမရဲ့အနာဂတ်ဟာ ချေမှုန်း ခံရတာဖြစ်တယ်။ သူမရဲ့ အဖြစ်ဟာ ရှေးရိုးအိနိ္ဒယနဲ့ လက်ရှိအိနိ္ဒယတို့ရဲ့ ၀ိ ရောဓိကို မီးမောင်းထိုးပြနေပါတယ်။ ဆန္ဒပြသူတွေဟာ ဖယောင်းတိုင်တွေ ကိုင်ပြီး ခေါင်းဆောင်တွေကို ဒေါသတ ကြီး အပြစ်တင်ကြပါတယ်။ အိနိ္ဒယနိုင်ငံ ရဲ့ စီးပွားရေးဖြစ်နိုင်ခြေတွေကိုဖော်ပြ နိုင်သော်လည်း နိုင်ငံသားတို့ရဲ့ လုံခြုံမှု အခွင့်အရေးကိုတော့ အာမခံချက်မပေး နိုင်ဘူး။ သန်းပေါင်းများစွာသော အိနိ္ဒယ ပြည်သူတွေဟာ အစွန်အဖျားမှာ ကြာ ကြာနေနေရသလိုပဲ။ တောင်အာရှလူ့ အခွင့်အရေးစောင့်ကြည့်ဒါရိုက်တာGanguly က ပြောပါတယ်။ သူတို့လိုချင် တာက တာဝန်သိပြီး လုပ်ဆောင်ပေးစေ လိုပါတယ်။
အိနိ္ဒယခေါင်းဆောင်တွေဟာ မုဒိမ်း မှုနဲ့ ပတ်သက်လို့ဘယ်တော့မှ မြန်မြန် ဆန်ဆန် တုံ့ပြန်မှုမရှိကြဘူး။ ဒါဟာ ပူဆွေးသောကဖြေမဆည်နိုင်စရာ အမျိုး သားရေးကိစ်္စဖြစ်တယ်။ ရဲတွေလုပ်တာ တစ်ခုကတော့ မကျေနပ်လို့ ဆန္ဒပြရင် မျက်ရည်ယိုဗုံးသုံးမယ်၊ ရေပိုက်တွေနဲ့ ပက်မယ်၊ ဘတ်စ်ကားပေါ်မှာ မုဒိမ်းကျင့် တဲ့ တိရစ်္ဆာန်လိုလူ ၆ ယောက်ကိုတော့ သေဒဏ်ပေးမယ်လို့ ပြောပါတယ်။ တည် ရှိနေတဲ့ မုဒိမ်းမှုဆန့်ကျင်ရေးဥပဒေကို အာဏာပိုင်တွေက နယူးဒေလီမြို့ရှိ အမျိုးသမီးတွေ လုံခြုံရေးအတွက်တင်း တင်းကျပ်ကျပ် ကိုင်တွယ်မယ်လို့ ဆိုပါ တယ်။ အစိုးရအနေနဲ့ ညဘက် ဘတ်စ် ကားများ ပိုထွက်ဖို့စီစဉ်မယ်။ ညဘက် ရဲကင်းတွေကိုလည်း ပိုမိုချပေးမှာဖြစ်ပါ တယ်။ နယူးဒေလီက ပိုမိုကြပ်မတ်တာ တွေစီစဉ်ပေးသော်လည်း နိုင်ငံရဲ့ တခြား အစိတ်အပိုင်းက အမျိုးသမီးတွေအတွက် ကတော့ အားကိုးရာ ဖြစ်မလာဘူး။
သူတို့ရဲ့ယဉ်ကျေးမှုက ဒါတွေ အတွက် ဒဏ်ခတ်မခံရဘူး။ ဆရာဝန် တွေဟာ လူနာတွေကိုကောင်းစွာ စောင့်ရှောက်မပေးတာ၊ စစ်သားတွေ မုဒိမ်းမှုကျူးလွန်တာ၊ သူတို့ဒါတွေအား လုံးကို လွှတ်ပေးထားတယ်လိုGanguly က ပြောတယ်။ ဒါတွေဟာ စနစ်တကျ ပြောင်းလဲရမယ့်ဟာတွေဖြစ်ပါတယ်။
ပန်ဂျပ်ပြည်နယ်ရဲ့ ဘက်ရှာပါရွာ ကလေးမှာ စိမ်းစိုတဲ့ ဂျုံခင်းအစပ်မှာ မုဒိမ်းကျင့်ခံရတဲ့ ၁၇ နှစ်အရွယ်မိန်းက လေးဟာလည်း သူ့မှာ ရည်မှန်းချက်တွေ ရှိနေသူကလေးတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ အမျိုးသမီးရဲလုပ်ဖို့ ရည်မှန်း ထားသူကလေးဖြစ်ပါတယ်။ သူ့အမှုနဲ့ ပတ်သက်လို့ ရဲကဘာမှအရေးယူမှုမရှိ တဲ့အတွက် သူ့ဟာသူ အဆိပ်သောက်ပြီး အဆုံးစီရင်လိုက်ပါတယ်။ သူတို့သမီး လေးရဲ့ အသုဘချပြီးတဲ့အခါမှာ မိဘများ၊ ဆွေမျိုးများနဲ့ ဒေသခံနိုင်ငံရေးသမားတွေ အပါအ၀င် ထိုင်ပြီးစကားပြောနေကြပါ တယ်။ ဒါဟာ အမျိုးသားရေးမီးမောင်း ထိုးပြမှုတစ်ခုဖြစ်စေချင်ကြပါတယ်။ တခြားရက်စက်တဲ့သတင်းတွေလည်း အများကြီးရှိနေပါတယ်။ ၂၀၀၆ ခုမှာ တုန်းကဆိုရင် မိန်းကလေးသန္ဓေသား တွေ အများအပြား ဖျက်ထားတာတွေကို သင်္ချိုင်းအနီးမှာ တွေ့ရတယ်။ ဒါဟာ ရှက်ဖွယ်လုပ်ဆောင်မှုတွေပဲဖြစ်တယ်။ ရဲနဲ့ လူမှုအသိုင်းအ၀ိုင်းက တရားမျှတမှု ကို ငြင်းဆန်တဲ့အတွက် သမီးမိန်းကလေး အပေါ်ထားတဲ့ သဘောထားကြောင့် မလိုချင်ကြတာဖြစ်ပါတယ်။ အိနိ္ဒယနိုင်ငံ ရဲ့အမျိုးသမီးတွေအပေါ် အလွန်အမင်း လူမဆန်မှုကြောင့် အမျိုးသမီးတွေဟာ နိုင်ငံမှာအမြဲပဲ လျော့နည်းနေမှာဖြစ်ပါ တယ်။
.. www.MyanmarExpress.net
7 comments:
သူတို့ထက်စာရင် မြန်မာအမျိုးသမီးတွေရဲ့ ဘဝကအများကြီးလုံခြုံမှုရှိသေးတာပေါ့။အလွဲသုံးစားမလုပ်ကြပါနဲ့။
မှန်ပါတယ်။ မြန်မာပြည်မှာ မိန်းခလေးဖြစ်ခွင့်ရတာ အရမ်းကံကောင်းပါတယ်။
အိန္ဒိယမှာတော့ သိတဲ့အတိုင်းဘဲ sex ခွဲခြားရတာနဲ့၊ ဇာတ် cast ခွဲခြားရတာနဲ့ မိန်းခလေးတွေရဲ့ဘ၀ဟာ တော်တော် သနားစရာကောင်းပါတယ်။ ယောက်ျားတွေက မိန်းမတွေကို နိုင်တာ များတယ်လို့ သိရပါတယ်။
One of the Members of Parliament in India said recently that their country is becoming the rapist capital of the world. A few weeks ago a Swiss tourist was gang raped by a group of Indians while she was sleeping with her husband in a wood while on a bike tour. Her husband was also severely beaten. Not long after that an English tourist was injured when she jumped from the second story of a hotel to run away from the suspected rapist who forced open her hotel room door early in the morning. The culprit was the hotel owner. Unfortunately while many tourists shun our neighbor India for the dubious notoriety as the rapist capital of the world, Burma is becoming slowly a country of murderers, racists, religious fanatics, arsonists and lawless people. Sad!
One of the Members of Parliament in India said recently that their country
is becoming the rapist capital of the world.
A few weeks ago a Swiss tourist
was gang raped by a group of Indians while she was sleeping with
her husband in a wood while on a bike tour. Her husband was also severely
beaten. Not long after that an English tourist was injured
when she jumped from the second story of a hotel to run away from the
suspected rapist who forced open her hotel room door early in the
morning. The culprit was the hotel owner. Unfortunately while many
tourists shun our neighbor India for the dubious notoriety
as the rapist capital of the world, Burma is becoming slowly a country
of murderers, racists, religious fanatics, arsonists and lawless people. Sad!
ယနေမှစ၍ မြန်မာမိန်းခလေးများ ယောင်္ကျားလေးများနှင့် တန်းတူ လူ့အခွင့်ရေး ပေးလိုက်သည်။ ထို့ကြောင့် မိန်းခလေးများ အနေဖြင့် ကိုယ်ကြိုက်တဲ့ ကောင်လေးကို လွတ်လပ်စွာ ရည်းစားစကားပြောခွင့် ရှိသည်။ ယောက်ျားလေးများနှင့်တန်းတူ ရင်ဘောင်တန်း၍ ဆက်ဆံနိုင်သည်။ ယောက်ျားလေးများ အနေဖြင့် မိန်းခလေးများအား
၁။ အမြဲတမ်း အပေါ်စီးမှ မဆက်ဆံပါနှင့်။
၂။ ခဏခဏ မျက်နှာမလုပ်ရ။
၃။ နောက်ကိုမလုပ်ပါနဲ့ ဆိုရင် လုံးဝ မလုပ်ပါနဲ့။
၎။ မခံချင်အောင် မပြောရ။ မလုပ်ရ။ မနောက်ရ။
၅။ ကြေနပ်အောင် ဆောင်ရွက်ပေးပါ။
၆။ လူလိုဆက်ဆံပါ။
ပုံ /
လူ့အခွင့်ရေးပေးသူ
Not safe in myanmar.some police r squeezing the girls from ktv,massage,n csw houses.They also get free services from them.
ခင်ဗျားရေးပုံတေြာ့ ကိုက်သွားပြီ ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်