From :
..the voice
ရရှိသော မဲများအားလုံးပေါင်းကာ အချိုးကျစနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် နေရာရယူသော အချိုးကျ ကိုယ်စားပြုစနစ် (PR System) ကို ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မကျင့်သုံးရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ ကန့်ကွက်သွားမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် တိုင်းရင်းသားပါတီများက The Voice Weekly သို့ ပြောကြားသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဗဟိုကော်မတီဝင် ဦးစံကျော်လှကလည်း အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို လက်မခံကြောင်း ပြောကြားသည်။
နိုင်ငံရေးပါတီများ အားလုံးနှင့် မတ်လ ၂၈ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဖိတ်ကြားထားပြီး အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးရေး ကို ဆွေးနွေးနိုင်ဖွယ် ရှိသောကြောင့် နိုင်ငံရေးပါတီဝင်များ ကန့်ကွက်သွားမည် ဖြစ်ကြောင်း တိုင်းရင်းသား ပါတီ ခေါင်းဆောင်များက ဆိုသည်။
အင်အားကြီးပါတီများနှင့် ယှဉ်ပြိုင်အရွေးခံပါက တိုင်းရင်းသား ပါတီငယ်များ အနေနှင့် ရွေးကောက်ပွဲ အနိုင်ရရန် ခက်ခဲနိုင်ပြီး လွှတ်တော်အတွင်း တိုင်းရင်းသား ကိုယ်စားလှယ်များ မပါဝင်နိုင်မည်ကို စိုးရိမ်သဖြင့် အချိုးကျကိုယ်စားပြု စနစ်ကို ကန့်ကွက်မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်ကဆိုသည်။
အချိုးကျ ကိုယ်စားပြုစနစ်မှာ မဲဆန္ဒရှင်ပြည်သူများက ပါတီကို ရွေးချယ်မဲပေးရခြင်း ဖြစ်ပြီး မဲရရှိသော ရာခိုင်နှုန်းအလိုက် သက်ဆိုင်ရာ ပါတီများက မိမိပါတီဝင်များ ထဲမှ လွှတ်တော်ကိုယ်စားလှယ် များကို ရွေးချယ်စေလွှတ်သော စနစ်ဖြစ်သည်။
တိုင်းရင်းသား ပါတီများကလည်း ပြည်နယ်များတွင် အချိုးကျကိုယ်စားပြု စနစ်ကို ကျင့်သုံးပါက ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲကဲ့သို့ တိုင်းရင်းသားပါတီ များ အပြတ်အသတ် အနိုင်မရမည်ကို စိုးရိမ်နေကြောင်း တိုင်းရင်းသားပါတီ ဝင်များက ပြောကြားသည်။
"PR စနစ် (အချိုးကျကိုယ်စားပြုစနစ်) ကို မကြိုက်ဘူး။ ကန့်ကွက်မယ်" ဟု ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီ ဒုတိယဥက္ကဋ္ဌ ဦးစောအောင်ကြည်စိုး က ဆိုသည်။
ယင်းစနစ် ကျင့်သုံးရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်သို့တင်ပြပါက လွှတ်တော်က အတည်ပြု၊ မပြုအပေါ် မူတည်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ က ပြောကြားသည်။
၂ဝ၁၅ အထွေထွေရွေးကောက်ပွဲ တွင် အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးပါက တစ်နိုင်ငံလုံးရှိ မဲဆန္ဒ နယ်များတွင် အင်အားကြီးပါတီများနှင့် တန်းတူယှဉ်ပြိုင် အရွေးခံနိုင်ရန် တိုင်းရင်းသား ၁၃ ပါတီ ပူးပေါင်း ဖွဲ့စည်း ထားသည့် ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်းက ကြိုတင်ပြင်ဆင် နေကြောင်း ယင်းဖက်ဒရေးရှင်းတွင် ပါဝင်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ တွဲဖက် ဘဏ္ဍာရေးမှူး ဦးစောသန်းမြင့်က ပြောကြားထားသည်။
.. www.MyanmarExpress.net

8 comments:
2015twin meg ko nld hma phyat theinn par mye.a soon yaut thway htoe hmu myarr kyaunt phyit par the.Daw su hma pyi hnin dan pae par mye.nld ka a pyat a that a naing ya par the.sit tat nal myay myarr twin pin phyit par the.
Pr so dar nga kyauk tway kyeik dal.2015ar nld ka a pyat a that nai thwar par p.hlut taw a twinn usdp a mat myar pin ma shi dawt par.naingngan a lon toe tet thwar par the.
Pae pae ma pae pae nga shwe khwet ko pae.
NLDက ဒေါ်စု ကုလားမွတ်တွေ စန္ဒာမင်း ဇေယာသော်
အဆီုတော်တွေ သရုပ်ဆောင်တွေ ၈၈၈၈တွေ တွေ လုံးဝမရှိတော့ မှ မဲရနိင်မယ်
မြန်မာလို ရေးမလား အင်္ဂလိပ်လို ရေးမလား တစ်ခုခုကို ပီပီသသရေးစေချင်ပါတယ်။ ဖတ်ရတာ မျက်စိနောက်တယ်။
"NLD သိစေရန် "
မင်းတို့ပါတီသည် စောက်ရူးပါတီဖြစ်သည်။
ဘာမှဖြစ်အောင်လဲမလုပ်နိုင် နိုဗယ်ဆုယူပြီဘာအကျိုးတခုမှမပြုသေးဘူး ဒေါ်စု ခင်ဗျားဘာလုပ်မှာလဲ စည်းရုံးရေးပဲဆင်း လဥပဲရမယ်
ပညာတွေဒီလောက်သင်ပြီးဘာမှလဲ ဟုတ်ဘူး ခင်ဗျာလင်ရဲ့ နိုင်ငံပြန်တော့
Daw su ko pote khat tar htet phoe la pyae ko pote khat kya par.meg ka kaung tway yalt thamee tway ko di kaung ka lote thwar loe par.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်