From :
..myanma age
မြို့တော်စည်ပင်မှ ကိုင်တွယ်လုပ်ဆောင်နေသော တက္ကစီဆိုင်ရာ
ကိစ္စရပ်များနှင့် ပတ်သတ်၍ မထသ(ဗဟို)သို့ ၂၀၁၃ခုနှစ် မတ်လ
၃၀ ရက်နေ့တွင် အပြီးလွှဲပြောင်းပေးတော့မည်ဖြစ်ကြောင်း မထသ
(ဗဟို)မှ အတွင်းရေးမှူး ဦးဘမြင့်က ပြောကြားသည်။
“မှတ်ပုံတင်စနစ်၊ ကောက်ခံနှုန်းထားတွေဟာ ဘာမှမပြောင်းလဲပါ
ဘူး။ အကုန်လုံးအရင်ပုံစံအတိုင်းပဲ လုပ်ဆောင်သွားမှာပါ။ ဒါက
ဌာနလွှဲပြောင်းခြင်းသာဖြစ်တယ်။ မြို့တော်စည်ပင်မှာက မှတ်ပုံတင်
တာ တစ်ခုတည်းကိုပဲ လုပ်ပေးနိုင်တယ်။ တခြား စည်းကမ်း ထိန်း
သိမ်းရေးတွေမှာ အားနည်းတဲ့အတွက်မထသ(ဗဟို)ကို လွှဲပြောင်း
ပေးတာဖြစ်တယ်” ဟု ယင်းက ဆက်လက်ပြောကြားသည်။
တက္ကစီလုပ်ငန်းများ လွှဲပြောင်းပြီးနောက် လုပ်ငန်းစဉ် ၄ ရပ်ဖြင့်
တက္ကစီလုပ်ငန်းများ တိုးတက်ဖွံဖြိုးလာစေရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊တစ်နှစ်တစ်ခါ ပေးဆောင်နေကျ ပုံစံအတိုင်းသာ
ဆက်လက်ပေးဆောင်သွားရမည်ဖြစ်ပြီး ဌာနအသစ်ပြောင်း၍
မှတ်ပုံတင်အသစ် ပြန်လုပ်ရမည်မှာမဟုတ်ကြောင်း၊ နောက်ပိုင်းတွင်
တက္ကစီမီတာ တပ်ဆင်ခြင်းကိုတင်းတင်းကျပ်ကျပ် လုပ်ဆောင်သွား
မည်ဖြစ်ပြီး တက္ကစီမီတာ မတပ်ဆင်သူများကိုမှတ်ပုံတင် ထုတ်ပေး
မည်မဟုတ်ကြောင်း မထသ(ဗဟို)က ဒုဥက္ကဋ္ဌ ဦးလှသောင်းမြင့်က
ပြောကြားသည်။
“ပထမတစ်ချက်အနေနဲ့ တက္ကစီ စီးတဲ့သူတွေ လုံခြုံအောင်
အန္တရာယ်ကင်းအောင်လုပ်ရမယ့် ကားသမားတွေက အန္တရယ်
ကင်းရှင်းအောင် မလုပ်ဘူးဆိုရင်အရေးယူသွားမယ်။ ဒုတိယ
တစ်ချက်အနေနဲ့ တက္ကစီမောင်းတဲ့သူတွေကို ကျွမ်းကျွမ်းကျင်ကျင်
မောင်းနိုင်အောင် ပညာပေးလုပ်ငန်းတွေ သင်တန်းတွေပေးသွားမယ်။
နောက်တစ်ချက်ကတော့ တက္ကစီနဲ့ ပတ်သတ်တဲ့ အသင်းအဖွဲ့တွေ
ဖွဲ့ခိုင်းမယ်။ ဒါကလည်း တက္ကစီနဲ့ ပတ်သတ်တဲ့ ကိစ္စရပ်တွေ
ဆောင်ရွက်နိုင်အောင် အခွင့်အရေးပေးတဲ့ အနေနဲ့ ဖွဲ့ခိုင်းခြင်း
ဖြစ်တယ်။နောက်ဆုံးအချက်ကတော့ တက္ကစီမီတာ တက်ပြီးတာနဲ့
တက္ကစီမောင်းတဲ့ သူတွေကိုကုမ္ပဏီတွေနဲ့ ညှိပြီး လစာ သတ်မှတ်
ပေးတာတွေ၊ လမ်းပိတ်ဆို့တာတွေ မဖြစ်အောင်မှတ်တိုင်နေရာတွေ
သတ်မှတ်ပေးတာတွေ စတဲ့ စီမံခန့်ခွဲရေး လုပ်ငန်းတွေလုပ်ဆောင်
သွားမယ်” ဟု ၎င်းက ပြောကြားသည်။
တက္ကစီယာဉ်များနှင့် ပတ်သတ်၍ တက္ကစီ ဆပ်ကော်မတီအဖွဲ့၊
တက္ကစီဒရိုင်ဘာများအသင်း၊ တက္ကစီ ပိုင်ရှင်များအသင်း စသည့် အသင်းများဖွဲ့စည်းသွားမည်ဖြစ်ပြီး ယင်းအဖွဲ့ သုံးဖွဲ့၏ ပေါင်းစပ် လှုပ်ရှားနိုင်မှုကောင်းသည်နှင့်အမျှ တက္ကစီလုပ်ငန်းများ တိုးတက်
မြင့်မားလာမည်ဖြစ်ကြောင်း၊တက္ကစီမီတာ တပ်ဆင်ပါက CNG
ကားဖြစ်ဖြစ်၊ စက်သုံးဆီ (ဒီဇယ်၊ ဓာတ်ဆီ)ကားဖြစ်ဖြစ် ဈေးနှုန်း
တစ်မျိုးထဲသာ သတ်မှတ်ပေးသွားမည်ဖြစ်ပြီး တက္ကစီမီတာတပ်
ဆင်ရမည့် အချိန်ကို အတိအကျ မပြောနိုင်သေးကြောင်း ယင်းက
ဆက်လက်ပြောကြားသည်။
ယခုလက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း တက္ကစီ အစီးရေ နှစ်သောင်းကျော် ပြေးဆွဲလျက်ရှိပြီး တက္ကစီမီတာ
တပ်ဆင်ခြင်းကို ၂၀၀၈ ခုနှစ်တွင် ပထမအကြိမ်လုပ်ဆောင်
ခဲ့သော်လည်း အောင်မြင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
.. www.MyanmarExpress.net

1 comments:
Myodaw sepin ka win htan tway lat sarr loon dar yor bal dawt a yae u ma lal hin.la sar ya dar nalt chann thar loon dar ka ma lite phat loon loe par.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်