Subscribe to our RSS Feed

နိုင်ငံရေး အကျဉ်းသား ၅၆ ဦး ယနေ့ လွတ်မြောက်

From : ..irrawaddy


မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသား ၅၆ ဦး ယနေ့ လွတ်မြောက်ကြတယ်လို့ သတင်းရ ပါတယ်။

လားရှိုးထောင်မှ ၁၅ ဦး၊ မိတ္ထီလာထောင် ၄ ဦး၊ ကျိုင်းတုံထောင် ၆ ဦး၊ ဗန်းမော်ထောင် ၇ ဦး၊ ကလေးထောင် ၄ ဦး၊ မိုင်းဆတ်ထောင် ၂ ဦး၊ ခန္တီးထောင် ၁ ဦး၊ အင်းစိန်ထောင် ၁ ဦး၊ ကသာထောင် ၁ ဦး၊
မော်လမြိုင်ထောင် ၁ ဦး၊ မြောင်းမြထောင် ၁ ဦး၊ မြစ်ကြီးနားထောင် ၁ ဦး၊ သီပေါထောင် ၁၁ ဦး၊ 
တောင်ကြီးထောင် ၁ ဦး တို့ဖြစ်တယ်လို့ လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စီစစ်ရေးကော်မတီနှင့် နီးစပ်သူတွေက ပြောပါတယ်။ 

ယခင် ရက်သတ္တပတ်က နေပြည်တော်မှာ သမ္မတရုံး ၀န်ကြီးများပါဝင်တဲ့ လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီက နိုင်ငံရေးအကျဉ်းသား အဖြစ် သတ်မှတ်ရေး၊ အဓိပ္ပာယ်ဖွင့်ဆိုချက်များနဲ့ပတ်သက် ပြီး ဆွေးနွေးခဲ့ကြပါသေးတယ်။ 

သမ္မတ ဦးသိန်းစိန်ကလည်း ဒီနှစ်ကုန်ပိုင်းက စပြီး မြန်မာနိုင်ငံမှာနိုင်ငံရေးအကျဉ်းသား တယောက်မှ မရှိစေရဘူးလို့ ကတိပေးထားပါတယ်။ 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်