Subscribe to our RSS Feed

အခြေခံဥပဒေကို အသစ်ပြန်လည် ရေးဆွဲပါက အလွန်အန္တရာယ် များကြောင်း ကြံ့ခိုင်ရေးပါတီ ထုတ်ပြန်

From : ..the voice


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပြီး အခြေခံဥပဒေသစ်တစ်ရပ် ပြန်လည် ရေးဆွဲမည် ဆိုပါက မမျှော်မှန်းနိုင်သည့် ကိစ္စရပ်များ ဖြစ်ပေါ်လာနိုင်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အလွန်အန္တရာယ် များကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ထုတ်ပြန် ကြေညာသည်။

ယင်းပါတီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆပ်ကော်မတီက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အောက်တိုဘာလ ၅ ရက်နေ့၌ ထုတ်ပြန်သည့် အချက်ကိုးချက်ပါ ကြေညာချက်တွင် အထက်ပါအတိုင်း ထည့်သွင်းကြေညာခြင်း ဖြစ်သည်။

ယင်းသို့ လက်ရှိ အခြေခံဥပဒေကို ဖျက်သိမ်းပြီး အသစ်ပြန်လည် ရေးဆွဲပါက ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို ပြည်သူများသာ ခံစားကြရမည်ကို သတိပြုရန် လိုအပ်ကြောင်း အဆိုပါ ကြေညာချက်၏ အမှတ် (၈) တွင် ထည့်သွင်းထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာသုံးသပ်၍ ခေတ် အခြေအနေနှင့်အညီ ပြင်ဆင်သွားရန်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သဘောထားပင် ဖြစ်ပြီး အခြေခံဥပဒေပါ ပြင်သင့်ပြင်ထိုက်သည့် ပုဒ်မများ၊ အကြောင်းအရာများကို ပြည်ထောင်စုလွှတ်တော် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီနှင့် ပြည်သူလူထုကို ထုတ်ဖော်တင်ပြမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


“အသစ်ပြန်လည် ရေးဆွဲရင် ရှုပ်ထွေးကုန်မယ်လို့ ထုတ်ပြန်ထားတာ တွေ့တယ်။ အသစ်ရေးဆွဲဖို့ မဖြစ်နိုင်ဘူးပေါ့” ဟု အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီဝင် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်က မှတ်ချက်ပြုသည်။

အဆိုပါ ထုတ်ပြန်ချက်များကို လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီက စိစစ်ပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၂ ၌ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပုဒ်မများသာ ပြဋ္ဌာန်းထားရှိပြီး အသစ်ရေးဆွဲရန် ပြဋ္ဌာန်းထားသော ပုဒ်မများ မပါရှိကြောင်း၊ ပုဒ်မ ၂၀ (စ) တွင်လည်း တပ်မတော်သည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်ရန် စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်ဟု ပြဋ္ဌာန်း ထားကြောင်း အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီအဖွဲ့ဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ရှင်းပြသည်။
“အဲဒီတော့ လုံးဝဖျက်သိမ်းမယ်ဆိုရင် အလွန်အန္တရာယ် များတယ်။ နောက်ကြောင်း ပြန်လှည့်မယ့် သဘောကို သတိပေးခြင်း ဖြစ်နိုင်တယ်” ဟု ၎င်းကသုံးသပ်သည်။

ထို့အပြင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ်များ နှောင့်နှေး ကြန့်ကြာသွားမည့် သဘောအဓိပ္ပာယ်လည်း သက်ရောက်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ်ပြန်လည် ရေးဆွဲရေး သဘောထားများ အငြင်းပွားမှု ရှိနေရာ အကယ်၍ အခြေခံဥပဒေကို အသစ်ပြန်လည် ရေးဆွဲမည်ဆိုပါက တပ်မတော်၏ သဘောတူညီ ချက်မပါဘဲ လုံးဝမဖြစ်နိုင်ကြောင်း၊ သို့သော် ဒီမိုကရေစီ သဘောတရားအရ အခြေခံဥပဒေပြင်ရေး အသစ်ပြန်ဆွဲရေး သဘောထား ကွဲရုံမျှဖြင့် တပ်မတော်ကလည်း မလိုအပ်သည့် အရေးယူ ဆောင်ရွက်မှုများ မပြုသင့်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက အကြံပြုထားသည်။

ပါတီဝင်များနှင့် ပြည်သူများက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြင်ဆင်ရန် အကြံပြုချက်နှင့် လေ့လာ သုံးသပ်ချက်များကို ပါတီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆပ်ကော်မတီထံ တင်သွင်းနိုင်ပြီး ယင်းအချက်များကို အလေးအနက်ထား စဉ်းစား၍ ထည့်သွင်းသင့်သည့် အချက်များကို ထည့်သွင်းသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ထုတ်ပြန် ကြေညာချက်တွင် ပါရှိသည်။


 .. www.MyanmarExpress.net
 

6 comments:

ဘာပဲဖြစ်ဖြစ်

ပြင်မှဖြစ်မှာပါ

မင်းတို့စိတ်ကအဒိက

nld က ပတ်မကြီးကို ထိုးဖေါက်မဲ့

အဖွဲ့ အဲဒီကောင်တွေ အကုန်လုံး

ကုလားနဲ့ ရောပြီး မီးရှို့ သတ်ဖို့

ကောင်းနေပြီနော်

1-WE AGREE TO DO AMENDMENT AS NECESSARY.
2-WE CANNOT CREATE POLITICAL PLAY GROUND
OR BATTLE GROUND.
3-WE CANNOT HAPPEN LIKE 1962.
4-WE NEED TO CHANGE STEP BY STEP WITHOUT
EFFECTING OUR DEMOCRACY,HUMAN RIGHTS,
NATIONAL SECURITY AND SAFETY.
5-WE LIKE TO SEE ALL PARTIES DOING RIGHTS
INCLUDING PARTY MEMBERS AND LEADERS.
6-WE LIKE TO SEE ALL PARTIES MAINTAIN
NATIONALISM=WUNTHARNU RAKKITA.
7-PLEASE LOOK FOR THE COUNTRY.
8-OUR COUNTRY AND OUR PEOPLE MUST COME
FIRST BEFORE OURSELVES.
9-WE ALL KNEW HOW PARTIES ARE DOING.
10-WE LIKE TO TRUST OUR LEADERS AND PARTIES.
11-PLEASE IMPROVE.
THANK YOU...

BCP is nld . NLD is BCP. so ?

အခြေခံဥပဒေတောင်မလိုပါဘူး မြန်မာပြည်မှာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်