Subscribe to our RSS Feed

အပစ်ရပ်ရေး ဆွေးနွေးပွဲတက်ဖို့ ကုလ ကိုယ်စားလှယ် ရောက်ရှိ

From : ..rfa


အောက်တိုဘာ ၈ ရက်နေ့မှာ စတင်မယ့် အစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ကုလသမဂ္ဂနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့ကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

ဒီနေ့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ Vijay Nambiar ဟာ ဆွေးနွေးပွဲတက်ရောက်ဖို့ ဒီနေ့ မြစ်ကြီးနားကို ရောက်လာပြီး မနက်ဖြန်မှာ ကချင်လွတ်မြောက်ရေး တပ်မတော် KIA ရဲ့ဒုတိယ စစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော် ဦးဆောင်တဲ့ ကေအိုင်အိုအဖွဲ့နဲ့အတူ တိုင်းရင်းသာလက်နက်ကိုင် အဖွဲ့တစ်ချို့လည်း ရောက်ရှိလာမယ်လို့ ကေအိုင်အို နည်းပညာအကြံပေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက RFA ကို ပြောပြပါတယ်။

" UN ကိုယ်စားလှယ် မစ္စတာ Nambiar ရယ်၊ ဒီကနေ့ ၁ နာရီလေယာဉ်နဲ့ပေါ့၊ ABSDF ရယ်၊ SSPP ရယ်၊ UWSA ရယ်၊ လူစာရင်းအရ ၆၃ အပေါင်း ၄ ဖွဲ့က KIO နဲ့ တစ်ပါတည်း ပါလာမယ်၊ ဒါပေမယ့် တစ်ချို့က သူတို့ လမ်းကြောင်းနဲ့ သူတို့ ပြန်လာခဲ့အုံးမယ်၊ အရင်ဆုံးရောက်တဲ့အဖွဲ့ကတော့ UN ပေါ့နော်"

သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်း ချမ်းရေးဖော် ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ဟာလည်း မနက်ဖြန်မှာ မြစ်ကြီး နားမြို့ကို ရောက်ရှိလာ မယ်လို့ ကချင်ပြည်နယ် အစိုးရအဖွဲ့က ပြောပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားတပ်မတော် (မြောက်ပိုင်း) (ABSDF)  ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့(PNLO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) စတဲ့လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၁ ဖွဲ့လည်း မကြာမီ ရောက်ရှိမယ်လို့ သိရပါတယ်။

.. www.MyanmarExpress.net
 

1 comments:

ဘိန်း ရာ ဇာ သစ် ခိုး သ မား လူ သတ် သ မား
သတ္တု ခိုး သ မား သူ ပုန် ကောင် ဓါး ပြ အ ဆင့် အ ကြမ်း ဖက် သ မား အ ဆင့်ရှိ တဲ့ ဒီ လို ဆကာင် တွေ နဲ့ ကု လ သ မ္မ ဂ က တောင် ပါ တယ် ဆို တော့ မ တန် လိုက် တာ ဗျာ စောင့် ကြည့် ကြ ဖြစ် မ လာ ပါ ဘူး လက် နက် ကိုင် ပြိး လုပ် စား ရ တာ ချောင် မှန်း ချမ်း သာ မှန်း လူ ဇော် လုပ် ရမှန်း အ ရသာ တွေ့ နေ တော့ ဒီမို က ရေ စီ လမ်း ကျကျ တောင်း မှာ မ ဟုတ် ပါ ဘူး မ ဖြစ် နိုင် တာ လုပ် ပြ တောင်း ပြ ပါ လိမ့် မယ် စောင့် ကြည့်  ပါ နောက် ဆုးံ ပြော ရ ရင် တိုင်း ပြည် ပျက် မှာ ပါ အ ဓိ က က တ ရုတ် ကြိး က သယံ ဇာ တ ကို သူ ခိုး ဈေး နဲ့ ဝယ် လို့ ရ အောင် နယ် စပ် က တိုင်း ရင်း သား လူ မိုး စု တွေ ကို မြှောက် ပင့် ပေး လက် နက် ပေး လုပ် နေ တာ ပါ သူ များ ပြည် တွင်း ရေး ကို မ တည် ငြိမ် အောင် လုပ် နေ တာ ပါ နယ် ချဲ့ နည်း ဗူ ဟာ အ သစ် စက် စက် အ သုးံပြု ပြိး တ ရုတ် လူ မိုး တွေ ဝင် နေ ကြ ပါ ပြိ ပန် ဆိုင်း မိုင်း လား လိုက် ဇာ တ ရုတ် တွေ ဝင် ပြိး အ ခြေ ချ နေ ကြ ပါ ပြိ ဒါ နယ် ချဲ့ နည်း အ သစ် စက် စက် ပါ ပြညည် တွင်း က လဲ အ ရှက် မ ရှိ အာ ဏာ လု နေ ကြ ပါ တယ် နိုင် ငံ ရေး သ မား တွေ အ ရှက် ကို မရှိ ကြ တော့ ဘူးး လား
ဒီသူ ပုန် တွေ နဲ့ လို့ မ ရပါ ဘူး တ ရုတ် နဲ့ ညှိ ပါ အ စိုး ရ နဲ့ စီး ပွါး ရေး လုပ် မ လား သူ ပုန် နဲ့ လုပ် မ လား မေး ပြိး အ ပြတ် လုပ် သင့် ပါ ပြီ

တုရုတ် ဆီ ဝယ် ရ တာ က ကော် ဂျောက် ပစ္စည်း တွေ ပါ အ စိုး ရ က တ ရုတ် ကို ကြောက် နေ ရ တာ လား တ ရုတ် ကို အ ပြတ် မေး သင့် ပါ ပြိ



PKU THEER THREE

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်