Subscribe to our RSS Feed

ပြည်သူချစ်သော အကောင်းဆုံး ရဲဆု ဓမ္မစေတီလမ်းမှ ယာဉ်ထိန်းရဲ ရရှိ

From : ..Yangon Media Group

 ပြည် သူချစ်သော ပြည်သူ့ဝန်ထမ်း ရဲ ဒုတပ်ကြပ်ခင်မောင်မြင့်ကို (၄၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နေ့တွင် ရဲဒုတပ်ကြပ်ရာထူးမှ ရဲ တပ်ကြပ်ရာထူး တိုးမြှင့်ခံလိုက်ရ သည့် အပြင် အကောင်းဆုံးရဲတပ် ဖွဲ့ဝင်ဆုရရှိခဲ့ကြောင်း သိရသည်။


၂၀၁၃ခုနှစ် အောက်တိုဘာ ၁ရက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ယာဉ် ထိန်း ရဲတပ်ဖွဲ့ အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)တွင် ကျင်းပသော (၄၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဆုချီးမြှင့် ပွဲအခမ်း နားတွင် ရာထူး တိုးမြှင့် ခြင်းနှင့် အကောင်းဆုံးရဲတပ်ဖွဲ့ ဝင်ဆု ချီးမြှင့်ခြင်းခံခဲ့ရခြင်းဖြစ် သည်။

ရဲဒုတပ်ကြပ် ခင်မောင်မြင့် သည် ပေးအပ်သောတာဝန် ကို ကျေပွန်အောင် ထမ်းဆောင်ခြင်း၊ မိမိကိုယ်ကိုမိမိ ယုံကြည်ချက်ထား ခြင်း၊ တပ်ဖွဲ့ဝင်အချင်း ချင်းပေါ် တွင် ရိုင်းပင်ကူညီတတ်သည့်စိတ် ဓာတ်ရှိသူဖြစ်ခြင်း၊ အခြားတပ်ဖွဲ့ ဝင်များနှင့်မတူဘဲ လုပ်ငန်းတာ ဝန်ကို ထူးခြားစွာဆောင်ရွက်ခဲ့ သည့် တပ်ဖွဲ့ဝင်ဖြစ်ခြင်း၊ ၎င်းတာ ဝန်ကျသည့်နေရာသည် ယာဉ် ကြောရှုပ်ထွေး သည့် နေရာဖြစ် သော်လည်း ယာဉ်ကြောကို နိုင် နိုင်နင်းနင်း ရှင်းလင်းဆောင်ရွက် နိုင်မှုရှိခြင်း၊ တစ်နှစ်ပတ်လုံးခွင့် မယူဘဲ လုပ်ငန်းတာဝန်ကို အချိန် ပြည့် တက်ကြွစွာထမ်းဆောင် ခဲ့ ခြင်း၊ ဖြတ်သန်း သွားလာသော ယာဉ်မောင်းများနှင့် ခရီးသွား ပြည်သူများ အား ပြုံးရွှင်စွာဆက် ဆံတတ်သူဖြစ်ခြင်းနှင့် ပြည်သူ လူထုမှချစ်သော ရဲဖြစ်ခြင်းတို့ ကြောင့် အကောင်းဆုံးရဲတပ်ဖွဲ့ဝင် ဆုနှင့် ရဲတပ်ကြပ်ရာထူး တိုးမြှင့်ချီး မြှင့်ခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိ ရသည်။

''ပီတိဖြစ်တယ်။ ပြည်သူ့ရဲ တပ်ဖွဲ့ဝင်တစ်ဦးအနေနဲ့ ပြည်သူ ကိုဗဟိုပြုပြီး ပြည် သူ့ လုပ်ငန်းတာ ဝန်ကို ဆက်လက်ထမ်းဆောင် သွားမှာ ပါ''ဟု ရဲတပ်ကြပ်ခင်မောင် မြင့်က ရန်ကုန်တိုင်းမ်နေ့စဉ်သတင်း စာသို့ပြောသည်။

ရဲတပ်ကြပ်ခင်မောင်မြင့် (ယခင်ရဲတပ်သား)သည် သူ၏တာဝန်ဝတ္တရားကျေ ပွန်မှုနှင့် ပြည် သူများ ချီးကျူးခံရမှုများကြောင့် (၄၇)နှစ်မြောက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့နေ့တွင် ယာဉ်ထိန်းရဲတပ် ဖွဲ့၏ 'စံပြရဲဘော်ဆု'ချီးမြှင့်ခြင်း ခံခဲ့ရကြောင်း သိရသည်။



.. www.MyanmarExpress.net
 

5 comments:

သူ့  ကို ပြော တာ ကား သ မား တွေေ က တောင် ရေဗူး မုန့် ထုပ် တို့ ချ ပြိး ပေး တယ် တဲ့ နေ ပြည် တော် က ခေါ် သွား တာ တောင်
သူ တာ ဝန် ကျ နေ တဲ့ နေ ရာ ကို အ ခြား မော် တော် ပီ ကယ် တွေ မ နိုင် လို့ သူ ကို ပြန် ပို့ ရတယ် လေ သူ လ်ု အ ခြား မော် တော် ပီ ကယ် တွေ တော် ကြ ရင် ကောင်း မှာ ဘဲ အခြား မော် တော် ပီ ကယ် တွေ က တော့ ကား ဆိုင် ကယ် တွေ ဖမ်း ပြိး ငွေ ယူ ပြိး အိတ် ကပ် ထဲ ထည့် နေ ကြ တာ လေ
သူ့ ကို တော့ ချီး ကူး ပါ တယ်

PKU THEER THREE

လေး စား ပါ တယ်

HE IS RAKHINE NATION ,very good khin mg myint,, try your best,,
BELUCKFOREVER

လေး စား ပါ တယ်ရဲဘော်

1-WELCOME NEWS.
2-WE RESPECT THE POLICE SERGEANT U KHIN
MAUNG MYINT.
3-WE NOTICED OUR MOTOR VEHICLES POLICE
ARE HARD WORKING AND OVERLOADED COMPARE TO POLICE IN OTHER COUNTRIES.
4-THE WHOLE WORLD IS USING ONLY ONE TYPE
OF POLICE FORCE THAT IS POLICE DUTY FOR
EVERYTHING WITHIN THEIR JOB DESCRIPTION.
BECAUSE THEY LAID DOWN VERY EFFECTIVE
MOTOR VEHICLE RULES;THEY ONLY CHECK
AND TAKING LEGAL ACTIONS ONLY;THEY ONLY
NEED TO CONTROL THE TRAFFIC IN CASE OF EMERGENCY AND MAJOR ACCIDENTS;ALL DIVERS, THEY ALL FOLLOW THE RULES OF ROADS;THEY ALSO ENCOUNTER TRAFFIC
JAMMED PROBLEM BUT WITHOUT POLICE HELP
ALL TRAFFIC CLEAR;ALL TRAFFIC JAMMED ARE
DUE TO TOO MANY VEHICLES ON THE ROAD
DURING RUSH HOURS;THIS PROBLEM IS PURELY
DEPEND UPON THE TOWN PLANNING;THIS PROBLEM NEVER GOES AWAYS IF ALL CITIES
NOT IMPROVING TOWN/ROAD PLANNING;
PLEASE DO RESEARCH WORK ON MOTOR VEHICLES RULES OF THE ROAD FROM OTHER COUNTRIES BECAUSE THEY HAVE BETTER AND UPTO DATE RULES;WE KNEW IT AND BETTER NOT TO WRITE DOWN HERE.
5-SIMILARLY PLEASE DO RESEARCH WORK HOW
OTHER COUNTRIES ARE OPERATING BY USING
THE ONE SINGLE POLICE FORCE INSTEAD OF TWO DIFFERENT POLICES (TRAFFIC AND REGULAR POLICE).
WE THINK ONE SINGLE POLICE FORCE IS MORE
EFFECTIVE AND MORE PROTECTION TO THE
GENERAL PUBLIC.
PLEASE TRAIN ALL POLICE OFFICIALS FOR
SPEAKING INTERNATIONAL LANGUAGE; AT
LEAST ENGLISH SPEAKING.
PLEASE GIVE REASONABLE SALARY TO ALL
POLICE OFFICIALS SO THAT THEY CAN CONCENTRATE MORE ON THE JOB.
*NOW A DAY OUR OFFICES ARE RUNNING
MODERN ACCOUNT DEPARTMENT;PLEASE GIVE
SALARY WEEKLY OR BIWEEKLY TO ALL POLICE
OFFICIAL AND ALL GOVERNMENT SERVANTS.
PLEASE USE "EBT=ELECTRONIC BENEFIT TRANSFER CARDS" OR "ATM CARDS=AUTO TELLER MACHINE CARDS.
OUR GOVERNMENT STILL PRACTICING WAGES
PAYMENT TO ALL EMPLOYEES/WORKERS BY
MONTHLY BECAUSE BRITISH USING THIS METHOD FOR MANY YEARS.THIS METHOD IS LOOK LIKE SINCERE BUT IT IS KILLING THE
WORKERS/EMPLOYEES.MUST MUST GET OUT
FROM THE OLD SYSTEM.
BRITISH NEVER USE THIS KIND OF PRACTICE
IN THEIR COUNTRY.
THEY PAY WAGES WEEKLY AND BIWEEKLY.
TO TELL OPENLY MANY FAMILIES AND WORKERS DID NOT KNOW HOW TO MANAGE
THE MONTHLY SALARY SO THAT MOSTLY THEY
ALL BROKE BEFORE END OF THE MONTH SO
THAT NEARLY ALL WORKERS HAVE DEBTS AND
LOANS AND FINANCIALLY SINKING IN LIFES.
PLEASE SAVE OUR WORKERS
.
BEST WISHES TO OUR POLICE OFFICIALS.

FOR THE COUNTRY AND FOR OUR PEOPLE.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်