From :
.. the voice
လင်မယားချင်း စကားများရာမှ ဇနီးဖြစ်သူ၏ ဆံပင်ကိုဆွဲကာ လှေဘောင်ဖြင့် ဦးခေါင်းကို ဆောင့်ခဲ့မှုကြောင့် သေဆုံးခဲ့သည့် ဇနီး၏ အလောင်းကို ရန်ကုန်မြစ်အတွင်း မျှောချ ဖျောက်ဖျက်ခဲ့သူဟု တိုင်ကြားခံရသူကို အောက်တိုဘာလ ၅ ရက်နေ့က ဒလမြို့နယ် မြို့မရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။
စက်တင်ဘာလ တတိယပတ်က ဒလမြို့နယ် စက်မြေ ရပ်ကွက်တွင် နေထိုင်သူ အသက် ၅၃ နှစ်အရွယ်ရှိ ဒေါ်လုံးတုံးသည် ၎င်း၏ခင်ပွန်း အသက် ၃၅ နှစ်အရွယ်ရှိ ကိုဝင်းထွဋ် (ခ) ရဲအောင်နှင့်အတူ ရန်ကုန်မြစ်အတွင်း လက်ခတ်လှေဖြင့် ငါးဖမ်းသွားရာမှ ဗိုလ်တထောင် အမှတ် ၆ ဗောတံတား ကမ်းစပ်တွင် စကားများ ရန်ဖြစ်ခဲ့ကြောင်း၊ ယင်းနောက် ခင်ပွန်းက ဇနီးသည်၏ ဆံပင်ကို ဆွဲကိုင်ပြီး လှေဘောင်ဖြင့် ဦးခေါင်းကို လေးချက်ဆက် တိုက်ဆောင့်ခဲ့သည့် ဒဏ်ကြောင့် ဇနီးသည် သေဆုံးခဲ့ပြီး ညတွင်းချင်းပင် သန်လျင် ရေနံချက်စက်ရုံအနီးရှိ ရန်ကုန်မြစ်အတွင်း အလောင်းကို မျှောချကာ ဖျောက်ဖျက်ခဲ့ကြောင်း ရဲစခန်းတွင် ကိုဝင်းထွဋ် (ခ) ရဲအောင်၏ ထွက်ဆိုချက်အရ သိရှိရသည်။
ကိုဝင်းထွဋ်သည် သေဆုံးခဲ့သူ၏ နောက်အိမ်ထောင်ဖြစ်ပြီး ငါးနှစ်ခန့်အကြာ ပေါင်းသင်းခဲ့ကြောင်း၊ ကိုဝင်းထွဋ် မိဘနေအိမ်နှင့် သေဆုံးခဲ့သော ဇနီး၏ သမီးအကြီးဖြစ်သူ မရွှေသိန်းသူ (ခ) မပုသိမ်၏ အိမ်မှာ အိမ်ချင်းကပ် နေထိုင်လျက် ရှိကြောင်း သေဆုံးသူ၏ သမီးကြီး မရွှေသိန်းသူ (ခ) မပုသိမ်က ပြောကြားသည်။
စက်တင်ဘာ ၃၀ ရက်နေ့တွင် ကိုဝင်းထွဋ်သည် ၎င်း၏ မိဘနေအိမ်သို့ ရောက်ရှိကာ ၎င်းတို့ လင်မယားနှစ်ဦး ရန်ဖြစ်ရာမှ လက်လွန်ကာ ဇနီးသေဆုံးခဲ့သည်ကို ၎င်း၏ ညီမဖြစ်သူ မကြည်ကြည်ထွေးကို ပြောဆိုကာ ပြန်ထွက်သွားကြောင်း၊ ယင်းနောက် အောက်တိုဘာလ ၂ ရက်နေ့တွင် မကြည်ကြည်ထွေးက မပုသိမ်ကို အကြောင်းစုံ ပြန်လည် ပြောပြရာမှ ရဲစခန်းသို့ အသိပေး တိုင်ကြားခဲ့ကြောင်း သေဆုံးသူ၏ သမီးကြီးဖြစ်သူ မရွှေသိန်းသူ (ခ) မပုသိမ်က ပြောကြားသည်။
“အမေက လှေပေါ်မှာနေပေမယ့် အိမ်ကို တစ်လသုံးလေးခေါက်လောက် ပြန်လာတာ။ ဒီတစ်ခေါက် ပြန်မလာတာ တစ်လလောက် ရှိနေတော့ စိတ်ပူနေတဲ့ အချိန်မှာပဲ အမေ့ယောက်ျားရဲ့ ညီမက ပြောပြမှ အမေ အသတ်ခံရတယ်ဆိုတာ သိရတာ” ဟု ၎င်းက ရှင်းပြသည်။
ကိုဝင်းထွဋ် (ခ) ရဲအောင်သည် ထွက်ပြေး တိမ်းရှောင်လျက် ရှိရာ အောက်တိုဘာလ ၅ ရက်နေ့က ဗိုလ်တထောင်မြို့နယ် လင်းစဒေါင်း ရေတပ်ဝင်းအနီးရှိ ကမ်းနားတွင် ဖမ်းမိခဲ့ကြောင်း ဒလမြို့နယ် မြို့မရဲစခန်းထံမှ သိရှိရသည်။
အဆိုပါ အမျိုးသမီး သေဆုံးမှုကို (ပ) ၄၄၅/၁၃၊ ပုဒ်မ ၃၀၂/၂၀၁ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
.. www.MyanmarExpress.net

2 comments:
1-REGRET TO READ THE ABOVE ARTICLE.
2-ALL FIGHTING NEVER GET GOOD AND
FAIR RESULT.
3-ALL HUSBANDS AND WIVES ARE FIGHTING IN THEIR LIFE TIME.
4-WE ALL BENEFIT IF WE ALL CAN CONTROL
THE FIGHTING.
5-ALL AGGRESSIVE FIGHTING AND TAKING
LONG TIMES ALWAYS SUFFER BOTH SIDES.
6-THE BEST THING IS DO NOT FIGHT BUT
TRY TO CONTROL ANGER.
7-TRY TO AVOID THE AGGRESSIVE FIGHT.
8-TRY TO AVOID THE LONG TIMES FIGHT.
9-BETTER TRY TO GET GOOD SETTLEMENT.
PLEASE TRY OUR SIDE STOP FIGHTING AND
START COMFORTING OUR LIFE PARTNERS AND
GET MORE LOVE AND AFFECTION AFTER THE
FIGHT AND ARGUMENTS
10-OTHERWISE ALL FIGHTING WILL END UP
LIKE THE HUSBAND WIFE IN THE ABOVE
ARTICLE;WIFE LOST LIFE AND HUSBAND END
UP IN LOCKUP/IMPRISONMENT OR DEATH SENTENCE.
11-WE NEED EMERGENCY POLICE HELP FOR
ALL FAMILY VIOLENCE.EXAMPLE VERY EFFECTIVE TELEPHONE 199 ETC...
12-WE NEED NON GOVERNMENTAL ORGANIZATIONS,LOCAL FOR HELP FAMILY
VIOLENCE.
13-WE KNEW SOME TIMES OUR GRAND MOTHERS,MOTHERS,AUNTIES,SISTERS AND
DAUGHTERS ARE SUFFERING BECAUSE OF
AGGRESSIVE HUSBANDS AND MANY OCCASION
WE CANNOT HELP THEM.
14-WE NEED TO DO SOMETHING TO STOP
ALL FAMILY VIOLENCE.
BEST WISHES TO ALL LOVERS AND MARRIAGE COUPLES FOR HAPPY AND PROSPER LIFE.
1-THE ABOVE ARTICLE INDICATES BOTH HUSBAND
WIFE LIVE IN A BOAT/MAY BE A FISHING BOAT.
2-WE THOUGHT ONLY HONGKONG HAVE THE BOAT PEOPLE.
3-WE NEED TO PROMOTE OUR PEOPLE STANDARD OF LIVING.
4-WE KNEW SO MANY POOR PEOPLE SLEEPING
IN THE STREET IN MANY CITIES IN SOME
COUNTRIES.
5-WE NOTICED ONE OF THE WORLD MOST POPULATED COUNTRY WAS SO POOR IN ABOUT 50 YEARS AGO ARE GETTING VERY GOOD STANDARD OF LIVING AND GOOD PERSONAL INCOME AND SLOWLY BECOME ONE OF THE RICH AND STRONG POWERFUL COUNTRIES.
6-WE ALL NEED TO BUILD OUR COUNTRY.
7-WE ALL MUST MAINTAIN PEACE,SECURE AND
STABILITY.
8-THE POLITIC IS VERY IMPORTANT.
9-WE CAN BUILD THE COUNTRY ONLY AFTER
MAINTAINING POLITICALLY STABLE.
10-WE NEED BUILDERS AND MAKERS ONLY.
11-WE ALL NEED TO REJECT ALL DESTROYERS
AND BREAKERS.
12-THE LEADERS,POLITICIANS AND POLITICAL PARTIES ARE VERY IMPORTANT BECAUSE THEY
CAN BUILD A COUNTRY OR THEY CAN DESTROY
A COUNTRY.
13-PLEASE READ OUR MYANMAR HISTORY AND
THE WORLD HISTORY INDICATED UP AND DOWN
OF A COUNTRY IS TOTALLY DEPEND UPON
KINGS,QUEENS,PRESIDENTS,MINISTERS,
GOVERNMENT OFFICIALS,POLITICIANS AND
POLITICAL PARTIES.
14-NOW A DAY WE THE PEOPLE HAVE A CHANCE
TO CHOOSE OUR LEADERS.
15-WE ALL NEED TO EDUCATE OURSELVES
AND BETTER CHOOSE THE GOOD LEADERS BY
USING OUR VOTING RIGHTS.
FOR OUR COUNTRY AND FOR OUR PEOPLE...
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်