သူတို့ပြောတဲ့စကား
NLD ပါတီက အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီကို စက်တင်ဘာ ၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသားပါတီ ၁၃ ခုနှင့် အပတ်စဉ် ဆွေးနွေးခဲ့ပြီး အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရေးအတွက် ပြည်သူ့ဆန္ဒ ကောက်ခံမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၈ ရက်နေ့မှာ NLD ပါတီရဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
NLD ပါတီက အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ်ပြန်လည် ရေးဆွဲရေးအတွက် လူထုဆန္ဒ ကောက်ခံမှုကို ၄၅ ရက် (တစ်လခွဲ) အတွင်း အပြီးသတ် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ အောက်တိုဘာ ၁၂ ရက် နေ့မှစတင်ကာ တိုင်းနှင့်ပြည်နယ် အသီးသီးရှိ NLD ပါတီဝင်များက အခြေခံဥပဒေတွင် ပါဝင်သော အချက်များကို လူထုနှင့် တွေ့ဆုံ ရှင်းပြကာ ဆန္ဒကောက်ခံသွားမည် ဖြစ်ကြောင်း၊ အချိန်သိပ်မရပေမယ့်၊ အတတ်နိုင်ဆုံးတော့ အကောင်းဆုံးလုပ်ဆောင်သွားမှာဖြစ်ကြောင်း စက်တင်ဘာ ၂၈ ရက်နေ့တုန်းက NLD အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီအဖွဲ့ဝင် ဦးကိုနီက ပြောကြားခဲ့ပါတယ်။
လုပ်ချလိုက်ပုံကတော့
ပြောတာကတော့ ၁၂ ရက်နေ့ကနေစပြီးမှ လူထုဆန္ဒခံယူပွဲလုပ်မယ်ဆိုပြီးပြောတာပါပဲ ဒါပေမယ့် RFA ရဲ့ ၆-၁၀-၂၀၁၃ ရက်နေ့ သတင်းမှာတော့ . . . . .
“ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီက ကရင်ပြည်နယ် ဘားအံ ခရိုင်အတွင်းမှာ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်မလား ဒါမှမဟုတ် အသစ်ရေးဆွဲ မလားဆိုပြီး ပြည်သူ့ ဆန္ဒကောက်ယူရာမှာ ဒေသခံပြည်သူတွေက ပြန်လည်ပြင်ဆင်ဖို့ ထောက်ခံခဲ့ တယ်လို့ သိရပါတယ်။
ဒီကနေ့ အဲဒီ ဆန္ဒကောက်ခံပွဲ ကျင်းပတာနဲ့ ပတ်သက်ပြီး၊ ဘားအံခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးသန်းနိုင်က အခုလို့ ပြောပါတယ်။
" ဖွဲ့စည်းပုံကို ပြင်ရင်ဘယ်လိုဖြစ်မယ်၊ အသစ်ဆွဲရင် ဘယ်လိုဖြစ်မယ်ဆိုတာ ကျွန်တော်တို့ ရှင်းပြတယ်၊ နောက် ဖွဲ့စည်းပုံမှာ ပြင်ချင်တဲ့ဟာတွေက ဘာတွေရှိမယ်ဆိုတာ ကျွန်တော်တို့ ရှင်းပြတယ်၊ ပြီးတော့ လက်ညှိုးထောင်ခိုင်းလိုက်တယ်ဗျာ၊ တက်လာတာ ၃၀၀ လောက်ရှိတယ်၊ ၉၀ ရာခိုင်နှုန်းလောက်က လက်ညှိုးထောင်တယ်ဗျာ၊ အဲ့ဒါနဲ့ ကျွန်တော်တို့က အတည်ပြုလိုက်တယ်၊ ဒါပါပဲ"
အဲဒီစည်းဝေးပွဲ ဖြစ်မြောက်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ပြင်ဆင်ရေးကော်မတီက ဦးဌေးဦးက ကရင်ပြည်နယ်ကို ရောက်ရှိနေပြီး၊ မြန်မာနိုင်ငံ တစ်နိုင်ငံ လုံးမှာ ဘားအံခရိုင်က ပထမဆုံးစတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်မလား ဒါမှမဟုတ် အသစ်ရေးဆွဲမလားဆိုပြီး၊ ပြည်သူ့ဆန္ဒကို မြန်မာတစ်နိုင်ငံလုံးက ခရိုင် ၆၆ ခုမှာ ကျင်းပမှာ ဖြစ်ပြီး၊ ရလာတဲ့ ပြည်သူ့သဘော ထားတွေကို လာမယ့် နိုဝင်ဘာလမှာ ပြည်ထောင်စုလွှတ်တော်ကို တင်ပြမှာဖြစ်ပါတယ်။“
ဒါက RFA ကတင်လိုက်တဲ့သတင်း။
စဉ်းစားပါဦး NLD
တက်ရောက်လာတဲ့ လူဦးရေကြည့်တော့ ၃၀၀ တဲ့။ လူ ၃၀၀ ဟာ ဘားအံလို ခရိုင်ကြီးတစ်ခုလုံးကို ကိုယ်စားပြုနိုင်ပါ့မလား။ ဦးနှောက်ကို အသုံးချတတ်သူတိုင်း ဘယ်လိုမှ လက်ခံနိုင်ဖွယ်ရာမရှိတဲ့ အရေအတွက်ဆိုတာ သိသာပါတယ်။ NLD အတွက်လည်း စိတ်မကောင်းစရာပါပဲ။ ပြီး . . ပြီးရော သဘောထားနဲ့ အသိဥာဏ်နည်းစွာ လုပ်လိုက်တဲ့ ဦးသန်းနိုင်လိုလူမျိုးဟာ ဘားအံခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မှာ ဥက္ကဌဖြစ်နေတယ်ဆိုတော့ . . . ဒေါ်စုကြည်ခေါင်းဆောင်တဲ့ NLD ပါတီရဲ့ ရှေ့ရေးအတွက် ရတက်မအေးစရာပါပဲ။ NLD အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီကပြောတဲ့ စကားတွေအရတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဒါမှမဟုတ် အသစ်ပြန်လည်ရေးဆွဲရေးအတွက် ပြည်သူ့ဆန္ဒသဘောထားကို တစ်နိုင်ငံလုံးမှာရှိတဲ့ ၆၆ ခရိုင်မှာ ၄၅ ရက်အတွင်းကျင်းပသွားမယ်လို့ ကြေငြာထားပါတယ်။
ဘားအံခရိုင်မှာ လုပ်သွားတဲ့ ပွဲမျိုးလိုဆိုရင်တော့ ၄၅ ရက်တောင် မကြာနိုင်ပါဘူး။ တစ်ရက်ထဲနဲ့တောင် တစ်နိုင်ငံလုံး တစ်ပြိုင်နက်လုပ်နိုင်ပါလိမ့်မယ်။ စဉ်းစားစေချင်ပါတယ် ဒေါ်စုကြည်နဲ့ NLD ခင်ဗျား။ နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနဲ့ ဒီမိုကရေစီဝါဒ ဖြစ်ထွန်းမှုအတွက် အသက်တမျှအရေးပါလှတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကို ပြင်ဖို့ ဒါမှမဟုတ် အသစ်ပြန်လည်ရေးဆွဲဖို့ လူထုဆန္ဒကောက်ယူတယ်ဆိုတာ အင်မတန်အရေးကြီးကြောင်း ကိုယ့်နိုင်ငံကိုယ်ချစ်မြတ်နိုးသူတိုင်း သိပါတယ်။ ဒီလိုမျိုး ကိစ္စရပ်တစ်ခုကို ပြီးစလွယ်သဘောထားနဲ့ ကျန်တဲ့ ၆၅ ခရိုင်လုံးမှာ ဆက်လုပ်သွားမယ်ဆိုရင်တော့ အင်မတန်မှ ၀မ်းနည်းစရာကောင်းသွားပါလိမ့်မယ်။ မျှော်လင့်တကြီးစောင့်ကြည့်နေကြသူတွေအတွက် NLD ဟာဒါမျိုးပါလား၊ ဒေါ်စုကြည်ဦးဆောင်တဲ့ပါတီဟာ ဒီလောက်ပဲ လုပ်နိုင်တာပါလားဆိုတဲ့ အမြင်တွေအောက်မှ တစ်စတစ်စ ကျဆုံးသွားနိုင်ပါတယ်။
NLD ရဲ့ရည်ရွယ်ချက်ကဘာလည်း
ဒေါ်စုကြည်နဲ့ NLD အပေါ်စောင့်ကြည့်နေကြတဲ့ လူအများရဲ့ရင်ထဲမှာတော့ ဖြစ်မှဖြစ်ရလေ NLD ရယ်လို့သာ ပြောချင်နေကြပါတော့တယ်။ တိုးတက်စပြုနေပြီဖြစ်တဲ့ ကျွန်တော်တို့ နိုင်ငံအတွက် အန္တရာယ်အလွန်များနိုင်တဲ့ အခြေခံဥပဒေပြင်မယ်၊ အသစ်ရေးမယ်ဆိုပြီး လေသံတွေပစ်။ ပြီးတော့ တိုင်းရင်းသားပါတီ ၁၃ ခုနဲ့ အပတ်စဉ်ဆွေးနွေးပါတယ်ဆိုပြီး တိုင်းရင်းသား အဖွဲ့အစည်းတွေကို ဒီကိစ္စထဲ မပါပါအောင်ဆွဲခေါ်ပြီး . . . . . နောက်ဆုံးလုပ်ချလိုက်တာကတော့  . . . . . ကရင်ပြည်နယ်က ဘားအံခရိုင်လို နေရာမျိုးမှာ. . . . .
- အောက်တိုဘာ ၁၂ ရက်မှာ စမယ်လို့ရန်ကုန်ရုံးချုပ်ကပြောပေမယ့် . . . . ဟုတ်ဟုတ် . . . . မဟုတ် . . ဟုတ် . . . လုပ်ပြီး . . . ပြီးတာပဲဆိုတဲ့ သဘောနဲ့ ဘားအံ NLD ဥက္ကဌရဲ့ ထင်ရာဆိုင်းလုပ်ချလိုက်တဲ့ . . . . .
- နားလှည့်ပါးရိုက် သေဖော်ညှိခံခဲ့ရတဲ့ တိုင်းရင်းသားပါတီတွေရဲ့ ကိုယ်စားလှယ်တစ်ယောက်မှ မပါတဲ့ . . . .
- ဘာတွေရှင်းပြလို့ . . . . . . ဘာတွေနားလည်လို့ နားလည်လိုက်မှန်းမသိတဲ့ . . . . .
- ပြင်မှာလား . . . အသစ်ရေးမှာလား . . . ဘယ်ဆုံးဖြတ်ချက်ကို ဘယ်လိုသဘောတူလိုက်မှန်းတောင် မသိလိုက်ရှာတဲ့ . . . . . .
- ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကို ဖတ်တောင် ဖတ်ဖူးရဲ့လားမသိတဲ့ . . . . .
- ဘုမသိ ဘမသိနဲ့ရောက်လာရတဲ့သူတွေကို . . . ကလေးတွေလို . . . . ကဲ . . ကဲ . . . အခုပြောသွားတာနားလည်လား . . . အားလုံး လက်ညှိုးထောင်ကြပါဆိုလို့ . . . . လက်ညှိုးထောင်ခေါင်းညိတ် လုပ်လိုက်တဲ့ တိုင်းရင်းသား ၃၀၀ လောက်ရဲ့ . . . . .
ရိုးသားမှု၊ မသိနားမလည်မှုတွေကို ခုတုံးလုပ်ပြီး ကိုယ့်ဖဲကိုယ်ချိုး၊ ကိုယ့်လူကိုယ်ပြန်ဝေတဲ့ လုပ်ပေါက်ဟာ တိုးတက်စပြုနေပြီဖြစ်တဲ့၊ ရင့်ကျက်စပြုနေပြီဖြစ်တဲ့ နိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းကို ဖျက်လိုဖျက်စီး လုပ်ခြင်တဲ့သဘော . . . တိုင်းပြည်အနှံ့ ဟိုနေရာ လူစုလူဝေး ဒီနေရာ လူစုလူဝေးဖြစ်အောင်လုပ်၊ ပြီးရင် ဒေါ်စုကြည်သမ္မတဖြစ်ရေး၊ NLD ပါတီအာဏာရရေးအတွက် သူတို့ပြောစေချင် အော်စေချင်တာကို လူထုကို နားလှည့်ပါးရိုက်လုပ်ပြီး အော်အောင်လုပ်၊ နောက်ဆုံးမှာတော့ . . . လူထုနဲ့ အစိုးရကိုရန်တိုက်ပေးပြီး တိုင်းပြည်မတည်မငြိမ်ဖြစ်အောင်၊ ပြည်သူတွေမခံစားချင်တော့တဲ့ စစ်အုပ်ချုပ်ရေးအောက် ပြန်ရောက်အောင် လုပ်ချင်နေတဲ့ သဘောလား ဆိုတာတော့ ဒေါ်စုကြည်နဲ့ NLD ပဲ သိနိုင်ပါတော့မယ် . . . . ။
.. www.MyanmarExpress.net
9 comments:
အော် NLD ကလူတွေ
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကို
နားမလည်ကြသေးပါလား၊
Cheating ha ha
NLD is too smart as BCP. Last time the Khin Than htun gather people at Pyinma na and mentioned public support and made annoucement they were government of myanmar.So ? How NLD ways the same?
အဲဒါကိုမလိုတာ ဘုရင်စနစ်ဘဲကောင်းပါတယ်
Amazing Myanmar!
Crazy people, parties, groups, organizations, insurgency armed groups, etc., are thinking themselves as ruling government, by talking about changing, amending, re-writing Constitution of the country, funny, brainless.
Is that easy as they think?
NLD ရေ မင်းတို့ကတော်တော် ရီရတယ့်ကောင်တွေပဲ ။ ဥာဏ်ကတော်တော် နည်းတာပဲ !!!!
NLD ရေကြည့် ပြီး တော့ လုပ် ကြ ပါ အုံး မုတ်ဆိတ် တွေ နဲ့ လုံး ဝ လက် မခံ ပါ ဘူး ပြင်ဖို့ ဆို တာ ကို
စုကြည်က မြန်မာနိုင်ငံသားလဲမဟုတ်
မြန်မာစိတ်လဲမရှိ
မြန်မာတွေကိုလဲအထင်သေးလို့
မဆက်ဆံ မပေါင်းသင်းခဲ့ပါ
၈၈ မတိုင်မီက
စုကြည်က မြန်မာတွေကို
မျောက်သာသာကောင်တွေလို့သဘောထားတာ
၈၈ မတိုင်မီက
စုကြည်က အဖြူကောင်ကိုလင်လုပ်
တခြားအဖြူကောင်တွေကို ဖင်ခံ
အဖြူကောင်တွေနဲ့ပေါင်းပြီး
အဖြူကောင်တွေက မြန်မာတွေကို
မျောက်သာသာကောင်တွေလို့သဘောထားသလို
စုကြည်ကပါ မြန်မာတွေကို မျောက်သာသာကောင်တွေလို့သဘောထားတာ
၈၈ မတိုင်မီက
စုကြည်က မြန်မာတွေနဲ့ တွေ့ဖို့နေနေသာသာ
စုကြည်က သူ့ကိုသူတောင် မြန်မာလို့ပြောရမှာတောင်
ရှက်သလေး ဘာသလေးနဲ့
အခုမှ
မြန်မာတွေကို တွေ့တယ်လို့ လာပြောမနေနဲ့
နိုင်ငံခြားမှာအနေကြာသူတိုင်း
အဖြူကောင်တွေ ကုလားတွေကိုပဲ ဖင်ခံတဲ့
မြန်မာဆိုရင် မကုန်းတဲ့
၈၈ မတိုင်မီ စုကြည်အကြောင်းကိုသိတယ်
စုကြည် က မြန်မာပြည်က ဒေးဗစ်လှမြင့် ကို ကုန်းတာ
တခြား NLD နဲ့ ဒီမိုအကောင်မျိုးစုံကို ကုန်းတာက
၈၈ နောက်ပိုင်းမှ
ဘာလဲ ကွ သတင်းသမား
သတင်းဆိုရင် သတင်းအတိုင်းဘက်မလိုက်ဘဲ ရေးပါ
ဒေါ်အောင်ဆန်းစုကြည်ဆိုတာ သူ့နာမည်ပါ ။
ဘာလို့ စစ်လီးစုတ်တဲ့ကောင်တွေ အလိုကျ ဒေါ်စုကြည် လို့ သုံးနေတာလဲ။
မင်းတို့လည်း စစ်လီးစုတ်တွေပဲလား
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်