Subscribe to our RSS Feed

အီဂျစ်ပဋိပက္ခ ၅၁ ဦး သေဆုံး၊ ၂၇၀ ကျော် ဒဏ်ရာရ

From : ..dvb

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ မွတ်စလင် ညီအစ်ကိုတော်များအဖွဲ့ကို ထောက်ခံသူတွေနဲ့ လုံခြုံရေးတပ်တွေအကြားမှာ ပဋိပက္ခဖြစ်ပြီး လူ ၅၁ ဦး သေဆုံးပြီး ၂၇၀ ကျော် ဒဏ်ရာရတယ်လို့ အရှေ့အလယ်ပိုင်း သတင်း အေဂျင်စီက ဆိုပါတယ်။

အောက်တိုဘာ ၆ ရက်နေ့မှာ ကျရောက်တဲ့ အစ္စရေးတွေကို စစ်အောင်နိုင်ခဲ့တာ  နှစ် ၄၀ ပြည့်မြောက်တဲ့ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအတွင်း ပဋိပက္ခတွေ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
Photo by Reuters
နာမည်ကျော် တာဟာရာရင်ပြင်မှာ သမ္မတဟောင်း မိုဟာမက်မော်စီကို ထောက်ခံတဲ့ ဆန္ဒပြသမားတွေ ၀င်လို့မရအောင် တင့်ကားတွေ၊ စစ်ကားတွေ၊ သံဆူးကြိုးတွေနဲ့ ပိတ်ထားပြီး စစ်သား အင်အား ၁၀၀ ၀န်းကျင်လည်း ချထားပါတယ်။

ဒါပေမယ့် လူတွေက အတားအဆီးတွေကို ဖြတ်ကျော်ပြီး ရင်ပြင်ထဲကို ၀င်ဖို့ ကြိုးစားကြပါတယ်။ လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားပေမယ့် လူတွေက  စစ်သားနဲ့ ပြည်သူတွေ တသားတည်းဆိုတဲ့ နဖူးစည်းစာသားတွေ၊ နိုင်ငံတော်အလံတွေကို ဝှေ့ရမ်း ကြပါတယ်။

တချို့ မွတ်စလင်ညီအစ်ကိုတော်များအဖွဲ့ကို ထောက်ခံသူတွေက သမ္မတမော်စီကို ဖြုတ်ချခဲ့တာကို ကန့်ကွက်ရင်း၊ ဆန္ဒပြသမားတွေကို ရဲတွေက လူစုခွဲတာကို ကန့်ကွက်ရင်း တဟာရာရင်ပြင်ဆီကို ချီတက်ခဲ့ကြပါတယ်။

နောက်ဆုံးမှာ လုံခြုံရေးအဖွဲ့တွေက ဆန္ဒပြသမားတွေကို တားဆီးတဲ့အခါမှာ အကြမ်းဖက်မှု ပုံစံကို ပြောင်းလဲသွားပြီး လုံခြုံရေးတပ်တွေက မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲသလို၊ ဆန္ဒပြသမားတွေကလည်း ကျောက်တုံးတွေနဲ့ ပြန်ပစ်ခတ်ခဲ့ပါတယ်။

ပဋိပက္ခဟာ နာရီတချို့ကြာပြီး မွတ်စလင်ညီအစ်ကိုတော်များအဖွဲ့ဝင် ဆန္ဒပြသမား ၂၀၀ ၀န်းကျင် အဖမ်းခံရတယ်လို့ အီဂျစ်ရုပ်သံက ကြေညာပါတယ်။ 

.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်