From :
..eleven
ယခုအခါ အမေရိကန်နိုင်ငံတွင် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်အကြား အစိုးရ၏ ငွေကြေးသုံးစွဲမှုအပေါ် သဘောတူညီမှု မရရှိနိုင်ဖြစ်ကာ အစိုးရ လုပ်ငန်းများ ရပ်ဆိုင်းသွားခြင်း (Government Shutdown) အခြေအနေနှင့် ရင်ဆိုင်နေရသည်။ အမေရိကန်နိုင်ငံ၏ အုပ်ချုပ်ရေး မူဝါဒအရ ''အစိုးရလုပ်ငန်းများ ရပ်ဆိုင်းသွားခြင်း'' ဆိုသည်မှာ ကွန်ဂရက် လွှတ်တော်က အစိုးရ လုပ်ငန်းများအတွက် ဘတ်ဂျက်ငွေကို အတည်မပြုနိုင်သော အခါမျိုးတွင် ကြုံတွေ့ရခြင်း ဖြစ်သည်။ ထိုသို့ဖြစ်ခဲ့လျှင် လုပ်ရိုးလုပ်စဉ်မှာ အစပထမတွင် အစိုးရ အနေဖြင့် မရှိမဖြစ် အသုံးစရိတ် အချို့မှလွဲပြီး ငွေသုံးစွဲကျခံခြင်းကို ရပ်ဆိုင်းရခြင်း ဖြစ်သော်လည်း နောက်ဆုံးတွင် အစိုးရလုပ်ငန်း မှန်သမျှ၏ အသုံးစရိတ်ကို လွှတ်တော်ကသာ အတည်ပြုရမည်ဖြစ်ပြီး (မရှိမဖြစ် ဆိုသည်များ အပါအ၀င်) မည်သည့် အစိုးရ လုပ်ငန်းကိုမှ လုပ်ငန်းလုံးဝ ရပ်တန့်မသွားစေရန် မည်သို့သော ဥပဒေ ပြဋ္ဌာန်းချက်မျိုးနှင့်မှ ကယ်တင်နိုင်သည် မဟုတ်ချေ။ ယခုတစ်ခေါက်တွင် ပြဿနာ စစချင်း ရပ်ဆိုင်းလိုက်ရသော လုပ်ငန်းများထဲတွင် မိုးလေ၀သ၊ မြူနီစီပယ်၊ ပန်းခြံ၊ ပြတိုက် စသည်များနှင့် ရဲတပ်ဖွဲ့ဝင်အချို့ အပါအ၀င် အစိုးရလုပ်ငန်း အများအပြား ပါဝင်ပြီး အလုပ်မဆင်း ကြရသော ၀န်ထမ်းမှာ စုစုပေါင်း ရှစ်သိန်းခန့်ရှိကာ ကျန်ဝန်ထမ်း ၁ ဒသမ ၃ သန်းမှာ အလုပ်ခွင်သို့ ၀င်ရောက်ရမည် ဖြစ်သော်လည်း လွှတ်တော်က ဘတ်ဂျက် အတည်မပြုနိုင်မချင်း လစာလုံးဝ ရကြဦးမည် မဟုတ်ပေ။
ယခုကဲ့သို့ အဖြစ်မျိုးမှာ အမေရိကန် သမိုင်းတွင် ပထမအကြိမ် ကြုံရခြင်း မဟုတ်ဘဲ ၁၉၇၆ ခုနှစ်မှစပြီး ၁၈ ကြိမ် ကြုံတွေ့ခဲ့ပြီး ဖြစ်သည်။ အစိုးရ လုပ်ငန်းများ ရပ်ဆိုင်းရခြင်းကို ပြန်ကြည့်လျှင် အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဘတ်ဂျက်ကို အထက်လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ရပ်စလုံးက အတည်ပြုပေးရန် လိုအပ်ပြီး အတည်ပြုပြီးလျှင် လက်မှတ်ရေးထိုးရန် သမ္မတထံ ပေးပို့ရမည် ဖြစ်သည်။ အကယ်၍ သမ္မတက လက်မှတ်ရေးထိုးခြင်း မပြုဘဲ ဗီတိုအာဏာဖြင့် ပယ်ချလိုက်လျှင် ဘတ်ဂျက်မှာ ကွန်ဂရက်သို့ ပြန်ရောက် သွားမည်ဖြစ်ပြီး သမ္မတ၏ ဗီတိုအာဏာကို တန်ပြန်လွှမ်းမိုးနိုင်ရန် လွှတ်တော် အမတ်များ၏ ဆန္ဒမဲ သုံးပုံနှစ်ပုံ လိုအပ်မည် ဖြစ်သည်။ အစိုးရ လုပ်ငန်းများ ရပ်ဆိုင်းခြင်းမှာ သမ္မတနှင့် လွှတ်တော် နှစ်ရပ်အကြား ဘတ်ဂျက်ကာလ မကျော်မီ ဘတ်ဂျက် သဘောတူညီချက် မရရှိနိုင်ခြင်းကြောင့် ဖြစ်သည်။ ယင်းကဲ့သို့ အစိုးရလုပ်ငန်း ရပ်ဆိုင်းမှုမျိုးကို ပါလီမန်စနစ် ကျင့်သုံးသည့် ဥရောပ နိုင်ငံများ ကဲ့သို့သော အခြားဒီမိုကရေစီ နိုင်ငံများတွင် မတွေ့နိုင်ပေ။ ယင်းနိုင်ငံများတွင် ဥပဒေပြုမှုနှင့် စီမံခန့်ခွဲမှုတို့သည် သီးခြားဖြစ်မနေဘဲ ပါလီမန်ကသာ ၀န်ကြီးကဲ့သို့သော စီမံခန့်ခွဲသူများကို ခန့်အပ်ခြင်းကြောင့် ဖြစ်သည်။ ဘတ်ဂျက် အတည်ပြုစရာ မလိုဘဲ စိတ်ကြိုက် သုံးစွဲခွင့် ရယူထားသော အာဏာရှင် အစိုးရများ၌လည်း ယင်းအနေအထားမျိုး ကြုံရမည် မဟုတ်ပေ။
အမေရိကန်တွင် သမ္မတဖို့ဒ်နှင့် ကာတာ လက်ထက်များက အစိုးရလုပ်ငန်း ရပ်ဆိုင်းမှု ဖြစ်ခဲ့သော်လည်း ကျန်းမာရေး၊ ပညာရေး၊ လူမှုဝန်ထမ်းနှင့် အလုပ်သမား ၀န်ကြီးဌာနများသာ တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းမှု ဖြစ်ခဲ့ပြီး ၈ ရက်မှ ၁၈ ရက်အထိ ကြာမြင့်ခဲ့ကာ အဓိက အငြင်းပွား ခဲ့ရသော ကိစ္စမှာ ပဋိသန္ဓေ ဖျက်ချမှုနှင့် ပတ်သက်ပါသည်။ ရီဂင်လက်ထက်မှာလည်း အစိုးရ လုပ်ငန်းအားလုံး ရပ်ဆိုင်းမှု ရှစ်ကြိမ်အထိ ဖြစ်ခဲ့ဖူးပြီး အားလုံးမှာ ဘတ်ဂျက်လိုငွေ ပြမှုအတွက် သဘောကွဲလွဲ ခဲ့ခြင်းဖြစ်ကာ ရပ်ဆိုင်းမှု တစ်ကြိမ်လျှင် တစ်ရက်မှ သုံးရက် အထိသာ ကြာမြင့်ပါသည်။ သမ္မတဘွတ်ရှ် (စီနီယာ)လက်ထက်တွင် အလားတူ ရပ်ဆိုင်းမှုမျိုး ဖြစ်ခဲ့ကာ လေးရက် ကြာမြင့်ခဲ့ပါသည်။ ကလင်တန် လက်ထက်မှာလည်း ဘတ်ဂျက်လိုငွေ ပြမှုနှင့်ပင် ပြဿနာဖြစ်ပြီး အစိုးရ လုပ်ငန်းအားလုံး ရပ်ဆိုင်းမှု နှစ်ကြိမ်ဖြစ်ကာ တစ်ကြိမ်လျှင် ငါးရက်မှ နှစ်ဆယ့်တစ်ရက် အထိ ကြာမြင့်ခဲ့ပါသည်။ ယခုတစ်ကြိမ် ဖြစ်ပွားမှုမှာ ဘဏ္ဍာရေးနှစ်အစ ၂၀၁၃ အောက်တိုဘာ ၁ ရက်တွင် စတင်ခဲ့ပြီး ဖြစ်ပွားရခြင်း အကြောင်းမှာ သမ္မတ အိုဘားမား၏ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေနှင့် ပတ်သက်ပြီး လွှတ်တော် နှစ်ရပ်အကြား သဘောကွဲလွဲမှုမှ စတင်ပါသည်။
အိုဘားမား၏ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေသည် ၂၀၁၀ ပြည့်နှစ် ကတည်းက လက်မှတ်ရေးထိုး ပြဋ္ဌာန်းထားခြင်းဖြစ်ပြီး ယခု ဘဏ္ဍာရေးနှစ် (အောက်တိုဘာ ၁ ရက်) တွင် အစိုးရက ကျန်းမာရေး အာမခံများ စိုက်ထုတ်ကျခံမှု စတင်မည် ဖြစ်သည်။ ယင်းဥပဒေအရ ၀င်ငွေနည်းပါး၍ ကျန်းမာရေး အာမခံ မထားနိုင်သော နိုင်ငံသား (သန်း ၄၀ ခန့်)မှာ အစိုးရက တစ်စိတ်တစ်ပိုင်း ထောက်ပံ့ပေးအပ်မည့် ကျန်းမာရေး အာမခံကို ၀ယ်ယူနိုင်ကြကာ ခွဲစိတ်ခြင်းကဲ့သို့ အကုန်အကျ များသော ကုသရမှုများ ကြုံသည့်တိုင် ငွေကြေး အခက်အခဲ ကြုံရမည် မဟုတ်ဟု အိုဘားမား၏ ဒီမိုကရက် ပါတီဝင်များက ယုံကြည်ကြသည်။ သို့သော် ရီပတ်ဘလစ်ကန်တို့က 'အိုဘားမားကဲ' ဟု ခေါ်သော ယင်းအစီအစဉ်မှာ ရှုပ်ထွေးပြီး စတင်ရန် မသင့်သေးသည့် အပြင် ယင်းဥပဒေအရ အခွန်များ ပိုမိုကောက်ယူရခြင်း၊ လုပ်ငန်းငယ်များကို အလုပ်သမားများအား ထောက်ပံ့ရန် ဖိအားပေးရခြင်းတို့ကြောင့် စီးပွားရေး ထိခိုက်လာမည်ဟု ဆိုသည်။ သို့သော် ဒီမိုကရက်တို့ကမူ လုပ်ငန်းငယ်များသည် အလုပ်သမားများကို ထောက်ပံ့ပေးသည့်အတွက် အခွန်ကင်းလွတ်ခွင့် ရမည်ဟု ဆိုသည်။ ထို့ပြင် ရီပတ်ဘလစ်ကန်တို့က ယခုအစီအစဉ်အရ လူမှုစီးပွား ပြဿနာထဲတွင် အစိုးရက ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက် လွန်းသည်ကို မကြိုက်ကြပေ။ ဒီမိုကရက် တို့ကမူ အစိုးရ တာဝန်ယူမှုကို ဂုဏ်ယူပြီး ဥပဒေကိုပင် 'အိုဘားမားကဲ' ဟု အမည်တပ် ရည်ညွှန်းနေကြခြင်း ဖြစ်သည်။ စစ်တမ်း ကောက်ယူမှု များတွင်လည်း အိုဘားမား၏ ဥပဒေမှာ လူကြိုက် မများလှဘဲ ၃၇ ရာခိုင်နှုန်းကသာ ကြိုက်သည်ဟု ဆိုကြသည်။ အချို့ပြည်သူများက အာမခံမထားလျှင် ဒဏ်ရိုက်မည်ဟု ပြဋ္ဌာန်းချက်ကြောင့် ယင်းဥပဒေကို တင်းကျပ်သည်ဟု ထင်ကြပြီး ရီပတ်ဘလစ်ကန် များကတော့ အခွန်ထမ်းများ၏ ငွေကို ဖြုန်းတီးပစ်သည်ဟု မြင်နေကြခြင်း ဖြစ်သည်။ မည်သို့ဆိုစေ အိုဘားမားက သူ့အစီအစဉ်ကို ဥပဒေပြဋ္ဌာန်း ထားသည့်အတိုင်း စတင်ချိန်တွင် ယင်းဥပဒေအတွက် သုံးစွဲရန် ငွေကြေးလျာထားမှုများကို ချန်လှပ်ထားသည့် ဘတ်ဂျက်ဥပဒေကြမ်း တစ်ခုကို အောက်လွှတ်တော်က ပြီးခဲ့သော စနေနေ့တွင် အတည်ပြုခဲ့ရာ ယင်းကို အထက်လွှတ်တော်က အတည်ပြုမည် မဟုတ်ဟု ဒီမိုကရက်တို့က ဆိုသည်။ သို့ဖြစ်ရာ ဘတ်ဂျက်ကို အတည်မပြု နိုင်သည့်အတွက် အောက်တိုဘာ ၁ ရက်မှစပြီး အစိုးရ ၀န်ထမ်းများကို လုပ်ခလစာများ မပေးနိုင်တော့ဘဲ အစိုးရလုပ်ငန်း ရပ်ဆိုင်းမှု ဖြစ်လာခြင်း ဖြစ်သည်။
မဖြစ်မနေ အလုပ်ဆင်းရသူ များကိုပင် လစာမပေးနိုင်သော အခြေအနေတွင် စားသောက်ဆိုင် အများအပြားက အစိုးရ၀န်ထမ်း ကတ်ပြားပြလျှင် နေ့လယ်စာ အခမဲ့ကျွေးမည့် အစီအစဉ်များဖြင့် ကမ်းလှမ်း ကူညီကြသည်။ ထို့ပြင် မီဒီယာ အင်တာဗျူးများတွင် အမေရိကန် အစိုးရတွင်း မညီမညွတ် ဖြစ်မှုကို စိတ်ပျက်မိကြောင်း ပြည်သူများက ထုတ်ဖော် တင်ပြကြသည်။ စားသောက်ဆိုင် တစ်ဆိုင်ကလည်း အစိုးရ ၀န်ထမ်းကို အလကားကျွေးပြီး လွှတ်တော် အမတ်ဆိုလျှင် နှစ်ဆ တောင်းမည်ဟု ဆိုသည်။ ဟွန်ဒါကား ကုမ္ပဏီကလည်း အစိုးရ၀န်ထမ်းတို့ ပေးရန်ရှိသော ကားဖိုးအကြွေးများကို ကောက်ခံမည် မဟုတ်ဟု ကြေညာခဲ့သည်။
လွှတ်တော်နှစ်ရပ် အငြင်းပွားသည့်အကြား ပြည်သူက ကြားညပ်ပြီး ပြည်သူချင်းသာ ရိုင်းပင်းပြီး ဒုက္ခမျှဝေ ယူနေရသည့် ဒီမိုကရေစီ ရှေ့ဆောင်နိုင်ငံကြီးတွင် လစာမဲ့ ထမ်းဆောင်နေသော ၀န်ထမ်းများလောက် အစိုးရနှင့် အမတ်မင်းတို့က နိုင်ငံကို မချစ်သည်တော့ မဖြစ်နိုင်ပါ။ သို့သော် နိုင်ငံကို စီမံခန့်ခွဲလိုမှု လမ်းကြောင်းပေါ်တွင် အုပ်စုများ နေရာလုကြရာ၌ ကိုယ်သာမှန်သည်ထင်ပြီး လျှော့မပေး လိုကြသည်က သဘာဝ ဖြစ်ပါသည်။ တစ်ဖက်အုပ်စု၏ လမ်းကြောင်းအတိုင်း ဆောင်ရွက်ပါက နိုင်ငံကြီး 'ချောက်ထဲလက် နှစ်လုံးအလို' သို့ ရောက်သွားမည်လိုလို အုပ်စုတိုင်းက ထင်တတ်ကြသည်သာ ဖြစ်သည်။ သာမန်အားဖြင့် ဒီမိုကရက်များက လူလတ်တန်းစားနှင့် အောက်ခြေ လူတန်းစားအတွက် ကြည့်ပြီး ရီပတ်ဘလစ်ကင်တို့က လူချမ်းသာတို့ဖက်က ရပ်တည်သည်ဟု မြင်စရာ ဖြစ်သော်လည်း အုပ်စုတစ်ခုစီတွင် နိုင်ငံအတွက် ရည်မျှော်ရှုမြင်မှု ရှုထောင့်တစ်ခုစီ ရှိမည်သာ ဖြစ်သည်။ ယင်းအုပ်စု တစ်ခုချင်းက တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် နားလည် တန်ဖိုးထားမှု ရှိမှသာ အကောင်းဆုံး အဖြေကို ရှာနိုင်မည် ဖြစ်သည်။ အိုဘားမား ကတော့ ''အစိုးရရဲ့ ဌာနခွဲ တစ်ခုဖြစ်တဲ့ လွှတ်တော်ထဲက ပါတီတစ်ခုထဲမှာမှ အစိတ်အပိုင်းတစ်ခု၊ အဲဒီတစ်ခုက အစိုးရကြီး တစ်ခုလုံးရဲ့ လုပ်ငန်းတွေကို ပိတ်ချပစ်လိုက်တာ၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ဥပဒေတစ်ခုကို မကြိုက်တာ တစ်ခုတည်းနဲ့တဲ့ဗျာ'' ဟု ဆိုသည်။ ထို့ပြင် အစွန်းရောက် အုပ်စုများကို လိုက်လျောနေပါက ဘယ်သမ္မတမှ နိုင်ငံကို အုပ်ချုပ်၍ရမည် မဟုတ်ဟု ဆိုသည်။ ယခု ရပ်ဆိုင်းမှုကို ပြည်သူအများ၏ ၄၆ ရာခိုင်နှုန်းက ရီပတ်ဘလင်ကို၊ ၃၆ ရာခိုင်နှုန်းက အိုဘားမားကိုနှင့် ၁၃ရာခိုင်နှုန်းက နှစ်ဖက်စလုံး အပြစ်တင် ကြသည်ဟု စစ်တမ်းတစ်ရပ်က ဆိုသည်။
မည်သို့ဆိုစေ သည်လိုအုပ်စုချင်း တိုက်ပွဲအကြား လုပ်ပိုင်ခွင့်လုရာမှ ပြည်သူက ကြားညပ်ခြင်းမှာ နိုင်ငံအတော် များများ၏ သမိုင်းအချိုးအကွေ့ တိုင်းတွင် တွေ့နိုင်ပါသည်။
ယခုဖြစ်ရပ်တွင် အိုဘားမား စောင်မလိုသော လူတန်းစားထဲကပင် ယင်းဥပဒေကို မကြိုက်သူများ ရှိနေခြင်း၊ ကမ္ဘာပြည်သူများက အသေးစိတ် နားလည်ရန် ခက်သော ယင်းကျန်းမာရေး အစီအစဉ်ကို အမေရိကန် ပြည်သူများ ကိုယ်တိုင် ကောင်းစွာ နားမလည်ဘဲ စစ်တမ်းကောက်သည့်အခါ 'အိုဘားမားကဲ' ဟု ဆိုလျှင် မကြိုက်ဟု ဆိုနေသူတွေက 'ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေ' ဆိုလျှင် အကြိုက် မဲပေးသည်မျိုး ကြုံနေရခြင်း အပြင် ယခု အမေရိကန် အစိုးရ လုပ်ငန်းများ ရပ်ဆိုင်းချိန်တွင် အိုဘားမား ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်မှာ ဟန်မပျက် ခရီးဆက် နေနိုင်ခြင်းတို့က ယခုဖြစ်ရပ်ထဲမှာ ပတ်သက်နေသူ အားလုံးကို သရော် လှောင်ပြောင်သယောင် ရှိနေသည်ဟု ခံစားမိပါကြောင်း။
.. www.MyanmarExpress.net

1 comments:
1-THIS IS THE PROBLEM OF A COUNTRY.
2-THEY HAVE VERY GOOD CONSTITUTION
ADOPTED ON SEPTEMBER 17,1787 AND IT WENT INTO EFFECT ON MAR 4,1789.
3-THE ORIGINAL TEXT OF CONSTITUTION
CONTAINED 1 TO 7.
4-AND LATER AMENDMENT TO THE CONSTITUTION ,BILL OF RIGHT 1 TO 10.
5-AND SUBSEQUENT AMENDMENT 11 TO 27.
6-IT SHOWS THAT THEY MAINTAIN THE ORIGINAL
CONSTITUTION AND ONLY AMENDMENT AS AND
WHEN NECESSARY FOR THE BENEFIT OF THE
COUNTRY AND THE PEOPLE.
7-IT SHOW THAT ONE OF THE BEST COUNTRIES,
ONE OF THE BEST CONSTITUTIONS,AND ONE
OF THE BEST GOVERNMENTS FACING BIG
PROBLEMS.
8-THE QUESTION IS WHY HAPPEN LIKE THIS?
WHY FIGHTING?
9-THE ANSWER IS;
(1) POLITICIANS FROM DIFFERENT PARTIES ARE
FIGHTING THE BATTLE FOR THE OWN OPINION
AND DESIRE.
THEY ALL HAVE THE STRONG REASONS.
(2) THE ANOTHER MAIN POINT OF FIGHTING IS
MONEY/FINANCIAL MATTERS.
(3) SINCE 1930 THE GOVERNMENT OVER SPENDING EVERY YEARS FOR 83 YEARS.
(4) THE GOVERNMENT HAVE VERY HEAVY
DEBTS.
(5) NATIONAL DEBT CLOCK SHOWING
$16,963,022,000,000 AND INCREASING EVERY
SECOND.
THAT IS ABOUT $17 TRILLION DOLLARS.
ONE TRILLION MEANS 12 ZERO BEHIND 1.
10-WE NEED TO LEARN THE LESSON FROM THE
OTHER COUNTRIES.
*11-WE WILL FIND WHAT WE SHOULD DO AND
AND SHOULD NOT DO FOR OUR COUNTRY.*
12-SUGGEST WE SHOULD DO THE FOLLOWINGS;
(1) WE SHOULD KEEP OUR CONSTITUTION OF 2008.
(2) WE SHOULD DO AMENDMENT OF OUR CONSTITUTION AS NECESSARY FOR THE
BENEFIT OF OUR COUNTRY AND OUR PEOPLE.
(3) DO AMENDMENT SLOWLY AND STEP BY STEP
SO THAT LESS PROBLEM,LESS DISAGREEMENT
AND NO CREATING POWER VACUUM.
(4) ALL PARTIES SHOULD FOLLOW THE POLICY
OF UNITY.
(5) FIND THE BEST SOLUTION OF ALL DISAGREEMENT.
(6) ALL PARTIES WILLING TO CHANGE,ADJUST,
CORRECT AND WORK TOGETHER FOR THE BENEFIT OF
THE COUNTRY AND PEOPLE.
*(7)MONEY MATTER IS SO IMPORTANT.
NEED PROPER FINANCIAL PLANNING FOR THE
COUNTRY.*DO NOT SPEND IF NO MONEY.
DO NOT SPEND IF NO BUDGET.
NEED PROPER BUDGET SYSTEMS FOR THE
COUNTRY.
"THE BEST THINGS IS DEBT FREE."
(8) WE ALL BETTER BUILD OUR COUNTRY FOR
OUR PEOPLE AND FOR OUR GENERATION.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်