Subscribe to our RSS Feed

အလုံမြို့ ကမ်းနားလမ်းတွင် ဗုံးတစ်လုံး တွေ့

From : .. popular


အလုံမြို့နယ်
ကမ်းနားလမ်း၊ Western Park II စားသောက်ဆိုင်တွင်ယနေ့နံနက်၁၀၀၀အချိန်က စားပွဲထိုးဝန်ထမ်းဖြစ်သူ မောင်ကျော်ဇေယျာမင်းသည် စားပွဲခုံများအား သန့်ရှင်းရေးဆောင်ရွက်စဉ် စားပွဲခုံအမှတ် (၁၉)၏အောက်တွင် အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် မသင်္ကာဖွယ်အထုပ်တစ်ထုပ်အား တွေ့ရှိသဖြင့် ဆိုင်မန်နေဂျာဖြစ်သူ ဦးထွန်းထွန်းမှ အဆိုပါအထုပ်အား ကြည့်ရှုရာ အထုပ်ထဲတွင် ၀ါယာကြိုးနှစ်စ၊ ဘက္ထရီခြောက်တစ်ခုနှင့် အနက်ရောင်အထုပ်တို့အား တွေ့ရှိသဖြင့် ၎င်းအထုပ်အား ဆိုင်၏အပြင်ဘက်သို့ ထုတ်ထားကာ အလုံမြို့မရဲစခန်းသို့ အကြောင်းကြားခဲ့ကြောင်းYangon Policeမှသိရသည်။

ထိုသို့အကြောင်းကြားချက်အရ အလုံမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့မှ လာရောက်၍ မသင်္ကာဖွယ် အထုပ်အား တာယာကွင်းများဖြင့် ကာရံခဲ့ပြီး ရှင်းလင်းဆောင်ရွက်နိုင်ရေးအတွက် အမှတ်(၉၀၅) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းသို့ အကြောင်းကြားခဲ့သဖြင့် ဗိုလ်မှူး မျိုးဟိန်းစိုးနှင့်အဖွဲ့မှ လာရောက်၍ အဆိုပါအထုပ်အားရှင်းလင်းပြီး အသေးစိတ်စစ်ဆေးလျက်ရှိကြောင်းသိရသည်။


.. www.MyanmarExpress.net
 

1 comments:

သို့ နေ ပြည် တော် မှ လူ ကြိးမင်း များ

ပခုက္ကူ မြို နယ် အုပ် ခူပ် ရေး မူး နှင့် ခ ရိုင် အုပ် ခူပ် ရေး မူး တို့ သည်
ကာ ရာ အို ကေ အ နှိပ် ခန်း ရေ နံ မြေ မှ (
ဆူး ဝင်း ။ယ် တောင် နော ပင် မှော် များ အှ ရ သော ငွေ များ ကို သူ တို့ ယူ ကြ ပါ သည်
မူး ရစ် ဆေး ပြား ရောင်း သူ ကို သိ လျက် နဲ့ မ ဖမ်း ပါ တရား မ ဝင် မြို အ တွင်း လောင် စာ ဆီ
ပန့် များ လှောင် ကံ များ နှင့် အ လွန် အ ကျွ န် ရောင်း ချ နေ သော ရွှေ ဧရာ ဝ တီ ဆိုင် ကို တိုင် သော် လဲ အ ရေး မ ယူ ပါ ငွေ ယူ ထား လို့ ဖြစ် ပါ သည် မြို့ ရှောင် လမ်း အ ဓိ က မိန်း လမ်း ဘေး တွင် အ်မ် ဝန်း များ ပန် ဆိုင် များ ရောက် ရှိ နေ ပါ သည် ပခုက္ကူ မှ မြေ စာ ရင်း မရက ခရက မှ ငွေ လုပ် စား ထား ခြင်း ကြောင့် တား မ ရပါ
နေ ပြည် တော် မှ လူ ကြိး မင်း များ အ ရေး ယူ ပေး ပါ ရန် တင် ပြ အပ် ပါ သည်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်