Subscribe to our RSS Feed

ဘုရားဆင်းတုတော် မဖွယ်ရာလုပ်ပြုလုပ်သူကို ထောင်ဒဏ် ၂နှစ်ချမှတ်

From : ..SMMK



 ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့နယ်တွင်နေထိုင်သည့် မရီရီအောင်အားဗုဒ္ဒဘုရားဆင်းတုတော်ကို မဖွယ်မရာ ပြုလုပ်မှုဖြင့် လာရှိုးတရားရုံးမှထောင်ဒဏ်နှစ်နှစ် ယနေ့ ချမှတ်လိုက်သည်။

 မရီရီအောင်သည် အသက် ၄၃နှစ် ရှိပြီး လားရှိုးမြို့ ရပ်ကွက် ၁၂၊ နယ်မြေ ၁၂ကောင်းဆာရွာ၌ နေထိုင်သူဖြစ်ပြီး ဆုံကွယ်ကျေးရွာအုပ်စုစစ်မှုထမ်းဟောင်းကျေးရွာ၏ လယ်ကွင်းရှိ ဗောဓိညောင်ပင်၌ လှူထားသောဥာဏ်တော်(၆) လက်မခန့်ရှိ ဗုဒ္ဒဆင်းတုတော်ကို ဇွန်လ ၅ ရက်နေ့ နေ့လည်ပိုင်းကမဖွယ်မရာ ပြုလုပ်ခဲ့သည့်အတွက် ဖမ်းဆီးခံခဲ့ ရသူဖြစ်သည်။

ဖြစ်စဉ်မှာ ဇွန်လ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မရီရီအောင်က အဆိုပါညောင်ပင်ရှိရာသို့ ရောက်ရှိလာခဲ့ပြီး ကျောင်းဆောင်အတွင်းမှဗုဒ္ဒဆင်းတုတော်ကို ယူကာ မဖွယ်မရာလုပ်သည်ကို ကျေးရွာမှ မြင်တွေ့သည့်အတွက်ထွက်ပြေးသွားသော်လည်း ဖမ်းဆီးကာ ကျေးရွာ အုပ်ချုပ်ရေးမှူးမှ တဆင့်ရဲတပ်ဖွဲ့သို့ လွဲအပ်ခဲ့သည်ဟု ဆုံကွယ် ကျေးရွာ ဥက္ကဌဦးကျော်သိန်းကပြောသည်။

“ကျေးရွာထဲမှာ ဖမ်းမိသူတွေ မြင်လိုက်သူတွေက အဲဒီအမျိုးသမီးကိုရိုက်တာနှက်တာမျိုး မလုပ်ကြပါဘူး” ဟု ဥက္ကဌက ပြောသည်။

အဆိုပါအဖြစ်အပျက်ကို မျက်မြင်ဖြစ်သူက “ကျွန်မအိမ်ထဲက ကြည့်နေတာညောင်ပင်မှာ လှူထားတဲ့ ကျောင်းဆောင် ထဲက ဆင်းတုတော်ကို ယူပြီးမဖွယ်မရာလုပ်နေတယ်၊ ဒီတော့ ကျွန်မက ပြေးသွားပြီး ဆင်းတုတော်ကို လုတယ်၊သူကတော့ အ၀တ်အစားကို ပြင်ပြီး ထွက်ပြေးသွားလို့ မြင်လိုက်သူတွေက၀ိုင်းဖမ်းကြလိုက်ကြတယ်” ဟု ရွာမှ မအေးမူက အဖြစ်အပျက်ကိုအသေးစိတ်ရှင်းပြသည်။

အဆိုပါ တရားခံဖြစ်သူ မရီရီအောင် အသက် ၄၃နှစ် အဘ ဦးဘာရှား၊ အမိဒေါ်အေးတင်ဖြစ်သူအား လာရှိုးရဲတပ်ဖွဲ့က ဇွန်လ ၆ရက်နေ့တွင် တရားရုံးသို့တရားစွဲဆို တင်ပို့လိုက်ရာ တရားရုံးမှ ပြစ်မှုကြီးအမှတ်အရ လက်ခံစစ်ဆေးပြီးပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ(၂၉၅ )အရ အမိန့်ချမှတ်ကာ ထောင်ဒဏ် ၂နှစ်ချမှတ်လိုက်ခြင်းဖြစ်သည်။

သတင်းများထွက်ပေါ်စဉ်က အဆိုပါအမျိုးသမီးမှာ စိတ်ဖောက်ပြန်တတ်သောအမျိုးသမီးတစ်ဦး ဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း တရားရုံး၌မူ၎င်းမှာ လူကောင်းပကတိအတိုင်းဖြစ်သည်ဟု မြို့ခံအချိုက ဝေဖန်နေကြောင်းသိရသည်။

မရီရီအောင် (၄၃) နှစ်မှာ လားရှိုးမြို့ ၊ ရပ်ကွက် (၁၂) နယ်မြေ (၁၂) တွင်နေထိုင်သူဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း (၂၀) ကျော်က ပထမအိမ်ထောင်နှင့်သားကြီးဖြစ်သူကို မွေးဖွားပြီး မီးတွင်း၌ အမျိုးသားဖြစ်သူနှင့်စကားများရာမှအမျိုးသားဖြစ်သူက ရိုက်နှက်ခဲ့မှုကြောင့် စိတ်ဖောက်ပြန်ခဲ့ပြီးနောက်ပိုင်းတွင်  မိသားစုဆွးမျိုးသားချင်းများကဆေးဝါးကု သစောင့်ရှောက်ပေးခဲ့ရာ ဈေးရောင်းခြင်း၊ နေကြာစေ့ထုတ်ခြင်း စသည့်ကျဘမ်းအလုပ်များကို လုပ်ကိုင် နိုင်သော် လည်း တစ်နှစ်လျင် (၂) ကြိမ်ခန့် စိတ်ဖောက်ပြန်မြဲဖြစ်ပြီး တစ်ကြိမ် စိတ်ဖောက် ပြန်လျင် (၁)လခန့် ကြာမြင့်တတ်ကြောင်း နယ်မြေရဲစခန်းမှတာဝန်ရှိသူတစ်ဦးကမီဒီ ယာများသို့ရှင်းလင်းထားကြောင်း သိရှိရသည်။

သတင်းပို့ တိုင်ကြားချက်အရ လားရှိုးနယ်မြေရဲစခန်းမှ ဒုရဲအုပ်လှိုင်မင်းဆန်းနှင့် အဖွဲ့ သည် နေ့ လည် ၂နာရီခန့် တွင် ဆုံကွယ်ကျေးရွာသို့ ရောက်ရှိပြီး မရီရီ အောင်အား ခေါ်ဆောင်လာရာ ဒုတိယပြည်နယ်ရဲတပ်ဖွဲမှူးရုံး၊ ဒုရဲမှူးကြီး လှမျိုး ရှိန်၊ ခရိုင်ရဲတပ်ဖွဲ့ မှူးဒုရဲမှူးကြီး အောင်ကျော်မိုး၊ မြို့ နယ်ရဲတပ်ဖွဲ့ မှူး ယာယီ ရဲမှူး
တင်ဖေ၀င်းနှင့် အဖွဲ့ သည် နယ်မြေရဲစခန်းသို့  ရောက်ရှိပြီး ဘာသာရေးပဋိပက္ခများနှင့် အခြားမလိုလားအပ် သော ပြဿနာများ မဖြစ်ပွားစေရေးအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ အထောက်အကူပြုအဖွဲ့ များနှင့်ညှိနှိုင်း ဆောင်ရွက်ကာ မရီရီအောင်အား ဥပဒေနှင့် အညီအရေးယူဆောင်ရွက်နိုင်ရေး စီမံဆောက်ရွက်ခဲ့ရာ မရီရီအောင် အားလားရှိုးနယ်မြေရဲစခန်းက (ပ) ၇၆/၁၄၊ ပြစ်မှု ၂၉၅ အရ အမှုဖွင့်ထားပြီးစခန်းမှူး ရဲအုပ်စန်းယုက စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဤဖြစ်စဉ်တွင် ကျူးလွန်သူ မရီရီအောင်သည် စိတ်ဖောက်ပြန်တတ်သောအမျိုးသမီးဖြစ်ကြောင်း၊ သူမကိုယ်တိုင် လည်း ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သည်ဟုပြောပြကြောင်း၊ လူဝင်မှုကြီးကြပ်ရေးဌာန၏ မှတ်တမ်းများတွင်လည်း သူမအားဗုဒ္ဓဘာသာဝင်ဟု ဖော်ပြထားကြောင်း၊ သူမနေအိမ်တွင်လည်း ဗုဒ္ဓဘာသာ ဘုရားစင်ကိုတွေ့ မြင်ခဲ့ ရကြောင်း လားရှိုးမြို့ နယ် ရဲတပ်ဖွဲ့ မှူး တင်ဖေ၀င်းကဇွန်လ(၅)ရက်နေ့ညပိုင်းက ပြောကြားထားသည်။
အခင်းဖြစ်စဉ် နေ့ရက်က လားရှိုးမြို့ အေးချမ်းသာယာရေးအတွက်နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ များက လှည့်ကင်းများဖြင့် မြို့ လုံခြုံရေးကိုဆောင်ရွက်ပေးခဲ့ကြောင်းနှင့် လက်ရှိတွင်လားရှိုးမြို့ မှာလည်းပုံမှန်သွားလာသူများဖြင့် အေးချမ်းတည် ငြိမ်လျက်ရှိပြီ ဖြစ်ကြောင်းမြို့ခံများထံမှ သိရှိရသည်။


.. www.MyanmarExpress.net
 

4 comments:

ထောင် ချတာကောင်းပါတယ် ပြစ်ဒဏ်ကနဲတော့နဲတယ် ငါးနှစ်လောက်တော့လုပ်သင့်ပါတယ်

What was her motive of doing it? Did the judge send him to mental hospital to examine her mental condition? Was she provided with a defense lawyer? If the you can only answer no,no ,no to those questions, gross injustice had been done to this poor woman. Sadly the authorities and the people of Lashio have tarnished Buddhism and Myanmar people. The so called liberals will keep on pointing out this event as example of fanatic and cruel nature of Myanmar Buddhists.

သေ ဒဏ် ပေး ရ မှာ အ ယုတ် တ မာ မ

သေ ဒဏ် ပေး ရ မှာ အ ယုတ် တ မာ မ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်