From :
.. KMY
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလက်မှတ်ကောက်ယူမှုတွေ လုပ်နေတဲ့လုပ်ရပ်ဟာ နည်းလမ်းဘွဲနေတယ် လို့ မြန်မာငြိမ်းချမ်းရေးစင်တာက အကြံပေးပညာရှင် ဒေါက်တာ ငွန်ကျူံးလျန်က ပြောဆိုပါတယ်။ ဒီလုပ်ရပ်ဟာ နည်းလမ်းလွဲနေတယ်လို့ ဘာ့ကြောင့်ပြောတာလဲ။
လက်ရှိ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးကာလမှာ ဖွဲ့စည်းပုံပြင်ဖို့ တွန်းအားပေးနေရင် တိုင်းပြည်အတွက် အန္တရာယ်များသလို တကယ်ပြင်ဆင်ရမှာ လွှတ်တော်တွင်းကဖြစ်တာကြောင့် NLD နဲ့ ၈၈မျိုးဆက်ဦးဆောင်ပြီး ၄၃၆ ပြင်ဆင်ရေးလုပ်ဆောင်နေတာဟာ နည်းလမ်းလွဲနေတယ်လို့ ဇွန် ၇ရက်နေ့က UMFCCI က ဟောပြောပွဲမှာ ပြောဆိုခဲ့ပါတယ်။
မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှုကာလ အနာဂတ်မှန်းဆချက်များဆိုတဲ့ ခေါင်းစဉ်နဲ့ UMFCCI မှာ ကျင်းပတဲ့ ဒီဟောပြောပွဲကို ဒေါက်တာ ဆလိုင်း ငွန်ကျူံးလျန်၊ ဒေါက်တာမင်းဇော်ဦး၊ ဦးအောင်သူငြိမ်းနဲ့ ဦးတင်မောင်သန်းတို့က ဦးဆောင်ဆွေးနွေးခဲ့ပါတယ်။ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းလည်း တက်ရောက်ခဲ့ပါတယ်။

.
ပြောဆိုချက် အပြည့်အစုံ ဗွီဒီယိုကြည့်၍မရပါက https://www.youtube.com/watch?v=uw2XoZmqmKY&feature=youtu.be နှင့် https://www.facebook.com/photo.php?v=650901201670672 တွင့် ကြည့်ရှုနိုင်ပါသည်။
1 comments:
စား ဖားငါးကောင် ဆွေးနွေးပွဲကို ရန်ကုန်မြို့ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှာ2014-06-07့  ကျင်းပခဲ့ပါတယ်။ စား ဖား ဖွဲ့စည်းပုံ အခြေခံဥပဒေ ပညာရှင်ေ ဆိုတဲ့ သူက ဖွဲ့စည်းပုံ ပြင်ဆင်ရေး တအားတွန်းရင် အရမ်းအန္တရာယ်ရှိတယ် တဲ့
၂၀၀၈ ဖွဲ့စည်းပုံ အခြခံဥပဒေ ကို အတည် မ ပြု စဉ် အန္တရာယ်မရှိဘူး ဆိုတာပါ။
မင်းတို့  လိမ်ညာပြောဆိုနေတာတွေ ဘယ်သူ့အတွက်လဲ?
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်