ref : Aungmyo Tun
ရန်ကုန်ထုတ် ဂျာနယ်တစောင်ကို မန္တလေးမြို့  စာပေဖြန့် ချိရေးတွေက
နှာစေးနေကြတယ်ဆိုတဲ့သတင်း ဒီညနေမှာ ဖတ်ရတယ်။ အကြောင်းပြချက်က
ဒီချုပ်ဥက္ကဌ အောင်ဆန်းစုကြည်ကို စောကြောလို့  ဆိုပေတယ်။ ဒီဂျာနယ်ကို
အတန်အသင့်လေ့လာဖူးတဲ့သူအနေနဲ့  ပုဂ္ဂိုလ်ရေး တွယ်တာ မဟုတ်လောက်၊
နိုင်ငံရေးဆန်ခါတိုက်ချရင်း ကျွဲကူးရေပါ ပါသွားတာလို့  သုံးသပ်မိတယ်။
မန္တလေး စာပေဖြန့် ချိရေးနဲ့  ကျွမ်းဝင်ဖူးတော့ သူတို့ ဟာ ဒါမျိုးမလုပ်ဘူးလို့ 
ယုံတယ်။ လူကြိုက်နည်းပြီး စောင်ရေမသွက်တဲ့ဂျာနယ်ဆို ဈေးဗန်းမှာ
နေရာသိပ်မပေးလေ့ရှိတာ ထုံးစံပါဘဲ။ ကာလတခုအထိ သူ့ ပရိသတ်နဲ့ သူ
ပုံမှန်လိမ့်နိုင်ပေမယ်။
ဒီဂျာနယ်ကို အရောင်းကိုယ်စားလှယ်တွေ မဖြန့် ပေးဘူး စကြားရတော့ တချိန်က
ပုဂ္ဂလိက မီဒီယာတွေ ပေါ်ထွန်းလာရေး တိုက်ပွဲဝင် ကြွေးကြော်သံတွေကို
ပြန်ကြားယောင်တယ်။ စစ်အာဏာရှင်လက်အောက် အစိုးရပိုင် ၀ါဒဖြန့် ချိရေးကို
ခါးသီးကြတဲ့အလျောက် လွတ်လပ်တဲ့ မျှတတဲ့ စတုတ္ထမဏ္ဍိုင်ကို အမျှော်ကြီး
မျှော်ခဲ့ကြတယ်။ သိန်းစိန်အစိုးရ တက်လာပြီး မီဒီယာလောကကို
အထိုက်အလျောက်ဖွင့်ပေးပြီးနောက် အာဏာပိုင်များနဲ့  ကင်းရှင်းတယ်ဆိုတဲ့
မီဒီယာလုပ်ငန်းတွေ ပြည်တွင်းမှာ အပြိုင်းအရိုင်းပေါ်လာကြတယ်။ ဒါတွေကို
လက်ကုန်နှိုက်တဲ့အခါ စစ်အုပ်စုနဲ့  ကျေးဇူးခံကျေးဇူးစားတွေသာ ပြည်တွင်း
မီဒီယာ ၈၀ % ကျော်ကို အုပ်စီးထားတာ ဆန်းစစ်မိတယ်။ ဗာရာဏသီပြည်က
ခွက်ဆွဲတောင်းစားတဲ့ သူဌေးသားတောင် ဂျာနယ်ထုတ်မိရင် စောစောစီးစီး
ဠင်းတအသုတ်ခံရကိန်းရှိတယ်။ ဒီတော့ ငွေရှင်မျက်နှာကြည့်ရေးသာ
ဂျာနယ်ပေါ်လစီဖြစ်လာတယ်။ ရောင်းကောင်းရင်ကောင်း၊ မကောင်းရင်
နောက်မှာ ဘောဇိရှိတယ်ဟာ ဆောင်ပုဒ်ဖြစ်လာတယ်။ နောက်ဆက်တွဲအဖြစ်
မိမိတို့ ထည့်သွင်းတဲ့သတင်း၊ ဆောင်းပါးတွေခမျာ အတင်းညှစ်မွေးရတာတွေ၊
အရှင်မွေးသော်ငြား မသိမသာလက်စဖျောက်လိုက်ရတာတွေနဲ့  ဇာတ်ရှုပ်လာတယ်။
အဂတိတရားတွေ စွက်လာတယ်။ သိသိသာသာညစ်ထေးစပြုလာခဲ့တယ်။
နေ့ စဉ်ထုတ်သတင်းစာတွေ၊ ဂျာနယ်တွေက လုပ်ပိုင်ခွင့်ရှိသူတွေနဲ့ 
ငွေရှင်ကြေးရှင်တို့ ဟာ သူတို့ လိုလားတဲ့ နိုင်င့ရေးသမား၊ ပါတီအဖွဲ့ အစည်း
ကိုယ်စီရှိကြပေမယ်။ ဒီပုဂ္ဂလဆန်တဲ့ အကြိုက်တရားကို မိမိတို့ ထုတ်ဝေတဲ့
မီဒီယာမှာ မူသဘော ချမှတ်ထားရင်တော့ စတုတ္ထမဏ္ဍိုင်ဘ၀က သွေဖည်ပြီး
အုပ်စုတဖွဲ့ တဂိုဏ်းရဲ့  လက်တိုင်တုတ်မီဒီယာအဆင့်မျှသာဖြစ်မယ်။
ဒါမျိုးတွေကို နိုင်ငံရေးပါတီတခုခုက ထုတ်ဝေတဲ့ ၀ါဒဖြန့် စည်းရုံးရေး
စာစောင်တွေမှာ တွေ့ ရတာ ပြဿနာအလျဉ်း မရှိပါ။ စစ်အစိုးရခေတ် မီဒီယာများကို
ဆန့် ကျင်ရေး တွင်တွင်လုပ်ပြီး မိမိတို့ ကိုယ်တိုင် တကယ်လုပ်တော့
ဒီပုပ်ထဲကဒီပဲ ထူးမခြားနားဖြစ်နေတာမျိုးက ရုပ်ပျက်လှတယ်။
နိုင်ငံရေးသတင်းဖော်ပြတဲ့အခါ ဘယ်လိုစံနှုန်းတွေနဲ့ ညီရင် သတင်းဖြစ်သလဲ
ဆိုတာကို မေးချင်သေးတယ်။ အစိုးရအဖွဲ့ ၊ လွှတ်တော်နဲ့  စစ်တပ်တို့ ရဲ့ 
မတော်မတရားလုပ်တာတွေကို သတင်းအဖြစ် ဖော်ပြကြတယ်။ သူတို့ နဲ့ 
ဆက်နွယ်တဲ့ ဆန္ဒပြပွဲများကို မိမိတို့ ရဲ့ မီဒီယာမှာ သတင်းတင်ကြတယ်။
တခါတရံ လူ ၄/၅ ယောက်ဆန္ဒပြတာ သတင်းဖြစ်သလို တကုယ်တော်ပွဲလည်း
တခုတ်တရဖော်ပြကြတယ်။ ရှစ်လေးလုံး ၂၇ ပြည့် မြို့ တော်ခန်းမရှေ့ က
ကတ္တရာလမ်းပေါ် အနီရောင်ဖြန်းတဲ့ပွဲဆို လူ ၁၅ ယောက်ထက် မပိုပေမယ့်
သတင်းဖြစ်တယ်။ အာဏာရပါတီ နောက်ကွယ်ကကြိုးကိုင်တဲ့ပွဲတချို့ လည်း
သတင်းဖြစ်တယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ သြဂုတ် ပထမပတ်မှာ လုပ်သွားတဲ့
ပခုက္ကမြို့ က ဆန္ဒပြပွဲအကြောင်း ပြည်တွင်းထုတ် ပုဂ္ဂလိကသတင်းစာကြီးများမှာ
ပါမလာကြပါ။ ပြန်ကြားရေးပိုင်သတင်းစာများအတွက် ဆန္ဒပြပွဲမှန်သမျှ
မဖော်ပြရ မူ ချမှတ်ထားတော့ အဆန်းမဟုတ်ပေမယ့် စတုတ္ထမဏ္ဍိုင်
ပီသရစေ့မယ် အာမခံတဲ့ မီဒီယာအုပ်စုကြီးတွေက ဒီဆန္ဒပြပွဲကို ဖုတ်လေတဲ့ငါးပိ
ရှိတယ်လို့ မထင်အောင် ကျော်ခွသွားကြတယ်။
ဒီချုပ်ပါတီခေါင်းဆောင်တသိုက် ရွေးချယ်တဲ့ ၂၀၁၅ ရွေးကောက်ပွဲဝင်ကြမယ့်
အမတ်လောင်းစာရင်း ထုတ်ပြန်မှုအပေါ် အစာမကြေကြတဲ့ ပခုက္ကူဒေသခံ
ဒီချုပ်ပါတီဝင်တွေ ဆန္ဒပြကြတဲ့သတင်းဟာ သတင်းအဆင့်အတန်းနဲ့ 
မညီလို့ တော့ ဟုတ်ဟန်မတူပါ။ ဒီသတင်းကို ပြည်ပအသံလွှင့်မီယာတွေက
နေ့ မဆိုင်းဘဲ ထုတ်လွှင့်ခဲ့ကြပါတယ်။ အွန်လိုင်းဆိုရှယ်နက်ဝပ်တွေမှာလည်း
ပလူပျံအောင်ဖော်ပြကြပါတယ်။ ဒါပေမယ့် စစ်ခရိုနီ ရေဘ၀ဲတယောက်ပိုင်တဲ့
နေ့ စဉ်ထုတ် ပုဂ္ဂလိကသတင်းစာကြီးမှာတောင် ဒီသတင်း မတွေ့ ရပါ။
တိုင်ပင်ထားကြသလားတောင် ထင်မိပါတယ်။ နိုင်ငံရေးပါတီတခုရဲ့ လုပ်ရပ်ကို
မကျေနပ်လို့  အောက်ခြေပါတီဝင်တွေ စုပေါင်းဆန္ဒပြတဲ့ကိစ္စကို မိမိတို့ ပိုင်တဲ့
မီဒီယာမှာ ဘာ့အတွက် မဖော်ပြနိုင်အောင် ဖြစ်ရသလဲဆိုတာ နားမလည်နိုင်ပါ။
ဆန္ဒပြလူအင်အား၊ ပရိသတ်စိတ်ဝင်စားနိုင်မှု စတဲ့ပေတံများနဲ့ ချိန်ထိုးရင်လည်း
သတင်းတပုဒ်အဖြစ် ပေမီဒေါက်မီ၇ျိနေမှာပါ။ ဒါပေမယ့် ဆင်ဆာအဖြတ်ခံလိုက်ရ
ပါတယ်။ တရားခံက စာပေစိစစ်ရေး မဟုတ်ဘဲ မိမိတို့ ကိုယ်တိုင်ပါဘဲ။
ဒါဟာ အဂတိပါတဲ့လုပ်ရပ်ဖြစ်ပြီး လွတ်လပ်ပါတယ်၊ ပြည်သူတွေကို မျက်စေ့ဖွင့်
ပေးမယ်လို့ ကြွေးကြော်သံတွေနဲ့  ပြဒါးတလမ်းသံတလမ်းဖြစ်နေပါတယ်။
ရှက်စရာပါ။
..
https://www.facebook.com/MyanmarExpressနှာစေးနေကြတယ်ဆိုတဲ့သတင်း ဒီညနေမှာ ဖတ်ရတယ်။ အကြောင်းပြချက်က

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်