Subscribe to our RSS Feed

တိုက်ပွဲဝင်ဖို့ ခွန်အားတွေအပြည့်ရှိ



တိုက်ပွဲဝင်ဖို့ ခွန်အားတွေအပြည့်ရှိတယ်

do or die, သင့်သားသမီးတွေအနာဂတ်သည် သင့်လက်လက်ထဲတွင်ရှိသည်။ (အာဇာနည်ဘလော့)
ဒေါ်လာရှိမှ သားသမီးတွေအနာဂတ်လည်း စိတ်အေးရမှာပါ။

We Want Youth! (မိုးသီးဇွန်းဘလော့)
နောက်ထပ် ဘယ်သူတွေ စပွန်ဆာပေးအုံးမလဲ သူတို့ အလိုရှိပါတယ်။

ကျမကတော့ အနာဂတ်အတွက်ကြိုတင်စဉ်းစားတာထက် လက်ရှိအခြေအနေတွေကို စဉ်းစားစေချင်ပါတယ် (မြတ်လေးငုံ ဘလော့)
လက်တလော စားဖို့တောင် ဒီလောက်ကော်ပီ လိုက်ကူးပြီး ပို့စ်တင်နေရတာ အနာဂတ်ကို မစဉ်းစား နိုင်သေး ပါဘူး။

မနေ့ တနေ့ ကမှ နိုင်ငံရေး ထလုပ်တာမဟုတ်ဘူး မျိုးနဲ့ ရိုးနဲ့  နိုင်ငံရေးလုပ်လာတာ... (မင်းဓမ)
မျိုးနဲ့ရိုးနဲ့ ဒီလိုပဲ လုပ်စားခဲ့တာပါ။

ဒုတိယ လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်သွားမယ်။ (BURMA: LAND OF HARMONY)
ဒုတိယပြီး တတိယ ဆက်လာမှာပါ။ ဒီအလုပ်က စီးပွားရေးအစဉ်ပြေတယ်လေ။

ကျမတို့က ဦးခေါင်းသာပျော့ချင်ပျော့မယ်.. ဒူးခေါင်းတော့ဘယ်တော့မှမပြော့ဘူး။ (လမင်းခင်ဘလော့)

သူ့မှာ မွေးရာပါ ဦးခေါင်းပျော့ရောဂါရှိပြီး။ သူတွေ့ဖူးတဲ့ လူတွေက ဒူးခေါင်းတွေ ပျော့နေလို့ပါ။ သူမ ရေးထားသော စာများကို ဖတ်ရုံဖြင့် ဘယ်လိုခေါင်းနဲ့ရေးထားလဲ သိနိုင်ပါတယ်။

လွတ်လပ်ကြဖို့...တို့အချိန်တန်ပြီ။ (နစ်နေမန်းဘလော့)
ဒါပေမယ့် လွတ်လပ်ပြီလို့တော့ ဘယ်တော့မှမပြောပါ။ ဒီအလုပ်လေးပျက်သွားရင်ဒုက္ခ။

အမိ မြန်မာပြည်အား တကယ်ကို ငြိမ်းချမ်းသာယာ တိုးတက်စေချင်ပါသည်။ (ငယ်နိုင်ဘလော့)
ဒါပေမယ့် ဘလော့ပေါ်မှာတော့ အမိနိုင်ငံအလံမထားပါဘူး၊ အဖနိုင်ငံအလံများပဲထားမှာပါ။

အောင်ပွဲဆိုတာ တိုက်ရဲသူတွေ အတွက်ပဲ ဖြစ်တယ်.။ (just Free Man ဘလော့)
လောလောဆယ်တော့ ဟောင်ပွဲတွေပဲ ဆက်တိုက်ဝင်ဖြစ်နေတယ်။

ပြောချင်တာပြောဖို့ နားထောင်မည့်သူမရှိတဲ့အခါ (ထိုက်မင်းဘလော့)
ပြောချင်တာတွေကို မစဉ်းမစားမစဉ်မခြင် အကုန်သာပြောနေပါတယ်။

ရင်နှင့်အမျှ..ခံစားရပါသော.. (မသဒ္ဓါဘလော့)
ကိုနစ်ကြီးနဲ့ အစဉ်မပြေကတည်းက ခံစားနေရတာ ခုထိပါပဲ။

ငါတို့တိုင်းပြည်လေးထဲမှာ.. (မဆုမွန်ဘလော့)
ငါတို့တိုင်းပြည်လေးထဲမှာ ပြည်သူတွေဘာတွေဖြစ်နေဖြစ်နေ ငါတော့ သူများတိုင်းပြည်လေးထားမှာ ငါတို့တိုင်းပြည် အကြောင် မကောင်းတာလေးတွေပြောလိုက်၊ ဂျေဂျူဝိုင် နဲ့ ကြူလိုက်။

တော်လှန်ရေးသည် ငါတို့ကျောင်းငါတို့တက္ကသိုလ်။ (ကိုဈာန်ဘလော့)
လောလောဆယ်တော့ ဒေါ်လာရေးသည် ငါ့တို့ကျောင်းငါတို့တက္ကသိုလ်ဖြစ်နေပါတယ်။

စိန်ခေါ်တယ်၊ မီဒီယာတိုက်ပွဲ။ ဒို့ တတွေ၊ သွေးမကြဲ ဆက်၍တိုက်နေမှာပဲ။ (ဖရီးဘားမားဘလော့)
လခကောင်းတာကိုလည်း ထည့်ပြောအုံးမှကိုး။



Myanmar Express

သွေးသွန်းပွဲနှင့်သင်္ဘောဆေးသွန်းပွဲ


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရှိ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများသည် မတ်လ(၁၆)ရက်နေ့မှစကာ အစိုးရရုံးများရှေ့ ဂိတ်ပေါက်ဝများတွင် သွေးဖြင့်ဆန္ဒပြမှုများ စတင်ပြုလုပ်လျက် ရှိနေပြီဖြစ်သည်။ လက်ရှိအာဏာရ ၀န်ကြီးချုပ် အဘီဆစ် ဗီဂျာဂျီဗာအား ရာထူးမှ နှုတ်ထွက်ပေးရန်နှင့် ပါလီမန်ကို ဖျက်သိမ်းပေးရန် တောင်းဆိုနေသော အနီရောင် ရှပ်အင်္ကျီဝတ် ဆန္ဒပြသူများက ၎င်းတို့လှူဒါန်းထားသည့် သွေး(၂၆၄)ဂါလံကို အစိုးရ အဆောက်အအုံ ဂိတ်ပေါက်များရှေ့တွင် သွန်ချခဲ့ကြသည်။ ဆန္ဒပြ ခေါင်းဆောင်များက မိမိတို့အနေနှင့် သွေးပမာဏ ကုဗစ်စင်တီမီတာ (၁)သန်းထိ ရရှိရန် မျှော်လင့်ထားကြောင်း ပြောကြားထားသည်။



ထိုင်းနိုင်ငံရှိ အတိုက်အခံများကို အားကျ၍ အိန္ဒိယနိုင်ငံရှိ မြန်မာလူမျိုး ဒေါ်လာစား အတိုက်အခံများကလည်း အနီရောင် ခေါင်းစည်း များကို စည်းပြီး ထိုင်းအတိုက်အခံမျးကဲ့သို သွေးဖောက်ဖို့ကျတော့လည်း သတ္တိကလည်းမရှိ၊ အရင်ကတည်းက ခံယူချက်ကလည်း မရှိတာကြောင့် ထိုင်းအတိုက်အခံများ ပက်ဖြန်းခဲ့သည့် သွေးများနှင့် နဲနဲတူသော သင်္ဘောဆေး နီနီများဖြင့် အိန္ဒိယနိုင်ငံ မြန်မာသံရုံးရှေ့သို့ သင်္ဘောဆေးသွန်းပွဲ ကျင်းပခဲ့ကြသည်။








ကံကောင်းချင်တော့ သိပ်ပြီး ကြာကြာ ဟန်ရေးမပြလိုက်ရပဲ အိန္ဒိယ ရဲတွေရဲ့ ဆွဲစိတာ ခံလိုက်ရပါတယ်။ ဒေါ်လာတောင်းလို့ သိပ်ကောင်းတဲ့အခြအနေပါပဲ။ သံရုံးရှေ့မှာ မြန်မာအချင်းချင်း ငါကိုင်တုတ်ပြီး ဆဲခဲ့သမျှ အိန္ဒိယ ရဲများရှေ့တွင်တော့ အမြီးကုတ်ပြီးပြန်ခဲ့ရပါတယ်။ အခြေအနေပေးရင်တော့ နောက်ထပ် သင်္ဘောဆေး သွန်းပွဲ နောက်တစ်ပွဲလောက် နွဲချင်ပါသေးတယ်လို့ ခေါင်းမှာ အနီရောင် ခေါင်းစည်းနဲ့ သူရဲကောင်းတစ်ဦးက ပြောသွားပါတယ်။ ဒီအကြောင်းကိုလည်း ပိုစ့် ရှာနေတဲ့ အတိုက်အခံဘလော့ပေါင်း ၁၆ ခုကနေ ရေးသား ဖော်ပြထားပါတယ်။ အကြောင်းအရာနဲ့ ပုံတွေကတော့ ဒါတွေချည်းပါပဲ။


Myanmar Express

လုပ်ပြလိုက်စမ်း ဒေါ်လာစားတို့

အိမ်နီးချင်း ထိုင်းနိုင်ငံက အစိုးရ အတိုက်အခံ တော်လှန်ရေးသမားတွေက သူတို့ရဲ့ သွေးတွေကို ဖောက်ပြီး ဝန်ကြီးချုပ် အဘီစစ်နေအိမ်နဲ့ အစိုးရ အဆောက်အအုံတွေကို သွေးတွေဖျန်းတာတွေ၊ သွေးအိပ်တွေနဲ့ ပစ်ပေါက်တာတွေကို မနေ့ကနဲ့ ဒီနေ့တွေမှာ လုပ်ခဲ့ကြပါတယ်။

မြန်မာ အတိုက်အခံ တော်လှန်ရေးသူရဲကောင်းတွေရော ဘလော့ပေါ်မှာ လေနဲ့ ဒီလိုပဲ လျှောက်အော်နေလို့တော့ မဖြစ်သေးဘူး။ စီဘောက်ထဲမှာ လေပစ်၊ ဘလော့ပေါ်မှာ လေပစ်နေတော့မှာလား။ သူများတွေလို သွေးအိပ်တွေဘာတွေနဲ့ ပစ်ဖို့ အစီစဉ်မရှိကြဘူးလား ??။ သူတို့လိုမျိုး ကိုယ့်ခန္ဓာကိုယ်ထဲက သွေးတွေ ဖောက်ပြနိုင်ပါ့မလား။ ဒေါ်လာစားအတိုက်အခံများ ဖြေကြပါအုံး ?????။ သတိမကြောင်ကြပါနဲ့ ဒေါ်လာစားအတိုက်အခံ သိက္ခာကျပါတယ်။ လုပ်ပြလိုက်ကြပါ။ (ပြောသာပြောရတာ ဘယ်သူမှ အဲ့လောက် ဇ မရှိမှန်း သိပါတယ်။)



Myanmar Express

မှန်အောင်ပစ်


နအဖ ကို ငယ်ထိပ်တို့ အရှိက်တို့ကို တည့်တည့် ထိတာပဲ။ နအဖ က ဘာမှမဖြစ်ဘူး။ ပစ်တဲ့လူက သေတော့မယ်။ ဘယ်ဖြစ်မှာလဲ ပစ်နေတာက လေသေနက်ကိုး။ ဒါပေမယ့် ထပ်ပစ်နေတုန်းပဲ။ စားဝတ်နေရေးက ရှိသေးတယ်လေ။ ကိုယ်လုပ်နေတာတွေက နအဖ အတွက် ဘာမှ ဘာဆို ဘာမှ မဖြစ်စေဘူးဆိုတာ အစကတည်းက သိနေတာပဲ။ မသေမချင်း ပစ်မယ် (ကိုယ်မသေမချင်) သေမှ ရပ်မှာ။ မသေမချင်းတော့ လေ နဲ့တော့ တော်လှန်ရေးကြီးလုပ်နေအုံးမယ်။ အတိုက်အခံတွေ ဘယ်လောက် ဇွဲရှိကြောင်း ပြရမယ်။



Myanmar Express

ဒေါ်လာစား အတိုက်အခံဘလော့ဂါဟောင်းတစ်ဦးနှင့် တွေ့ဆုံခြင်း



Q - အစ်ကို့ နာမည်လေး အရင် မိတ်ဆက်ပေးပါအုံး
A - သွင်ကိုကို ပါ



Q - ဟုတ်ကဲ့ နိုင်ငံရေးလောကထဲကို ဘယ်ချိန်က စဝင်ခဲ့တယ်ဆိုတာလေး ပြောပြပါအုံး
A - ဟုတ်ကဲ့ ကျွန်တော် ၂၀၀၈ စက်တင်ဘာက ဆိုပါတော့။ ကျွန်တော့် အမျိုးသမီးလောင်းက ဒီမှာလေ။ အလုပ်လုပ်ရင်း ကျောင်းတက်နေတာပါ။ အဲ့တုန်းကလည်း သူက ခေါ်လိုက်လို့ပါပဲ။ လာပြီးတော့မှ ဒီလောကထဲ ဝင်ဖြစ်ခဲ့တာပါ။



Q - အော် ဟုတ်ကဲ့ အခု နေတဲ့နေရာလေးပြောပြပါအုံး
A - တိုကျိုမှာပါ



Q - ဘယ်အရွယ်ကတည်းကနိုငံရေးကို စိတ်ဝင်စားခဲ့တာလဲ မသိဘူးဗျ
A - ဘယ်အရွယ်တုန်းကမှ စိတ်မဝင်စားပါဘူး။ ခုဆို အကြောင်းသိသွားလို့ ပိုတောင် စိတ်ကုန်သွားပါသေးတယ်။



Q- စိတ်မဝင်စားဘဲ ဘယ်လိုကြောင့် ဝင်ဖြစ်သွားတာလဲ သေသေချာချာပြောပြပေးပါ အစ်ကို
A - ဒါက ဒီလိုပါ။ ကျွန်တော်နိုင်ငံရေးကို လုံးဝ စိတ်မဝင်စားပါဘူး။ ဒါပေမယ့်အခု ကျွန်တော် နိုင်ငံရေး သမား တစ်ယောက် ဖြစ်နေပါပြီ။ လွန်ခဲ့တဲ့ ၂ နှစ်ကမှ ကျွန်တော်ကမှ ကျွန်တော် ဂျပန်နိုင်ငံ တိုကျိုမြို့ကို ရောက်တာပါ။ ဂျပန်နိုင်ငံ သွားဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးပါတယ် အခက်အခဲအမျိုးမျိုးကြောင့် အစဉ်မပြေပဲ မရောက်ဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် မနှစ်က ကျွန်တော့် အမျိုးသမီးလောင်း က ခေါ်လိုက်လို့ လာလို့ရသွားတာပါ။ ရောက်ပြီးနောက်နေ့မှ လူတော့ ရောက်တာကတော့ ရလာပြီ။ ရောက်လာလို့ စိတ်အေးရပြီလို့ ကျွန်တော် အစက ထင်လိုက်ပါတယ်။ ဒါပေမယ့် မဟုတ်ပါဘူး။ ပြဿနာက အဲ့ချိန်မှ စတာပါ။ ကျွန်တော့်အတွက် နေထိုင်ခွင့် လိုအပ်ပါတယ်။ ဒီနိုင်ငံမှာက ကျောင်းသားတွေနဲ့ နိုင်ငံရေး ခိုလုံသူတွေပဲ လွယ်လွယ်ကူကူနေရတာပါ။ မြန်မာလူငယ်အများစုကတော့ ကျောင်းတက်ရင်း အလုပ်လုပ်ရင်းနေကြပါတယ်။ လူကြီးတွေကတော့ ဂျပန်လူမျိုးတစ်ယောက် ဒါမှမဟုတ် အလုပ်ဖြင့် တရားဝင်နေထိုင်ခွင့် ရသူ တစ်ယောက်ယောက်ကို လက်ထပ်ပြီး မှီခို နေထိုင်ကြပါတယ်။ မမှီခိုချင်တဲ့လူတွေနဲပ ကျောင်းနဲ့ အလုပ်အတွက် လက်ကြောမတင်းသူတွေကတော့ နိုင်ငံရေး ခိုလှုံကြတာပါပဲ။



Q - အစ်ကိုက နိုင်ငံရေ ခိုလှုံခဲ့တာလား
A - ဟုတ်ပါတယ်။ ကျွန်တော် ဒီကိုလာဖို့ ကျွန်တော့ အမျိုးသမီးလောင်းက အားလုံး အကုန် အကျ ခံပေး ထားတာပါ။ ကျွန်တော်ကျောင်းဆက်တက်မယ်ဆိုရင် ထက်ပြီး ကုန်အုံးမှာပါ။ ကျွန်တော် ထပ်ပြီး မယူချင်တော့လို့ပါ။ ဒါနဲ့ နောက်ဆုံး ကြံရာမရ လို့ နိုင်ငံရေးခိုလှုံခဲ့တာပါ။ ကျောင်းတက်ရင်လည်း ဘာမှအကျိုးမရှိတာကြောင့်လည်း ပါပါတယ်။



Q - ကျောင်းတက်ရင်လည်း ဘာမှ အကျိုးမရှိဘူးဆိုတာက ??
A - အော် ဒါက ဒီလိုရှိပါတယ်။ အမှန်တိုင်းပြောရရင် ကျွန်တော့် ဒီနိုင်ငံက မြန်မာကျောင်းသား တို့ ဘဝ အရမ်း သနားဖို့ ကောင်းပါတယ်။ ဒီနိုင်ငံတင်မဟုတ်ပါဘူး နိုင်ငံတကာမှာ အလုပ်လုပ်ရင်း ကျောင်းတက်နေတဲ့ ကျောင်းသားအားလုံးပါပဲ။ ကျောင်းက မနက် ၉ နာရီကနေ နေ့လည် ၁ နာရီ ထိပါ။ အလုပ်က ညနေ ၃ နာရီကနေ ည ၁ နာရီထိပါ။ အလုပ်က ပိုက်ဆံရအောင် လုပ်ရတာပါ။ ဒါတော့ အားလုံးသိပါတယ်။ ပိုက်ဆံရမှ ကျောင်းလခ သွင်းနိုင်မယ်။ ပြီးတော့ အိမ်လခ အပါအဝင် အခြား လစဉ် ကုန်ကျစရိတ်အတွေက် ကာမိရုံ အတွက်ပါ။ ကျောင်းတက်ရတာကတော့ နေထိုင်ခွင့်ရဖို့ သက်သက်ပါ။ အမှန်တိုင်းပြောရရင် ဘာတစ်လုံးမှ မတတ်ပါဘူး။ ဂျပန်နိုင်ငံအကြောင်း အားလုံးသိကြမှာပါ။ အလုပ်သမားကို ကျွန်တစ်ယောက်လို ဆက်ဆံခိုင်းစေတာပါ။ အလုပ်ချိန်မှာ အိပ်ငိုက်ဖို့နေနေသာသာ အမှားမလုပ်မိအောင် မနည်းသတိထားနေရတာပါ။ ပြုတ်လိုက်တဲ့ မြန်မာအလုပ်သမားတွေကလည်း တပြုတ်ပြုတ်နဲ့ပါပဲ။ နောက်တစ်ခု ထပ်ရှာ ထပ်လုပ်နဲ့ ဒီလိုပဲ သံသယာ လည်နေကြတာပါ။ တစ်ခါတစ်လေ တစ်ချိန်က ပြုတ်သွားတဲ့ အလုပ်ကို ထပ်ရတာတွေတောင် ရှိပါသေးတယ်။ ဂျပန်တွေကတော့ များလို့ မမှတ်မိပါဘူး။ နိုင်ငံခြားသားဖြစ်တာကြောင့်လည်း ပါပါတယ်။ မြန်မာတွေကတော့ အားလုံးမှတ်မိပါတယ်။ ဒီလိုပဲ မသိချင်ယောင်ဆောင် ဆက်လုပ်တာပါပဲ။ လုပ်ရတဲ့ အလုပ်က စလုပ်လုပ်ချင်းတွေမှာ စားသောက်ဆိုင်က ဖိုကြီးထဲမှာ ပန်းကန်ဆေး ရပါတယ်။ နောက်မှ အဆင့်တက်လာမှ စားပွဲလေးဘာလေး ထိုးရတာပါ။ တစ်နေ့ကို ၁၀ နာရီလုံး မက်တက်ရပ်ပြီး အလုပ်လုပ်လာလိုက်တာ အိမ်ပြန်ရောက်ချိန်ဆိုရင် တစ်ခါတစ်လေ ရေတောင် မချိုးနိုင်ပါဘူး တစ်ခါတည်း တန်းအိပ်တာပါ။ နောက်တစ်နေ့ မနက် ကျောင်းသွားချိန် ပြန်ထပြီး ပြန်သွားတာပါပဲ။ မထချင်ထချင်နဲ့ အိပ်ချင်မူးတူးနဲ့ ကျောင်းရောက်ပါတယ်။ ကျောင်းရောက်တော့ မြန်မာ အားလုံး သူလိုကိုယ်လိုတွေချည်းပါပဲ။ စာသင်ချိန် စပြီဆိုတာနဲ့ အိပ်တော့တာပါပဲ။ ဘာတွေသင်မှန်းလဲ မသိပါဘူး၊ နေ့လည်စာစားချိန် ထ စားပြီး ပြန်အိပ်တာပါပဲ။ အဲ့လိုနဲ့ မြန်မာလူငယ်တွေလည်း လူနဲ့မတူတော့ပဲ ဦးနောက်တွေကကြောင်တောင်တောင်တွေ ဖြစ်လာပါတယ်။ ကျွန်တော့ အမျိုးသမိးလောင်းဆိုရင် ညအိပ်ချိန်မှာဆိုရင် ခါးတွေက သေအောင်နာနေတာပါပဲ။ စာလည်းမတတ်၊ ပိုက်ဆံလည်းမကျန်တဲ့ အပြင် ရောဂါပါ ကျန်မှာမို့ အလုပ်လုပ်ရင်း ကျောင်းတတ်တာဟာ ဘာမှ အကျိုးမရှိဘူးလို့ ပြောရတာပါ။ သင်တန်းဆင်းလက်မှတ်ရလဲ ဘယ်မြန်မာကိုမှ အလုပ်မခန့်ပါဘူး။



Q - ဒါကြောင့် နိုင်ငံရေးခိုလှုံခဲတာလား အစ်ကို
A - နိုင်ငရေး မခိုလှုံခင်မှာ ကျွန်တော် ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ပါတယ်။ နောက်ဆုံး ကျွန်တော် နိုင်ငံရေး ခိုလှုံရင်တော့ ကျန်တာ ဘာမှ ဟုတ်တာ မဟုတ်တာနေ သက်သာမှာတော့ သေချာတယ်ဆိုပြီး ကျွန်တော် အဆက်အသွယ်တစ်ခု ရှာပြီး ဝင်ခဲ့ပါတယ်။ ဂျပန်မှာ အဆက်အသွယ် အရမ်းပေါပါတယ်။



Q - အဆက်အသွယ်ပေါတယ်ဆိုတော့ လုပ်တဲ့လူ များလို့လား ?
A - များတယ်ဗျ.. တော်တော်လေးကို များတယ်.. အဆင်လည်းပြေကြတယ်။ ဒီနိုင်က မြန်မာတွေထဲမှာ ငွေအများဆုံးသုံးနိုင် ပေးကမ်းနိုင်တာဆိုလို့ ကျွန်တော်တို့အဖွဲ့တွေပဲ ရှိတယ်။



Q - ပေးနိုင်ကမ်းနိုင်ကြတယ်ဆိုတော့ မိဘတွေကို ထောကောင်းကောင်းထောက်ပံ့နိုင်တာပေါ့နော် ?
A - သေချာတာပေါ့ဗျာ.. မိဘတွေတင်မဟုတ်ဘူးဗျ ဆွေမျိုးသားချင်းတွေအားလုံးကိုရောပဲ.. တစ်ချို့ တွေဆိုရင် ကျောင်းသူ လေးတွေကို ငွေကြေးအများကြီးထောက်ပံ့ပေးပြီး လပိုင်း၊ ရက်ပိုင်း အတူနေကြတဲ့ အသက်ကြီးကြီး အဖွဲ့တွေ အများကြီးပဲရှိတယ်။



Q - ဘယ်လို ဘယ်လို ? ခုန ပြောတဲ့ ကျောင်းသူလေးတွေကို ထောက်ပံ့တယ်၊ အတူနေတယ်ဆိုတာလေး သေချာ နားလည်အောင် ပြန်ပြောပါအုံး
A - ဒီလိုဗျာ.. ဘယ်လိုပြောရမလဲ.. စပွန်စာ ပေးတဲ့သဘောပေါ့ဗျာ.. ဒီနိုင်ငံက အလုပ်မလုပ်ပဲ ကျောင်းတက်နိုင်ဖို့ မလွယ်ဘူးဗျ။ ဒီတော့ မြန်မာကျောင်းသူ ငယ်ငယ်လေးတွေက ပိုက်ဆံအရမ်းလိုကြတယ်။ အဲ့ဒီတော့ ကျနော်တို့ဆီက အဖွဲ့တွေက ထောက်ပံ့နိုင်တော့ ထောက်ပံ့ကြတယ်လေ။ အပြန်အလှန် ပေးဆပ်မှုတွေတော့ ရှိတာပေါ့နော်။ အဲ့ဒါမျိုးကို ပြောတာပါ။



ှQ - သူတို့တွေက လူပျိုကြီးတွေမို့လား အစ်ကို၊ အစ်ကို့အနေနဲ့ အဲ့လိုလုပ်ကြတာကို ဘယ်လိုမြင်လဲ ?
A - ဒီအသက်အရွယ်တွေ ရောက်မှတော့ လူပျိုရယ်လို့တော့ မရှိတော့ဘူးလေ ညီကလည်း။ ဘယ်လိုမြင်လဲဆိုရင်တော့ ဒါမျိုးက ခုမှဖြစ်နေတာမှမဟုတ်တာ အရင်ကတည်းက ဖြစ်နေကြပြီး နောက်မှ အချင်းချင်း မသိသလိုပဲ နေနေကြတာဆိုတော့ သိပ်ပြဿနာမဟုတ်ပါဘူး။ ဒီခေတ်ကြီးမှာ ဒါတွေက သိပ်လည်း အရေးမပါတော့ဘူးလေ။



Q - နိုင်ငံရေး ခိုလုံခွင့်အတွက်ရော ဘာတွေ လိုအပ်သေးလဲ ?
A - ဘာမှမလိုပါဘူး။ အရမ်းအစဉ်ပြေပါတယ်။ နေထိုင်ခွင့် အကန့်အသက်မရှိနေရပါတယ်။ ဘာအလုပ်မှ မလုပ်ရ တော့ပါဘူး။ တကယ်ကောင်းတဲ့ နိုင်ငံရေး သမားဘဝပါ။



Q - ဘာတွေလုပ်ရလဲ မသိဘူး
A - အစ ပိုင်းတုန်းက ကျွန်တော့တာဝန်က Gtalk အကောင့်တစ်ခု (ခုလက်ရှိ) လုပ်ပြီး။ forward တွေထဲ Gtalk အကောင့်တွေကို လိုက်ပြီး add ရပါတယ်။ accept ပေးတာလည်း ရှိပါတယ်။ မပေးတာလည်း ရှိပါတယ်။ နောက်ရက်တွေမှာ အကောင့်ထဲမှာ ရှိတဲ့လူတွေကို ‘နအဖက ဘယ်သူ့ကို အပြစ်မရှိပဲ ဘယ်နေ့က ဖမ်းလိုက်ပါတယ်’ ဆိုတာကို ဟုတ်တာတွေရော လိုက်ပြောရတာပါ။



Q - ဒါဆို တော်တော် အစဉ်ပြေတာပဲ
A - ဟုတ်ပါတယ်။ အတော်လေး လွယ်ပြီး စားဝတ်နေရေး အဆင်ပြေတဲ့ အလုပ်ပါ။ ဒါပေမယ့် ချပေးတာတွေက အများကြီးပေမယ့် ရှေ့လူတွေကတစ်ဆင့်တစ်ဆင့် ဖျက်ဖျက်ယူသွားလိုက်တာ ကျွန်တော်တို့ အတွက် ခေါင်းနဲ အမြီးလောက်ပဲ ကျန်ပါတယ်။ ဆန္ဒပြပွဲတွေမှာ မျက်နှာပြတဲ့လူ၊ ဆိုင်းဘုတ်ကိုင်တဲ့လူနဲ့၊ ကင်မယာမန်း တွေက ပိုရပါတယ်။ ကျွန်တော်ကတော့ အစကတည်းက တစ်သက်လုံးလုပ်ဖို့ အစီစဉ်မရှိလို့ ဝင်မပါပါဘူး။ ကျွန်တော်နဲ့ တစ်ခန်းတည်းနေတဲ့ အစ်ကိုကတော့ နေရာတိုင်းမှာ ရှေ့ဆုံးကပါ။ လင်မယား နှစ်ယောက်လုံး တက်တက်ကြွကြွကို ပါပါတယ်။ လင်မယားနှစ်ယောက်လုံး ၇ တန်းနဲ့ ကျောင်းထွက်ထားကြတာပါ။ သူတို့အမြဲအော်နေတဲ့ အောင်ဆန်းစုကြည် ဆိုတဲ့ စာလုံးတောင် စလုံး နဲ့ ဆလိမ် မှန်အောင်မပေါင်းတတ်ပါဘူး။ (လင်မယား ဆိုတာ တရားဝင် မယူရသေးလို့ အိမ်ခွဲနေကြတာပါ) နှစ်ယောက်လုံးက ဘာနိုင်ငံရေးမှလည်း မသိပါဘူး။ ဘာခံယူချက်မှလည်း မရှိပါဘူး။ လိုက်လဲ လိုက်ဖက်ညီတဲ့ အတွဲပါ။ သူတို့ကြည့်ရတာ အရမ်းပျော်နေပုံပါပဲ။ သူတို့ အလုပ်ကလဲ အမြဲမရှိတော့ အလုပ်ရှိတဲ့ ရက်ကလွဲလို့ ကျန်တဲ့ရက်တွေမှာ နိုင်ငံအနှံလည်နေကြတာပါ။ ဒါက စကာစပ်မိလို့ ပြောတာပါ။



Q- နိုင်ငံရေး ဘလော့က ကိုယ့်ဘောနဲ့ကိုယ်လုပ်တာလား။ သူတို့ခိုင်းလို့လား။
A - ဟုတ်ကဲ့ ကျွန်တော်ပြောပြပါမယ်။ ကျွန်တော် နိုင်ငံရေးခိုလှုံပြီး ၂ လ လောက်ကြာတော့ နိုင်ငံရေး သမားပါးဝလာပါတယ်။ နဲနဲ အဆင့်တက်ဖို့အတွက် မေးမြန်းရင်းနဲ့ နိုင်ငံရေး ဘလော့ တစ်ခု စလုပ်ခဲ့ပါတယ်။ သူငယ်ချင်း တစ်ယောက်က ဘလော့မှာ ဒေါင်းပုံတွေ နဲ့ လူပုံတွေ တစ်ချို့ တင်ပေးပါတယ်၊ မိန်းမ တစ်ယောက်ပုံတောင် ပါပါသေးတယ်။ အဲ့တုန်းကပေါ့ ဗိုလ်ချုပ်အောင်ဆန်း တစ်ယောက်တော့ ကျွန်တော် သိပါတယ်။ ကျန်တဲ့လူတွေကို ကျွန်တော် မသိပါဘူး။ မသိတဲ့လူတွေ မတင်ချင်ဘူး လို့ ကျွန်တော်က ပြောတော့။ သူငယ်ချင်းက ပြောတယ်။ မတင်လို့ မဖြစ်ဘူးတဲ့။ အဲ့ဒါတွေက ထမင်းရှင်တွေ လို့ ပြောပါတယ်။ သူပြောမှ ကျွန်တော်လည်း သိပါတော့တယ်။ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးဝင်းတင်တဲ့၊ ဦးတင်မိုးတဲ့ နောက် ကျန်ပါသေးတယ်။ ဒါနဲ့ ဘလော့တော့ ပြီးသွားတော့ ပြဿနာ စ ပါပြီ။ ဘလော့ရေးရမယ်တဲ့။ ကျွန်တော် ဘယ်လိုလုပ်ရေးတတ်မှာလဲ။ ရည်းစားစာတောင် ကောင်းကောင်း မရေးတတ်တဲ့ ကျွန်တော်က။



Q- အဲ့ဒါ ဘယ်လိုရေးတတ်သွားလဲ
A - ဟုတ် ဆက်ပြောပါ့မယ်။ သူငယ်ချင်းက သင်ပေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အကြောင်းက စရေးတဲ့။ ဒါမှ ပိုက်ဆံတောင်းလို့ ကောင်းမှာတဲ့။ ပိုဆိုးတာပါပဲ ဒေါ်အောင်ဆန်းစုကြည်ပုံတောင် အခုမှ မြင်ဖူးတာ။ ဒါနဲ့ သူငယ်ချင်းက http://burmatoday.net/ ဆိုတဲ့ ဆိုဒ်ကို ပေးပါတယ်။ ပြီးတော့ နောက်နေ့မှ ဆက်ပြောမယ်ဆိုပြီး ပြန်သွားပါတယ်။ သူငယ်ချင်းလည်းပြန်သွားရော ကျွန်တော် လည်း သူလုပ်ပေးထားတာလေးကို တညလုံး ကလိတော့တာပါပဲ။ အဲ့နောက် http://burmatoday.net/ ကနေပြီး ဘေးမှာ ရှိတဲ့ လင့် တွေကို တစ်ခုပြီး တစ်ခု လိုက်နိပ်ရင်းနဲ့ ဆိုဒ်တော်တော်များများကို ရောက်ဖြစ်ခဲ့ပါတယ်။ အဲ့နောက် ဒေါက်တာလွဏ်းဆွေနဲ့ ဆုံဆည်းရာ ဘလော့ကို ရောက်၊ အဲ့ကနေ တခြား နိုင်ငံရေးဘလော့တွေကို ရောက်ပြီး နိုင်ငံရေးဘလော့တွေရဲ့ လုပ်နည်းလုပ်ဟန်ကို ကျွန်တော်တစ်ညတည်းနဲ့ တတ်မြောက်လိုက်တာပါပဲ။ ပိုစ့် ၃ ခု တောင် တင်လိုက်ပါသေးတယ်။ ကျကျနနပါပဲ။ နောက်နေ့ကစပြီး ကျွန်တော် ဆရာတစ်ယောက်ဖြစ်သွားတာပါပဲ။



Q - တော်တော် အချိန်ပေးသင်လိုက်ရတာပဲ
A - ဟား ဟား ဟား



Q - ဒါနဲ့ တစ်နေ့တာ လုပ်ငန်းလေး ပြောပြပါအုံး။ အဲ့တုန်းကပေါ့
A - ကျွန်တော့ အလုပ်က ရှင်းပါတယ်။ မိုးလင်းတာနဲ့ ထချင်တဲ့အချိန်မှ အိပ်ယာထ။ နိုးတာနဲ့ ကျွန်တော် စုထားတဲ့ မြန်မာနိုင်ငံအကြောင်း မကောင်းရေးထားတဲ့ သတင်းတွေ၊ ဘလော့တွေ လိုက်ဖတ်ပါတယ်။ ပြီးရင် အဲ့ထဲက ပိုစ့် တစ်ခုလောက် ကျွန်တော့်ဘလော့မှာ ပြန်တင်ပါတယ်။ ပြီးရင် စီဘောက်စ်တွေမှာ လိုက်ပြီး ကျွန်တော့် ဘလော့ကို လိုက်ကြော်ငြာပါတယ်။ သူများဆဲနေတာတွေ့ရင် ဝင်ဆဲတယ်။ စားချိန် စားတယ်၊ အိပ်ချိန်အိပ်ပါတယ်။ အတိအကျရယ်လို့တော့မရှိပါဘူး။ ပိုက်ဆံထုတ်ရမယ့် ရက်နဲ့ အစည်းဝေးတွေဘာတွ ရှိတဲ့ရက် ဆိုရင်တော့ ရုံးကိုသွားပါတယ်။



Q - အစည်းဝေးတွေဘာတွေဆိုတာ
A - အော် ဒါက ဒီလိုပါ။ ဂျပန်နိုင်ငံကို မြန်မာနိုငံအပါအဝင် အခြားနိုင်ငံက လူကြီးတွလာရင် အစည်း ဝေးလုပ်တတ် ပါတယ်။ ဒါပေမယ့် ကျွန်တော်ကဘလော့ပဲရေးတာပါ။ ကျန်တဲ့ကိစ္စဝင်မပါပါဘူး။



Q - ခုလို နာမည်တော်တော်ရလာအောင်က တော်တော်ကျိုးစားခဲ့ရလား။
A - ဟား ဟား ဟား…။ ပြောရင်ယုံမှာတောင်မဟုတ်ဘူး။ လုပ်ရင်းကိုင်ရင်းနဲ့ ကျွန်တော် အထာ ပိုပိုနပ်လာတယ်။ ကိုယ်လိုပဲ နိုင်ငံရေးဘလော့ ရေးသူတွေကို အချင်းချင်းကပ်ပြီး ချီးကျူးရပါတယ်။ ကိုယ့်ဆီဘောက်စ်မှာလဲ ကိုယ့်ကို ချီးကျူးတဲ့ စာသားနဲ့ သတင်းလင့် လာထည့်တဲ့ စာပဲ ချန်ရတာပါ။ ကျန်တဲ့ ကိုယ့်ကို ကစ် ထားတဲ့ စာတွေဆို ချက်ချင်း ဖျက်ရပါတယ်။ ဒါက ဘယ်သူက မှ ချမှတ်ထားတဲ့ စည်းကမ်းမဟုတ်ပါဘူး။ လုပ်ရိုးလုပ်စဉ်ပါ။ အဲ့ဒီနောက်ပိုင်းမှာ လူသိများဖို့ အလွယ်လုပ်နည်း ကို ထပ်ထပ်ပြီး လုပ်ရင်းကိုင်ရင်း သိသိသွားပါတယ်။ ဒီနည်းက ပိုလွယ်ပါတယ်။ http://kyeesaytaman.blogspot.com/ , http://padaukmyay.blogspot.com/ , http://www.oppositeyes.blogspot.com/ အဲဒီ စီဘောက်စ် ၃ ခု မှာ လိုက်ဆဲတာပါပဲ။ အဲ့ချိန်တုန်းက http://www.oppositeyes.blogspot.com/ က တော်တော်စည်ပါသေးတယ်။ ခုလို မဟုတ်ပါဘူး။ အရမ်းအစဉ်ပြေပါတယ်။ ဆေးလိပ်လေး ဖွာလိုက် လိုက်ဆဲလိုက်နဲ့ အချိန်တန် ပိုက်ဆံလေး ရလိုက်နဲ့ အစဉ်ကို ပြေနေတာပါပဲ။



Q - အစဉ်ပြေတယ်ဆိုပြီး ဘာကြောင်း ဆက်မလုပ်တော့တာလဲ။
A - အဆင်ပြေတယ်ဆိုတယ် ဆိုပေမယ့် မကောင်းဘူးဗျ။ အခု လုပ်နေတဲ့လူအားလုံး သူများတွေကိုသာ ဆွဲခေါ် နေကြတာပါ။ သတို့သားသမီးတွေ ဆန္ဒပြခိုင်းကြည့်၊ ဆိုင်းပုဒ်ကိုင်ခိုင်းကြည့်။ ဘယ်တော့မှ မလုပ်ခိုင်းဘူး။ ရေရှည်နဲ့ သားစဉ်မြေးဆက် မကောင်းဘူးလေဗျာ။ ပညာရေးကလည်း မကောင်းဘူး။ အမှန်တိုင်းပြောရရင် လုပ်ဖော်ကိုင်ဖက်တွေထဲမှာ ဘွဲ့ရပြီးတာဆိုလို့ ကျွန်တော် တစ်ယောက်ပဲ ရှိတာပါ။ ကျန်တဲ့လူတွေက ၁၀ တန်းအောင်နဲ့ ကျောင်း တစ်ဝက်တစ်ပျက်နဲ့ ပါ။ တစ်ချို့ဆို ၁၀ တန်းမအောင်တဲ့ လူတွေပါရှိပါတယ်။



Q - ပိုက်ဆံကျတော့ရော ဘယ်လိုရလဲ
A - ပိုက်ဆံရတာကတော့ စီနီယာလိုက် ရတာပါ။ ဒီထဲမှာ ရောက်တာကြာနေတဲ့လူ၊ လုပ်သက်ရင့်နေတဲ့လူတွေနဲ့ အရဲစွန့် မျက်နှာပြတဲ့လူတွေက ပိုရပါတယ်။ ဆိုးတာက ဘာမှလည်းအလုပ်မလုပ်တဲ့ ကဗျာဆရာဟောင်းကြီးတွေ၊ သတင်းစာဆရာဟောင်းကြီးတွေနဲံ့ ပန်းချီဆရာဟောင်းကြီးတွေ ကို ခွဲပေးနေရတာပါပဲ။



Q - သူတို့တွေက ဦးဆောင်နေကြတာမဟုတ်ဘူးလား
A - ဟား ဟား ..။ နာမည်ခံတွေပါဗျာ။ သူတို့တွေဘဝက ကိုယ့်ထက် ပိုသနားဖို့ ကောင်းပါသေးတယ်။ ကျွန်တော်ကမှ မလုပ်ချင် ထွက်လာလို့ရသေတယ်။ သူတို့မှာ အသက်တွေကကြီးနေပြီး ဟိုသွားရ ဒီသွားရနဲ့ပါ။ ဘာကိုမျှော်လင်ပနေကြမှန်းတော့ မသိပါဘူး။ သူတို့မျှော်လင့်တဲ့ ရာထူးကို ရရင်တောင် ခုချိန် ဘာမှမလုပ်နိုင်တော့ပါဘူး။ ပါးစပ်ပြောကတော့ ကောင်းတုန်းပါ။ မြန်မာနိုင်ငံလည်း မပြန်နိုင်တော့ ဒီနည်းပဲရှိတော့တာလဲ ပါပါတယ်။



Q - အင်တာဗျူးတွေ။ ဆွေးနွေးပွဲတွေမှာတော့ စကားပြောကောင်းတယ်နော်
A - ဟုတ်ပါ့ ဟုတ်ပါ့။ အင်တာဗျူးတွေမှာတော့ ပြောလိုက်တာ လေတလုံး မိုးတလုံးပါပဲ။ အချင်းချင်း တွေချည်း ဆိုရင်တော့ အမြဲညည်းတွားနေကြတာပါ။ ကျွန်တော်နဲ့ မတည့်ပါဘူး။



Q - ဘယ်လိုဖြစ်ရတာလဲဗျ
A - တစ်ခါဗျာ။ ကျွန်တော်က တစ်ချို့လူတွေ ပညာရည် နိမ့်သေးတယ် အားလုံးကို ဘွဲ့ရအောင် လုပ်ပေးသင့်ပါတယ် လို့ တစ်ခါ အကြံပေးဖူးပါတယ်။ ဝိုင်းပြောလိုက်ကြတာ ရစရာမရှိပါဘူး။ မလေးရှား၊ ထိုင်း၊ အမေရိကား၊ နော်ဝေ၊ စကာပူက နိုင်ငံရေး ဘလော့ဂါတွေက ငါတို့ထက်တောင် ဆိုးသေးတယ် ဘာပညာမှ တတ်စရာမလိုဘူးတဲ့။ ကျွန်တော်လည်း ဆက်မပြောတော့ပါဘူး။



Q - အဲ့ဒါနဲ့ထွက်လိုက်တာလား
A - အဲ့ဒါကြောင့်ရယ် မဟုတ်ပါဘူး။ အစကတည်းက တစ်ချိန်ကျ ထွက်ဖို့ စီစဉ်ထားပြီးသားပါ။ အိမ်ပိုင်၊ ကားပိုင်လေးနဲ့ ကိုယ့်နိုင်ငံမှာကို နေချင်တယ်။ သူများနိုင်ငံမှာ အိမ်မပိုင်၊ ကားမပိုင်၊ လူတောမတိုး အခန်းကျဉ်းလေးထဲမှာ ၂ ယောက် ၃ ယောက် ပြွတ်ပြီး တစ်သက်လုံး မနေနိုင်ဘူး။ ဒါတောင် ကျွန်တော်လုပ်နေတဲ့အလုပ်က သူများ အလုပ်၊ သူများခိုင်းတာ လုပ်ရတာ မဟုတ်ဘူးနော်။ သူများကျွန်ပါ လုပ်ပြီး တစ်သက်လုံးနေသွားကြသူတွေကိုတော့ ကျွန်တော် လက်ဖျားခါတယ်။ ကျွန်တော်ထင်ပါတယ် သူတို့လည်း မကြာခင် သူတို့ဘဝကြီးက ဘယ်လောက် လူဖြစ်ရှုံးကြောင်း သိလာကြမှာပါ။ နောက် ပြီးတော့ ကျွန်တော့်ကို ဒီအလုပ် ဆက်မလုပ်တော့အောင် အဓိက တားမြစ်တဲ့ တချို့ကိစ္စတွေကိုတော့ တိတိကျကျ မပြောချင်ဘူး။ မကြိုက်တာတွေတော့ အများကြီးပေါ့။


Q - နိုင်ငံရေး ခိုလှုံသူအားလုံးက နိုင်ငံတော် ဒီမိုကရေစီရဖို့ လုပ်နေကြတာမဟုတ်ဘူးလား။

A - အောင်မလေး....။ သူတို့ထဲမှာတင် ဒီမိုကရေစီအရင်ရပါစေအုံး။ အကျင့်ပျက်လာဘ်စားတာတွေ ပျောက်ပါ စေအုံး။ သတိထားမိလားတော့မသိဘူး။ အတိုက်အခံ ဘလော့ စီဘောက်စ် အားလုံးလိုလို မှာ ဘန်းတာတွေ၊ ရေးခွင့်မပေးတာတွေ၊ ဖျက်တာတွေရှိတယ်။ http://kyeesaytaman.blogspot.com/ , http://padaukmyay.blogspot.com/ , http://www.oppositeyes.blogspot.com/ ဘလော့တွေမှာ သူတို့တွေ သွားရေးကြတယ်။ အဲ့ဘလော့တွေက ပြန်လာရေးရင်တော့ ဒုတိယအကြိမ်ဆိုရင် ဘန်းပြီးပြီ။ စီဘောက်တောင် လွတ်လွတ်လပ်လပ်ပြောခွင့်မရှိတာ ဘယ်ကလာ။ ဘာဒီမိုကရေစီမှမသိကြဘူး။ မရှိကြဘူး။



Q - နိုင်ငံရေးဘလော့ဂါ ဘဝ အပြီးမှာ ဘာတွေကျန်ခဲ့လဲ
A - ဟား ဟား ဟား ။ ကျွန်တော် အမှန်တိုင်းပြောရင် ကျွန်တော့ကို ဝိုင်းဆဲကြလိမ့်မယ်။ မပြောတော့ပါဘူး။



Q - တစ်ခုလောက်တော့ ပြောပြပါ
A - ဘယ်လိုပြောရမလဲ….။ ဟို….. အဆိုးမြင်တတ်သွားတာပေါ့ဗျာ…။ ဥပမာ နအဖ က ဆည်ဆောက်တယ်၊ တံတားဆောက်တယ်၊ လျှပ်စစ်ဓာတ်အားပေးရုံဆောက်တယ်။ ဒါ အားလုံးသိနေတာပဲ ကလေး က စ သိတယ်။ ခရီး အစဉ်ပြေဖို့၊ မီးအားရဖို့ လုပ်တယ်ဆိုတာကို။ ဒါပေမယ့် ကျွန်တော်တို့က ဘယ်လိုရေးရလဲဆိုတော့ အဲ့ဒါကြီးဆောက်လို့ ရွာဘယ်နှရွာ ပျက်ရတယ်၊ ရွာသားတွေ စိတ်ညစ်နေကြတယ်၊ ဆန္ဒပြကြတယ် ပေါ့။ နောက်တစ်ခုက တစ်နေရာရာမှာ ဗုံးပေါက်ကွဲ သွားရင် ပထမ တော့ နအဖ ကို တော်လှန်နေကြပြီဆိုတဲ့ အထာနဲ့ ဘယ်နေရာမှာ ဘယ်လို ကွဲတာ ဘယ်လောက် သေတယ်။ ဟုတ်သော်ရှိမဟုတ်သော်ရှိ ရေးတာပေါ့။ နောက် နေ့ကျတော့ အဲ့ဗုံးက နအဖ က ခွဲတဲ့ အထာနဲ့ ပြန်ရေးပြန်ရော ဟား ဟား ။ ကျန်သေးတယ်။ မပြောတော့ဘူး။ အကျွမ်းကျင်ဆုံး တတ်တာကတော့ ဆဲတာပဲ။ ဟား ဟား။



Q - မြန်မာ့နိုင်ငံရေးနဲ့ ပက်သက်ပြီး အစ်ကို့ရဲ့ အမြင်လေး ပြောပါအုံး။

A - ဟား ဟား ဟား ...။ ကျွန်တော် အဖြေရအခက်ဆုံးက အဲ့ဒီမေးခွန်းပဲ။ ကျွန်တော်က ၂ နှစ်လောက်ပဲ ဒီလောကထဲက သတင်းတွေ၊ စာတွေ ဖတ်ခဲ့တာပဲ ရှိတာပါ။ ဝမ်းစာအရ ပိုက်ဆံရဖို့ ဘလော့ရေးတာ။ ဘယ်လိုလုပ်နားလည်မှာလဲ။ အနှစ် ၂၀၊ ၃၀ လောက် ဒီလောကထဲမှာ ကျင်လည်လေ့လာနေတဲ့လူတောင် (အနှစ် ၂၀ လုံး ဖောလျှောလုပ်ပြီး ပိုက်ဆံတောင်းနေတဲ့လူတွေတော့ မဆိုလိုဘူးပေါ့) နိုင်ငံရေး အမြင်ရှိဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ နားလည်တယ် ဆိုတဲ့ လူတွေကလည်း အလကား လျှောက်ပြောနေကြတာ။ စာအုပ်တစ်အုပ်လောက်ဖတ်ပြီး ကိုယ့်ကိုယ်ကို နိုင်ငံရေး ပညာရှင်ထင်နေကြတာပါ။




Q - အခု ထွက်လိုက်ပြီဆိုတော့ မြန်မာနိုင်ငံ ပြန်မှာပေါ့
A - ဟုတ်ကဲ့ ပြန်မှာပါ။ အခုလက်ရှိ နိုင်ငံရေးဘလော့ လည်းရှိတဲ့ ဘန်ကောက်ဒီဗွီဘီ မှာ လုပ်နေတဲ့ ညီမတစ်ယောက်ကတော့ ပြောပါတယ် သူလိုပဲ ဘန်ကောက် ဒီဗွီဘီမှာ ဆက်လုပ်ဖို့ပေါ့။ ဒါပေမယ့် တော်ပါပြီ။



Q - အစ်ကို့ကြည့်ရတာ တော်တော် ခါးသည်းနေပုံပဲ။ နိုင်ငံရေးဘလော့ဂါဘဝကို
A - ခါးသည်းတာ မဟုတ်ပါဘူး။ ဒီလောက၊ ဒီအလုပ်တွေက အသိဥာဏ်အရမ်းထိုင်းမှိုင်းတယ်။ လက်တွေ့မရှိဘူး။ ပရိုဂရမ်မာတစ်ယောက် ကွန်ပျူတာရှေ့ တစ်နေကုန်ထိုင်နေတာက သူ့မှာ တစ်ရက်ဆိုတစ်ရက် ရလဒ်တွေ အများကြီးထွက်တယ်။ နိုင်ငံရေးဘလော့ဂါတွေမှာ ဘာရလဒ်မှမထွက်ဘူး။ အကုသိုလ်ကများသေးတယ်။ အဓိကက လူငယ်တွေရဲ့ တွေးခေါ် ဆန်းသစ်တတ်တဲ့ အသိဥာဏ်တွေ ပျောက်ကုန်တယ်။ ဒါကြောင့်ပါ။



Q - မြန်မာနိုင်ငံရောက်လို့ တစ်ခုခု ပြဿနာတက်ရင် ဘယ်လိုစီစဉ်ထားလဲ
A - ထွက်ဖို့မှီရင်တော့ မလေးကို ပြန်ထွက်မယ်။ မလေးမှာက နိုင်ငံရေးဘလော့ဂါတွေများတယ်။ အဲ့မှာက နိုင်ငံခြားရောက်လာပြီး အလုပ် အဆင်မပြေတဲ့လူတော်တော်များများက နိုင်ငံရေးထဲပဲဝင်နေကြတာ။ မလေးမှာဆိုရင် ညဆို သောက်လိုက်စားလိုက် စီဘောက်စ်တွေမှာ ဝင်ဆဲလိုက်နဲ့ ဆိုတော့ မဆိုးပါဘူး။ ကျန်တာတော့ အဲ့ဒီရောက်မှ ဆက်စဉ်းစားရမှာပေါ့။ ပြန်ထွက်ဖို့ မမှီရင်တော့ အမျိုးသမီးလောင်းကို ပြောထားပါတယ်။ နေဘုန်းလက်နဲ့ မယ်လိုဒီမောင် လိုပဲ သာ မှတ်လိုက်လို့။ ဟား ဟား ဟား။



Q - အစ်ကိုဖြေထားတာတွေနဲ့ပက်သက်ပြီး အကြောင်းအမျိုးမျိုးကြောင့် အစ်ကို့ဆီ ဆက်သွယ်ချင်တဲ့လူတွေ အတွက် ဆက်သွယ်လို့ရအောင် အစ်ကို့ အီးမေးကို ဖော်ပြထားလိုက်ပါမယ်။ အစဉ်ပြေမလား။

A - မပြေစရာအကြောင်းမရှိပါဘူး။ ကျွန်တော့် အီးမေးက thwinkoko@gmail.com ပါ။ မြန်မာနိုင်ငံ ပြန်ရောက် ရင်တော့ အွန်လိုင်းသိပ်မတက်ဖြစ်ဖို့များပါတယ်။ ဒါပေမယ့် လိုပါသေးတယ်။






- ဟုတ်ကဲ့ ခုလို အချိန်တော် ကြာအောင် စိတ်ရှည်လက်ရှည်ဖြေပေးလို့ ကျေးဇူးအထူးပါ အစ်ကို။ မြန်မာနိုင်ငံမှာ အဆင်ပြေဖို့ ဆုတောင်းပေးလိုက်ပါတယ်။

ဒေါ်လာစားတို့ ဝါဒီ


  1. မိမိဟာ ပညာမတက်သူတစ်ယောက် ဖြစ်ချင်ဖြစ်နေပစေ၊ ၈ တန်းအောင် တစ်ယောက်ဖြစ်ချင် ဖြစ်နေပါစေ၊ ဆရာဝန် တစ်ယောက် ဖြစ်ချင်ဖြစ်နေပါစေ၊ ကိုယ့်နိုင်ငံထဲမှာ အဆင်မပြေလို့ နိုင်ငံခြားကို ခိုလုံ သက်သာမှု ရှာသူ ဖြစ်နေကောင်း ဖြစ်နေပေမယ့် ပြည်တွင်းက ဆရာဝန်တစ်ယောက် မှားယွင်းစွာ ကုသမှုတွေဆိုရင် အရင်ဆုံး ထောက်ပြ ပြောဆိုရမယ်။ မိမိဟာ ထိုဆရာဝန်ကဲ့သို့ နိုင်ငံတွင်းမှာ ဆေးမကုနိုင်လို့ နိုင်ငံခြားမှာ နိုင်ငံခြားသားကို ကုသနေသူ ဖြစ်နေပစေ ပြည်သူတွေကို ကုသနေသူကိုတော့ ဦးအောင် အပြစ်တင်ရမယ်။ မိမိဟာ ပညာမတက်လို့ နိုင်ငံခြားမှာ အလုပ်ရှာဖို့ ထွက်လာရင်း တစ်ခုမှ အဆင်မပြေလို့ နိုင်ငံရေး ဝင်လုပ်နေရသူဖြစ်ပစေ၊ ပြည်သူ့အကျိုးပြုမပြောနဲ့ ကိုယ့်အကျိုးပြု ကိုတောင် ကောင်းကောင်းမလုပ်နိုင်သူ ဖြစ်ပစေ၊ နိုင်ငံခြားရောက် ၈ တန်းအောင် တစ်ယောက်က ပြည်တွင်းက ပြည်သူတွေကို ကုသနေတဲ့ ပါရဂူ တစ်ယောက်ကို ဝေဖန်သုံးသပ်မှုတွေ လုပ်ပေးရမယ်။

  2. တဖက်က လမ်းပေါ်မှာဆန္ဒပြနေတဲ့ သံဃာတွေကို အစိုးရက ရိုက်နှက်နှိမ်နင်းလို့ သာသနာဖျက်အစိုးရဆိုပြီး ပြင်းပြင်းထန်ထန်စွပ်စွဲ ပုတ်ခတ်နေတဲ့အချိန်မှာ၊ အခြားတစ်ဖက်ကလည်း ၀ိနည်းညီသံဃာတွေ၊ မိမိတို့ သံဃာအလုပ်ကို လုပ်ပီး ခရီးသွားလာနေတဲ့ သံဃာတွေကို သမိုင်းတစ်လျောက် အကြောင်းမဲ့ သတ်ဖြတ်မှုပေါင်း အတောမသတ်နိုင်အောင် လုပ်ခဲ့တဲ့ ကေအန်ယူသောင်းကျန်းသူတွေနဲ့ လက်တွဲ ဆောင်ရွက်တာတွေ၊ ကျဆုံးသွားတဲ့ ကေအန်ယူခေါင်းဆောင် တစ်ယောက်ကိုဆို အာဇာနည်လို့ ညွှန်းဖွဲ့ကြတာ တွေကို ပြုလုပ်ရမယ်။

  3. စစ်တပ်မှာရှိတဲ့ တစ်ခါတစ်လေတွေ့လိုက်ရတဲ့ လူငယ်ရုပ်စစ်သားလေးတွေတွေ့ရင် အတင်းဓါတ်ပုံတွေရိုက်ပီး ကလေးစစ်သားလို့ ကမ္ဘာကို ဓါတ်ပုံလေးပြပြ ပြောနေတဲ့အချိန်မှာ (ကလေးစစ်သားပုံက ဒီပုံတွေချည်း ထပ်နေရင် ထပ်နေပစေ) တဖက်ကလည်း သောင်းကျန်းသူတွေရဲ့ အမည်ပေါင်းစုံနဲ့တပ်တွေမှာရှိတဲ့ ကလေး စစ်သားပေါင်း များစွာတွေကိုတော့ မမြင်ချင်ယောင် ဆောင်နေရမယ်။

  4. စစ်တပ်အနေနဲ့ ရှေ့တန်းစစ်မျက်နှာ စစ်ဆင်ရေးတွေမှာ ရွာတွေထဲမှာ အယောင်ဖျောက်နေတဲ့ သောင်းကျန်သူတွေနဲ့ တိုက်ခိုက်မှုတွေဖြစ်ပွားတာမျိုး ရှိတဲ့အခါမျိုးမှာ ရွာသားတွေကို သတ်ဖြတ်နေပါပြီလို့ အော်ရမယ်။ တဖက်ကလည်း သောင်းကျန်းသူတွေရဲ့ ရွာလုံးကျွတ်သတ်ဖြတ်တာတို့၊ အလင်းဝင်ရွာတွေကို မီးရှို့တာတို့ ကို မပြောရဘူး။ ကိုယ်နဲ့မဆိုင်ဘူး။

  5. မြန်မာအစိုးရက ပိုက်လိုင်းချတာတို့၊ စီမံကိန်းတို့ကြောင့် သင့်တော်ရာနေရာတွေကို ပြောင်းရွှေ့လုပ်ကိုင်ဖို့ စီမံပေးတာကို ရွာတွေကို အတင်းအကျပ် ရွှေ့ပြောင်းနေပါတယ်လို့ ရေးသားရမယ်။ တဖက်ကလည်း ရှေ့တန်းမှာ လက်နက်ချမှာစိုးရိမ်တာကြောင့် အကြပ်ကိုင်ဖို့ ရည်ရွယ်တာရော၊ နိုင်ငံရေးအမြတ်ထုတ်လို့ရအောင်ပါ.. သူတို့ သောင်းကျန်းသူ စစ်သားဆွေမျိုးသားချင်းတွေ.. ရွာသားတွေကို ဒုက္ခသည်စခန်းတွေဆီ အတင်းအကျပ်ရွှေ့ပြောင်းစေမှုတွေကိုတော့ မသိချင် ဟန်ဆောင်ရမယ်။ ပူးပေါင်းစီမံကိန်းချ ဆောင်ရွက်သူတွေ လို့ရေးသားရမယ်။

  6. အစိုးရရဲ့ ပိတ်ဆို့မှုများစွာကြားက စီးပွားရေးလုပ်လို့ရတဲ့ တရုတ်၊ ရုရှား၊ အာဆီယံ နိုင်ငံများနဲ့ ပုံမှန်နိုင်ငံတွေရှိရမဲ့ ဆက်ဆံမှုကို လက်ညှိုးထိုးစွပ်စွဲ ပြီး အမျိုးမျိုး အပြစ်တင်ရမယ်။ တဖက်မှာလည်း အတိုက်အခံတွေရဲ့ ပုံမှန်ထက် အများကြီးပိုတဲ့ စည်းတစ်ခုတောင် မထားတော့တဲ့ ခြေရှုပ်မှုတွေ၊ သတင်းဖလှယ်တာတွေ၊ လက်ဝါးရိုက်တာတွေကိုတော့ လက်ညှိုးကိုက်ပီး ကြည့်နေရမယ်။

  7. အစိုးရဟာ ပြည်သူတွေကို မကြည့်ဘူး၊ ရက်စက်တယ်လို့ အော်ချိန်မှာပဲ တဖက်ကလည်း တနိုင်ငံလုံး ပြည်သူတွေကို ထိခိုက်စေမဲယ့် စီးပွားရေးပိတ်ဆို့မှုကို ဘာမှမကြည့်ပဲကို အားရ၀မ်းသာ ထောက်ခံကြိုဆိုမှုတွေ၊ တိုက်တွန်းမှုတွေကို ရက်ရက်စက်စက် လုပ်ကောင်း လုပ်ရမှာပဲ။

  8. အဂတိလိုက်စားမှုတွေ အလွန်များပြားလို့ အစိုးရကို အပြစ်တင်ရမယ်။ တချိန်ထဲမှာပဲ ဒုက္ခသည်ခံချင်ရင် ဘယ်လောက်ဆိုတဲ့ သူတို့ရဲ့ နာမည်ပေါင်းစုံနဲ့ ဖွဲ့ထားတဲ့ အဖွဲ့တွေထဲမှာ ဈေးကွက်နဲ့ကို ပေါ်ပေါက်နေတဲ့ အရာတစ်ခုကိုတော့ မမြင်ချင်ယောင် ဆောင်နေရမယ် (မမြင်တာတွေ လည်း ရှိကောင်းရှိမယ်)။

  9. တဖက်မှာ အစိုးရဟာ ဥပဒေမဲ့လုပ်ရပ်တွေကို လုပ်ပါတယ်လို့ စွပ်စွဲရေးသားရမယ်။ တခြားတစ်ဖက်ကလည်း နိုင်ငံရေးနဲ့ ဘာမှမဆိုင်ပဲကို တကယ်အပြစ်လုပ်လို့ ပြစ်ဒဏ်ခံရတဲ့ ကိစ္စတွေကိုတောင် မတ၇ားဖမ်းဆီးပါတယ် ပြောလိုပြောရမယ်။ အဲလိုပြစ်မှုတွေနဲ့ ပြည်ပကို ထွက်ပြေးလာသူတွေကိုလည်း ဆီးကြိုနေရာပေးခြင်းများကို ပြုလုပ်ရမယ်။

  10. မုန်တိုင်းအတွက် နိုင်ငံတကာက လှူဒါန်းပစ္စည်းတွေ ဈေးကွက်ထဲ ရောက်နေတဲ့အချိန်မှာ ဘယ်လိုရောက်လဲတောင် မစုံစမ်းတော့ပဲ အစိုးရက ဖြတ်ခုတ်နေပါပြီလို့ အားရ၀မ်းသာ ကြေငြာအပြစ်တင်ချိန်မှာ တဖက်ကလည်း ဆယ်စုနှစ်နဲ့ချီပြီး နိုင်ငံတကာမှာ ဒုက္ခသည်တွေဗန်းပြ လှူဒါန်းငွေတွေကို အဖွဲ့အဆင့်ဆင့်က ဘယ်ရောက်လို့ ရောက်မှန်းမသိအောင် လုပ်ခဲ့တာကိုတော့ လစ်လျူရှုနိုင်ရမယ်။

  11. မြန်မာ့ပြည်တွင်းသတင်းဌာနကို သတင်းလွတ်လပ်ခွင့်မရှိလို့ စွပ်စွဲချိန်မှာ ရိုင်းစိုင်းမှုမပါတဲ့ ပုံမှန်ဆွေးနွေးတဲ့ ဆန့်ကျင်ဖက်အမြင်တွေကိုတောင် လွတ်လပ်မှုကို အသက်တမျှ မြတ်နိုးတယ်လို့ တကြော်ကြော် အော်နေပေမယ့် မကြိုက်တဲ့ ဘလော့တွေ ဆိုလဲ ဘန်းပစ်တာတွေ၊ သတင်းဌာနတွေဆိုလည်း မဖော်ပြတာတွေ၊ ကော်မန့်တွေ ဖျက်ပစ်တာတွေကို အံ့သြောဖွယ် အစဉ်တစိုက် လုပ်ဆောင်ရမယ်။

  12. အစိုးရကို ရိုးသားမှုမရှိပါဘူးလို့ ပြောနေချိန်မှာ တဖက်ကလည်း မမှန်မှန်းသိတဲ့ သတင်းတွေကိုတင်ရမယ်။ အဲဒါတွေကိုးကားပီး ဝေဖန်တာတွေ၊ လုပ်ကြံအင်တာဗျူးတွေ လွှင့်ရမယ်။

  13. ကယ်ဆယ်ရေးကို အပြင်းအထန်ကြီး လုပ်နေတဲ့ အစိုးရကို ဒုက္ခသည်ပြည်သူတွေကို အာရုံမစိုက်ဘူး၊ နိုင်ငံရေးလုံခြုံရေးကိုပဲ ကြည့်နေတယ်၊ ဒုက္ခသည်တွေကြားမှာ အသေအပျောက်တွေ များလာမှာစိုးတယ်လို့ တဖက်က အသေအကြေ စွပ်စွဲချိန်မှာ တဖက်ကလည်း အမေရိကန် အစရှိတဲ့ သင်္ဘောတွေ၊ အဆင်ပြေပြေမဟုတ်ပဲကို စစ်ရေးအရ၀င်အောင် နိုင်ငံရေးတိုက်ကွက်ဆင် လှုံဆော်ပြီး ဒုက္ခသည်တွေ အားလုံးအပြင် တနိုင်ငံလုံး ပြည်သူတွေကိုပါ စစ်ဒုက္ခထဲဆွဲသွင်းဖို့ စိတ်ပါလက်ပါ အားပေးအားမြောက် ပြုရမယ်။

  14. နောက်ဆုံးအဓိကဖြစ်တဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရတစ်ခုဖြစ်တဲ့ လွတ်လပ်စွာသဘောထား ကွဲလွဲခွင့်ကို လစ်လျှူရှုကောင်း ရှုထားပြီး ငါပြောသလိုမပြောရင် ငါ့ရန်သူပဲမြင်ကောင်း မြင်ရမယ်။ သတ်မယ်ဖြတ်မယ် ကျိန်းဝါးတဲ့အထိ အာဏာရှင် ဆန် ကောင်းဆန်ရမယ်။


  15. လက်တလော ပက်စပို့ သည် အရေးအကြီးဆုံးဖြစ်ပြီး။ လက်တလော စားဝတ်နေရးသည် ဒုတိယ အရေး အကြီးဆုံးဖြစ်၏။ ဒေါ်လာရဖို့ အတွက်ဆိုရင် ကိုယ့်နိုင်ငံအကြောင်း မကောင်းတာ အကုန် ပြောနေရပေအုံးမယ်။ အားလုံးက နားလည်ပေးစေချင်ပါတယ်။




Myanmar Express

ဒေါ်လာစားများနှင့် ဒီမိုနိုင်ငံရေး

ဘလော့ဂ်ဂါ ကျင့်ဝတ်


‘စာနယ်ဇင်းကျင့်ဝတ်တွေ ရေးခဲ့သလို ဘလော့ဂါကျင့်ဝတ်ဆိုပြီး ရေးပါဦး ခင်ဗျ။ အခု ဘလောဂ့်တွေ သိတ်များလာပြီး တချို့ မဟုတ်မဟတ်တွေချည်း ရေးနေကြတယ်’

လူငယ် စာနယ်ဇင်းသမားတစု ရောက်လာပြီး ပြောလိုက်တာ ဖြစ်ပါတယ်။ စာနယ်ဇင်းကျင့်ဝတ်တွေ အကြောင်း အမြဲလိုလို ရေးနေတာကြောင့် ခုလို ပြောလိုက်တာပါ။ အင်တာနက် ၀က်ဘ်ဆိုက်တွေ၊ ဘလော့ဂ်တွေကို စောင့်ကြည့်ဖတ်ရှုနေသူဖြစ်တော့ သူတို့ ပြောသလို ဘလော့ဂ်တွေ သောင်းချီရှိနေတာ တွေ့ရပါတယ်။ အတော်များများကလည်း မဖွယ်မရာတွေ ဖြစ်ပါတယ်။ တချို့ဆို ညစ်ညမ်းတာတွေ ဖြစ်ပါတယ်။


လူထုဂျာနယ်လစ်တွေ

ဘလော့ဂ်ဆိုတာတွေ ပေါ်ပေါက်လာတာ သိပ်မကြာလှသေးပါဘူး။ ကွန်ပြူတာ သုံးနိုင်သူတိုင်း ကိုယ်ပိုင် ဘလော့ဂ်တွေ လုပ်လို့ ရတာကြောင့် အချိန်ပေးနိုင်သူတိုင်း၊ ၀ါသနာပါသူတိုင်း ဘယ်သူမဆို လုပ်နိုင်ကြပါတယ်။ အထူးသဖြင့် လူငယ်ကလေးတွေက အများဆုံး လုပ်ကြပါတယ်။ တချို့က သတင်းတွေ ဖလှယ်ကြတယ်။ တချို့က ဖျော်ဖြေရေးအတွက်၊ တချို့က ပညာရေးအတွက် လုပ်ကြတယ်။ လူတိုင်း လုပ်လို့ ရတာကြောင့် ဒီလိုလုပ်တဲ့ ဘလော့ဂ်ဂါတွေကို တချို့က ‘လူထု ဂျာနယ်လစ်’ (Citizen Journalist) လို့ အမည်တပ်ပေးကြတယ်။ စစချင်းတော့ အပျော်လုပ်ကြတာပါ။ လုပ်ရင်းလုပ်ရင်းနဲ့ နောက်တော့ တကယ်ဝါသနာပါသွားပြီး တကယ့်ကို ပုံမှန်ဘလော့ဂ်တွေထောင်ပြီး သတင်းအလုပ်လုပ်တဲ့ ဘလော့ဂ်ဂါတွေ ပေါ်ပေါက်လာခဲ့ပါတယ်။


ရင်ဖွင့်တဲ့နေရာ

ဘလော့ဂ်ဂါတွေဟာ အများအားဖြင့် လူငယ်ကလေးတွေ ဖြစ်ကြတယ်။ တချို့က သတင်းအလုပ်ကို ၀ါသနာပါလို့ လုပ်ကြတာ။ တချို့ကျတော့ ကိုယ့်ရင်ထဲမှာ မျိုသိပ်ထားရတာတွေကို ဖွင့်ထုတ်ပစ်လိုက်ချင်လို့ လုပ်ကြတာ။ ဒီလို ရင်ဖွင့်ချင်သူတွေက အများစုပါ။ လူငယ်ကလေးတွေဆိုတော့ ရင်ထဲရှိတာတွေ ဖွင့်ထုတ်ရင်းနဲ့ မတော်မသင့်တာတွေ ပြောမိ ရေးမိကြတာတွေလည်း ရှိပါတယ်။ တမင်တကာကို မဟုတ်မဟတ်၊ မတော်တရော်တွေ လုပ်သူတချို့လည်း ရှိပါတယ်။ ဒါပေမဲ့ သောင်းနဲ့ချီတဲ့ ဘလော့ဂ်တွေထဲမှာ သိတ်အများကြီးတော့ မဟုတ်ပါဘူး။ အများစုကတော့ လူငယ်ကလေးတွေ အပျော်တမ်း လုပ်ကြတာတွေမို့ သင့်- မသင့်၊ တော်-မတော်၊ တင့်တယ်၏- မတင့်တယ်၏၊ မစဉ်းစားတတ်လို့ မလျော်မကန် ဖြစ်နေတာတွေသာ ဖြစ်ပါတယ်။ ဘလော့ဂ်တို့၊ အင်တာနက်တို့ဆိုတာတွေကို စပြီး သုံးနိုင်ကြတာ ဘာမှမကြာသေးပါဘူး။ ဒီတော့ လူငယ်ကလေးတွေအဖို့ ကစားစရာ အရုပ်ရသလို ဆော့လို့ ကစားလို့ အားမရနိုင်အောင် ဖြစ်ကြတာ သဘာဝကျပါတယ်။ ပြီးတော့ အပြင်မှာ ပြောလို့မရတဲ့ စကားမျိုးတွေကို ဘလော့ဂ်ထဲမှာ စိတ်ရှိလက်ရှိ ပြောထည့်လို့ ရနိုင်တယ် ဆိုတာကလည်း လူငယ်တို့ရဲ့အကြိုက် ဖြစ်နေတယ်လေ။ အဲဒါကြောင့် ဘလော့ဂ်ဂါတွေ များနေတာ ဖြစ်ပါတယ်။


စမ်းသပ်မှ တွေ့ရှိတယ်

ကွန်ပြူတာ အင်တာနက်ဆိုတာကလည်း ကစားစရာ အသစ်အဆန်း၊ ဘလော့ဂ်ဂါတွေ အများစုကလည်း လူငယ်ကလေးတွေ ဖြစ်နေတာကြောင့် ကျင့်ဝတ်တွေ ဘာတွေနဲ့ ပြောပြီး ‘မဟန့်’ ချင်ပါဘူး။ လူငယ်ကလေးတွေ လွတ်လွတ်လပ်လပ် ရင်ဖွင့်စေချင်တယ်။ ကွန်ပြူတာနဲ့ ရင်ဖွင့်တာက ဘီယာဆိုင်လို၊ နိုက်ကလပ်လို နေရာမျိုးတွေ သွားရင်ဖွင့်တာထက်တောင် ပိုပြီး အန္တရာယ်ကင်းပါတယ်။ လူကြီးတွေက ‘ဟန့်’ ရင် လူငယ်တွေရဲ့ တက်နေတဲ့ အရှိန်တွေ ‘တန့်’ သွားတတ်တယ်။ ‘တန့်’ ရာကနေ တဆင့်တက်တော့ ‘တုံး’ သွားပါရော။ ဒီတော့ ဘယ်ကောင်းတော့မှာလဲ။ လူငယ်တွေ အညွန့်တုံးသွားခြင်းဆိုတာ တိုင်းပြည်ရဲ့ တိုးတက်ထွန်းကားမှု အဆုံးတိုင်သွားခြင်းပဲ ဖြစ်တယ်။ အဲဒါကြောင့် အသစ်အဆန်းကို စမ်းသပ်နေကြတဲ့ လူငယ်တွေကို တားဆီးချုပ်ချယ် မလုပ်ချင်ဘူး။ စမ်းသပ်မှ တွေ့ရှိနိုင်တယ်။ ဘာမှ မစမ်းသပ်ရင် ဘာမှ မတွေ့နိုင်ဘူး။ ဘာမှမတွေ့တော့ ဘယ်လိုလုပ်ပြီး တိုးတက်မှာလဲ။


မရှိမဖြစ် R နဲ့ D

တိုင်းပြည် ထွန်းကားတိုးတက်ဖို့ဆိုရင် အသစ်အဆန်းတွေ စမ်းသပ်ရှာဖွေနေဖို့ လူငယ်တွေကို အားပေးရ ပါမယ်။ လိုအပ်တာတွေကိုလည်း ဖြည့်ဆည်းပေးရပါမယ်။ ထွန်းကားတိုးတက်တဲ့ နိုင်ငံတိုင်းမှာ သုတေသနနဲ့ ဖွံ့ဖြိုးရေး (Research and Development) လုပ်ငန်းကို အစိုးရတွေက လုပ်ကိုင်ရုံမက စီးပွါးရေးလုပ်ငန်းကြီး တိုင်းမှာလည်း R & D ဆိုတဲ့ ဌာနတွေကို ငွေကြေးအများကြီး အကုန်အကျခံပြီး လုပ်ဆောင်ကြပါတယ်။ စာသင်နှစ် တနှစ်ပြီးဆုံးတော့မယ်ဆိုရင် ကုမ္ပဏီကြီးတွေက တက္ကသိုလ်ကျောင်းတွေကို သွားပြီး ထူးချွန်ထက်မြက်တဲ့ ကျောင်းသားတွေကို မက်လုံးအမျိုးမျိုး ပေးပြီး စည်းရုံးခေါ်ယူလေ့ ရှိပါတယ်။ လူငယ်တွေရဲ့ အစွမ်းအစကို ယုံကြည်အားထားတဲ့ သဘောဖြစ်ပါတယ်။


ယုံကြည်မှု အရေးအကြီးဆုံး

ကိုယ့်ကို ယုံကြည်စိတ်ချစွာနဲ့ တာဝန်တခု ပေးအပ်တယ်ဆိုရင် ကိုယ့်ဘက်ကလည်း တာဝန်ကျေအောင် မဖြစ်မနေ ကြိုးစား လုပ်ဆောင်ပြချင်တတ်တာဟာ လူ့သဘာဝဖြစ်တယ်။ ‘ယုံကြည်မှု’ ဆိုတာ လူ့အဖွဲ့အစည်း အတွင်းမှာ အင်မတန် အရေးပါတဲ့ အရာတခု ဖြစ်တယ်။ လူတဦးနဲ့တဦး ယုံကြည်မှု အပြန်အလှန် ရှိမှ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံမှု ရှိနိုင်တယ်။ နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံ လူမျိုးနဲ့တမျိုးလည်း အပြန်အလှန် ယုံကြည်မှု၊ ရှိကြပါမှ ချစ်ကြည်ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်လို့ ရနိုင်ပါတယ်။ တဦးနဲ့ တဦးကြားမှာ ယုံကြည်မှု ပျက်ယွင်းသွားပြီ ဆိုရင်တော့ စစ်မှန်တဲ့ ရင်းနှီးချစ်ခင်မှုကို ဘယ်လိုနည်းနဲ့မှ တည်ဆောက်လို့ မရနိုင်ပါဘူး။


လူငယ့်စွမ်းအား အဓိက

နိုင်ငံတနိုင်ငံ တိုးတက်ထွန်းကားအောင် တည်ထောင်ဖို့ လူငယ်တွေရဲ့ စွမ်းအားဟာ အဓိကကျပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လူငယ်တွေမှာမှ ထက်သန်တဲ့ အားမာန်တွေ ရှိပါတယ်။ အထူးသဖြင့် ခုခေတ်လို နည်းပညာတွေ တဟုန်ထိုး တိုးတက်နေတဲ့ခေတ်ကို လူငယ်တွေမှပဲ အမီလိုက်နိုင်မှာ ဖြစ်တယ်။ လူကြီးဆိုတာက စိတ်သွားတိုင်း ကိုယ်ပါနိုင်တာ မဟုတ်ပါဘူး။ အသစ်အဆန်းတွေ ရှာဖွေစမ်းသပ်တဲ့ အလုပ်မျိုးတွေကို လူငယ်တွေပဲ ရှေ့က ဦးဆောင် လုပ်ကိုင်ကြပါစေ။ မတားပါနဲ့။ မဟန့်ပါနဲ့။ ပိတ်ပင်တားဆီး မလုပ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ အထက်မှာပြောခဲ့သလိုပဲ ‘ဟန့်’ ရာက ‘တန့်’၊ ‘တန့်’ ရာက ‘တုံး’ သွားတတ်လို့ပါ။


လူထုစိန်ဝင်း
၂၀၀၉ ခုနှစ်၊ ဇွန် ၁၇။



Myanmar Express

ပညာရှင်ဆိုတာ

အခုတလော ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ နိုင်ငံရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး၊ ဖွံ့ဖြိုးရေးစတဲ့ ပညာရပ်ဆိုင်ရာ စာအမျိုအစားတွေ တော်တော်လေး ထည့်သွင်းဖော်ပြလာကြတာ တွေ့ရတယ်။ အများစု က နိုင်ငံခြားစာအုပ်တွေကို ဘာသာပြန်တာ၊ တစ်ဆင့် ပြန်ပြောတာတွေ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေကို သုံးသပ်ဝေဖန်ပြီး ကိုယ်တိုင်ပြုစု ရေးသားထားတာမျိုး မတွေ့ရသလောက် ဖြစ်တယ်။ အဲဒါ ကြောင့် မြန်မာစာဖတ်ပရိတ်သတ်အတွက် အကျိုးရှိသင့်သလောက် မရှိဘူးလို့ ယူဆမိတယ်။


ရေးသူ သုံးမျိုးသုံးစား

ပညာရပ်ဆိုင်ရာ စာတွေရေးတဲ့အထဲမှာ သက်ဆိုင်ရာ ပညာရပ်ကို အထူးပြုလေ့လာခဲ့သူတွေ ရှိသလို အထူးပြုလေ့လာခဲ့သူ မဟုတ်ပေမယ့် ၀ါသနာအလျောက် ဖတ်ရှုခဲ့ရတဲ့ အကြောင်းအရာများကို အခြားသူများလည်း သိစေချင်တဲ့ စေတနာနဲ့ ဘာသာပြန်တာ ဒါမှမဟုတ် တစ်ဆင့်ပြန်ဖောက်သည် ချတာမျိုး လုပ်တတ်ကြတယ်။ အထူးပြုလေ့လာခဲ့သူတွေလို စာဖတ်သူရဲ့ ခေါင်းထဲလျှောကနဲ လျှောကနဲ ၀င်သွားအောင် ရှင်းရှင်းလင်းလင်း ချောချောမောမော မရေးနိုင်ပေမယ့် ဝါသနာအလျောက် ဖတ်ရှုလေ့လာ မှုအခံရှိထားတာကြောင့် နားမလည်နိုင်လောက်အောင်တော့ ရှုပ်ရှုပ်ထွေးထွေး မရှိလှပါဘူး။ ကြိုးစားဖတ်ရင် နားလည်ပါတယ်။ တချို့ကျတော့ လေ့လာမှုအခံ လုံးလုံးရှိခဲ့တာမဟုတ်ဘဲ ကိုယ်တိုင်က ခေတ်ရေစီးကြောင်းအတိုင်း လူတွင်ကျယ် လုပ်ချင်တဲ့ မြို့ကြီးသားလူလည် “အီလစ်”ခေါ်တဲ့ ရေပေါ်ဆီ လူတန်းစားများရဲ့ ဗီဇအတိုင်း တတ်ယောင်ကား ဝင်လုပ်တာဖြစ်တယ်။ ဒါမှမဟုတ် ဂျာနယ် မဂ္ဂဇင်းတွေက အင်တာနက်က ဆွဲချကူးယူထားတာကို “အဆိုင်းမင့်”ပေးလို့ ရေးကြတာ ဖြစ်တယ်။


ရေပေါ်ဆီလူတန်းစား အီလစ်များ

အဲဒီ တတိယအမျိုးအစားက ရေးတဲ့ စာတွေကျတော့ ဘယ်နှခေါက်ဖတ်ဖတ် နားမလည်နိုင်တာ တွေက များပါတယ်။ တကယ်သိ တကယ်တတ်လို့ ရေးတာမဟုတ်တဲ့အတွက် ပညာရပ်ဆိုင်ရာဝေါဟာရ အသုံးအနှုန်းတွေကို မြန်မာလိုရှိနေတာကိုတောင် ရှိမှန်းသိတာ မဟုတ်ပါဘူး။ ကိုယ်တိုင် ဘာသာပြန်ဖို့ လည်း အားထုတ်ကြိုးစား မလုပ်ပါဘူး။ အလွယ်လမ်းလိုက်ပြီး အင်္ဂလိပ်စာလုံးတွေ အတိုင်း အသံထွက်ပြီး ရေးလိုက်ကြတော့တာပါပဲ။ “မီးရထား”လို့ မြန်မာတိုင်းသိနေတာကို သူတို့က “ထရိန်း”လို့ ရေးချင်ကြတာ။ “နိုင်ငံရေး”ဆိုတဲ့ စကားရှိနေတာကို “ပေါ်လစ်တစ်”လို့ ရေးချင်ကြတာ။ လူအထင်ကြီးအောင် လုပ်ချင်တဲ့ သဘောဖြစ်တယ်။ တချို့များ ကွန်ပျူတာကို ကိုင်တောင်ကြည့်ဖူးတာ မဟုတ်ဘဲနဲ့ အင်တာနက်ခေတ် အကြောင်းရေးလိုရေး ဒစ်ဂျစ်တယ်ခေတ်အကြောင်း ပြောလိုပြောနဲ့ တော်တော်ကို လူအထင်ကြီးခံချင် ကြတာ။ ဒီ“အီလစ်”တွေရဲ့ အရေးအသားတွေထဲမှာ မျက်စိအနောက်ဆုံး အရေးအသားတစ်ခု ရှိပါသေး တယ်။ အဲ့ဒါကတော့ စာတစ်ပိုဒ်ရေးတိုင်း “ပညာရှင်အမြင်နဲ့ ပြောရရင်တော့”ဆိုတဲ့ စကားနဲ့စပြီး ရေးတာ မျိုးတွေပါပဲ။ အပေါ်စီးက လေသံနဲ့ စာဖတ်ပရိတ်သတ်တွေကို “နလပိန်းတုံး”လို့ သဘောထားပြီး ပြောနေ တာဖြစ်တယ်။ ကြည့်လိုက်တော့ အဲဒီလို ရေးသူတွေဟာ ပညာရပ်တစ်ခုကို တကယ်တမ်း စူးစူးစိုက်စိုက် လေ့လာဆည်းပူးခဲ့သူတွေ မဟုတ်ဘဲ နိုင်ငံခြားသံရုံးတွေက လက်သပ်မွေးပြီး ဟိုသင်တန်း ဒီသင်တန်း ဆိုတာမျိုးတွေ လွှတ်ပေးလို့ ခဏတစ်ဖြုတ် သင်တန်းသွားတက်ဖူးရုံလောက်ပါပဲ။


မကြွားတတ်တဲ့သူ

ဒီပြန်ရောက်တော့ ကိုယ့်ရင်ဘတ်မှာ ကိုယ့်ဟာကိုယ် တံဆိပ်ကပ်ပြီး ပညာရှင်ဆိုတဲ့စကား ပါးစပ် က မချနိုင်အောင် ဖြစ်နေတာပါ။ စာပေ လောကထဲကပဲ မိတ်ဆွေ ကာတွန်းဆရာ တစ်ယောက်ရှိပါတယ်။ သူက အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်ကြီး သွားရောက်တက်ပြီး ခုခေတ် ခေတ်စားနေတဲ့ အမ်ပီအေ ဆိုတဲ့ မဟာဘွဲ့ယူပြီး ပြန်လာခဲ့တာပါ။ ဒါပေမဲ့ သူ့ကိုယ်သူ ဟားဗတ်ပြန်လို့ တစ်ခါမှ ရေးတာ မတွေ့ဖူးပါဘူး။ သူ့ကိုယ်သူ ပညာရှင်လို့ ပြောတာလည်း မကြားဖူးပါဘူး။ သူ့ဟာသူ ကာတွန်းဘဲဆွဲတဲ့ အလုပ် ဆက်လုပ်နေတာပါပဲ။ ဘယ်သူ့ကိုမှ ဆရာလုပ်မနေပါဘူး။ နေရာတကာ လူတွင်ကျယ် လုပ်ချင်တဲ့ ရေပေါ်ဆီလူတန်းစား “အီလစ်”တွေကသာ မျက်စိနောက်စရာ ကောင်းလောက်အောင် ဝင့်ဝါနေကြတာ ဖြစ်ပါတယ်။

“ပညာရှင်”ဆိုတဲ့ စကားနဲ့ပတ်သက်ပြီး အင်္ဂလိပ်လူမျိုး ဘာသာဗေဒနဲ့ ဒဿနိက ပါမောက္ခ A.C Grayling ရေးခဲ့တဲ့ အက်ဆေးတစ်ပုဒါကို သတိရမိပါတယ်။ ၂၀၀၇ ခုနှစ်က ထုတ်ခဲ့တဲ့ The Form of Things ဆိုတဲ့ အက်ဆေးပေါင်းချုပ် စာအုပ်ထဲက The Role of the Intellectual ဆိုတဲ့ အက်ဆေးပါ။ ဖတ်ကြည့်စေချင်ပါတယ်။

အတွေးအခေါ်ဆိုတာ သမိုင်းကိုမောင်းနှင်တဲ့ အရာဖြစ်တယ်။ အတွေးအခေါ်များဟာ ပုံသဏ္ဌာန် အမျိုးမျိုးဆောင်ပြီး ရင်းမြစ်များစွာ ရှိတယ်။ သူတို့ဟာ အကြာခဏ သူတို့ကိုယ်ပိုင် ဘဝနဲ့သူတို့ နေလေ့ရှိပြီး သူတို့သြဇာလွှမ်းမိုးတဲ့ သမိုင်းခေတ်ထက် ပိုပြီးကြီးကျယ်ကြောင်း သက်သေထူနိုင်ခဲ့ကြတယ်။

ဒါကြောင့် အတွေးအခေါ်မျာား အလွန့် အလွန် အရေးပါတဲ့ အရာဖြစ်တယ်။ သူတို့ကို သေသေချာချာ စမ်းသပ် စစ်ဆေးပြီး အခြေအတင်ဆွေးနွေးတာ၊ ရှင်းချက်ထုတ်တာ ဝေဖန် ဆန်းစစ်တာ ကောင်းရင် လက်ခံပြီး မကောင်းရင် သုတ်သင်ဖယ်ရှားပစ်တာ လုပ်ဖို့လိုအပ်တယ်။

ဒါတွေလုပ်ဖို့ ကိစ္စဟာ ကျွန်တော်တို့အားလုံးနဲ့ သက်ဆိုင်တယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ဒီ တာဝန်က ဒီအလုပ်ကို အမှန်တကယ် စိတ်ပါဝင်စားပြီး ဒီတာဝန်ထမ်းဆောင်ဖို့ အထုံပါရမီရှိသူများ အပေါ်မှာသာ ကျရောက်သွားလေ့ ရှိတယ်။ အဲဒီသူများဟာ “ပညာရှင်များ” (intellectuals)
ဖြစ်ကြတယ်။

ပညာရှင်ဆိုသူများဟာ အတွေးအခေါ် (အိုင်ဒီယာ) တွေကို စိတ်ပါဝင်စားရုံသာမက ကိုယ်ထိ လက်ရောက် လုပ်ကိုင်ဆောင်ရွက်သူများ ဖြစ်တယ်။ သူတို့က သူတို့ဟာ သူတို့တာဝန်အဖြစ် သတ်မှတ် ကြတယ်။ တချို့က ဝတ္တရားတစ်ခု အဖြစ်လို့ကို သဘောထားကြတယ်။ သူတို့မှာ ရှိတဲ့ စိတ်ဝင်စားမှုနဲ့ ကျွမ်းကျင်မှုများကိုသာ ထိုက်ထိုက်တန်တန် အသုံးချခွင့်ရမယ်ဆိုရင် သူတို့ဟာ ခွဲခြမ်းစိတ်ဖြာဖို့၊ မေးခွန်း တွေထုတ်ဖို့၊ ရှင်းလင်းချက်တွေ လုပ်ဖို့၊ အမြင်သစ် ရှုထောင့်သစ်တွေ ရှာဖို့၊ အကြံပေးတင်ပြဖို့၊ ဝေဖန်ဖို့ စိမ်ခေါ်ဖို့၊ စောဒကတက်ဖို့၊ စစ်ဆေးစမ်းသပ် အဆိုပြုချက် တင်ဖို့၊ အခြေအတင် ငြင်းခံဖို့၊ ပညာပေးဖို့၊ သဘောထား ပြောကြားဖို့၊ အကြံပြုဖို့၊ ဖြစ်နိုင်ရင် အသစ်ရှာဖွေတွေရှိဖို့ မဆုတ်မနစ် ဆောင်ရွက်ကြမှာ ဖြစ်တယ်။

ဒီအလုပ်တွေကို သူတို့က လူ့အဖွဲ့အစည်းကြီးအတွင်း စာရိတ္တရေး၊ နိုင်ငံရေး၊ ပညာရေး၊ ယဉ်ကျေးမှုရေး စတဲ့ အရေးကိစ္စများကို ပြောဆိုဆွေးနွေး လုပ်နေကြမှာ သူတို့ရဲ့ ပါဝင်အကျိုးပြုမှု အဖြစ် သဘောထားကြတယ်။ ဒါတင်မက လူ့အဖွဲ့အစည်းကို သမိုင်းက သင်ကြားပေးလိုက်တဲ့ သင်ခန်းစာများ အကြောင်း သတိပေးနှိုးဆော်ဖို့ အနာဂတ်အတွက် ပြုခဲ့တဲ့ ကတိကဝတ် ပြဋ္ဌာန်းချက်များကို မမေ့မလျော့ ရှိစေဖို့ နှိုးဆော်မှုအဖြစ်လည်း သဘောထား ခဲ့ကြတယ်။ အဲဒါကြောင့် ပညာရှင်ဆိုသူများဟာ “ဆိုကရေး တီး”က သူ့ကိုယ်သူ ခိုင်းနှိုင်းပြောခဲ့တဲ့ စကားအတိုင်း ပြောရရင် “တိုင်းနိုင်ငံတစ်ခုကို အစဉ်အမြဲ နိုးကြား နေအောင် ထိုးဆွပေးတဲ့ မှက်ကောင်များ ဖြစ်တယ်”လို့ ဆိုရပေလိမ့်မယ်။

ပညာရှင်များ ကြုံတွေ့ရလေ့ရှိတဲ့ အန္တရာယ်များဟာ အရာရာကို အကောင်းဆုံးကိုချည်း လိုချင် ခြင်း၊ မိုက်မဲခြင်း၊ လေကြီးမိုးကြီး ပြောတတ်ခြင်း၊ ကိုယ့်ဂုဏ်ကိုယ် ဖော်လေ့ရှိပြီး၊ အရေးမပါ အရာမရောက် တဲ့ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ ကိစ္စများကို စကားကြီး စကားကျယ်များ သုံးပြီး ဟောင်ဖွာဟောင်ဖွာ လုပ်ခြင်းများ ဖြစ်တယ်။

တကယ်တမ်းလည်း သူတို့ဟာ ခဏခဏ အဲဒီ အန္တရာယ်ထဲ ကျရောက်ခဲ့တာကြောင့်၊ အင်္ဂလို ဆက်ဇွန်တို့ ကြားမှာ နာမည်ဆိုး ရခဲ့ကြတယ်။ အင်္ဂလိုဆက်ဇွန်တွေက လူသာမန်တွေရဲ့ ပွင့်ပွင့်လင်းလင်း တဲ့တိုးပြောတာမျိုးကို ဂေါလစ် စကားတန်ဆာတွေနဲ့ မွမ်းမံထားတဲ့ ကျင့်ဝတ်သီလအကြောင်း အတင်းအဖျင်း စကားတွေထက်ပိုပြီး တန်ဖိုးထားပြီး ရှိကြတယ်။

ဒါပေမဲ့လို့ ပညာရှင်များရဲ့ တက်ကြွတဲ့ ဆောင်ရွက်မှုတွေကြောင့် လူ့အဖွဲ့အစည်းအတွက် အကျိုးကျေးဇူးတွေလည်း ရှိပါတယ်။ လူ့အဖွဲ့အစည်း ကိုယ့်အကြောင်းကိုယ် သိရှိစေမှု၊ နိုးကြားမှု၊ ရှင်းလင်း ပြတ်သားမှု၊ လှုံဆော်မှု၊ ဆင်ခြင်တွေးခေါ်နိုင်မှု၊ အသိဥာဏ် ပြည့်ဝမှု၊ ဆွေးနွေး ငြင်းခံမှု၊ လှုပ်ရှား ဆောင်ရွက်မှုတို့ ဖြစ်တယ်။

မေးခွန်းထုတ်လေ့မရှိတဲ့ ပတ်ဝန်းကျင် ကမ္ဘာကြီးကို တောက်ပတဲ့မျက်လုံးနဲ့ စုံစမ်းစစ်ဆေးကြည့် လေ့မရှိတဲ့ အကြောင်းတရား အမျိုးမျိုးကို နားလည်သိရှိဖို့ မတူခြားနားတဲ့ နည်းလမ်းအသွယ်သွယ်နဲ့ ကြိုးစား အားထုတ်လေ့မရှိတဲ့ ခပ်ပျင်းပျင်း ခပ်ဖျင်းဖျင်း လူ့အဖွဲ့အစည်းမျိုးဟာ ပထမတော့ ထုံထုံထိုင်းထိုင်းဖြစ်ပြီး နောက်တော့ နောက်ပြန်ဆုတ်သွားမှာ အသေအချာ ဖြစ်တယ်။

ဒီလို နည်းနဲ့ပဲ ပညာရှင်များက လူ့ဘောင် လူ့အဖွဲ့အစည်းအတွက် တိုးတက်မှု မျှော်လင့်ချက်တွေ ရှင်သန်စေခြင်း၊ လူ့အဖွဲ့အစည်းရဲ့ သဘာဝတရားနဲ့ ဦးတည်ရာ ပန်းတိုင်နဲ့ ပတ်သက်ပြီး မရပ်မနား စောဒကတက်ခြင်းစတဲ့ တာဝန်များကို ထမ်းဆောင်ရင်း အကျိုးပြုနေကြပေတယ်။

ပါမောက္ခ ဂရေးလင်းက “ပညာရှင်ဆိုသူများက အတွေးအခေါ် (အိုင်ဒီယာ) တွေကို စိတ်ပါဝင် စားရုံမက ကိုယ်ထိလက်ရောက် လုပ်ကိုင်ဆောင်ရွက်သူများ ဖြစ်တယ်” လို့ ဆိုခဲ့သလိုပဲ၊ ကျွန်တော်တို့ ဆီက ကွယ်လွန်သူ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်း ကလည်း “ပညာရှင်ဆို အသစ် အသစ် တွေကို အမြဲတမ်း ရှာဖွေ ဖော်ထုတ်နေရမယ်။ ကိုယ်ရှာဖွေဖော်ထုတ်ဖို့လို့ သိရှိတဲ့ အရာတွေကိုလည်း ကိုယ်သေရာ ယူမသွားဘဲ နောက်လူတွေကို ဖြန့်ဝေပေးနေရမယ်” လို့ ပြောခဲ့ပါတယ်။ ဆရာဟာ သူ ပြောတဲ့အတိုင်း သုတေသန အလုပ်တွေကို မရပ်မနား လုပ်နေရုံမက သူ ရှာဖွေဖော်ထုတ်သိရှိခဲ့ သမျှ တွေကိုလည်း စာအုပ်တွေ၊ စာတမ်းတွေ အဆက်မပြတ် ရေးသားသွားခဲ့တာ ဖြစ်တယ်။ “အသစ် အသစ် တွေ ရှာဖွေဖော်ထုတ်မနေရင် ပညာရှင် မဟုတ်ဘူး” လို့တောင် ဆရာက သူဝသီအတိုင်း ရှင်းရှင်းပြတ်ပြတ် ပြောခဲ့တာပါ။

ကိုယ်ပိုင် အတွေးအခေါ်အသစ်တွေ၊ အမြင်သစ်တွေ၊ ရှာဖွေတွေ့ရှိမှု၊ အသစ်တွေမပြုလုပ်နိုင်ဘဲ နဲ့ သူများရေးတဲ့စာအုပ်တွေဖတ်ပြီး ပြန်ပြောတတ်ရုံ ကိုးကားရွတ်ဆို ပြတတ်ရုံနဲ့တော “ပညာရှင်”လို့ ခေါ်နိုင်မယ် မထင်ပါဘူး။ ပညာတတ်သူ၊ စာဖတ်သူလို့ပဲ ခေါ်ရမယ် ထင်ပါတယ် စဉ်းစားကြပါကုန်။

လူထုစိန်ဝင်း
၈.၁၂.၂၀၀၉

ဒေါ်လာလမ်းကြောင်း တစ်လမ်းမောင်း

ဒီ လမ်းမကြီး ပေါ်မှာ လျှောက်မိပြီ ဆိုမှတော့ မသေမချင်း လျှောက်ရုံသာ ရှိတော့သည်။ လမ်းခွဲ မရှိ။ လမ်းလွှဲ မရှိ။

ရှေ့တွင် မှောင်မည်း နေသည် ဖြစ်စေ၊ လမ်းမှား ဖြစ်နေပါစေ။ ကိုယ် လျှောက်တဲ့ လမ်းကို အကောင်းဟု မြင်ရမည်။ အကောင်းဟု ပြောရမည်။ ဆန့်ကျင်ဘက် လမ်းအားလုံးကို အပြစ်မရှိ အပြစ်ရှာပြီး မကောင်း ပြောရမည်။ ဆန့်ကျင်ပြီး များများ မကောင်း ပြောနိုင်လေ မိမိ လမ်းအတွက် ပို အဆင်ပြေလေ ဖြစ်သည်။

မိမိလမ်းကို အပြစ် ထောက်ပြသူအား ဆဲရေး တိုင်းထွာမှု မျိုးစုံ လုပ်ရမည်။ မိမိ လမ်းအတွက် ဖင်ပိတ်ပြီး ငြင်းရဲ ရမည်။

ခံယူချက်တွေ ဘာတွေ ရှိခြင်း၊ မရှိခြင်းက အဓိက မဟုတ်ပါ။ မိသားစု စားဝတ်နေရေး၊ နိုင်ငံခြားတွင် နေထိုင်နိုင်ရေး နှင့် သား၊ သမီးများ ၏ အနာဂါတ် အတွက် ကြည့်ရမည်။

ဘာပညာမှ မတက်သူတွေအတွက် အကောင်းဆုံးနည်း ဖြစ်သည်။ ဆိုင်းဘုတ် ကိုင်တတ်၊ သူများ အော်သွားတာ ကို နောက်က လိုက်အော်တတ်၊ မြန်မာစာ ရိုက်တတ်ရုံဖြင့် အဆင်ပြေနိုင်သည်။ (အချို့ မြန်မာ စာတောင် မရိုက်တတ်တဲ့ မြည်မာ နိုင်ငံကို အရမ်းချစ်သည့် ပြည်ချစ် များ တောင် ရှိသေးသည်)

ဘဝကို သက်တောင့် သက်သာနည်း ဖြင့် ဖြက်ကျော် နိုင်သည်။ အဝေ မတည့်သည် များကို သူများမသိစေရ။

'ကိုယ်စီးတဲ့မြင်း အထီးမှန်းမသိ အမမှန်းမသိ' လို့ အပြောမခံရအောင်၊ 'မိမိတို့ကို နာမည်ခံ ရှာကျွေးနေသော လူရဲ့ နာမည်ကိုတောင် မသိတဲ့ ဘာမှ စာတတ်တဲ့ ဒေါ်လာ သူတောင်းစား' လို့ အပြော မခံရအောင် အောက်ဖော်ပြပါ ပုံထဲက ကိစ္စတွေကို သတိထားရမယ်

[untitled_88.jpg]

ဓမ္မနဲ့ အဓမ္မကြားမှာ '၀င်း-၀င်း' အဖြေရှိနိုင်သလား

၂၀၀၉ခုနှစ် အတွင်း ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ အစည်းအဝေး မှန်သမျမှာ အလေးထားဆုံး ဆွေးနွေးပွဲခေါင်းစဉ် တစ်ခုကတော့ ကမ္ဘာကြီး ပူနွေးလာမှုကို တားဆီးဖို့ ကာဗွန်ဓာတ် ထုတ်လွှင့်မှု လျော့ချရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို နိုင်ငံတိုင်းက အားသွန်ခွန်စိုက် ဆောင်ရွက်ကြရေး ဖြစ်တယ်။


ထိပ်တန်းဦးစားပေးပြဿနာ

နှစ်စဉ်နှစ်တိုင်း အရေးကြီးဆုံး ပြဿနာများအဖြစ် သဘောထား ဆွေးနွေးခဲ့ကြတဲ့ အစ္စရေး-ပါလက်စတိုင်း ပြဿနာ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးပြဿနာ၊ ဆင်းရဲမွဲတေမှုနဲ့ အငတ်ဘေး ပပျောက်ရေးပြဿနာ၊ နျူကလီးယားလက်နက် ထိန်းချုပ်ရေးပြဿနာ စတဲ့ ခေါင်းစဉ်ဟောင်းများကို ကျော်လွန်ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စ ထိပ်ဆုံးဦးစားပေးကိစ္စ ဖြစ်လာတာ ကောင်းပါတယ်။ ၀မ်းသာစရာပါ။ ကမ္ဘာကြီးတစ်ခုလုံးရဲ့ အခြေအနေ တစ်နေ့တခြား ဆိုးသထက်ဆိုးလာ နေတယ်ဆိုတာ ကလေးလူကြီးမကျန် အားလုံးသိနေကြပါပြီ။ အခု ဆောင်းရာသီ ရောက်နေတာတောင် ဆောင်းမှန်းမသိရတော့ပါဘူး။ နှင်းမှုန်မှုန်ထဲ မှာ အနွေးထည်ရောင်စုံတွေ ၀တ်ဆင်ပြီး မနက်အစောကြီး လမ်းလျောက်တဲ့ သူတွေအစား၊ ဘောင်းဘီတို၊ စပို့ရှပ်နဲ့ ချွေးသံရွှဲရွှဲ လမ်းလျောက်နေသူတွေပဲ မြင်တွေ့နေရတော့တယ်။ ညဦးပိုင်းတွေမှာ မိသားစုတစ်ခုလုံး မီးလင်းဖိုဘေး စုဝေး၀ိုင်းထိုင်ရင်း ခေါပုတ်ကင်စား၊ ထန်းပင်မြစ်ဖုတ်စား၊ ပဲမြစ်ပြုတ် စားတဲ့ အခုဆောင်းမြင်ကွင်းတွေ ပျောက်ကွယ်သွားတာလည်း ကြာလှပါပြီ။ ဆောင်းမှာ သိပ်မအေးသလို နွေမှာလည်း သိပ်မပူဘဲ ရာသီဥတုမျတပြီး နေလို့ကောင်းတဲ့ ရန်ကုန်မြို့ကြီးလည်း အခုဆိုမန္တလေးနဲ့ အားလုံး အတူတူဖြစ်နေပြီ။


ပရုတ်နံ့သင်းတဲ့ လေနုအေး

အောက်အရပ်ဒေသတွေသာ ဒီလိုဖြစ်တာမဟုတ်ဘူး။ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်စတဲ့ တောင်ပေါ်ဒေသတွေမှာလည်း အတူတူပါပဲ။ သိသိသာသာ အပူရှိန်တွေမြင့်တက် လာခဲ့တယ်။ ရှေးကမေမြို့(ပြင်ဦးလွင်)တက်တဲ့အခါ နှစ်ဆယ့်တစ်မိုင် စခန်းလွန်တာနဲ့ ပရုတ်နံ့သင်းနေတဲ့ လေနုအေးကလေး ရှုရှိုက်လိုက်ရတာကြောင့် လူတိုင်းလန်းဆန်း ရွှင်မြူး သွားကြမြဲဖြစ်တယ်။အခုတော့ ပြင်ဦးလွင် မြို့ဝင်တဲ့အထိ ပရုတ်နဲ့ ထင်းရှူးနံ့ မရှုရှိုက်ရတော့ဘူး။ ပါးစပ်က အငွေ့တထောင်းထောင်း ထွက်အောင်အေးတဲ့ အရသာလည်း မခံစားရတော့ဘူး။ ပြင်ဦးလွင်ရဲ့ နွေနေ့ခင်းများဟာ မန္တလေး နဲ့အကွာကြီး မဟုတ်တော့ဘူး။ ကောလိပ်ကျောင်းသားဘ၀က ပြင်ဦးလွင် ကိုပဲ လွမ်းနေရတော့တယ်။


မလုံလောက်သေးဘူးထင်တယ်

အခုတလော ၀င်ရိုးစွန်းဒေသ က ရေခဲတောင်ကြီးတွေ အရည်ပျော်ကျမှုနှုန်း ကြောက်စရာကောင်းလောက်အောင် မြန်ဆန်လာတာကြောင့် ကမ္ဘာ ကြီးတစ်ခုလုံး အပေါ်ကျရောက်လာမယ့် အန္တရာယ်မျိုးစုံကို လျစ်လျူရှု မနေနိုင်ကြတော့ဘူး။ အလေးထား ပြောကြားလာကြရတော့တယ်၊ နိုင်ငံတကာ အစည်းအဝေးတိုင်းမှာလည်း ထည့်သွင်းဆွေးနွေးလာကြတယ်။ တက်ရောက် ပြောကြားတဲ့ ခေါင်းဆောင်တိုင်းကလည်း ဘန်ကီမွန်းအစ အိုဘားမားအလယ် အဘီဆစ်အဆုံး ကာဗွန်ဓာတ်ထုတ်လွှင့်မှု လျော့ချရေးကိစ္စ တစ်ကမ္ဘာလုံး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ကြောင်းကို ထပ်တလဲလဲ ပြောကြားခဲ့ကြတယ်။ ၀မ်းသာပါတယ်။ ကြိုဆိုပါတယ်။ ဒါပေမယ့် ဒါလောက်နဲ့တော့ မလုံလောက်သေးဘူး ထင်ပါတယ်။


စီးပွားရေးသမားအလိုကျ

ကာဗွန်ဓာတ် ထုတ်လွှင့်မှုလျော့ချရေးအတွက် ဆိုပြီး လျပ်စစ်မီးတွေ ပိတ်ထားရုံ၊ လေအေးပေးစက်တွေ မဖွင့်ရုံနဲ့တော့ ကမ္ဘာကြီးရဲ့ အပူတွေလျော့ကျ သွားဖွယ်မရှိပါဘူး။ ပြဿနာတစ်ရပ်ကို ဖြေရှင်းဖို့ဆိုရင် အဲဒီပြဿနာ ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းကို တွေ့အောင်ရှာပြီး ဖယ်ရှားရှင်းလင်းပစ်ရပါတယ်။ အခုဆိုရင် ကာဗွန်ဓာတ်တွေကြောင့် ဖြစ်ပေါ်လာရတဲ့ အကျိုးဆက် တွေကိုလည်း လက်တွေ့တော်တော်ကြီး ခံစားနေကြရပြီ။ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကိုလည်း သိနေကြပါပြီ။ ဒါပေမယ့် အခုလို လျပ် စစ်မီးတွေ ပိတ်ထားဖို့ လေအေးပေးစက်တွေ မဖွင့်ဖို့ဆိုတဲ့ 'ထမင်းရေပူ လာလျာလွှဲ'တဲ့ လှုံ့ဆော်မှုတွေ လုပ်တာလောက်ပဲ ရှိနေပါသေးတယ်။ ဖန်လုံအိမ် အာနိသင်လျော့ချရေးဆိုင်ရာ ကျိုတို သဘောတူညီချက်ကြီးကနေ တစ်ဖက်သတ် ဖျက်သိမ်းပြီး အမေရိကန်နိုင်ငံ နုတ်ထွက်သွားတော့ အဲဒီ အချိန်က သမ္မတဂျော့ဘုရှ် ပြောတဲ့စကားက 'ကျိုတိုစာချုပ်ဟာ အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်စေတာကြောင့် လက်မခံနိုင်ဘူး' ဆိုတဲ့ စကားဖြစ်ပါတယ်။ ကောင်းပြီကောင်းရဲ့နဲ့ အစက လက်ခံ သဘောတူခဲ့ပြီးမှ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်ကြီးတွေရဲ့ အလိုကျ မျက်နှာပြောင်တိုက်ပြီး ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။


အလုံးစုံညီညွတ်ရေးဆိုတာမရှိ

ကာဗွန်ဓာတ်ငွေ့ အလုံးအရင်းနဲ့ လွှင့်ထုတ်ပေးနေတဲ့ သူဌေးတွေပိုင် စက်ရုံကြီးတွေကိုတော့ ထိန်းသိမ်းကွပ်ညှပ်ဖို့ မလုပ်ဘဲ အိမ်ထဲမှာ လျပ်စစ်မီးထွန်းတဲ့ သူတွေနဲ့ လေအေးပေးစက် ဖွင့်တဲ့သူတွေကိုသာ လက်ညှိုးထိုးပြနေတဲ့ လုပ်ရပ်ကတော့ တော်တော် ရယ်စရာကောင်းနေပါတယ်။ ကမ္ဘာတစ်ခုလုံးက ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ပြီး မီးမထွန်းဘဲ မှောင်ထဲမှာ ငုတ်တုတ်ထိုင်နေကြလို့ ၀င်ရိုးစွန်းက ရေခဲတောင်ကြီးတွေ အရည်ပျော်ကျမှု ရပ်စဲသွားမယ်ဆိုတာ သေချာရင် ကျွန်တော်တို့ မှောင်ထဲမှာနေဖို့ အဆင်သင့်ပါ။ အဲဒီလိုမဟုတ်ဘဲနဲ့ သူဌေးကြီးတွေရဲ့ စက်ရုံကြီးတွေ အရှိန်အဟုန် မပျက်လည်ပတ်နေဖို့ အတွက်တော့ ကျွန်တော်တို့ မီးတွေ မှိတ်မပေးနိုင်ပါဘူး။ အဲဒီလိုမျိုးလုပ်ဖို့လည်း ကျွန်တော်တို့ကို ညီညွတ်ပါ ညီညွတ်ပါလို့ တဖွဖွလှုံ့ဆော်မနေပါနဲ့။ ညီညွတ်မှု ဆိုတာ တူညီတဲ့ အကျိုးစီးပွားတစ်ခု အပေါ်မှာသာ တည်ဆောက်လို့ ရနိုင်တာမျိုးပါ။ အကြွင်းမဲ့ လုံးဝဥဿုံ ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး ညီညွတ်ရေး ဆိုတာ ဘယ်တော့မှ မရှိနိုင်ပါဘူး။ ဘယ်တုန်းကမှလည်း မရှိခဲ့ပါဘူး။ ဒုတိယ ကမ္ဘာစစ်ကြီးကိုပဲ ကြည့်ပါ။ ဂျာမနီ၊ အီတလီနဲ့ ဂျပန်ဆိုတဲ့ ၀င်ရိုးတန်း သုံးနိုင်ငံက ဖက်ဆစ်ဝါဒဆိုတဲ့ တူညီတဲ့ ဘုံရပ်တည်ချက် တစ်ခုအပေါ်မှာ ရပ်တည်ပြီး အတူတကွ ပူးပေါင်းညီညွတ်ခဲ့ ကြတာဖြစ်သလို၊ အနောက်အရင်း ရှင်နိုင်ငံတွေနဲ့ ဆိုဗီယက် ယူနီယံတို့ကလည်း ဖက်ဆစ်ဝါဒ ဆန့်ကျင်ရေးဆိုတဲ့ ဘုံရပ်တည်ချက်အပေါ်မှာ ပူးပေါင်း ပြီး မဟာမိတ်ဖွဲ့ခဲ့ကြတာ ဖြစ်တယ်။


တူညီချက်အပေါ် ညီညွတ်တာ

မြန်မာနိုင်ငံမှာလည်း အလားတူပါပဲ။ တိုင်းပြည် လွတ်လပ်ရေးဆိုတဲ့ တူညီချက်တစ်ခုအပေါ်မှာ လူကြီးတွေနဲ့ လူငယ်တွေ၊ ဆိုရှယ်လစ်တွေနဲ့ ကွန်မြူနစ်တွေ ပူးပေါင်းညီညွတ်ခဲ့ကြတာ ဖြစ်တယ်။ဒါတောင် အောင်ဆန်းအက်တလီ စာချုပ်ကို ဂဠုန်ဦးစောတို့ ၊သခင်ဗစိန်တို့ က လက်မှတ်မထိုးဘဲနဲ့ ပြန်လာခဲ့ကြသေးတာပါ။ မြန်မာတစ်မျိုးသားလုံးရဲ့ ညီညွတ်ရေး စာချုပ်ကြီးဖြစ်တဲ့ ပင်လုံစာချုပ်ကြီးကို လက်မှတ်မထိုးခဲ့ သူတွေလည်း ရှိခဲ့တာပါပဲ။

မျော်လင့်ချက် မှားမပေးနဲ့

အကြွင်းမဲ့ လုံးဝဥဿုံ ရာနှုန်းပြည့် ညီညွတ်မှုဆိုတာ မရှိနိုင်ပါဘူး။ လောဘသားများရဲ့ လူ့ဘုံခန်းဝါမှာ လူသား အားလုံး သူတော်စင်တွေချည်း မဟုတ်ပါဘူး။ လူတိုင်းကို မိတ်ဆွေသဘောထားလို့ မရနိုင်ပါဘူး။ လောကီလူသား များရဲ့အလယ်မှာ ဓမ္မနဲ့အဓမ္မ၊ အဖြူနဲ့ အမည်း၊ အမှားနဲ့ အမှန်၊ လူဆိုးနဲ့ လူကောင်းဆိုတာ ရှိမြဲဖြစ်တယ်။ ဓမ္မနဲ့ အဖြူ၊ အမှန်နဲ့ လူကောင်းတို့ကို မိတ်ဆွေအဖြစ် ဖက်တွယ်ထားရမှာဖြစ်ပြီး အဓမ္မနဲ့ အမည်း၊ အမှားနဲ့ လူဆိုးကို ရန်သူအဖြစ် ဖယ်ရှားပစ်ရမှာ ဖြစ်တယ်။ ဟစ်တလာလိုလူ၊ ဆက်ဒမ်ဟူစိန်လိုလူ၊ အိုစမာဘင်လာဒင်လို လူတွေကို ပြတ်ပြတ်သားသား လူသတ်သမားတွေ အဖြစ်ရှုတ်ချရမှာဖြစ်တယ်။အမေရိကန်ပြည်သူတွေကို လိမ်၊ လွှတ်တော် ကိုညာ၊ကမ္ဘာတစ်ခုလုံးကို လှည့်စားခဲ့တဲ့နစ်ဆင်လို၊ ရေဂန့်လို၊ ဂျော့ဘုရှ်လို၊ ကလင်တန်လို လူမျိုးတွေကိုလည်း လူလိမ်လူညာတွေ၊ လူဆိုးတွေလို့ ပွင့်ပွင့်လင်းလင်း ပြောရမှာပဲဖြစ်တယ်။ ဒီလိုလူတွေကို လူကြီးလူကောင်းတွေလို မိတ်ဆွေတွေလို သဘောမထားနိုင်ပါဘူး။


မသူတော်မှန်းသိဖို့လို

လောဘသားများရဲ့ လူ့ဘုံခန်းဝါမှာ သူတော်စင်တွေ ရှိသလို မသူတော်တွေလည်း ရှိပါတယ်။ သူတော်စင်ကို သူတော်စင်မှန်းသိဖို့ ၊ မသူတော်ကို မသူတော်မှန်းသိဖို့ အရေးကြီးပါတယ်။ အရိယာပုဂ္ဂိုလ် မဖြစ်သမျ ကာလပတ်လုံး လူသားတိုင်းရဲ့ စိတ်အစဉ်မှာ လောဘ၊ ဒေါသ၊ မောဟတွေ ဖုံးလွှမ်းနေမှာပဲ ဖြစ်တယ်။ အဲဒီတော့ ဓမ္မရှိသလို အဓမ္မလည်းရှိမှာပဲ။ သူတော်စင် သူတော်ကောင်းရှိသလို မသူတော်တွေလည်း ရှိမှာပဲ။လူကောင်းရှိသလို လူဆိုးလည်းရှိမှာပဲ။ အဲဒီတော့ လူတိုင်းဟာ မိတ်ဆွေမဖြစ်နိုင်ဘူး။ ဝေးဝေးက ရှောင်ရှားရမယ့်လူဆိုး၊ လူမိုက်လည်း ရှိမှာပဲ။ အပြီးတိုင်ဖယ်ရှား ရှင်းလင်းပစ်ရမယ့် ဟစ်တလာလိုရန် သူမျိုးလည်းရှိမှာပဲ။ ဟစ်တလာကိုရန် ငါဆိုတဲ့အစွဲကြီးနဲ့ မကြည့်ပါနဲ့ ပြောတာမျိုးကိုတော့ ဘယ်တော့မှ လက်မခံပါဘူး။ခုခေတ်မြို့ကြီးသား လူတွင်ကျယ် အီလစ်တွေ ခံတွင်းတွေ့နေကြတဲ့ win-win အဖြေဆိုတာ ရှိနိုင်ပါသလား လို့ပဲ မေးလိုက်ချင်ပါတော့တယ်။


လူထုစိန်ဝင်း

ရေးချိန်တန်က ရေးရမှာပဲ


''အင်ဂျီအိုတွေနဲ့ ပတ်သက်ပြီး ဆရာ ရေးတာကို ပြင်းပြင်းထန်ထန် တိုက်ခိုက် ထားတာ အင်တာနက် ထဲမှာ တွေ့ရတယ်။ ဆရာ ဖတ်ပြီးရောပေါ့၊ ဘာမှ ပြန်မရေးတော့ဘူးလား'' ဂျာနယ်တိုက် တစ်ခုက လူငယ်တစ်ယောက် ပြောတဲ့စကား ဖြစ်ပါတယ်။ အခုတလေ သူ့လို လာပြောသူတွေ နေ့စဉ်ပြတ်တယ် မရှိပါဘူး။


နောကြေပြီးသားပါ

ပြောတဲ့လူငယ်တိုင်းကိုလည်း ပြန်မရေးပါဘူးလို့ပဲ ပြန်ဖြေလိုက်ပါတယ်။ မကြိုက်ရင် မကြိုက်ဘူးလို့ပြောပိုင်ခွင့် လူတိုင်းမှာရှိပါတယ်။ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ကို အသိ အမှတ်ပြုပြီး လိုက်နာကျင့်သုံးခြင်းဆိုတာ ယဉ်ကျေးတဲ့ လူသားများရဲ့ လက္ခဏာတစ်ရပ် ဖြစ်တယ်။ ကိုယ်က လွတ်လွတ်လပ်လပ် ပြောချင်ရေးချင်သလို သူများလည်း ပြောချင် ရေးချင်မှာပဲဆိုတဲ့ စိတ်ဓာတ်မျိုးရှိရမှာပေါ့။


''ဒါပေမယ့် သူက တော်တော်မိုက်မိုက်ရိုင်းရိုင်း ရေးထားတာခင်ဗျ''

လူငယ်လေးက တော်တော်ခံပြင်းပုံ ရပါတယ်။ ကိစ္စ မရှိပါဘူး။ လူတွေက အတုံးအ,အတွေမှ မဟုတ်တာ။ စာတစ်ပိုဒ် ဖတ်လိုက်တာနဲ့ အဲဒီစာရေးသူဟာ ဘယ်လို အတန်းအစားကလူလဲ ဆိုတာ ကောင်းကောင်း သိကြပါတယ်။ မြန်မာစာဖတ် ပရိသတ်က''နောကြေ''ပြီးသား ပရိသတ်ပါ။


အင်တာနက်ကျေးဇူး

လူငယ်တွေ အများစုကလည်း ပြန်ရေးနေစရာ မလိုပါဘူးလို့ သဘောတူကြပါတယ်။ ''ဆရာက ပြန်ရေးဖို့တောင် မလိုပါဘူး။ သူ့စရိတ်နဲ့သူ သွားပါပြီ။ အင်တာနက်ထဲမှာ သူ့ကိုဝိုင်းတီးတဲ့စာတွေ တစ်ပုံကြီးပါပဲ''
လူငယ်တချို့က မဖတ်ရမှာစိုးပြီး အင်တာနက်ထဲက စာတွေအားလုံး ဆွဲချကူးယူပြီးတောင် လာပေးကြပါ တယ်။ အင်တာနက်ရဲ့ကျေးဇူးကြောင့် လူတိုင်း စာရေး ဆရာတွေ ဝေဖန်ရေးဆရာတွေ၊ နိုင်ငံရေးသမားတွေ ဖြစ်လာကြတာ ဝမ်းသာစရာကောင်းလှတယ်။ စာရေးတဲ့ အလုပ်ကို စာရေးဆရာတွေပဲ အပိုင်စီးထားလို့ မရတော့ ဘူး။ လူတိုင်းလူတိုင်း ကိုယ့်ရင်ထဲက စကားတွေကို လွတ် လွတ်လပ်လပ်ချက်ချင်းလက်ငင်း ဖွင့်ထုတ်နိုင်ကြတယ်။ မကောင်းဘူးလား။


အနာပေါ်တုတ်ကျ

ကမ္ဘာတစ်နိုင်ငံလုံးရှိ အင်ဂျီအိုတွေရဲ့ သဘာဝက ''မျောက်ပြဆန်တောင်း'' လုပ်တာပဲလို့ တလောလေးက ရေးလိုက်တယ်။ နိုင်ငံတကာမှာ သူတို့ဘာတွေ လုပ်လုပ်ဘာမှ ဝင်ပြောစရာ မလိုပါဘူး။ ဒါပေမယ့် အဲဒီကူးစက်ရောဂါဆိုးက မြန်မာနိုင်ငံအတွင်းထိ ကူးစက်ပျံ့နှံ့လာပြီး မြန်မာလူငယ်တွေပါ ဆိုင်းဘုတ် အမျိုးမျိုးထောင်ပြီး အင်ဂျီအို လုပ်စားလာကြတာ အတော်လေး များလာတာ တွေ့မြင်နေလို့ ရေးလိုက်တာပါ။ သေသေချာချာ ပိုင်ပိုင်နိုင်နိုင် သိထားလို့ ရေးလိုက်တာပဲ။ ပြည်တွင်းက မျောက်ပြဆန်တောင်း ကြသူတွေကို မျောက်အဖြစ် ပြန်အသုံးချပြီး ဆန်တောင်းနေကြတဲ့ နိုင်ငံခြားသားတွေကိုပါ ကောင်းကောင်း သိနေတာကိုး။


ကိုယ့်ထမင်းကိုယ်စား လုပ်သူတွေ

အခုအခါ မြန်မာပြည်အနှံ့အပြားမှာ ပေါ်ထွန်းလာကြတဲ့ နာရေးကူညီမှု အသင်းတွေလို၊ စေတနာ စာသင်ကျောင်းတွေလို အမှတ်တကယ် ပရဟိတ အလုပ်လုပ်ကိုင်နေသူများ ဆီကတော့ ''အနာပေါ်တုတ်ကျသံတွေ'' လုံးဝ မကြားရပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့ အားလုံးက ကိုယ့်ရပ်ကိုယ်ရွာက စေတနာရှင်များရဲ့ စေတနာသန့်သန့် လှူဒါန်းမှုများနဲ့ အလုပ်လုပ်ကြပြီး လုပ်သူအားလုံးကလည်း ကိုယ့်ထမင်းချိုင့်လေး ကိုယ်စွဲပြီး တကယ်ကို ပရဟိတ လုပ်နေကြတာ ဖြစ်လို့ပါ။ မြန်မာပြည်ရဲ့ ပထမဆုံး ပေါ်ပေါက်လာတဲ့ ဗြဟ္မစိုရ် နာရေးကူညီမှု အသင်းကြီးဟာ မန္တလေး မြို့မိမြို့ဖများရဲ့ လှူဒါန်းငွေနဲ့ စတင်ထူထောင်ခဲ့တာ ဖြစ်ပြီး အခုထိလည်း ဘယ်နိုင်ငံ အဖွဲ့အစည်းမျိုးရဲ့ ကူညီမှုကိုမှ လက်မခံပါဘူး။ ဒါတောင် နာရေး ကူညီမှုသာမကတော့ အခမဲ့ ဆေးဝါးကုသမှု လုပ်ငန်းတွေထိ တိုးချဲ့ လုပ်ဆောင်နိုင်ပါတယ်။ မြန်မာလူမျိုးများရဲ့ စေတနာသန့်သန့် လှူဒါန်းမှုတွေနဲ့ပဲ လုပ်ဆောင်နေတာပါ။ အဲဒီအသင်းရဲ့ အမှုဆောင်တွေ အားလုံး ကိုယ့်ထမင်းချိုင့်လေး ကိုယ်ယူပြီး စေတနာ့ဝန်ထမ်း လုပ်ဆောင် နေကြတာ ဖြစ်ပါတယ်။


ကြည်ညိုစရာကောင်းသူတွေ

မန္တလေးက ဗြဟ္မစိုရ်အသင်းကြီးကို အတုယူ တည်ထောင်ခဲ့ပြီး ဗြဟ္မစိုရ်အသင်းကြီးလိုပဲ သြဇာကြီးမားတဲ့ အသင်းကြီး ဖြစ်နေတဲ့ ရန်ကုန်နာရေးကူညီမှု အသင်းကြီက အမှုဆောင် အားလုံးဟာလည်း ကိုယ့်ထမင်းကိုယ်စားပြီး လုပ်နေကြတာပါ။ တစ်နိုင်ငံလုံး အနှံ့ရှိနေတဲ့ နာရေးကူညီမှု အသင်းတွေ အားလုံးလည်း စေတနာသန့်သန့်နဲ့ ပရဟိတစစ် ဝင်လုပ်နေကြတာပါ။ ကြည်ညိုစရာ ကောင်းလှပါတယ်။ သူတို့အားလုံးရဲ့ နောက်မှာ မြန်မာနိုင်ငံက ပြည်သူလူထုကလွဲပြီး ဘယ်သူမှ မရှိပါဘူး။ ဘယ်နိုင်ငံတကာ အကူအညီမှလည်း မလိုပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူတို့တစ်တွေက မျောက်ပြဆန်တောင်း သူတွေမှ မဟုတ်တာ


ခေတ်ပျက်သူဌေးမျိုး

အနာပေါ်တုတ်ကျလို့ ငယ်သံပါအောင် အော်ဟစ်သူတွေလို ပြန်မရေးတာ သဘောထားကြီးလို့တော့ မထင်လိုက်ပါနဲ့။ ကျွန်တော်က ဘယ်ဘက်ပါးကို ရိုက်ရင် ညာဘက်ပါးကို ထိုးပေးနိုင်တဲ့ သူတော်ကောင်းမဟုတ်ပါဘူး။ ရေးဖို့ မလိုလို့မရေးတာပါ။ ရေးဖို့လိုရင်တော့ သတင်းစာ သမားပီပီ၊ သွယ်ဝိုက်မနေဘဲတိုက်ရိုက်ဒဲ့ဒိုး(တဲ့တိုး)ပဲ ရေး ပါတယ်။ တချို့ဆိုရင် အားနာမနေဘဲ ပွင့်ပွင့်လင်းလင်းကို ဝေဖန်ရေးသားပါတယ်။ ဘယ်လိုတချို့လဲဆိုတော့ လေရူးသုန်သုန်ဝတ္ထုကြီးထဲက ခေတ်ပျက်မှာ သူဌေးဖြစ်လာတဲ့ ''ရက်ဘတ္တလာ''လို နိုင်ငံရေး အချောင်သမားမျိုးပါ။


စက်ဆုပ်စရာ အီလစ်တွေ

ရက်ဘတ္တလာ ဆိုသူက ဘာနိုင်ငံရေးကိုမှ စိတ်ဝင်စားသူ မဟုတ်ပါဘူး။ အမေရိကန် ပြည်တွင်းစစ်ကြီးအတွင်းမှာ ဟိုဘက်ကလိုလို ဒီဘက်ကလိုလို အရေခြုံထားပေမယ့်၊ တကယ်တော့ ဘယ်ဘက်ကမှ မဟုတ်ပါဘူး။ နိုင်ငံရေးကို ခုတုံးလုပ်ပြီး သူ့ကိုယ်ကျိုးအတွက် စီးပွားရှာဖို့သာ အကွက်ကောင်း ချောင်းနေသူ ဖြစ်ပါတယ်။ ''ဘယ်သူသေသေ ငတေမာပြီးရော''ဆိုတဲ့ စက်ဆုပ်စရာ လူစားမျိုးပါ။ မြို့ကြီးသား ရေပေါ်ဆီ လူတန်းစား ''အီလစ်'' Elite တွေထဲမှာ ရက်ဘတ္တလာလို လူစားတွေကို တွေ့နေရပါတယ်။ သူ တို့တစ်တွေက ဟိုဘက်ကိုတစ်မျိုး ဟန်ဆောင်ပြလိုက်၊ ဒီဘက်ကိုတစ်မျိုး ဟန်ဆောင်ပြလိုက်နဲ့ နှစ်ဖက်ခွစားဖို့ ကြံနေကြတာပါ။ တကယ်တော့ ဘယ်ဘက်မှ သူတို့တကယ် စိတ်ဝင်စားမှု မရှိပါဘူး။ သူတို့ အတွက် အကွက်ကောင်းကိုသာ ချောင်းနေကြတာဖြစ်တယ်။


လူအကွေ့အကောက်တွေ

မြန်မာနိုင်ငံရေးကလည်း တော်တော် အကွေ့အကောက်များတဲ့ နိုင်ငံရေးဆိုတော့ လူအကွေ့အကောက်တွေလည်း တော်တော်များပါတယ်။ ပြောသင့်ချိန်မှာပြော၊ ရေးသင့်ချိန်မှာ ရေးလိုက်တာပါ။ သည်းခံတယ်။ သဘောထားကြီးတယ် ဆိုတာ အချိန်အခါ၊ အခြေအနေနဲ့ လူပုဂ္ဂိုလ် ရွေးချယ်မှုရှိပါတယ်။ ရက်ဘတ္တလာလို ''ငတေ'' တွေ အပေါ်မှာတော့ သဘောထားမကြီးနိုင်ပါဘူး သတင်းစာသမားမှာ ပြည်သူလူထု မျက်နှာကလွဲပြီး ဘယ်သူ့ မျက်နှာကိုမှ အားနာထောက်ထားတဲ့ စိတ်မရှိရပါဘူး။


ဘက်လိုက်ရမှာပဲ

ပြည်သူလူထုကြီး ဘာပဲဖြစ်နေနေ ကိုယ်ကောင်းစားဖို့ လိုရင်းပဲဆိုသူတွေ အပေါ်မှာတော့ ပြတ်ပြတ်သားသား ဝေဖန်ရှုတ်ချရမှာ ဖြစ်တယ်။ ဘက်မလိုက်တဲ့ သတင်းစာသမားဆိုတာ လူကြားကောင်းအောင် ပြောတဲ့စကားပါ။ သတင်းစာသမားကောင်း မှန်ရင် အမှန်နဲ့ အမှား၊ ဓမ္မဘက်က ရပ်တည်ရမှာ ဖြစ်တယ်။ အဓမ္မဝါဒမှန်ရင် ဘယ်လို မျက်နှာဖုံး စွပ်ထားတဲ့ အဓမ္မဝါဒပဲဖြစ်ဖြစ် မညှာမတာ ဝေဖန်ထောက်ပြရမှာပဲ ဖြစ်တယ်။ ''မျောက်ပြဆန်တောင်းတဲ့ ပရဟိတအရေခြုံ လုပ်ရပ်မှန်သမျှဟာလည်း ဓမ္မလမ်းကြောင်းနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တဲ့ လက်နက်မဲ့အဓမ္မဝါဒ''ပဲဖြစ်တယ်။ ဒါကြောင့် အားနာနေလို့ မရပါဘူး။ ရေးချိန်တန်က ရေးရမှာပါပဲ။ ဒါမှ စာနယ်ဇင်းသမား ဝတ္တရားကျေမှာပါ။


လူထုစိန်ဝင်း (၈-၁ဝ-ဝ၉)

နိုင်ငံရေးကို နှာခေါင်းရှုံ့ခဲ့တဲ့ ရေပေါ်စီလူတန်းစားတွေ

“မြန်မာ လူမျိုးများရဲ့ နိုင်ငံရေး အသိအမြင် ဗဟုသုတက နိမ့်ကျနေသေး လေတော့ ဒီမိုကရေစီ စနစ် အောင်မြင်ပါ့မလား” အသက်နှစ်ဆယ်၊ အစိတ်ဝန်းကျင် လူငယ်တွေနဲ့ စကားပြောကြတိုင်း ဒီမေးခွန်း တစ်ခုကို မေးမြဲဖြစ်တယ်။ သူတို့ စိတ်ထဲမှာ အနောက် နိုင်ငံကြီးတွေလို ဖွံ့ဖြိုး တိုးတက်နေတဲ့ နိုင်ငံကြီးတွေမှ ဒီမိုကရေစီ အောင်မြင်နိုင်တယ်လို့ ထင်မှတ် နေကြဟန် ရှိပါတယ်။ တချို့ကျတော့လည်း နိုင်ငံရေးဆိုတာ နှာခေါင်း ရှုံစရာလို့ ယူဆပြီး တစ်သက်လုံး ဝေးဝေးရှောင်ခဲ့တဲ့ ရေပေါ်ဆီ လူတန်းစား “အီလစ်”(elite) တွေ ပြောတဲ့ စကားသံတွေ ကြားပြီး “နဝေတိမ်တောင်” ဖြစ်နေကြပုံ ရပါတယ်။


အပေါ်ယံမှာ ဝေ့ကာဝဲကာ

ရေပေါ်ဆီ လူတန်းစား ဆိုတာက အများအားဖြင့် ခေတ်တိုင်း ခေတ်တိုင်းမှာ ရေပေါ်ဆီလို အပေါ်ယံမှာချည်း ဝေ့နေလေ့ရှိလို့ ရေပေါ်ဆီ လူတန်းစားလို့ ခေါ်တာဖြစ်တယ်။ သူတို့က မြို့ကြီးသားတွေ ဖြစ်တော့ လည်လည်ပတ်ပတ် ရှိကြတယ်။ ဘယ်သူ တန်ခိုးရှိသလဲဆိုတာ ကောင်းကောင်းသိပြီး တန်ခိုးရှိသူတိုင်းနဲ့ တည့်အောင်ပေါင်း အမြတ်ထုတ်တတ်ကြတယ်။ ပေါင်းနေတဲ့ သူ တန်ခိုးအရောင် မှိန်သွားရင် ချက်ချင်းစွန့်ခွာပြီး အရောင်တောက်သူကို ပြေးကပ်လေ့ ရှိတယ်။ ရာသီဥတုကို လိုက်ပြီး အရောင် ပြောင်းတတ်တဲ့ လူစားမျိုးတွေ ဖြစ်ကြတယ်။ ခေတ်တိုင်း ခေတ်တိုင်း အပေါ်ယံလွှာမှာချည်း ဝေ့ကာဝဲကာ နေကြ လေတော့ လူတွေကို အမြဲတမ်း ငုံကြည့်လေ့ရှိတယ်။ တန်ခိုးရောင် ပြိုးပြိုးပြက်ပြက် လက်တဲ့သူ မဟုတ်ရင် ဘယ်သူ့ကိုမှ အထင်ကြီးတာ မဟုတ်ဘူး။ဒီတော့ လူတွေကြား ဘယ်တော့မှ မနေဘူး။ လူတွေ အကြောင်းလည်း ဘာမှမသိဘူး။ လူတွေ အကြောင်း မသိတော့ တိုင်းပြည် နိုင်ငံအကြောင်းလည်း ဘာမှ မသိပါဘူး။ စင်ကာပူ နိုင်ငံကြီး တိုးတက်ပုံတွေ၊ နယူးယောက် မြို့တော်ကြီး စည်ကားပုံတွေ အကြောင်း အများကြီး ပြောနိုင်ပေမယ့်၊ လယ်ဆိုတာ ဘာလဲ၊ ယာဆိုတာ ဘာလဲ၊ ကိုင်းဆိုတာ ဘာလဲလို့ မေးရင်တောင် မှန်အောင် ဖြေနိုင်တာ မဟုတ်ပါဘူး။


ဆယ်ဆသာတယ်

ဒီလို လူတွေဟာ တိုင်းရေးပြည်ရေး နိုင်ငံရေးဆိုတာ သူတို့လို ရေပေါ်ဆီတွေနဲ့ပဲ ဆိုင်တယ်။ လက်လုပ်လက်စား လူသာမန် တွေနဲ့ လားလားမှ ထိုက်တန်တာ မဟုတ်ဘူး။ ဒီမိုကရေစီရဲ့ အနှစ်သာရဆိုတာ ပညာတတ် ရေပေါ်ဆီတွေသာ သဘောပေါက် နားလည်နိုင်တာမျိုး ဖြစ်တယ်၊ ဆင်းရဲလို့ ပညာကောင်းကောင်း မသင်နိုင်တဲ့ သူတွေရဲ့ နိုင်ငံရေး အသိပညာ ရေချိန်ဟာ အင်မတန် နိမ့်တယ်။ ဒီလူတွေနဲ့ ဒီမိုကရေစီ တည်ဆောက်လို့ မရသေးဘူးလို့ ကျယ်ကျယ်လောင်လောင် ပြောလေ့ ရှိကြတယ်။ ဒီစကားတွေ ကြားပါများတော့ လူငယ်တွေက နားယောင်ပြီး ဟုတ်နိုးနိုး ထင်နေရှာကြတာ ဖြစ်တယ်။ အဲဒါကြောင့် မြန်မာလူမျိုးဟာ တခြား နိုင်ငံကြီးသားတွေလောက် နိုင်ငံရေး အသိမမြင့်ဘူး ဆိုတောင်မှ နိုင်ငံရေးဆိုတာ နှာခေါင်းရှုံ့စရာ သဘောထားပြီး ဘယ်တုန်းကမှ နိုင်ငံရေးကိစ္စ တွေမှာ မပါဝင်ခဲ့ဖူးတဲ့ ရေပေါ်ဆီ လူတွေထက်တော့ ဆယ်ပြန် ဆယ်ဆမက နိုင်ငံရေးအသိ မြင့်မားတယ်လို့ ရှင်းပြလိုက်ရ ပါတယ်။


လိမ်မှန်းညာမှန်းမသိတဲ့ လူမျိုး

မြန်မာလူမျိုးဟာ တခြား နေရာများမှာ ညံ့ချင်ညံ့မယ်။ နိုင်ငံရေး အသိမှာတော့ ထိပ်တန်းက ရှိနေတဲ့ လူမျိုးဖြစ်တယ်။ နယ်ချဲ့ အစိုးရက ၉၁ဌာန အုပ်ချုပ်ရေးတို့၊ ဒိုမီနီယံ အဆင့်ပေးမယ် တို့နဲ့ လှည့်စားခဲ့ပေမယ့် လိမ်တာကို လိမ်မှန်းသိ၊ ညာတာကို ညာမှန်းသိလို့ လုံးဝ လွတ်လပ်ရေးမှ တစ်ပါး ဘာမှ မလိုချင်ဘူးလို့ အပြတ် ပြောခဲ့တာပါ။ ပါးစပ်ပြောသာ မဟုတ်ဘူး။ လက်တွေ့မှာလည်း မရရတဲ့နည်းနဲ့ ယူမယ်ဆိုတာ အထင်အရှား ပြခဲ့တာပါ။ ဂျပန်ခေတ်မှာလည်း ဂျပန်ပေးတဲ့ လွတ်လပ်ရေး နဲ့တင် ကျေနပ် ရောင့်ရဲ မနေခဲ့ပါဘူး။ လိမ်တာကို လိမ်မှန်းသိလို့ တော်လှန်ရေးဆင်နွှဲ အောင်ပွဲခံခဲ့တာ ဖြစ်တယ်။ ရှေးလူကြီးတွေကသာ ပေးတာလေးယူပြီး ရောင့်ရဲနေလိုက်ကြရင် ဒီနေ့ လွတ်လပ်တဲ့ မြန်မာလူမျိုးရယ်လို့ ရှိလာမှာ မဟုတ် ပါဘူး။


ရန်/ငါပြတ်လို့

လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ဘိုးဘွားများကို ကျေးဇူးတင်စရာ ကောင်းလှပါတယ်။ သူတို့တစ်တွေ ရည်မှန်းချက် တိကျ ခိုင်မာပြီး၊ ရန်/ ငါ ပြတ်သား ခဲ့ကြလို့သာ လုံးဝ လွတ်လပ်ရေး ရခဲ့တာပါ။ ဒီကနေ့ အာဆီယံ နိုင်ငံတွေ ထဲမှာ ဝင့်ဝင့်ကြွားကြွား ဖြစ်နေတဲ့ မလေးရှား နိုင်ငံဆိုရင် ၁၉၅၇ ခုနှစ်ကျမှ လုံးဝ လွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ် ရောက်ရှိ လာခဲ့တာပါ။အဲဒါကြောင့် မြန်မာလူမျိုးများကို နိုင်ငံရေးအသိ နိမ့်ကျတယ် ဆိုတဲ့ စကားကို လုံးဝ လက်မခံပါဘူး။ မြန်မာပြည် က ရေပေါ်ဆီ လူတွေလောက်က ပြောတာသာ မဟုတ်ပါဘူး။ သူတို့ အထင်ကြီး ကိုးကွယ်တဲ့ အနောက် နိုင်ငံကြီးတွေက မြန်မာ့အရေး ကျွမ်းကျင်သူလို့ ကိုယ့်ဟာကိုယ် ကင်ပွန်းတပ်ထားတဲ့ “နိုင်ငံရေးဂုရု” ဆိုသူတွေ ပြောတာလည်း လက်မခံ ပါဘူး။ မြန်မာပြည်မှာ နေပြီး နယ်ချဲ့ဒဏ်၊ ဖက်ဆစ်ဒဏ်၊ ပြည်တွင်း စစ်ဒဏ်တွေကို ကျောကော့အောင် ခံခဲ့ရတဲ့ မြန်မာလူမျိုး တွေလောက် မြန်မာ့ နိုင်ငံရေးကို နားလည်တဲ့လူ ဘယ်မှာမှ မရှိနိုင်ပါဘူး။


မျက်နှာပြောင်သူတွေ

မျက်ကန်း မျိုးချစ်စိတ်နဲ့ ဒီလိုပြောတာ မဟုတ်ပါဘူး။ အဲဒီ ကိုယ့်ဟာကိုယ်ခန့်တဲ့ “ဂုရု”တွေ ရေးတဲ့ စာအုပ်တွေ အများကြီး ဖတ်ထားဖူးလို့ ပြောတာပါ။ ဆင်စွယ် ရဲတိုက်ကြီးတွေ ထဲက စာအုပ်တွေမှာ လှန်လှောရှာဖွေပြီး သူများတကာ ရေးထားတဲ့ သီအိုရီတွေနဲ့ ချိန်ညှိပြီး ရေးသား ထားတာမျိုး တွေသာ များပါတယ်။ နိုင်ငံရေး ဆိုတာ သိပ္ပံပညာရပ် တစ်ခု ဖြစ်ပေမယ့်လို့ ဂျီသြမေကြီ တွက်သလို၊ သင်္ချာတွက်သလို၊ တွက်လို့ဖြစ်တာ မဟုတ်ပါဘူး။ နိုင်ငံရေး ဆိုတာ လူတွေနဲ့ တိုက်ရိုက် ပတ်သက် နေတာ ဖြစ်လို့ လူတွေရဲ့ ဘဝ၊ လူတွေရဲ့ ခံစားချက်ကို အလေးထားပြီး စဉ်းစားဖို့ လိုအပ်ပါတယ်။ လူတွေ ကြားမဝင်ဖူးတဲ့ ရေပေါ်ဆီ “အီလစ်”တွေနဲ့ နိုင်ငံခြားသား “ဂုရု”တွေက မြန်မာလူမျိုးတွေရဲ့ ဘဝ၊ မြန်မာလူမျိုးတွေရဲ့ ခံစားချက်ကို မြန်မာတွေထက် ပိုသိတယ်လို့ ပြောရင်တော့ တော်တော် မျက်နှာပြောင်တဲ့ လူတွေပဲလို့သာ ကောက်ချက်ချလိုက်ရတော့မှာ ဖြစ်ပါတယ်။


လူထုစိန်ဝင်း

ဒေါ်လာစား ဒီမိုကရေစီဘလော့တွေ မရှိလျှင် မသိနိုင်တဲ့ အချက်များ

၁။ ထူးထူခြားခြားခေါင်းစဉ်တစ်ခုကို ဒီပုံအတိုင်း ဒီစာအတိုင်း ကူးပြီး အချိန် မိနစ်အနည်းငယ်စီခြားတင်ကြခြင်း။



၂။ နားစွန်နားဖျားကြားသော မတိကျမသေချာသော သတင်းတစ်ခုကို ခေါင်းစဉ်တစ်ကြောင်း၊ စာတစ်ကြောင်း တစ်၍ အချိန်မရွေး ပြန်ဖျက်လိုက်နိုင်ခြင်း။



၃။ ခိုင်လုံတဲ့ အထောက်အထားမရှိသော်လည်း ရတဲ့သတင်းတိုင်းကို သူထက်ငါ ဦးအောင် အပြိုင်အဆိုင်တင်ကြခြင်း။



၃။ သတင်းဌာနတွေ၊ သတင်းဆိုဒ်တွေက သတင်းတွေ၊ ဆောင်းပါးတွေကို မိမိဦးနောက်သုံး ဝေဖန်ချက်တွေ၊ ပြင်ဆင်ချက်တွေမရှိ မူလအတိုင်း နေ့စဉ် ကော်ပီကူးတင်ခြင်း။



၎။ ဒေါ်လာစား ဘလော့ဂါအချင်းချင်း၊ အပြင် လက်ဘက်ရည်ဆိုင်မှာ အတူသောက် အတူစကားပြောပြီး၊ အပြန်မှာ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းအပြီး၊ ဂျီတော့မှာ အချင်းချင်း စကားပြောပြီးသည့်အပြင် စီဘောက်စ်တွေမှာ ထပ်ပြီး နှုတ်ဆက်စကားများ ပြောကြခြင်း။



၅။ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ လွတ်လပ်စွာပြောဆိုခွင့်တွေကို စုံနေအောင်ရေးထားသော်လည်း စီဘောက်စ်လွတ်လပ်ခွင့်ကိုတောင် လေ့စားမှုမရှိ ပိတ်ထား၊ ဘန်းထားကြခြင်း။ ကိုယ့်အချင်းချင်းတွေသာ အပြန်အလှန် တန်ဖိုးရှိသော အလာပ သလာပ များပြောကြခြင်း။



၆။ ကွန်းမန့် များကိုလည်း ချက်ချင်း တင်မပေးသလို မကြိုက်သောကွန်းမန့်များကို မသိချင်ယောင်ဆောင်နေတတ်ကြခြင်း၊ တင်ပြီးသားကွန်းမန့်တွေကိုလည်း အချိန်မရွေး ပြန်ဖျက်တတ်ကြခြင်း။



၇။ တစ်နေရာရာမှာ ဗုံးပေါက်ပါက ချက်ခြင်း တစ်ယောက်တစ်ပေါက်ဖြင့် အမျိုးမျိုး အစိုးရကို လက်ညိုးထိုးကြ၊ ဗုံးသောက်သဖြင့် အလွန် ရက်စက်ကြမ်းကြုပ်ကြောင်းရေးသားကြပြီး အစိုးရအတိုက်အခံ အဖွဲ့အစည်းတစ်ခုခုက ဖောက်ကြောင်း အဖြေပေါ်ချိန်တွေ လှိုက်လှိုက်လှဲလှဲထောက်ခံပြီး နောက်တစ်ကြိမ်ဆိုလျှင် အစိုးရနေအိမ်များကို ဖောက်ရမည်ဟု ကြွေးကြော်ရေးသားကြခြင်း။



၈။ နေ့စဉ်နှင့်အမျှ ဆူပူကြဖို့၊ သူရဲပေါမကြောင်ဖို့ သူရဲကောင်း တစ်ဦးပမာ လှုံ့ဆော်ရေးသားနေသော်လည်း မိမိနာမည်နှင့် နေရပ်လိပ်စာအမှန်ကိုတောင် ဖော်ပြဖို့ဝန်လေးကြခြင်း။



၉။ ပြည်တွင်းက လူတွေမဖတ်နိုင်အောင် ပိတ်တဲ့ အစိုးရကို လူကြောက်တစ်ဦး ဟုရေးသားကြပြီး ပြည်သူတွေသိအောင် ပြည်တွင်းမှာ ရေးသားဖြန့်ဝေဖို့ ကြတော့ မစဉ်းစားရဲကြခြင်း။



၁၀။ နိုင်ငံခြားရောက် မြန်မာတွေသာ ကြည့်လို့ရသော အင်တာနက် စာမျက်နှာတွေပေါ်မှာ အစိုးရကို အဆိုးမြင်နေသော နိုင်ငံခြားရောက် မြန်မာအချိုဖတ်ရန်အတွက် နေ့စဉ်နှင့်အမျှ သူရဲကောင်းလုပ်ကာ နောက်ထပ် နှစ် ၂၀ ကို ဒီအတိုင်းထိမ်းထားဖို့ ကြိုးစားနေကြခြင်း။



၁၁။ ကမ္ဘာ့နေ့ထူးများနှင့် မြန်မာ့နေ့ထူးများအားလုံးတွင် ဆိုင်သည်ဖြစ်စေ မဆိုင်သည်ဖြစ်စေ ပိုစ့်အသစ်တစ်ခုဖြင့် ဂုဏ်ပြုကြခြင်း။



၁၂။ လာမည့် ထူးခြားသည့်နေ့အားလုံးတွေ အဝါရောင်ဝတ်မည်၊ အနီရောင်ဝတ်မည် စသည်ဖြင့် အရောင်ပေါင်းစုံအောင် ကီဘုတ်ဖြင့် ဝတ်နေကြခြင်း။



၁၃။ ကမ္ဘာ့အလည်မှာ အထင်သေးခံရသဖြင့် မကျေနပ်ကြောင်း ရေးကြသော်လည်း ကိုယ့်နိုင်ငံအကြောင်း အထင်ကြီးစရာတွေကို ကမ္ဘာသိအောင် ဘာတစ်ခုမှ မတင်သည့်အပြင် ကိုယ်တိုင်က အထင်သေးစရာ ဓာတ်ပုံများနှင့် ဗွီဒီယိုဖိုင်များကိုသာ တင်ကြခြင်း။



၁၄။ တစ်ယောက်ယောက်က မွေးကတည်းက ဘာတွေလုပ်ခဲ့တယ် ဘယ်လိုနေခဲ့တယ်ဆိုတာ မသိပေမယ့် ရုတ်တရက် အစိုးရနဲ့ ပြဿနာဖြစ်ပြီး ထောင်ကျသွားပါက နေ့ချင်းညချင်း သူရဲကောင်း တစ်ဦးအဖြစ် ချီးကျူးထောနာတွေ ပြုကြခြင်း။



၁၅။ ကိုယ်တိုင်က ဘာမှတတ်တတ် မတတ်တတ် နိုင်ငံတော်အုပ်ချုပ်သူကို ပိုးစိုးပက်စက်ပြောပြီး မိမိကို နဲနဲလေး ထိပါးပြောဆိုသည်နှင့် ကပ်ကပ်လန်အောင် ရန်တွေ့ကြခြင်း။



၁၆။ တစ်နေရာမီးလောင်ပါက မီးငြိမ်းအောင် ဘာတစ်ခုမှမလုပ်နိုင်သော်လည်း မီးသက်နေသူများကို ကွန်ပျူတာရှေ့မှာထိုင်ပြီး အမျိုးမျိုးအပြစ်ရှာရေးသားကြခြင်း။



၁၇။ မီးလောင်ပြီး နောက်တစ်ရက်တွင် မီးရှို့သူမှာ အစိုးရဖြစ်ကြောင်း ပိုစ့်တစ်ခုကို အလိုလိုတင်ပြီးသားဖြစ်နေခြင်း။


Myanmar Express

စိတ်မပျက်နဲ့ အားတင်းပါ

မတွေ့တာ ဆယ့်လေးငါးနှစ်လောက် ကြာပြီဖြစ်တဲ့ မိတ်ဟောင်း၊ ဆွေဟောင်းတစ်ယောက် လာလည်ပါ တယ်။ သူက ရာထူးကြီးတစ်ခုကနေ ပင်စင်ယူပြီးတဲ့နောက် အနားမယူဘဲ ကုမ္ပဏီတစ်ခုတည်ထောင်ပြီး စီးပွားရေးလုပ်နေတာကြောင့် မတွေ့ဖြစ်ကြတော့တာပါ။ အခုမှ အသက်ကလည်း ၇ဝ ကောင်းကောင်းကြီး ကျော်နေပြီဖြစ်တာကြောင့် သားသမီးတွေလက်ထဲ အားလုံးလွှဲပြီး လုံးလုံးကြီး အနားယူလိုက်တာလို့ ပြောပါ တယ်။

အအိုမြန်လိုက်တာ

‘ကျုပ်တို့ သက်တမ်းကလူတွေ တယ် မတွေ့ရတော့ဘူးဗျ၊ ဆုံးသွားတဲ့လူနဲ့၊ ဘုန်းကြီးဝတ်သွားတဲ့လူနဲ့၊ ရိပ်သာမှာပဲ အမြဲနေတဲ့လူနဲ့ အားလုံးဆုံကြဖို့တော့ မလွယ် တော့ဘူး’

သူက မန္တလေးကိုလည်း ရောက်သေးတဲ့အကြောင်း၊ မိတ်ဆွေဟောင်းတချို့ကို သွားတွေ့ခဲ့တဲ့အကြောင်း ဆက်ပြောပြပါတယ်။ အတော်များများက စိတ်ရော လူပါကျပြီး လူအိုကြီးတွေဖြစ်ကုန်ကြပြီလို့လည်း ပြောပါ တယ်။

‘ကျုပ်တို့ဗမာတွေဟာ ပင်စင်ယူပြီးတာနဲ့ သေဖို့ပဲ စဉ်းစားနေကြလို့နဲ့တူပါရဲ့ဗျာ။ အအိုမြန်လိုက်ကြတာ’

သူက ညည်းသလိုလို စကားဆိုပါတယ်။ သူကတော့ အရွယ်တော်တော်တင်ပါတယ်။ ဖျတ်ဖျတ်လတ်လတ်၊ သွက်သွက်လက်လက် ရှိဆဲပါပဲ။ မကြောင့်မကြ မတောင့်မတ နေနိုင်တာကြောင့်လား မဆိုနိုင်ဘူး။ ၇၆ နှစ် လို့ကို မထင်ရပါဘူး။ ၆ဝ လောက်လို့သာ ထင်ရပါတယ်။ အခုချိန်ထိ ပြည်တွင်းပြည်ပခရီးတွေ သွားနေဆဲပါ ပဲ။ သမီးရှိတဲ့အင်္ဂလန်က ပြန်ရောက်လာတာ တစ်လကျော်ကျော်သာ ရှိသေးတယ်လို့ လည်း သိရပါတယ်။


သူများတွေနဲ့ ကွာလိုက်တာ

သူပြန်သွားတဲ့အထိ ‘အအိုမြန်လိုက်ကြတာ’ ဆိုတဲ့ သူ့စကားကို ဆက်စဉ်းစားနေမိတယ်။ သူများနိုင်ငံက ၇ဝ ကျော် ပင်စင်စားကြီးတွေ စုဝေးပြီး ကမ္ဘာ့လှည့် လည်ပတ်ကြတာတွေ မြင်ရ၊ တွေ့ရတော့ တို့ဆီကနဲ့များ ကွာ လိုက်တာ’ လို့ မကြာမကြာ တွေးမိခဲ့ရတယ်။ ဒီမှာကတော့ မိတ်ဆွေပြောသလို ပင်စင်ယူပြီးတာနဲ့ သေဖို့ပဲ စဉ်းစားနေကြတယ်နဲ့တူပါရဲ့။ မိတ်ဆွေဖြစ်သူလို ပင်စင်ယူပြီး ကုမ္ပဏီမထောင်နိုင်ကြတာလည်း အဓိက အကြောင်းတစ်ရပ် ဖြစ်မယ်ထင်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ပင်စင်ယူပြီးပြီဆိုတာနဲ့ လူရောစိတ်ပါ ကျ သွားကြတာတော့ အမှန်ပဲ။ ရပ်ရေး၊ ရွာရေး၊ လူမှုရေးကိစ္စတွေကို တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်တတ် သူ တချို့ကလွဲရင် အများစုက အအိုမြန်ကြ၊ အသေမြန်ကြတာကို သတိပြုမိတယ်။

‘ဒုက္ခသုက္ခတွေ များလွန်းလို့ အသက်မရှည်ချင်ပါဘူး၊ မြန်မြန်သွားလေ ကောင်းလေပါပဲ’ လို့လည်း ပြော တတ်ကြပါတယ်။ လောကမှာ ဒုက္ခနဲ့ကင်းသူ ဘယ်သူရှိလို့လဲ။ တကယ်က ဒုက္ခက လူကိုသေစေတာ မဟုတ် ပါဘူး။ ဒုက္ခကိုကြောက်ပြီး စိတ်ကျလို့ အသေမြန်ရတာဖြစ်တယ်။


လူငယ်တွေလည်း စိတ်ကျတာပဲ

လူကြီးတွေသာ စိတ်ကျတတ်တာ မထင်နဲ့။ လူငယ်တွေလည်း စိတ်ကျတတ်ကြတာပဲ။ ကျောင်းဆရာ တစ် ယောက်အနေနဲ့ လူငယ်လူရွယ်လေးတွေနဲ့ အထိအတွေ့များလေတော့ ဒီခေတ်လူငယ်လေးတွေ တော် တော်များများဟာ အရွယ်နဲ့ မလိုက်အောင်ကို လောကကြီးကို အဆိုးမြင်ပြီး စိတ်ကျနေတတ်ကြတာကို သတိ ပြုမိပါတယ်။ သူတို့တစ်တွေမှာ လူငယ့်အားမာန်၊ လူငယ့်ဇွဲသတ္တိ အတော်လျော့နည်းကြတယ်။ ဘာမဆို မလုပ်ခင်က အရှုံးပေးစိတ် များနေကြတယ်။ ‘အားမတန် မာန်လျှော့’ ဆိုတဲ့စကား၊ ‘ခါချဉ်ကောင် မာန်ကြီးလို့ တောင်ကြီးဖြိုမယ်ကြံ၊ ခါးကမသန်’ ဆိုစကားမျိုးတွေ လွယ်လွယ်သုံးပြီး အရှုံးပေး၊ အညံ့ခံလိုက်တတ်ကြ တယ်။ အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်မျိုး တစ်နေ့တခြား ခေါင်းပါးလာနေတယ်လို့ ထင်မိတယ်။ ထောက်ပြ ပြောဆိုလိုက်ရင်လည်း သူတို့မှာ အကြောင်းပြချက်တွေက တစ်ပုံတစ်ပင်ကြီး။ သူတို့က သူတို့နေထိုင်ရတဲ့ ခေတ်ကြီးတစ်ခုလုံးကို ကျေနပ်ကြတာ မဟုတ်ဘူး။ တချို့လူငယ်များဆိုရင် အဆိုးမြင်စိတ်တွေ လွန်ကဲပြီး ဘယ်လောက်ပဲ ကောင်းတာလုပ်လုပ် ဘာမှအရာရောက်မှာမဟုတ်ဘူး။ ဘာမှမလုပ်ဘဲနေလိုက်တာပဲ အေး တယ်ဆိုတဲ့ အတွေးအခေါ်မျိုးတွေတောင် ရှိနေကြတာတွေ့ရတယ်။

သူတို့က အီရတ်နိုင်ငံတစ်ခုလုံး သွေးချောင်းစီးဖြစ်နေတာကို မနှစ်မြို့သလို ပါလက်စတိုင်းလူမျိုးတွေ ရာစုနှစ် တစ်ဝက်တိုင်တိုင် ဒုက္ခသည်စခန်းတွေမှာ နေထိုင်ခြင်းပြုနေကြရတာကိုလည်း စိတ်မကောင်းကြပါဘူး။ နျူကလီးယားလက်နက်များရဲ့ အန္တရာယ် တစ်နေ့တခြား ကြီးမားသထက် ကြီးမားလာနေတာကို စိုးရိမ်နေကြ သလို ဖန်လုံအိမ်အာနိသင်လွန်ကဲမှုကြောင့် ကမ္ဘာကြီးတစ်ခုလုံး ပေါင်းအိုးကြီးထဲရောက်နေသလို ခံစားနေရ တာကိုလည်း မလိုလားကြပါဘူး။


အနိဋ္ဌာရုံကမ္ဘာကြီး

လူငယ်တွေရဲ့စိုးရိမ်ကြောင့်ကြမှုတွေနဲ့ သူတို့ရဲ့မကျေနပ်ချက်တွေဟာ သဘာဝကျပါတယ်။ မှန်လည်း မှန်ပါတယ်။ ဒီနေ့ ကမ္ဘာကြီးက အနိဋ္ဌာရုံတွေနဲ့ ပြည့်နှက်နေတဲ့ကမ္ဘာကြီးဖြစ်နေတာကိုး။ ကမ္ဘာကြီးရဲ့ ဘယ်ထောင့်ဘယ်နေရာကို ကြည့်လိုက်၊ကြည့်လိုက် တိုက်ခိုက်သတ်ဖြတ်တာတွေ၊ ကြီးနိုင်ငယ်ညှဉ်း လုပ် တာတွေ၊ ဘယ်သူသေသေ ငတေမာပြီးရော လုပ်တာတွေချည်း မြင်တွေ့နေရပါတယ်။ အနိဋ္ဌာရုံတွေ ကင်း စင်တဲ့နိုင်ငံရယ်လို့ လက်ညှိုးထိုးပြစရာ တစ်ခုတောင်မရှိတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။


ရေအောက်ရောက်သွားနိုင်တယ်

နိုင်ငံရေး၊ စစ်ရေး၊ မျက်နှာစာကို ထားတော့။ စီးပွားရေးမျက်နှာစာကို ကြည့်တော့လည်း မြင်တွေ့နေရတာ တွေက စိတ် မချမ်းသာစရာတွေချည်းပါပဲ။ ဖန်လုံအိမ်အာနိသင်ကြောင့် ဝင်ရိုးစွန်းက ရေခဲတောင်ကြီးတွေ အရည်ပျော်ကျမှုနှုန်း ကြောက်စရာကောင်းလောက်အောင် မြင့်မားနေတယ်။ ဒီအတိုင်းဆက်သွားရင် ပင်လယ်ရေမျက်နှာပြင် မြင့်သထက်မြင့်တက်လာပြီး တချို့နိုင်ငံတွေ ရေအောက်ရောက်သွားနိုင်တယ်လို့ ပညာရှင်များက အကြိမ်ကြိမ် သတိပေးနေကြတာများ ကြားသိနေရတယ်။ စက်ရုံ၊ အလုပ်ရုံတွေက မီးခိုး ထုတ်လွှတ်မှုတွေ ကန့်သတ်တားဆီးဖို့ လိုပြီလို့လည်း ထောက်ပြကြတယ်။


မိုက်တွင်းနက်နေကြ

ဘယ်လိုပဲ ထောက်ပြထောက်ပြ၊ ဘယ်လိုပဲ သတိပေး သတိပေး၊ မီးခိုးတွေ အများဆုံးထုတ်လွှတ်နေတဲ့ စက်မှုနိုင်ငံကြီးတွေက လတ်တလော အကျိုးစီးပွားလေး တစ်ခုတည်းကိုသာ မိုက်မဲစွာကြည့်ရှုပြီး နိုင်ငံတကာ သဘောတူစာချုပ်နဲ့ ထိန်းချုပ်တာကို လက်မခံ ငြင်းဆန်နေကြတယ်။ ဒီလုပ်ရပ်ဟာ အင်မတန် အသိဉာဏ် ကင်းမဲ့ရာကျတယ်။ ဖန်လုံအိမ်အာနိသင်ကြောင့် အိုဇုန်းလွှာ ပါးလျားလာတဲ့ဒဏ်၊ အက်ဆစ်မိုးတွေ ရွာချတဲ့ ဒဏ်၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတဲ့ဒဏ်၊ မုန်တိုင်းကြီးတွေ ကျရောက်လာတဲ့ဒဏ်၊ အပူလှိုင်း၊ အအေးလှိုင်းကြီးတွေ ကျရောက်လာတဲ့ဒဏ် စတဲ့ အန္တရာယ်တွေကို ရင်ဆိုင်ရပြီဆိုလျှင် ဘယ်နိုင်ငံမှ လွတ် ကင်းနိုင်မယ် မဟုတ်ဘူးဆိုတာ သိပါလျက်နဲ့ မိုက်တွင်းနက်နေကြခြင်းသာဖြစ်တယ်။


ဖုန်းဆိုးတောတွေဖြစ်

ဒါတင်မက လတ်တလောအကျိုးစီးပွားလေး တစ်ခုတည်းကိုကြည့်ပြီး မြေပေါ်မြေအောက် သယံဇာတတွေကို အဆီးအတားမရှိ ထုတ်ယူသုံးစွဲနေမှုကြောင့် ကမ္ဘာ့နိုင်ငံအားလုံးလိုလိုမှာ တောတွေပြုန်း၊ တောင်တွေပြိုပြီး တဖြည်းဖြည်းချင်း ကန္တာရ ဖုန်းဆိုးတောတွေ ဖြစ်လာနေတာများလည်း မြင်တွေ့ကြားသိနေရတယ်။ လူတွေ သောင်းသိန်းချီသေကြရတဲ့ ငလျင်လှုပ်မှုကြီးတွေနဲ့ ဆူနာမီလို၊ နာဂစ်လို အန္တရာယ်ကြီးတွေ ဘာ့ကြောင့် ပေါ် ပေါက်လာကြရတာလဲဆိုတာများကို သေသေချာချာ၊ လေးလေးနက်နက် သုတေသနပြုဖို့လည်း ပျက်ကွက် နေကြဆဲဖြစ်တယ်။


ပြဿနာက အန္တရာယ်မဟုတ်

ဒီအချက်တွေကြောင့် လူငယ်တွေက မျက်မှောက်ခေတ်ကြီးကို စိတ်ပျက်လက်ပျက်ဖြစ်နေတာ သဘာဝကျပါ တယ်။ ဒါပေမဲ့လို့ ဒါတွေဟာ တားဆီးကာကွယ်လို့ မရနိုင်တာတွေမဟုတ်ဘူးလို့ လူငယ်တွေ သိစေချင်ပါ တယ်။ ပြဿနာတစ်ရပ်ဖြစ်လာ၊ ရှိလာတာဟာ ကြောက်စရာမဟုတ်ပါဘူး။ ပြဿနာရှိနေတာကို ရှိနေတယ် လို့ မသိခြင်းကသာ ကြောက်စရာကောင်းတာဖြစ်တယ်။ ပြဿနာရှိနေမှန်းသိရင် ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း ရှာရမှာပဲဖြစ်တယ်။ ရှာရင် တစ်ချိန်မဟုတ် တစ်ချိန်တော့ တွေ့လာရမှာဖြစ်တယ်။


အနိုင်ရမှာ သေချာတယ်

ဒီနေ့ ကမ္ဘာတစ်လွှားမှာ ပြဿနာမျိုးစုံ၊ အနိဋ္ဌာရုံပေါင်းစုံ ဖြစ်ပွားပေါ်ပေါက်နေတာကို လူတိုင်း တွေ့မြင်နေကြ ရတယ်။ ပြဿနာတွေဖြစ်လာရတဲ့ ဇာစ်မြစ်အကြောင်းရင်းကိုလည်း လူတိုင်းသိကြတယ်။ ဥပမာ-ဖန်လုံအိမ် အာနိသင်ရဲ့ဆိုးပြစ်တွေကို လူတိုင်းသိသလို ဖန်လုံအိမ် အာနိသင်ဖြစ်ပေါ်လာရခြင်းရဲ့ အကြောင်းရင်းကို လည်း လူတိုင်းသိမြင် သဘောပေါက်နေကြတာဖြစ်တယ်။ ဒီတော့ ဘာကြောင့် မဖြေရှင်းနိုင်ရမှာလဲ။ ကမ္ဘာ ပေါ်က စစ်ပွဲကြီးတွေကို ဖန်တီးသူတွေနဲ့ ကမ္ဘာကြီးရဲ့သာယာလှပမှုကို ဖျက်ဆီးနေသူတွေက လက်တစ်ဆုပ် စာလောက်သာရှိတဲ့လူတွေ ဖြစ်ကြတယ်။ ရှိလှမှ ကမ္ဘာ့လူဦးရေရဲ့ ၁ဝ ရာခိုင်နှုန်းပေါ့။ ကျန် ၉ဝရာခိုင်နှုန်းက ညီညာဖြဖြနဲ့ ဝိုင်းဝန်းလုပ်ဆောင်ကြရင် ဒီ ၁ဝ ရာခိုင်နှုန်းရဲ့အန္တရာယ်ကို ဘာ့ကြောင့် မကာကွယ်နိုင်ရမှာလဲ၊ ဒါကြောင့် လူငယ်တွေကိုပြောချင်တယ်။ စိတ်မပျက်ပါနဲ့။ ကမ္ဘာ့လူဦးရေရဲ့ ၉ဝ ရာခိုင်နှုန်းနဲ့ ခိုင်ခိုင်မြဲမြဲ လက်တွဲဆောင်ရွက်ပါ။ နောက်ဆုံးမှာ ကောင်းမြတ်ခြင်းတရားက အနိုင်ရမှာ သေချာပါတယ်။


လူထုစိန်ဝင်း